Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၆.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ(အပိုင်း- ၁)

  1. မြန်မာနိုင်ငံ၏ အပြုသဘောဆောင် ပြောင်းလဲမှုများ အစစ်အမှန်ဖြစ်

(Channel News Asia မှ 14 Nov 2011 ရက်စွဲပါ၊ Myanmar’s positive changes ‘real’ ကို ဘာသာပြန်ဆိုသည်)

  1. နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ဒုတိယမြို့တော် မန္တလေးတွင် သံဃာတော်များ ရှားရှားပါးပါး ဆန္ဒပြတောင်းဆို

(The Washington Post မှ 15 Nov 2011 ရက်စွဲပါ “Monks Stage rare protest in Myanmar’s 2nd Largest city, demand release of political prisoners” ကို ဘာသာပြန်ဆိုသည်)

  1. အာဆီယံထိပ်သီးအစည်းအဝေး လက်ခံကျင်းပရန် မြန်မာနိုင်ငံကို ထောက်ခံ

(15 Nov 2011 ရက်စွဲပါ Bangkok Post မှ Burma to host ASEAN summit ကို ဘာသာပြန်ဆိုသည်)

********************************************************

ဘာသာပြန်သတင်းများ 

မြန်မာနိုင်ငံ၏ အပြုသဘောဆောင် ပြောင်းလဲမှုများ အစစ်အမှန်ဖြစ်

(Channel News Asia မှ 14 Nov 2011 ရက်စွဲပါ၊ Myanmar’s positive changes ‘real’ ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အပြုသဘောဆောင်သည့် ပြောင်းလဲမှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စတင်အသိအမှတ် ပြုကြရန် အင်ဒိုနီးရှားအစိုးရက တိုက်တွန်းပြောဆိုလိုက်သည်။ ယခုကဲ့သို့ အသိအမှတ်ပြုသည့် ချဉ်းကပ်မှုမျိုးလုပ်ဆောင်ခြင်းသည် မြန်မာအစိုးရအား ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ရှေ့ဆက်လုပ်ဆောင်သွားရန် အားပေးအားမြှောက်ပြုရာရောက်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ဘာလီမြို့ တွင် ကျင်းပမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ မတိုင်မီ Channel News Asia သတင်းဌာနသို့ပြောကြားသည်။

မြန်မာနိုင်ငံ ၂၀၁၄ ခုနှစ် အလှည့်ကျအာဆီယံ ဥက္ကဋ္ဌ ဖြစ်ခွင့်ပြုရေးကိစ္စကို မဆုံးဖြတ်မီ အာဆီယံခေါင်းဆောင်များ အနေဖြင့် မြန်မာပြည်တွင်း တိုးတက်ဖြစ်ထွန်းမှုများအပေါ် လေ့လာဆန်းစစ်ကြမည်ဟု မျှော်လင့်ရသည်။

 နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa သည် အင်ဒိုနီးရှားနိုင်ငံ လက်ရှိ အာဆီယံဥက္ကဋ္ဌ ရာထူး မရယူမီ အချိန်ကာလများကတည်းကပင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ သွားရောက်လည်ပတ်ခဲ့ဖူးသည်။ မြန်မာအစိုးရက အကောင်အထည်ဖော်နေသော 'ဒီမိုကရေစီလမ်းပြမြေပုံ'မှာ စကားလုံး သက်သက်မျှပင် မဟုတ်ကြောင်း ၎င်းကဆိုသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံကို အကဲခတ်လေ့လာ စောင့်ကြည့်မိသလောက်ပြောရရင် ယခုဖြစ်နေတာတွေဟာ ကနဦးဖွံ့ဖြိုးမှုတွေပါပဲ။ ဒါပေမဲ့ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော်တို့ ထပ်ပြီးစောင့်ကြည့်မယ်ဆိုရင်၊ ကောင်းကောင်းမွန်မွန်နဲ့ လေ့လာကြည့်မယ်ဆိုရင် မြန်မာပြည်တွင်းမှာ ဖြစ်နေတာတွေဟာ ဖွံ့ဖြိုးမှုဆိုတာထက်ကို ပိုပါတယ်။ တကယ်လို့ တိုးတက်ဖြစ်ထွန်းမှု မဟုတ်ရင်တောင်မှ သိသားထင်ရှားလွန်းတဲ့ ဖွံ့ဖြိုးမှုတွေလို့ ပြောလို့ ရပါတယ်" ဟု ၎င်းကဆိုသည်။

နိုင်ငံတကာ အကျပ်အတည်းများလေ့လာစောင့်ကြည့်သည့် အဖွဲ့ဖြစ်သော ICG မှ Jim Della Giacoma ကလည်း ၎င်း၏ မြန်မာပြည် ခရီးစဉ်များအတွင်း စစ်မှန်သော ပြောင်းလဲမှုများကို မျက်မြင်ကိုယ့်တွေ့ မြင်တွေ့ခဲ့ရကြောင်း ပြောကြားသည်။ "သတင်းမီဒီယာတွေအပေါ် ဆင်ဆာ တည်းဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ ပြောင်းလဲမှုတွေကို ကျွန်တော်တို့ တွေ့မြင်ခဲ့ကြရပါတယ်။ ကုန်သွယ်ရေးသမဂ္ဂတွေ ထူထောင်နိုင်ဖို့ ဥပဒေ ပေါ်ထွန်းလာတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ လောလောလတ်လတ် တွေ့ခဲ့ရတာကိုပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့(NLD)ကို နိုင်ငံရေး ပါတီအဖြစ် တရားဝင် မှတ်ပုံတင်လို့ရမယ့် ဥပဒေထွက်ပေါ်လာတာပါပဲ။ ဒါတွေဟာ ပေါ်ပင်သဘောမျိုး ဒါမှမဟုတ် တံလျှပ်သဘောမျိုးတွေ မဟုတ်ပါဘူး။

စစ်မှန်တဲ့ နိုင်ငံရေးအခွင့်အရေးနဲ့ လွတ်လပ်မှုတွေ တိုးပွားလာတာပါ" ဟု နိုင်ငံခြားရေးဝန်ကြီး Marty Natale gawa က မှတ်ချက်ပေး ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း အဆိုပါ ဖွံ့ဖြိုးမှုများက အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ ရာထူးရရှိရေးတွင် ယုံကြည် အသိအမှတ်ပြု လက်သင့်ခံရန် စတင် လုပ်ဆောင်နေပြီဖြစ်သည်။

မစ္စတာ Marty Natalegawa က “ကျွန်တော်တို့ အနေနဲ့ မြန်မာပြည်က ဖွံ့ဖြိုးမှုတွေကို မဖြစ်မနေ ကြိုဆိုကြရမှာပါ။ နောက်ပြီး မြန်မာနိုင်ငံရဲ့ အာဆီယံဥက္ကဋ္ဌရာထူး ရယူနိုင်ရေးအတွက် မျှော်လင့်ချက်နဲ့ လုပ်ဆောင်ထားတဲ့ ကြိုတင်ပြင်ဆင်မှုတွေနဲ့ အပြုသဘောဆောင်တဲ့ အခြေအနေတွေကိုပါ ကျွန်တော်တို့ ကြိုဆိုကြရပါမယ်” ဟု ဆိုသည်။

“အာဆီယံဥက္ကဋ္ဌရာထူး ရယူမယ့်အချိန်ရောက်ဖို့ အချိန်အားဖြင့် ၂ နှစ် လိုပါသေးတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ ပြင်ဆင်မှုတွေနဲ့ လုပ်ဆောင် ချက်တွေ ပိုကောင်းလာနိုင်ဖို့ ရှိပါတယ်”။ မြန်မာအစိုးရက လတ်တလောကာလများအတွင်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့ခြင်းသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အနောက်နိုင်ငံများ၏ စံသတ်မှတ်ချက်တစ်ခု ဖြစ်ခဲ့သည်။ မြန်မာ့အရေး စောင့်ကြည့် လေ့လာသူများကမူ မြန်မာ့အရေးကို ပြန်လည်ဆန်းစစ်ရာတွင် စီးပွားရေးပိတ်ဆို့ အရေးယူမှုတစ်ခုတည်းသာမက အခြားသော အရေးကိစ္စများပါ ထည့်သွင်းသင့်ကြောင်း ထောက်ပြပြောဆိုကြသည်။

“လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေက ဒေသတစ်ခုလုံးမှာ ဖြစ်ပေါ်နေတာပါ။ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးတစ်ခုတည်း အပြီးသတ်ရုံနဲ့ စိန်ခေါ်မှုတွေ ပြီးမြောက်သွားမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အဆင့်အတန်း မြင့်မားတဲ့ လူ့အခွင့်အရေး စံချိန်စံနှုန်းတွေ ထွက်ပေါ်လာဖို့ အတွက်ဆိုရင် မြန်မာအစိုးရနဲ့လက်တွဲပြီး အလုပ်လုပ်သင့်သလို အသစ်ဖွဲ့စည်းထားတဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နဲ့လည်း လက်တွဲ လုပ်ဆောင်သင့်ပါတယ်။ မြန်မာပြည်ကို နောက်ထပ် ပြစ်ဒဏ်ပေးတာတို့၊ အထီးကျန်ဖြစ်အောင်လုပ်တာတို့ မလုပ်သင့်တော့ပါဘူး” ဟု မစ္စတာ Della Giacoma က ပြောကြားသည်။

နိုင်ငံတကာ အကျပ်အတည်းများလေ့လာနေသည့် ICG အဖွဲ့ဆိုလျှင် မြန်မာအစိုးရနှင့် စေ့စပ်ညှိနှိုင်းသွားနိုင်ရေးအတွက် အပြုသဘော ဆောင်သည့် လုပ်ဆောင်ချက်မျိုး စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ သို့သော် မြန်မာနှင့်ပတ်သက်သော ဥရောပ၏ ရပ်တည်ချက် အပြောင်းအလဲမှာ ပြင်းထန်လာမည် ဖြစ်သည်။ “ဗြိတိန်နိုင်ငံဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ Lobby အုပ်စုတွေ အင်အားကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အဲဒီလို အင်အားစုတွေကြောင့် ဗြိတိန်အစိုးရအနေနဲ့ သဘောထားပိုပြီး တင်းမာဖို့ ဖြစ်စေပါတယ်။ အဲဒီတော့ ဗြိတိန် နိုင်ငံထဲမှာ နိုင်ငံရေးလေပြေလေညင်းတွေ မပြောင်းလဲသေးသရွေ့ ဥရောပအနေနဲ့လည်း သိသာထင်ရှားတဲ့ တိုးတက်ဖြစ်ထွန်းမှုတွေ လုပ်ဆောင်ပေးဖို့ အင်မတန် အခက်အခဲ ဖြစ်နေပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုဆိုလျှင် မြန်မာနိုင်ငံအပေါ် အထီးကျန်ဖြစ်အောင် လုပ်ဆောင်ခြင်းသည် ပြုပြင်ပြောင်းလဲမှုများ ပိုမိုမဖြစ်ထွန်းအောင် လုပ်ဆောင်သလို ဖြစ်နေမည်ဟူသောအချက်ကို အာဆီယံအနေဖြင့် အနောက်နိုင်ငံများ ယုံကြည်လက်ခံလာစေရန် ပြောဆိုပေးရမည့် တာဝန်ရှိလာပုံရသည်။

မြန်မာအစိုးရက လက်ခံကျင့်သုံးနေသည့် မူဝါဒများနှင့် ဖွဲ့စည်းတည်ဆောက်မှု ပုံစံအသစ်များကို လေ့လာအကဲခတ်ခြင်းသည် အာဆီယံ ခေါင်းဆောင်များ ဘာလီတွင်တွေ့ဆုံရာ၌ အာဂျင်ဒါတစ်ခု ဖြစ်လာဖွယ်ရှိသည်။

မြန်မာ့အရေး စောင့်ကြည့်သူများကမူ မြန်မာနိုင်ငံ၏ နိုင်ငံရေးလမ်းကြောင်းသစ်သည် နောက်ကြောင်း ပြန်လှည့်နိုင်စရာမရှိကြောင်း၊ နောင် အနာဂတ်တွင် ပိုမိုရှင်းလင်းပြီး အပြုသဘောဆောင်စေရန် မြန်မာအစိုးရက အခိုင်အမာ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။

*************************************

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ဒုတိယမြို့တော် မန္တလေးတွင် သံဃာတော်များ ရှားရှားပါးပါး ဆန္ဒပြ တောင်းဆို

(The Washington Post မှ 15 Nov 2011 ရက်စွဲပါ “Monks Stage rare protest in Myanmar’s 2nd Largest city, demand release of political prisoners” ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၌ ရန်ကုန်မြို့တော်ပြီးလျှင် ဒုတိယအကြီးဆုံး မန္တလေးမြို့တော်ရှိ မပာာမြတ်မုနိဘုရားအတွင်းတွင် သံဃာ ၅ ပါးက ရှားရှားပါးပါး ဆန္ဒပြကာ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ခြင်းလွှတ်ပေးရန် အစိုးရကို တောင်းဆိုခဲ့ကြသည်ပာု ဒေသခံများက ပြောကြားသည်။

သံဃာတော်များသည် မပာာမြတ်မုနိဘုရား ပရဝုဏ်ရှိ ပြတိုက်တွင်အတွင်းမှ သော့ခတ်၍ နာရီပေါင်းများစွာ ဆန္ဒပြခဲ့ကြပြီးနောက် အနီးအနားမှ ဘုန်းကြီးကျောင်းသို့ ဆက်လက်ဆန္ဒပြရန် ကားဖြင့်ထွက်ခွာသွားကြသည်ပာု အသက် ၃၅ နှစ်အရွယ် ဒေသခံ နီနီထွန်းက တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောကြားသည်။

အင်္ဂလိပ်- မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသော “နိုင်ငံရေးအကျဉ်းသားများ ချက်ခြင်းလွှတ်၊ ပြည်တွင်းစစ်ကို ချက်ခြင်းရပ်၊ လွတ်လပ်မှုကို လိုလားသည်” စသော နဖူးစည်းစာတမ်းများကို ပြတိုက်တွင် သံဃာတော်များက ချိတ်ဆွဲခဲ့ကြပြီး အခြားဘုန်းကြီးများ အပါအဝင် လူ ၃၀၀ ခန့်က အပြင်မှ စုဝေးစောင့်ကြည့်ကာ အစာနှင့် ရေများ လှူဒါန်းခဲ့သည်ပာု သိရှိရသည်။

၁၉၆၂ မှ စ၍ ယခုနှစ်အစောပိုင်း ကာလအထိ တပ်မတော်အစိုးရက ဖိနှိပ်အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် ဆန္ဒပြမှုများ မရှိသလောက် ရှားပါး သည်။ ယခင်အာဏာရှင် အစိုးရထံမှ အာဏာလွှဲပြောင်းယူထားသော အရပ်ဖက်အစိုးရက နိုင်ငံရေးနယ်ပယ်ကို လှုပ်သာရှားသာရှိအောင် ဖြေလျှော့ပေး မည်ပာု ကတိပြုထားသော်လည်း နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့်ကို ဆက်လက်ထိန်းသိမ်းထားတုန်းပင် ဖြစ်သည်။

ယခင်အစိုးရပောာင်း၏ မောက်မာသော မူဝါဒများကို ဖြေလျှော့ပေးရန် ကတိပြုထားသော ယခုအစိုးရက မီဒီယာဆင်ဆာကို ဖြေလျှော့ ပေးခြင်း၊ အလုပ်သမားသမဂ္ဂများကို တရားဝင်ခွင့်ပြုပေးခြင်း၊ ပြည်သူများ ကန့်ကွက်သော တရုတ်အကျိုးပြု ရေလှောင်တမံကို ရပ်ဆိုင်းပေးခြင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုများ စတင်ကာ သူမ၏ နိုင်ငံရေးလှုပ်ရှားမှုကို တရားဝင် ခွင့်ပြုလာခြင်းစသော ကြိုဆို ဖွယ်ရာ ခြေလှမ်းအချို့ကို ပြသလျက် ရှိသည်။

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို တောင်းဆိုသော သံဃာတော်တို့၏ လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြသရန် မိမိအပါအဝင် ထောက်ခံသူအတော်များများ မပာာမြတ်မုနိဘုရားတွင် စုဝေးခဲ့ကြသည်ပာု နိုင်ငံရေးလှုပ်ရှားသူ ပာန်ဝင်းအောင်က တယ်လီဖုန်း ဖြင့် ပြောကြားသည်။ ဆန္ဒပြ သံဃာတော်များသည် ၃ ရက်တာအတွက် အစာနှင့်ရေများ လုံလောက်စွာ ရရှိကြသည်ပာု ယင်းကဆိုသည်။

ဆန္ဒပြသံဃာတော် ငါးဦးသည် ဆရာတော်ကြီးများနှင့် စေ့စပ်ညှိနှိုင်းပြီးနောက်တွင် ထောက်ခံသူ ပြည်သူများ၏ မော်တော်ဆိုင်ကယ် အုပ်စုကြီး လိုက်ပါလျက် မော်တော်ကားဖြင့် မစိုးရိမ်ကျောင်းတိုက်သို့ ထွက်ခွာသွားကြပြီး ထိုစာသင်တိုက်တွင် ဆက်လက်ဆန္ဒပြကြမည်ပာု ဒေသခံတစ်ဦးဖြစ်သူ ညီညီကျော်က ပြောကြားသည်။

ရဲတပ်ဖွဲ့က ကြားဝင်ပာန့်တားခြင်း မပြုဘဲ အခြေအနေကိုသာ စောင့်ကြည့်နေခဲ့သည်ပာု သိရှိရသည်။

၂၀၀၇ ခုနှစ်က ရန်ကုန်မြို့လမ်းများပေါ်သို့ လူပေါင်းတစ်သိန်းခန့် ထွက်၍ ဆန္ဒပြစေခဲ့သော သံဃာတော် ဦးဆောင် ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းတွင် သံဃာတော်အများစုမှာ နိုင်ငံရေးနှင့် ခပ်ဝေးဝေးနေခဲ့ကြသည်။ ထိုစဉ်က ဆန္ဒပြပွဲများကို တပ်မတော်အစိုးရက ရက်စက်ကြမ်းကြုပ်စွာ နှိမ်နင်းဖြိုခွဲခဲ့ပြီး သံဃာတော်များ အပါအဝင် လှုပ်ရှား သူများစွာကို ဖမ်းဆီးထောင်ချ အပြစ်ပေးခဲ့သည်။

ကြာသပတေးနေ့ ဘာလီကျွန်းတွင် ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံ မတိုင်မီ ရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေး လိမ့်မည်ပာု မှန်းဆမှုများ ရှိနေသည်။ မြန်မာအစိုးရသည် ၂၀၁၄ တွင် အာဆီယံဥက္ကဋ္ဌ နေရာရယူရန် ကြိုးစားလျက်ရှိပြီး ယင်းကိစ္စကို ယခုသီတင်းပတ် ထိပ်သီးညီလာခံတွင် ဆုံးဖြတ်နိုင်ခြေရှိသောကြောင့် ယခု နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပါက အစိုးရ၏ တိုးတက်သော ဆောင်ရွက်မှု တစ်ခု အဖြစ် ရှုမြင်ခံရကာ အထောက်အကူပြုမည်ဖြစ်သည်။

***************************

အာဆီယံထိပ်သီးအစည်းအဝေး လက်ခံကျင်းပရန် မြန်မာနိုင်ငံကို ထောက်ခံ

(15 Nov 2011 ရက်စွဲပါ Bangkok Post မှ Burma to host ASEAN summit ကို ဘာသာပြန်ဆိုသည်)

အရှေ့တောင်အာရှနိုင်ငံများ အသင်းကြီး(Asean)၏ အဖွဲ့ဝင်(၁၀)နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံထိပ်သီး အစည်းအဝေးလက်ခံကျင်းပရန်နှင့် အဖွဲ့ကြီး၏ ဥက္ကဋ္ဌနေရာအတွက် အဆိုပြု တင်ပြထားမှုအား အင်္ဂါနေ့က ထောက်ခံခဲ့ကြသည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ယနေ့ စတင်ကျင်းပသော (၄၄) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အဖွဲ့ကြီးသည် မြန်မာ နိုင်ငံ၏ အဆိုပြုမှုကို ထောက်ခံခဲ့ကြပါသည်။ ၎င်း၏ ဆွေးနွေးဖက် (၁၀)နိုင်ငံမှ အချို့သောသူများက ကန့်ကွက်ခဲ့သော်လည်း ထောက်ခံခဲ့ကြသည်။

အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က AFP သို့ ပြောကြားရာတွင် အာဆီယံ ခေါင်းဆောင်များသည် ၂၀၁၄ တွင် အဖွဲ့ကြီး၏ ထိပ်သီးအစည်းအဝေး လက်ခံကျင်းပရန် မြန်မာနိုင်ငံ၏ အဆိုပြုမှုအား ကြီးမားစွာ ထောက်ခံမှုကို ဖော်ပြခဲ့ကြသည်ပာုဆိုပါသည်။

“မေလတုန်းက လုပ်ခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးရယ်၊ ဇူလိုင်လတုန်းကလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တွေမှာ ခြုံငုံပြီး ကျွန်တော်ရတဲ့ အသိကတော့ အပေါင်းလက္ခဏာဆောင်ပါတယ်” ပာု Natalegawa က သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။

အာဆီယံချာတာအရ၊ အာဆီယံဥက္ကဋ္ဌနေရာမှာ အဖွဲ့ဝင်နိုင်ငံများ၏ အင်္ဂလိပ်အမည်ရှေ့မှ အက္ခရာစဉ်အလိုက် အလှည့်ကျထမ်းဆောင်ရန် ဖြစ်ပါသည်။ ဥက္ကဋ္ဌ၏ တာဝန်များတွင် ဝန်ကြီးအဆင့် အစည်းအဝေးများနှင့် အာဆီယံထိပ်သီး အစည်းအဝေးများ ကိုလက်ခံကျင်းပရခြင်းများ ပါဝင် ပါသည်။

အက္ခရာစဉ် တာဝန်ယူရမည့်စနစ်အရ ၂၀၁၅ အထိ မြန်မာနိုင်ငံသည် ဥက္ကဋ္ဌနေရာအတွက် အလှည့်ကျခြင်း မရှိပေ။ သို့သော် အလှည့်ကျသော ကွန်မြူနစ်နိုင်ငံဖြစ်သော လာအိုနှင့်ယှဉ်ပြိုင်၍ တောင်းဆိုခြင်းဖြစ်ပါသည်။

အာဆီယံအဖွဲ့ကြီးတွင် ဆွေးနွေးဖက် (၁၀)နိုင်ငံ ရှိပါသည်။ ၎င်းတို့မှာ သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဥရောပ သမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြပါသည်။

ယခု ဘာလီအစည်းအဝေးတွင် တောင်တရုတ်ပင်လယ်မှ နယ်မြေအငြင်းပွားမှုကိစ္စက လွှမ်းမိုးလိမ့်မည်ဖြစ်ပြီး၊ အဓိက နျူကလီးယားနိုင်ငံ (၅)နိုင်ငံ ဖြစ်သော ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန်တို့အား အာဆီယံ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်ကို လေးစားလိုက်နာရန် နားချလိမ့်မည် ဖြစ်ပါသည်။

                            ***********************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment