Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၆.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. လယ်မြေမရှိဘဲ ကျေးရွာအုပ်ရေးမှူး စိုက်ဘဏ်ချေးငွေ လိမ်ထုတ်
  2. သီလဝါအထူးစီးပွားရေးဇုန်အတွက် စီမံကိန်းတည်ဆောက်၍ ရေပေးဝေမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မန္တလေးသံဃာ့ဆန္ဒပြမှု ရန်ကုန်သို့ ဂယက်ရိုက်
  2. လူမှုစီးပွား တိုးတက်ရေးအတွက် ဌာနများစုပေါင်း၍ သမ္မတထံစာတမ်းတင်မည်
  3. ရပ်ကွက်ရုံးအသုံးစရိတ် ပြည်သူများပေးနေရဆဲ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************

ပြည်တွင်းသတင်းများ

လယ်မြေမရှိဘဲ ကျေးရွာအုပ်ရေးမှူး စိုက်ဘဏ်ချေးငွေ လိမ်ထုတ်

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ငှက်ကြီးဒေါင့်ကျေးရွာ အုပ်ချုပ်ရေးမှူးသည် လယ်ပိုင်မရှိဘဲ မြေစာရင်း လိမ်တင်ကာ မြန်မာ့ လယ်ယာစိုက်ပျိုးရေးဘဏ်မှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ကိုယ်ကျိုးအတွက် လိမ်လည်ထုတ်ယူခဲ့ကြောင်း လယ်သမားများက ပြောကြားသည်။

လယ်သမား ၃၆ဦး အမည်စာရင်းနှင့် လယ်ဧက စုစုပေါင်း ၃၃၅ ဧကအတွက် ကျပ်ငွေ သိန်း ၆၅ သိန်းကျော် မြေစာရင်း၊ ဘဏ်ဝန်ထမ်း တစ်ချို့နှင့် ပူးပေါင်း ငွေလိမ်ထုတ်ယူခဲ့ကြောင်း ဒေသခံများအဆိုအရ သိရှိရသည်။

ယင်း ကျေးရွာအုပ်ချုပ်ရေးမှူး မလျှော်ကန်သော အပြုအမူကို သမ္မတနှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တင်ပြထားကြောင်း ထပ်ဆင့်သိ ရသည်။

ဖခင်တစ်ဦးတည်း နာမည်လေးလုံးနှင့် လူတစ်ဦး အမည်နှစ်ပိုင်း ခွဲထုတ်ယူခဲ့ကြောင်း (ဥပမာ အဖ ဦးတင်လှိုင်၏ သား ဦးကြင်မြင့်ဦးကို ဦးကြင်မြင့်အနေဖြင့် တစ်ကြိမ်၊ ဦးမြင့်ဦးအနေဖြင့် တစ်ကြိမ် နှစ်ကြိမ်ခွဲထုတ်ကြာင်း )  တောင်သူတစ်ဦးက ဆိုသည်။

ယခုနှစ်တွင် အစိုးရမှ လယ်များရေမြုပ်ကုန်သဖြင့် စိုက်ပျိုးစရိတ်ကို တစ်ဧက ကျပ်နှစ်သောင်းမှ လေးသောင်းအထိ တိုးမြှင့်ထုတ်ပေးသော် လည်း အောက်ခြေ အကောင်အတည်ဖော်ရသူ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အကျင့်ပျက် ၀န်ထမ်းများ ကိုယ်ကျိုးရှာခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

မိဖြူ

-----------------------------------------------------------------------------------------------------------------------------------

သီလဝါအထူးစီးပွားရေးဇုန်အတွက် စီမံကိန်းတည်ဆောက်၍ ရေပေးဝေမည်

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် သီလဝါ အထူးစီးပွားရေးဇုန်အတွက် စစ်ပင်တောင်စီမံကိန်း တည်ဆောက်၍ ရေဂါလန် ၄၅ သန်းကို ပေးဝေ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်၌ လုပ်ကိုင်လျက်ရှိသည့် သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ရေပေးဝေနိုင်ရေးစီမံကိန်းကို ဒဂုံ မြို့သစ် အရှေ့ပိုင်းမြို့နယ် စစ်ပင်တောင်ကျေးရွာအနီး အမှတ်(၇) လမ်းနှင့် ငမိုးရိပ်ချောင်းဆုံရာနေရာ ငမိုးရိပ်ရေထိန်းတံခါး အထက်ဖက်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုတည်ဆောက်မည့် စစ်ပင်တောင် စီမံကိန်း ပြီးစီးသွားပါက သီလဝါ အထူးစီးပွားရေးဇုန်သာမက သာကေတ၊ ဒေါပုံနှင့် ဒဂုံမြို့သစ် မြို့နယ်များကိုပါ ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

အများပြည်သူများအတွက် သန့်ရှင်းကြည်လင်ပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် သောက်သုံးရေ ရရှိရေးအတွက် ငမိုးရိပ်ချောင်း ရေချိုပိုင်းမှ ရေကို အသုံးပြုသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ရေပေးဝေနိုင်ရေးစီမံကိန်းအတွက် အင်ဂျင်နီယာများမှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရ သည်။

ထို့ပြင် မြန်မာ-ကိုရီးယားပူးပေါင်း၍ သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဒေါ်လာ ငါးဘီလီယံကျော် ရင်းနှီးမြှုပ်နှံ၍ Myanko မြို့တော်တစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသတွင်းပြည်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်စေရန် သီလဝါ အထူးစီးပွားရေးစီမံကိန်းဇုန်၌ စက်မှုဇုန်များ၊ ပိာုတယ်များ၊ ကွန်ဗင်းရှင်း စင်တာများ တည်ဆောက်၍ နိုင်ငံတကာနှင့် ကုန်သွယ်မှုလုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

                                                                                                      Ref:ပြည်မြန်မာ

***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မန္တလေးသံဃာ့ဆန္ဒပြမှု ရန်ကုန်သို့ ဂယက်ရိုက်

မန္တလေးမြို့တွင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် သံဃာများ ဆန္ဒပြနေမှုသည် ရန်ကုန်မြို့သို့ ကူးစက်လာတော့မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ သံဃာများက နိုဝင်ဘာလ ၁၆ရက်နေ့ နေ့လည် ၁နာရီတွင် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုဒ်ရှိ ကြေးသွန်းဘုရားတွင် နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွတ်မြောက်လာရေးအတွက် ဆုတောင်းပွဲပြုလုပ်မည်ဟု သတင်းကြောင့် လုံခြုံရေးများ တင်းကြပ်စွာချထားကြောင်း ဘုရားဖူးများက ပြောကြားသည်။

နိုဝင်ဘာ ၁၅ရက်နေ့ ညနေ ၄နာရီကလည်း လှည်းတန်းတွင် သံဃာများဆန္ဒပြမည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

“ဥူးဇင်းတို့ စုစည်းနေပါတယ် အခြေအနေကိုကြည့်ပြီး ရန်ကုန်မှာ လှုပ်ရှားသွားမယ်။” ဟု ရန်ကင်းမြို့နယ်ရှိ မိုးကောင်းတွင် သီတင်းသုံး နေထိုင်သည့် သံဃာတစ်ပါးက မိန့်ကြားသည်။

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးရှိ မဟာဗုဒ္ဓ၀င် ဗိမာန်တော်ကြီးတွင် သံဃာတော် (၅) ပါးက နိုဝင်ဘာလ ၁၅ရက်နေ့ မနက်ပိုင်းမှ စ၍ မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးအတွက် ဆန္ဒဖော်ထုတ် ဟောပြောခဲ့ကြောင်း သိရသည်။

ဗိမာန်တော်ကြီး အရှေ့ဖက်ခြမ်းတွင် “မြန်မာပြည် အမြန်ငြိမ်းချမ်းပါစေ၊ လွတ်လပ်မှုကိုပေးပါ။ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်၊ ပြည်တွင်းစစ် ချက်ချင်းရပ်” စသည့် စာသားများကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသည့် ပိတ်သားပိုစတာများချိတ်ဆွဲပြီး နိုဝင်ဘာ ၁၅ရက် နေ့ မနက် (၅) နာရီကျော်ခန့်က စတင်ကာ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ လွတ်လပ်စွာ ဟောပြောခွင့်ရရေး စသည့်အချက်သုံးချက်ပါ စာရွက်ကို နိုင်ငံ့ တာဝန်ရှိသူ အဆင့်ဆင့်ထံ တင်ပြရန်အတွက် သံဃာ့နာယက ဆရာတော်ကြီးများမှတဆင့် လက်မှတ်ထိုးပေးအပ်ခဲ့ကြောင်း လက်မှတ်ရေးထိုး ခဲ့သည့် သံဃာတော်တစ်ပါးက ပြောကြားသည်။

ဆန္ဒပြ သံဃာများသည် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်တွင် နိုဝင်ဘာ ၁၆ရက်နေ့ နေ့လည် ၁ နာရီမှ ၂ နာရီအထိ ဟောပြောခွင့်ရရှိပြီး လူစုခွဲခဲ့ကြရကြောင်း သိရသည်။

ယင်းဟောပြောပွဲသို့ လာရောက်ခဲ့သည့် သံဃာတော်များနှင့် ပြည်သူများကို နေ့လည်နှစ်နာရီမှစ၍ လူစုခွဲခဲ့ရာ ညနေ ၄နာရီတွင် အားလုံး လူစုခွဲထားပြီးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ သံဃာတော်များ ဆန္ဒပြခြင်းသည် ၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုနောက်ပိုင်းနှင့် အစိုးရသစ်လက်ထက်တွင် ပထမဆုံး အကြိမ် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား၂၀၀ ကျော်သာ ပါဝင်မှုကို သံဃာတော်များက ထောက်ပြဝေဖန်ပြီး တိုင်းပြည်တွင်း အမှန်တကယ်ပြောင်းလဲမှုကို လိုလားပါက နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရမည်ဟု သံဃာတော်များက မိန့်ကြား ခဲ့သည်။

ယခု ဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်နေသည့် သံဃာ ၅ပါးထဲတွင် အရှင်သောပါကသည် ဂျာမနီနိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်ရထားပြီး မကြာသေးမီ ကာလက ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာသည့် သံဃာတစ်ပါးဖြစ်ကြောင်း သိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

လူမှုစီးပွား တိုးတက်ရေးအတွက် ဌာနများစုပေါင်း၍ သမ္မတထံစာတမ်းတင်မည်

ရန်ကုန်မြို့၌ လာမည့် ၂၀၄၀ ကာလအထိတိုင် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရန် အချက် အလက်များ စုဆောင်း၍ ဌာနဆိုင်ရာ ၂၉ ခုမှ စာတမ်းများ ရေးဆွဲကာ နိုင်ငံတော်သမ္မတထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ေ