Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၆.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မြန်မာအနေဖြင့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ရပ်ရန်လိုပာု Mc Connell ပြော

(24 Jan 2011 ရက်စွဲပါ Focus News Agency မှ Myanmar must break ties with N.Korea: McConnell ကို ဘာသာပြန်ဆိုသည်)

  1. ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာအား ချီးကျူး၍ သွားရောက်လည်ပတ်ရန်စီစဉ်

(26 Jan 2012 ရက်စွဲပါ Reuters မှ UN Chief praises Myanmar, Plans visit there soon ကို ဘာသာပြန်ဆိုသည်)

  1. IMF က မြန်မာ၏ ပြုပြင်ပြောင်းလဲမှုများကို ချီးကျူး၊ သို့သော် ပိုမိုလုပ်ဆောင်ရန်များ မြန်မြန်လုပ်ရန်တိုက်တွန်း

(25 Jan 2012 ရက်စွဲပါ AFP ၏ IMF applaudes Myanmar reforms, urges more, quickly ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ အနေအထားသစ်

(24 Jan 2011 ရက်စွဲပါ Khaley Times online မှ Bertil Lintner ၏ Myanmar’s call ကို ဘာသာပြန်ဆိုသည်)

*********************************

ဘာသာပြန်သတင်းများ

မြန်မာအနေဖြင့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ရပ်ရန်လိုပာု McConnell ပြော

(24 Jan 2011 ရက်စွဲပါ Focus News Agency မှ Myanmar must break ties with N.Korea: McConnell ကို ဘာသာပြန်ဆိုသည်)

အမေရိကန်ထိပ်တန်း ဆီးနိတ် ရီပတ်ဗလင်ကင်က အင်္ဂါနေ့က ပြောကြားရာတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို ဆက်လက်လုပ်ဆောင်ပြီး မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံရေးများ ရပ်ဆိုင်းသွားမည်ဆိုပါက ၎င်းသည် အရေးယူမှုများ ဖြေလျော့ရေးအတွက် ထောက်ခံလုပ်ဆောင်ပေးသွားမည်ပာု ဆိုခဲ့သည်ပာု AFP က သတင်းထုတ်ပြန်ခဲ့သည်။

“သူတို့အရင်က မြောက်ကိုရီးယားနဲ့ စစ်တပ်ချင်း၊ ဆက်ဆံရေး တွေရှိခဲ့မယ်ဆိုပေမယ့် အခု ဆက်မလုပ်တော့ဘူးလို့ သေချာဖို့ ကျွန်တော်တို့ လိုလားပါတယ်” ပာု ရီပတ်ဗလစ်ကင် ဆီးနိတ်လူနည်းစုခေါင်းဆောင် Mit McConnell က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

McConnell သည် မကြာမီကမှ မြန်မာနိုင်ငံမှ ပြန်ရောက်လာသူဖြစ်ပြီး အစိုးရသစ်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းနှင့် ဧပြီလ ၁ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်၍ အမေရိကန်က မြန်မာနိုင်ငံသို့ သံအမတ်ကြီးစေလွှတ်ရန် ကိစ္စကို ထောက်ခံခဲ့သည်။

“ကျွန်တော်က နိုင်ငံတကာ လေ့လာသူများထားရှိဖို့ ထောက်ခံပြောဆိုခဲ့ပါတယ်။ ပထမအကြိမ် ရွေးကောက်ပွဲကျင်းပတဲ့ နိုင်ငံတွေမှာ များများ ထားသင့်တယ်” ပာု McConnell ကပြောကြားခဲ့သည်။

                                 **************************

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာအား ချီးကျူး၍ သွားရောက်လည်ပတ်ရန်စီစဉ်

( 26 Jan 2012 ရက်စွဲပါ Reuters မှ UN Chief praises Myanmar, Plans visit there soon ကို ဘာသာပြန်သည်)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဗုဒ္ဓဟူးနေ့က မြန်မာအစိုးရအား ၎င်း၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများအတွက် ချီးကျူးခဲ့ပြီး၊ မြန်မာနိုင်ငံသို့ မကြာခင်သွားရောက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

“နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းအပါအဝင် သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာအာဏာပိုင်တွေ ဦးတည်နေတဲ့ လမ်းကြောင်းအပေါ် ကျွန်တော်ကျေနပ်အားရပြီး အားတက်ရပါတယ်” ဟု ဘန်ကီမွန်းက နယူးယောက်တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

“ကျွန်တော်က မြန်မာခေါင်းဆောင်တွေနဲ့ တိုက်ရိုက်စကားပြောပြီး ဆက်ဆံနေပါတယ်၊ မြန်မာနိုင်ငံကို မကြာခင် သွားရောက်နိုင်ဖို့ စီစဉ် နေပါတယ်” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ဘန်ကီမွန်းက ကြေညာခဲ့ခြင်းကြောင့် ၎င်းသည် မြန်မာနိုင်ငံသို့ တတိယခရီးစဉ် ဖြစ်မည်ဖြစ်ပြီး ၂၀၀၉ ခုနှစ်က နောက်ဆုံး လာရောက်ခဲ့သည်။ ပြီးခဲ့သည့်လက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ပြီး နောက် ယခုလာရောက်ရန် စီစဉ်ခြင်း ဖြစ်သည်။

ယခုလအစောပိုင်းက ကလင်တန်သည် မြန်မာနိုင်ငံသို့ သံအမတ်ကြီး ပြန်လည်ထားရှိမည်ဖြစ်ကြောင်း ကြေညာခဲ့ရာ ဝါရှင်တန်အတွက် အရေးပါသော ခြေလှမ်းဖြစ်သော်လည်း မြန်မာပြည်နှင့် ပြန်လည် ဆက်ဆံရေးမှာ မရေရာဘဲ ရှိနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် အားလုံးကပြောနေကြသော လုပ်ဆောင်ချက်များအပြင် အိမ်နီးခြင်း တရုတ်၏ စီးပွားရေးနှင့် နိုင်ငံရေးအဝန်းအဝိုင်းမှ အနည်းငယ် ခပ်ခွာခွာနေလာခြင်းပင် ဖြစ်သည်။

ဘန်ကီမွန်းသည် ၎င်း၏ အရာထမ်းချုပ် Vijay Nambira အား မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသည်။

        ***********************

IMF က မြန်မာ၏ ပြုပြင်ပြောင်းလဲမှုများကို ချီးကျူး၊ သို့သော် ပိုမိုလုပ်ဆောင်ရန်များ မြန်မြန်လုပ်ရန်တိုက်တွန်း

( 25 Jan 2012 ရက်စွဲပါ AFP ၏ IMF applaudes Myanmar reforms, urges more, quickly ကို ဘာသာပြန်သည်)

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) သည် ဗုဒ္ဓဟူးနေ့က ၁၉၉၉ ခုနှစ်ကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံနှင့် ပတ်သက်၍ သုံးသပ်ချက် ထုတ်ပြန်ခဲ့ရာ ပြုပြင်ပြောင်းလဲရေးများကို ချီးကျူးခဲ့သော်လည်း စီးပွားရေး တည်ငြိမ်မှုရှိရန်များစွာ လုပ်ဆောင်ရဦးမည်ဟု အလေးအနက်ထား ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် စစ်အာဏာရှင်အစိုးရလက်အောက်တွင် ကာလကြာရှည်စွာ အစိုးရ၏ ပိတ်ပင်တားဆီးမှုများကြောင့် ပြီးခဲ့သည့် နှစ်က ၅. ၅%သာ တိုးတက်ခဲ့ပြီး၊ ယခုနှစ်တွင် ၆% တိုးတက်မည်ဖြစ်သည်ဟု အစီရင်ခံစာက ပြောသည်။

သို့သော် ရှုတ်ထွေးနေသော ငွေလဲလှယ်နှုန်းစနစ်ကို ပြုပြင်ပြောင်းလဲရန်မှာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထိုသို့ လုပ်ဆောင်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲလုပ်ဆောင်ရန် လိုအပ်ပြီး မက်ခရိုစီးပွားရေး တည်ငြိမ်မှုထိမ်းသိမ်းရန် စီမံခန့်ခွဲမှုနှင့် ပတ်သက်သော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

“အစိုးရသစ်ဟာ အစပိုင်းမှာ အားအများကြီးထည့် လုပ်ဆောင်ရမယ့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်နဲ့ လူနေမှု အဆင့်အတန်းမြှင့်တင်ရေးကို လုပ်နိုင်မယ့် သမိုင်းဝင်အခွင့်အရေးကို ကြုံတွေ့နေရပါပြီ” ဟု မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော IMF မစ်ရှင်ခေါင်းဆောင်က ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံကို အနောက်နိုင်ငံများက မျက်စိတွင် အဖက်မလုပ်သင့်သောနိုင်ငံအဖြစ် နှစ်ပေါင်းများစွာ ရှုမြင်ထားကြရာ ပြီးခဲ့သည့် မတ်လက အမည်ခံ အရပ်သားအစိုးရ တာဝန်ယူပြီးကတည်းက မှန်ကန်သောလမ်းကြောင်းပေါ်တွင် ခြေလှမ်းကျဲကျဲနှင့် လျှောက်လာနိုင်ခဲ့သည်။

“မြန်မာနိုင်ငံဟာ ကြီးထွားမှုအတွက် အလားအလာကောင်းများ နှုန်းမြင့်မားပါတယ်။ အာရှရဲ့ လာမယ့် စီးပွားရေး မျက်နှာစာသစ် ဖြစ်လာ နိုင်ပါတယ်” ဟု IMF မစ်ရှင်ခေါင်းဆောင် Meral Karasulu က ပြောသည်။ ၎င်း၏အဖွဲ့သည် ယခုလအစောပိုင်းက မြန်မာနိုင်ငံတွင် စီးပွားရေးကို တန်ဖိုးဖြတ် အကဲဖြတ်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

“သူ့ရဲ့ကြွယ်ဝတဲ့သယံဇာတ၊ နုပျိုတဲ့လုပ်သားအင်အားတို့ဟာ ကမ္ဘာပေါ်က အားအကောင်းဆုံး စီးပွားရေး နိုင်ငံအချို့နဲ့ နီးနီးစပ်စပ် ဆင်တာကြောင့် ဒါကို အားသာချက်အဖြစ် အသုံးချနိုင်ပါတယ်” ဟု သူမက ပြောသည်။

IMF က အာဏာပိုင်များအား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ရာသီဥတု ကောင်းမွန်တိုးတက်အောင် ပြုပြင်ပြောင်းလဲရေးများ ရှေ့ဆက် လုပ်ဆောင်ရန်၊ ငွေရေးကြေးရေးကဏ္ဍကို ခေတ်မှီအောင်ပြုလုပ်ရန်နှင့် ကုန်သွယ်မှုနှင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

ထို့အပြင် တိုင်းပြည်ပွင့်လာသည်နှင့်အမျှ ငွေကြေးစီမံခန့်ခွဲမှုနှင့် နိုင်ငံခြားငွေလဲလှယ်မှုကို လုံးဝပြောင်းလဲပစ်ရန် အလေးအနက်ထား ပြောဆိုခဲ့သည်။

ကျပ်ငွေတန်ဖိုး လျင်မြန်စွာ တက်နေခြင်းမှာစီးပွားရေးအတွင်းသို့ နိုင်ငံခြားငွေများ မြောက်များစွာစီးဝင်လာမှုကို အခြေခံသည်ဟု ၎င်းက ဖော်ပြထားသည်။ လက်ရှိစီးပွားရေးတွင် လက်ရှိ နိုင်ငံတကာ ငွေပေးချေမှုများနှင့် လွှဲပြောင်းမှုများတွင် ကန့်သတ်မှုများ ရှိနေခြင်းကြောင့် အဆိုပါ ဝင်လာသော ငွေများ ထွက်ပေါက်ရှာမတွေ့ ဖြစ်နေသည်ဟု ဆိုသည်။

***********************

မြန်မာနိုင်ငံ၏ အနေအထားသစ်

(24 Jan 2011 ရက်စွဲပါ Khaley Times online မှ Bertil Lintner ၏ Myanmar’s call ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသား(၂၀၀)ကျော် လွှတ်ပေးခြင်းနှင့် ဝါရှင်တန်က မြန်မာနိုင်ငံသို့ သံအမတ်ကြီး စေလွှတ်ရန် အသင့်ရှိကြောင်း ကြေညာရန် ဆုံးဖြတ်ခဲ့ခြင်းတို့သည် အစိုးရနှစ်ခုစလုံးက ဆက်ဆံရေးပုံမှန်ဖြစ်ရေးအတွက် နောက်ဆုံးခြေလှမ်းများပင် ဖြစ်သည်။

မြန်မာစစ်တပ်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ ဆန္ဒပြပွဲများတွင် ထောင်ချီ၍ သတ်ဖြတ်ခြင်း၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်မှုကို လစ်လျူရှုခြင်းတို့ကြောင့် အမေရိကန်သည် မြန်မာနိုင်ငံအပေါ် အပြင်းထန်ဆုံး ဝေဖန်သူဖြစ်ခဲ့ပြီး၊ စစ်အစိုးရနှင့် ၎င်း၏ စီးပွားရေး အခွင့်ထူးခံများအပေါ် ကုန်သွယ်ရေးနှင့် ငွေကြေးဆိုင်ရာ အရေးယူမှုများ ချမှတ်ခဲ့သည်။

ဒီဇင်ဘာ အစောပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် ရာစုနှစ် တစ်ဝက်ခန့်အတွင်း မြန်မာနိုင်ငံသို့ အမေရိကန်၏ အမြင့်ဆုံးအစိုးရတာဝန်ရှိသူတစ်ဦးအနေဖြင့် ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့သည်။ သူမက ဦးသိန်းစိန်၏အစိုးရသစ်က လုပ်ဆောင်သော ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးများကို ချီးကျူးပြောဆိုခဲ့သည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုရာတွင် ကလင်တန်က မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းမပေါ်တွင် မြင်ရသည်မှာ အားတက်ဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု လှုပ်ရှားမှုများ ငြိမ်သွားသည်နှင့်အမျှ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည့်အချက်မှာ မြန်မာအတွက် အမေရိကန်၏ စိုးရိမ်ပူပန်မှုများမှာ ဒီမိုကရေစီအားနည်းခြင်းနှင့် လူ့အခွင့်အရေးကို လေးစားမှုရှိရေးတို့အပေါ်တွင်သာ မပာုတ်ပာူသောအချက် ဖြစ်သည်။ အမေရိကန်စစ်ရေး မပာာဗျူပာာ သစ်သည် အာရှကို ညွှန်ပြနေသည်။ အာရှတိုက်သည် ၁၉၈၉ ကတည်းကစ၍ များစွာပြောင်းလဲသွားပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၈၈ ဆန္ဒပြပွဲများအပြီး လအနည်းငယ်အကြာတွင် ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Burton Levin က Washinton Post သို့ ပြောကြားရာတွင် “မြန်မာနိုင်ငံမှာ အမေရိကန်စစ်စခန်းလဲမရှိ။ မပာာဗျူပာာ အကျိုးစီးပွားလည်း နည်းနည်းပဲရှိတော့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာပေါ့” ပာု ဆိုခဲ့သည်။

နောက်တစ်နှစ်တွင် Burton မြန်မာနိုင်ငံမှ ပြန်သွားပြီး၊ ၎င်း၏နေရာတွင် သံအမတ်ကြီး အစားထိုးခြင်း မရှိတော့ပေ။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံသည် တရုတ်နှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ပိုမိုနီးကပ်စွာ ဆက်ဆံလာခဲ့ရာ၊ ဝေဖန်သုံးသပ်သူအများစုက အနောက်နိုင်ငံများက အထီးကျန် ပြုထားခြင်း၏ ရလဒ်အဖြစ် ရှုမြင်နေကြသည်။

မြန်မာနိုင်ငံ၏ အနီးကပ်ဆုံးအိမ်နီးခြင်းများ အထူးသဖြင့် အိန္ဒိယက တရုတ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အိန္ဒိယသမုဒ္ဒရာနှင့် ဆက်သွယ်ရန် ဆောင်လုပ်နေခြင်းသည် စစ်ရေးအရ ဖြန့်ကျက်ခြင်းလည်း ဖြစ်နိုင်သဖြင့် စိုးရိမ်စွာ ရှုမြင်နေကြသည်။

ပို၍ အချက်ပေးခေါင်းလောင်း မြည်သောကိစ္စမှာ မြန်မာနိုင်ငံတွင် မြောက်ကိုရီးယား ဥမင်လှိုဏ်နှင့် ဒုံးကျည်ပညာရှင်များ ရှိနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် မြောက်ကိုရီးယားအကူအညီဖြင့် ဒုံးကျည်များ လုပ်ဆောင်နေခြင်းသည် ဒေသတွင်းမပာာဗျူပာာ ချိန်ခွင်လျှာကို ရှုပ်ထွေးမှုများ ဖြစ်စေသည်။

ထို့ကြောင့် အမေရိကန်ပြည်ထောင်စုအတွက် မူဝါဒပြောင်းရန်နှင့် သံအမတ်ကြီးတစ်ဦးစေလွှတ်ရန် အချိန်တန်နေပြီ ဖြစ်သည်။ အမေရိကန်က မြန်မာနိုင်ငံသို့ ပေးထားသောကတိများကလည်း တိကျသောအချက်အလက်များပေါ်တွင် အခြေခံထားခြင်းမရှိဘဲ ဝေဝေဝါးဝါးနိုင်လှသည်။ အရေးယူ ပိတ်ဆို့မှုအချို့ကို လျှော့ချရေးနှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့အစည်းများနှင့် ပြန်လည်ဆက်ဆံခွင့်ပေးရေးတို့ကိုသာ ဖော်ပြထားသည်။ ယခုအချိန် အထိမူ မြန်မာနိုင်ငံသည် အမေရိကန်နှင့် ဆက်ဆံရေးအတွက် စိတ်အားထက်သန်နေသည့်ပုံ ပေါ်သည်။ ထိုသို့ပြောနိုင်ရန် ပထမဆုံးအထောက် အထားမှာ စက်တင်ဘာလ ၃၀ ရက်နေ့က သမ္မတဦးသိန်းစိန်သည် တရုတ်တို့ဆောက်လုပ်နေသော မြစ်ဆုံရေလှောင်တမံကို ရပ်ဆိုင်းခဲ့သည့်ဖြစ်ရပ် ဖြစ်သည်။

တရုတ်တို့သည် မြန်မာနိုင်ငံအပေါ် စာချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲရန် ခြိမ်းခြောက်ခဲ့သော်လည်း ယခုနောက်ဆုံး စောင့်ကြည့်နေဆဲသာ ဖြစ်နေပါသေးသည်။ တကယ်တမ်းတွင်မူ တရုတ်သည် မြစ်ဆုံကိစ္စကြောင့် ၎င်းတို့၏ မပာာဗျူပာာကျသော ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ ရင်းနှီးမြှုပ်နှံမှုကို အထိခိုက်မခံလိုပေ။ လွန်ခဲ့သည့် နှစ် အနည်းငယ်အတွင်း မြန်မာစစ်တပ်အတွင်း တိုင်းပြည်ပ တရုတ်အပေါ်အလွန်အမင်း မှီခိုနေမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် ကျေနပ်မှုမရှိခြင်းများ သိသိသာသာ ထွက်ပေါ်လာသည်။

ဦးသိန်းစိန်ရော စစ်တပ်ရော နှစ်ဦးစလုံးက မိမိတို့၏ အမည်ခံအရပ်သားအစိုးရအား အရေးယူမှုများ ချမှတ်ထားသော အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့က လက်ခံလာစေရန် အချိုပေါ်သကာလောင်းရန်(icing on the cake) လိုအပ်သည်ကို သိရှိကြသည်။ မကြာသေးမီက အကျဉ်းသားများ လွှတ်ပေးခြင်း၊ အင်တာနက်များ ဖြေလျော့ပေးခြင်းနှင့် စာနယ်ဇင်းဆင်ဆာများ လျော့ပေါ့ခြင်းများသည် ထိုအကြောင်းရင်းခံပာု ဆိုရမည်ဖြစ်သည်။ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်လာအောင် စည်းရုံးနိုင်ခဲ့ပါသည်။ အစိုးရအနေဖြင့် သူမအားပေါ်ပြူလာ အတိုက်အခံအဖြစ် အပြင်တွင်ရပ်တည်နေခြင်းထက် မိမိတို့အတွင်းသွပ်သွင်းသည်က ပိုမိုကောင်းလိမ့်မည် ဆိုသည်ကို သဘောပေါက်ထားပုံရသည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံသည် တရုတ်အပေါ် ရေရှည်ကျောခိုင်း၍ နေနိုင်မည်မပာုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နှစ်နိုင်ငံသည် ရှည်လျားသော နယ်စပ်ခြင်း ထိစပ်မှုရှိသည့်အပြင် နေ့စဉ်ကုန်သွယ်ရေးနှင့် အခြားနှစ်နိုင်ငံ ဆက်ဆံရေးများလည်းရှိကြသည်။ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှာ မြန်မာအစိုးရ ရေရှည်တည်တံ့ရေး အတွက် အရေးမကြီးလှသော အဝေးမှ အင်အားကြီးများဖြစ်ကြသည်။

တရုတ်သည် မြန်မာနိုင်ငံ၏ အမေရိကန်ပြည်ထောင်စုနှင့် ပျားရည်ဆမ်းကာလသစ်ကို တုန့်ပြန်မှုမရှိသေးပေ။ သို့သော် မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စုက မပာာဗျူပာာ အကျိုးစီးပွားအနည်းငယ်သာရှိသည်ပာု သတ်မှတ်သော နိုင်ငံမပာုတ်တော့ပေ။ မြန်မာနိုင်ငံသည် စူပါပါဝါ ပြိုင်ဆိုင်မှုအတွက် အာရုံခံရသည့် နိုင်ငံတစ်ခု လျင်မြန်စွာ ဖြစ်နေပါပြီ။ အမေရိကန်က တရုတ်နှင့် လုံခြုံရေး အကျိုးစီးပွားအတွက် ပြိုင်ဆိုင်နေသော အာရှတိုက်မှ အရေးပါသော နိုင်ငံတစ်ခု ဖြစ်သည်။

******************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment