Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၆.၁.၂ဝ၁၂

ဘာသာပြန်သတင်းများအပိုင်း(၂)

  1. ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများသည် ဖြေးဖြေးမှန်မှန်နှင့် စနစ်တကျရှိကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးပြော

(25 January 2012 ရက်စွဲပါ Washington Post တွင် AP မှ Nirmala George ရေးသားသော Myanmar's foreign minister says country's democratic reforms will be gradual, systematic ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ မှတ်တိုင်များ

(23 Jan 2011 ရက်စွဲပါ BBC News မှ Marie Lall ရေးသားသော More milestones in Burma ကိုဘာသာပြန်ဆိုသည်)

*********************************

ဘာသာပြန်သတင်းများ

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများသည် ဖြေးဖြေးမှန်မှန်နှင့် စနစ်တကျရှိကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးပြော

(25 January 2012 ရက်စွဲပါ Washington Post တွင် AP မှ Nirmala George ရေးသားသော Myanmar's foreign minister says country's democratic reforms will be gradual, systematic ကို ဘာသာပြန်ဆိုသည်။)

တစ်ချိန်က အာဏာရှင်နိုင်ငံဖြစ်ခဲ့သော မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလသည် တဖြည်းဖြည်းနှင့် စနစ်တကျ ဖြစ်လိမ့်မည်ဟု မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

"ကျွန်တော်တို့ စလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ နောက်ပြန် မလှည့်နိုင်တော့ပါဘူး"ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏ မောင်လွင်က နယူးဒေလီသို့ လာရောက်စဉ် ပြောကြားခဲ့သည်။ "ဒီမိုကရေစီကို သွားတဲ့လမ်းကြောင်းမှာ နောက်ပြန်လှည့်တာတို့၊ လမ်းမှားရောက် သွားတာတို့ မရှိနိုင်ပါဘူး" ဟု ယင်းက ပြောသည်။

ရွေးချယ်တင်မြောက်ခံရသော အစိုးရကို စစ်တပ်က နောက်ခံပြုထားသော်လည်း ယင်း တာဝန်ယူသည့် အချိန်မှစ၍ နိုင်ငံရေး လှုပ်ရှားမှုများတွင် ကန့်သတ်မှုများ ဖြေလျော့ပေးလာခြင်းနှင့် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခြင်းများ ရှိခဲ့သည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ် တစ်ဦးဖြစ်နေပြီဖြစ်ပြီး၊ သူမသာ အနိုင်ရရှိခဲ့ပါက သူမသည် ကက်ဘိနက်တွင် နေရာရနိုင်ကြောင်း သမ္မတ ဦးသိန်းစိန်က လေသံပစ်ခဲ့သည်။

အနာဂတ်ပြုပြင်ပြောင်းလဲရေးများသည် တဖြည်းဖြည်းချင်း စနစ်တကျ အားကောင်းစွာ ထွက်ပေါ်လာမည် ဖြစ်ကြောင်း ယင်းက ပြောသည်။

သို့သော် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးကာလတွင် စိန်ခေါ်မှုများလည်းရှိကြောင်း ယင်းက သတိပေးသည်။ သို့သော် မြန်မာနိုင်ငံသည် အဆိုပါ စိန်ခေါ်မှုများအားလုံးကို ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ကျော်လွှားရန် ပြင်ဆင်ထားကြောင်း ယင်းက ပြောသည်။ စိန်ခေါ်မှုများကိုမူ အသေးစိတ် ရှင်းလင်း ဖော်ပြခြင်း မရှိပေ။

လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်က မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားများအား ထိန်းသိမ်းထားခြင်းနှင့် စစ်အာဏာရှင်အုပ်ချုပ်ရေးတို့ကြောင့် ဒီမိုကရေစီ အနောက်နိုင်ငံများက အထီးကျန် ပြုထားခဲ့သည်။

အစိုးရသစ် လက်ထက်တွင် နိုင်ငံရေးနှင့် စီးပွားရေး ကန့်သတ်မှုများ ဖြေလျော့ပေးခြင်းကြောင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးများ ထွက်ပေါ်လာခဲ့သည်။ အနောက်နိုင်ငံများမှ ထိပ်တန်းသံတမန်များ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ကာ အခြေအနေများကို မျက်မြင် သွားရောက် ကြည့်ရှုပြီး၊ ပြုပြင် ပြောင်းလဲမှုများကို အားပေးခဲ့သည်။

တနင်္လာနေ့က ဥရောပသမဂ္ဂသည် မြန်မာ ခေါင်းဆောင်များအပေါ် ဗီဇာပိတ်ပင်ထားခြင်းကို ဖယ်ရှားပေးခြင်း အပါအဝင် အချို့ကန့်သတ်ချက် များကို ဖယ်ရှားပေးခဲ့သည်။ အရေးယူပိတ်ဆို့မှု အများစုမှာ ယခင်အတိုင်း ဆက်လက်ရှိနေပြီး ပြုပြင်ပြောင်းလဲမှုများ၏ တိုးတက်မှုနှင့် လာမည့် ကြားဖြတ် ရွေးကောက်ပွဲ၏ တရားမျှတမှုကို စောင့်ကြည့်နေကြသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဝင်ဆန့်အောင် ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ခြင်းကြောင့် ဆက်ဆံရေး ခြေလှမ်းများအနေဖြင့် ၂၀၁၄ တွင် အာဆီယံအဖွဲ့ကို ဦးဆောင်ရန် ပြင်ဆင်ထားသည်ဟု ဦးဝဏ္ဏမောင်လွင်က ပြောသည်။

အိန္ဒိယနိုင်ငံသည် ဒေသတွင်း သြဇာလွှမ်းမိုးမှု ရှိအောင် ပြိုင်ဆိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်သည့် ခြေလှမ်းများ လှမ်းနေပြီ ဖြစ်သည်။ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် မေလတွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည်။

ဦးဝဏ္ဏမောင်လွင်နှင့် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး S.M Krishna တို့ ဆွေးနွေးရာတွင် နှစ်နိုင်ငံ၏ ရှည်လျားသော နယ်စပ်တစ်လျှောက် သောင်းကျန်းသူများ နှိမ်နှင်းရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးနှင့် လက်နက်မှောင်ခို ရောင်းဝယ်ရေးများကို ဗဟိုပြု ဆွေးနွေးခဲ့သည်။

Krishna က မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးစီမံကိန်းများတွင် အိန္ဒိယ၏ ကူညီထောက်ပံ့မှုကိစ္စများကို ထပ်မံ ပြောကြားခဲ့သည်။

စွမ်းအင် ငတ်မွတ်နေသော အိန္ဒိယနှင့် တရုတ်တို့သည် မြန်မာနိုင်ငံ၏ ကြီးမားသော သဘာဝဓာတ်ငွေ့ သယံဇာတကြီးကို ရယူနိုင်ရန် ပြိုင်ဆိုင်လျက် ရှိသည်။

*****************************             

မြန်မာနိုင်ငံမှ မှတ်တိုင်များ

(23 Jan 2011 ရက်စွဲပါ BBC News မှ Marie Lall ရေးသားသော More milestones in Burma ကိုဘာသာပြန်ဆိုသည်)

ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံသည် နေ့စဉ်သတင်းများတွင် နေရာယူလျက်ရှိနေပါသည်။

သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အရပ်သားအစိုးရတက်လာသော မတ်လ (၃၀)ရက် ၂၀၁၁ မှ စ၍ ပုံမှန်နှင့် အရေးကြီးသော မှတ်တိုင်များ ထွက်ပေါ်လာပါသည်။

ပြောင်းလဲမှုများ အဆက်မပြတ် ထွက်ပေါ်လာသည့်နှုန်းကို အများက အံ့သြကြရပြီး၊ အနောက်နိုင်ငံများသည် အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းရေးကို အလေးအနက် ဆွေးနွေးလာကြရပြီဖြစ်သည်။

ယခုနောက်ဆုံးအရေးပါသော ဖြစ်ရပ်တစ်ခုမှာ ဇန်နဝါရီလ ၁၃ ရက်နေ့က အကျဉ်းသား (၆၅၁) ဦးအား လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လွှတ်ပေးရာတွင် နိုင်ငံတကာမှသိသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ အားလုံးပါဝင်ခဲ့ရာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်နှင့် ကိုကိုကြီးတို့အပြင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင်များထဲမှ ဘုန်းတော်ကြီး အရှင်ဂမ္ဘီရလည်း ပါဝင်သည်။

လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ ၂၀၀၄ ခုနှစ်က ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့်အတူ အကျဉ်းကျခံရသူများအနက် (၆၀) ခန့် ပြန်လည်လွတ်မြောက်လာသည်။ အဆိုပါ အုပ်စုများကို အနောက်နိုင်ငံ လူ့အခွင့်အရေးအဖွဲ့များက နိုင်ငံရေးအကျဉ်းသားအဖြစ် မမြင်ကြပေ။ သို့သော် မည်သို့ဆိုစေ ၎င်းတို့သည် နိုင်ငံရေးအရ အပြစ်ဒဏ်ခံကြရခြင်းပင်ဖြစ်သည်။

အကျဉ်းသားများကို လွှတ်ပေးရာတွင် ကြေညာချက်၌ ၎င်းတို့အား နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်နိုင်စေရန် ပာု ထည့်သွင်းဖော်ပြထားသည်။

ဇန်နဝါရီလ ၄ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်တွင်လည်း အကျဉ်းသား (၃၈၉၆၄) ဦး ပြစ်ဒဏ်များ လျော့ပေါ့မှုကို ခံစားခဲ့ရပြီး အကျဉ်းသား (၆၆၅၆) ဦးလွတ်မြောက်လာခဲ့သည်။

သို့သော် ယခုအကြိမ်တွင် အစိုးရသည် NLD မှ ပေးသော အကျဉ်းသား (၆၀၄) ဦးစာရင်းကို အခြေခံ၍ လွှတ်ပေးခဲ့ရာ ထိုစာရင်းမှ တစ်ဝက်မက လွှတ်ပေးခဲ့ပြီးဖြစ်သည်။

နောက်ထပ် သမိုင်းဝင်အဖြစ်အပျက်တစ်ခုမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က အစိုးရ၏ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် Karen National Union(KNU) တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ထိုသို့ လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်ပေါင်း ၆၀ ခန့် လက်နက်ကိုင်တော်လှန်ရေး ပြုလုပ်၍ အာရှတွင် သက်တမ်းအရှည်ဆုံး ပဋိပက္ခတစ်ခု မျှော်လင့်ချက်များစွာဖြင့် ပြီဆုံးသွားခြင်းဖြစ်သည်။ ယခု သဘောတူညီချက်မတိုင်မီ အစိုးရသည် အခြားတိုင်းရင်းသားအုပ်စုများဖြစ်သော SSA၊ မိုင်းလား၊ “ဝ” နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ဖြင့် လက်မှတ်ရေးထိုးပြီးဖြစ်သည်။

ယခုအပစ်အခတ်ရပ်စဲခြင်းနှင့် အလုံးစုံပါဝင်သော ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရေးကြားတွင် လုပ်ဆောင်ရန် များစွာကျန်ရှိ နေသေး သော်လည်း၊ ယခုအဆင့်မှာ ဒေသတွင်းနှင့် အခြေအနေဆိုးဝါးနေသော ထိုင်း-မြန်မာနယ်စပ်အတွက် ငြိမ်းချမ်းရေးရရှိရန် လိုအပ်သော ပထမအဆင့် ခြေလှမ်းပင်ဖြစ်သည်။

ကံမကောင်းစွာပင် ကချင်ပြည်နယ်တွင်မူ သမ္မတက အပစ်အခတ်ရပ်စဲရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း ပဋိပက္ခများမှာ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ မျှော်လင့်ချက်တစ်ခုမှာ မကြာသေးမီက ရွှေလီတွင်ကျင်းပသော အစည်းအဝေးမှသည် အပစ်အခတ် ရပ်စဲရေးအတွက် ဦးတည်ဖြစ်ပေါ် လာစေရန်ပင် ဖြစ်သည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲများကို ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်မည်ပာု ကြေညာခဲ့သည်။ ပြီးခဲ့သည့်အပတ်က ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှ အရွေးခံမည်ပာု ကြေညာခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်သာ ဧပြီကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်၊ ကျွန်တော်တို့ သူနဲ့ ဆွေးနွေးစကားပြောဖို့ အခွင့်အလမ်းတွေ ရနိုင်ပါ တယ်။ သူ့ကို စောင့်နေပါတယ်” ပာုလွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက မီဒီယာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို လွန်ခဲ့သောနှစ်ကပင် အပယ်ခံနိုင်ငံတစ်ခုအဖြစ် စဉ်းစားနိုင်သော်လည်း ယခုအခါ တိုင်းပြည်အတွက် အရေးကြီးသော အချိန်ကို ရောက်ရှိနေပြီ ဖြစ်သည်။

ယခုနောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများသည် သတင်းစာလွတ်လပ်ခွင့် ပိုမိုပေးလာခြင်း၊ အလုပ်သမား ဥပဒေသစ်ဖြင့် အလုပ်သမားသမဂ္ဂများ ခွင့်ပြုခြင်း၊ NLDနှင့် အစိုးရ ပြန်လည်ပေါင်းစည်းရေး လုပ်ဆောင်ခဲ့ခြင်းနှင့် မြန်မာနိုင်ငံ ၂၀၁၄တွင် အာဆီယံဥက္ကဋ္ဌ ခွင့်ပြုခဲ့ခြင်းများပြီးနောက် ထွက်ပေါ် လာခြင်း ဖြစ်သည်။

တတိယအင်အားစု

အနောက်နိုင်ငံများ (သို့) နယ်စပ်တွင် အခြေစိုက်သော လှုပ်ရှားသူများက ယခုပြောင်းလဲမှုများသည် ၎င်းတို့၏ အထီးကျန်ပြုရေး မူဝါဒနှင့် အစိုးရများ၏ အရေးယူပိတ်ဆို့မှုများကြောင့်ပာု ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြသည်။

သို့သော် အမှန်တကယ်တွင်မူ ပြောင်းလဲမှုများကို ဖြစ်ပေါ်လာအောင် လုပ်ဆောင်လာကြသူများမှာ မြန်မာနိုင်ငံအတွင်းတွင် လွန်ခဲ့သော လေးငါးနှစ်မှ စ၍ မနေမနား လုပ်ဆောင်လာခဲ့ကြသော တိုင်းရင်းသားများ ဗမာလူမျိုးများ ပါဝင်သော လူထုအခြေပြု အဖွဲ့အစည်းများပင် ဖြစ်သည်။

နှစ်သစ်သည် ဝမ်းနည်းဖွယ်သတင်းနှင့် စတင်ရာ လူထုအခြေပြုအဖွဲ့အစည်းဖြင့် လှုပ်ရှားရာတွင် ဦးဆောင်သူနှင့် Myanmar Egress အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာနေဝင်းမောင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်။

Myanmar Egress သည် ရန်ကုန်အခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးအတွက် တွန်းအားပေးရာတွင် ရှေ့ဆုံးမှ ပါဝင်ခဲ့သည်။

၎င်းကဲ့သို့သော တတိယအင်အားစုပာု အခေါ်ခံရသူများသည် ထိပ်တိုက်တွေ့ဆုံခြင်း(သို့) တော်လှန်ရေးများ မပာုတ်ဘဲ တွေ့ဆုံညှိနှိုင်းခြင်း ဖြင့်သာ ယခု မိမိတို့ တွေ့နေရသော ပြောင်းလဲမှုများ ရရှိနိုင်မည်ပာု ယုံကြည်သဘောပေါက်ခဲ့သူများ ဖြစ်သည်။

လွန်ခဲ့သော ငါးနှစ်ခန့်မှ စ၍ ၎င်းတို့နှင့် အလားတူ အဖွဲ့အစည်းများသည် လူငယ်မျိုးဆက်သစ်များကြားတွင် ပြောင်းလဲမှုအတွက် အေးဂျင့်များကို စတင်ပညာပေးမွေးထုတ်ခဲ့ကြသည်။

အချို့လူထု အခြေပြုအဖွဲ့အစည်းအုပ်စုများအတွက် အကြီးမားဆုံးအောင်မြင်မှုမှာ သမ္မတသစ်နှင့် ၎င်း၏လူများအား ယခုပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အမှန်တကယ် ၎င်းတို့၏ ကူညီပေးလိုသော အကြောင်းအရာများ ဖြစ်ပြီး၊ စစ်တပ်မှလည်း ၎င်းတို့ တိုက်ရိုက်အုပ်ချုပ်မှု ဆက်လက် မပြုနိုင်ကြောင်း အသိပေးဆွဲဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခင် စစ်အစိုးရကို အတိုက်အခံပြုသူများ အမျိုးမျိုးကွဲပြားလျက် ရှိနေသေးသော်လည်း ဒေါက်တာနေဝင်းမောင်၏ ကွယ်လွန်ခြင်း၊ အခမ်းအနားသို့ အများစု အတူလာရောက်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ကလည်း လေးစားကြောင်း လာရောက်ခဲ့သည်။

ယနေ့ အခြေအတင်ပြောနေသော ကိစ္စမှာ အရေးယူပိတ်ဆို့မှုများ ဖယ်ရှားရေးကိစ္စများ ဖြစ်သည်။

လက်ရှိ မြန်မာအစိုးရသည် အပေးအယူတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ခိုင်မာကြောင်း ပြသပြီး၊ မိမိ တာဝန်ကျေကြောင်း ပြသခဲ့သည်။ ထို့နောက် ပြည်တွင်းပြည်ပမှ တောင်းဆိုနေသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို လွှတ်ပေးခဲ့သည်။

ဦးသိန်းစိန်သည် အပယ်ခံနိုင်ငံအဖြစ်ရောက်စေသော အရေးယူမှုများ ရုတ်သိမ်းစေလိုပါသည်။ ၎င်းလုပ်ဆောင်နေသော လုပ်ဆောင်ချက်များနှင့် ၎င်း၏ ရပ်တည်မှုအားကောင်းစေရန် လုပ်ဆောင်ပေးရန် လိုအပ်ပြီးမပာုတ်ပါက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ နောက်ပြန်လှည့်သွားနိုင်ကြောင်း သိစေခဲ့သည်။

ဦးသိန်းစိန်အစိုးရတွင် ယခင်စစ်အစိုးရနှင့်မတူ ငွေမရှိပေ။ ထို့ကြောင့် ကုန်သွယ်ရေးပြုလုပ်ရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ အကူအညီများသည် ၎င်း၏ အစိုးရ ဆက်လက်ရှင်သန်ရန်အတွက် လိုအပ်ပါသည်။

အနောက်နိုင်ငံများမှာ ယခုလုပ်ဆောင်နေသော အဆင့်မြင့်သံတမန်များ စေလွှတ်ခြင်းနှင့် သံတမန်ဆက်ဆံရေး အဆင့်မြှင့်ခြင်းများသည် ယုံကြည်မှု တည်ဆောက်ရေးအတွက် ဖြစ်သော်လည်း ဤမျှ နှင့်လုံလောက်မှုရှိမည်မပာုတ်ပေ။

ဤ ပြုပြင်ပြောင်းလဲရေးအစိုးရ ဆက်လက်ရှင်သန်ရေးအတွက် အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းရန်လိုအပ်ပြီး ချက်ခြင်းအရေးတကြီး လုပ်ဆောင်ရမည့် အချက်မှာ နည်းပညာ အကူအညီများပေးရေးပင် ဖြစ်သည်။

အနောက်နိုင်ငံ အစိုးရများအနေဖြင့် ပြည်တွင်းတွင် လုပ်ဆောင်နေသော ပြည်တွင်းအဖွဲ့အစည်းများ၏ ကြိုးစားအားထုတ်မှုများကို ကူညီ ထောက်ပံ့ရန် အချိန်ရောက်ပြီဖြစ်ပြီး အစိုးရက လုပ်ဆောင်နေသော အထက်မှ အောက်ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်(top-down reform process) ကို အားပေးရမည့် အချိန်ဖြစ်သည်။

******************************

                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment