Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၃၁.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံသည့် လမ်းတံတား ၂၆ ဂိတ် အရေးယူခံရ
  2. လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးစီမံကိန်းကြီးတစ်ရပ် စတင်တော့မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယမှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးအပ်
  2. မြန်မာအပါအဝင် အာရှနိုင်ငံများ၌ အီရန် သံရုံးသစ်များ ဖွင့်လှစ်မည်
  3. မီဒီယာလွတ်လပ်ရန်အတွက် စာပေစိစစ်ရေးမှ ဥပဒေကြမ်းတစ်ခုအား လွှတ်တော်သို့ တင်သွင်းရန်ရှိ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံသည့် လမ်းတံတား ၂၆ ဂိတ် အရေးယူခံရ

BOT စနစ်ဖြင့် ကုမ္ပဏီများ လုပ်ကိုင်ရန် ခွင့်ပြုထားသည့် လမ်း၊ တံတားဂိတ်များထဲမှ သတ်မှတ်နှုန်းထားများထက် အခွန်ပိုမိုကောက်ခံခဲ့သည့် လမ်း၊ တံတား ၂၆ ဂိတ်အား အရေးယူမှုများ ပြုလုပ်ခဲ့ရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြောကြားခဲ့သည်။

BOT စနစ်ဖြင့် လမ်း၊ တံတားကြေးများ အခွန်ကောက်ခံရန် ကုမ္ပဏီများနှင့် လေလံစာချုပ် ချုပ်ဆိုကတည်းကပင် ကောက်ခံရမည့် နှုန်းထား များထက် ပိုမိုကောက်ခံပါက အရေးယူမည်ဆိုသည့်အချက်ကို ထည့်သွင်းထားသည့်အပြင် ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ ၂၀၁၁ ခုနှစ် မေလ ၁၂ ရက် နေ့က လေလံလုပ်ငန်းရှင်များကို ခေါ်ယူ၍ ရှင်းပြခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း BOT စနစ်ဖြင့် လုပ်ကိုင်ရန် ခွင့်ပြုထားသည့် လမ်း၊ တံတားဂိတ် ၂၆၁ ဂိတ်ရှိပြီး လမ်း၊ တံတားကြေးပိုမိုကောက်ခံပါက အရေးယူမှုများအနေဖြင့် ပထမအကြိမ်တွင် သတိပေးခြင်း၊ ဒုတိယအကြိမ်တွင် စစ်ဆေး၍ မှန်ကန်လျှင် ကောက်ခံမှု ၁ လ ပိတ်သိမ်း၍ ၎င်း ၁ လအတွင်း ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဝင်ရောက်ကောက်ခံမည်ဖြစ်ပြီး၊ တတိယအကြိမ်တွင် ၎င်းဘဏ္ဍာနှစ်အတွက် လမ်း၊ တံတားကြေး ကောက်ခံခွင့် လုံးဝပိတ်သိမ်းခြင်းတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာနိုင်ငံအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ အထောက်အကူ ပြုနိုင်ရန်နှင့် နယ်စပ် ကုန်စည် ပြည်တွင်းသို့ ပိုမိုဝင်ရောက်လာနိုင်ရေးအတွက် ရေပူစမ်းဂိတ်နှင့် မရမ်းချောင် စစ်ဆေးရေးဂိတ်တို့အား ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ရေပူစမ်း စစ်ဆေးရေးဂိတ်သည် မန္တလေး-မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိခြင်းဖြစ်ပြီး မရမ်းချောင်ဂိတ်မှာ မြန်မာ-ထိုင်း နယ်စပ် မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပေါ်တွင် တည်ရှိခြင်းဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးစီမံကိန်းကြီးတစ်ရပ် စတင်တော့မည်

မကြာမီအချိန်အတွင်း မြန်မာနိုင်ငံ၌ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးစီမံကိန်းကြီးတစ်ရပ်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်တော့ မည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီလ ၂၉ ရက်နေ့၌ ပြုလုပ်ခဲ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှ စတင်၍ Human Resource နှင့် ပတ်သက်ပြီး စီမံကိန်းတစ်ခုကို မကြာခင် စတင် အကောင်အထည်  ဖော်တော့မည်ဖြစ်ပြီး ဥပမာအနေဖြင့် Curiculum(သင်ရိုးညွှန်းတမ်း)များ၊ စာသင်နှစ်များ စသည်တို့အပြင် အခြားကိစ္စရပ်များကိုပါ ဆောင်ရွက်မည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကိစ္စရပ်များကို ကဏ္ဍများအားလုံးကို ဆောင်ရွက်ရန် လိုအပ်ပြီး ပာိုးအောက်ခြေမှ စတင်၍ အပေါ်ဆုံးထိပ်ထိတိုင် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံအတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “လူ့စွမ်းအားအရင်းအမြစ်ကိစ္စကို ပြောရရင် ကျွန်တော်တို့ မြန်မာနိုင်ငံ တော်တော့်ကို နိမ့်နေတယ်။ အခု စီးပွားရေးပိတ်ဆို့မှုတွေဘာတွေ ရုတ်သိမ်းလိုက်လို့ ရှိရင်တောင် Industry အတွက် ကိုယ့်ဆီက HR က အဆင်သင့် မဖြစ်ဘူး။ ဒီတော့ အခုနိုင်ငံတော်အနေနဲ့ ဒီကိစ္စကို လုပ်မယ်ဆိုရင် အဓိကရေရှည်ပညာရေးဖွံ့ဖြိုးမှုကို ဦးစားပေးပါလို့ အကြံပြုချင်တယ်။ ပညာရေးသာကောင်းရင် ဒီ့ပြင် ပာာတွေက အလိုလိုလိုက်တက်သွားမှာပါ။ ဒီအတွက် ပညာရေးဘတ်ဂျက်ကို အစိုးရက တူတူတန်တန် ချပေးဖို့ လိုပါလိမ့်မယ်”ပာု ပြောကြားသည်။

မြန်မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးများအတွက် သက်ဆိုင်ရာမှ ဆောင်ရွက်ချက်များအပြင် ရေရှည် စီမံကိန်းဖြင့် ဆောင်ရွက်ရန် လိုအပ်ပြီး လက်ရှိအချိန်တွင် ကဏ္ဍအလိုက်လုပ်ငန်းခွင် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပညာရှင်တစ်ဦးက သုံးသပ်ပြောကြား ခဲ့သည်။

Ref:ရန်ကုန်တိုင်းမ်

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယမှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးအပ်

ဇန်နဝါရီလ ၃၀ရက်နေ့တွင် Bridging South and South East Asia ခေါင်းစဉ်ဖြင့် အိန္ဒိယနိုင်ငံ ဒေလီမြို့တွင်ရှိ သည့် Jamia Millia Islamia တက္ကသိုလ်မှ နှစ်ရက်ကြာ ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်မည်ဟု ယင်း ဆွေးနွေးပွဲသို့ တက်ရောက်သူတစ်ဦးထံမှ သိရသည်။

“အဲဒီ ဆွေးနွေးပဲလုပ်တဲ့ တက္ကသိုလ်ကနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာဘွဲ့ ပေးအပ်မှာလို့ Jamia Millia Islamia တက္ကသိုလ်က ဒုတိယပါမောက္ခချုပ် မစ္စတာ နာဂျိယန်းက အဖွင့်မိန့်ခွန်းမှ ပြောသွားတာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့တက္ကသိုလ်က ပေးတဲ့ဘွဲ့ကို ဒေါ်အောင်ဆန်း စုကြည်က သူတို့ဆီကိုလာပြီး ချီးမြှင့်လက်ခံမယ်ဆိုရင် တက္ကသိုလ်ကနေ အခမ်းအနားနဲ့ ပြုလုပ်ချင်တဲ့အကြောင်းပါပြောသွားပါတယ်” ဟု ထိုဆွေးနွေး ပွဲသို့ တက်ရောက်သူ တစ်ဦးမှ ပြောကြားသည်။

ယင်းဆွေးနွေးပွဲအား အိန္ဒိယမှ သံအမတ်များ၊ အမတ်များနှင့် မြန်မာနိုင်ငံမှ NGO အဖွဲ့များနှင့် တက္ကသိုလ်ပညာရှင်များလည်း တက်ရောက် ဆွေးနွေးသည်ဟု နိုင်ငံခြားသတင်းဆိုက်များမှ သိရသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှလည်း ပါကစ္စတန်သမ္မတမှ ဘနီဇီယာဘူတို ဒီမိုကရေစီဆုအား ၎င်း၏ နေအိမ်၌ ချီးမြှင့်ပေးအပ်ခဲ့သည်ဟုလည်း သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

မြန်မာအပါအဝင် အာရှနိုင်ငံများ၌ အီရန် သံရုံးသစ်များ ဖွင့်လှစ်မည်

အာဖရိက နှင့် မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများ၌  အီရန်နိုင်ငံမှ သံရုံးသစ်များဖွင့်လှစ်၍ နိုင်ငံတကာ ဆက်ဆံ ရေး ကိစ္စရပ်များကို တိုးမြှင့် ဆောင်ရွက်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အီရန် နိုင်ငံမှ သံရုံးသစ်များ ဖွင့်လှစ်သွားရန် ဆိုမာလီယာ၊ ကင်မရွန်း၊ တောင်ဆူဒန်၊ ဂျီဘောက်တီနှင့် အရှေ့တောင်အာရှမှ မြန်မာနိုင်ငံတို့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆိုပြုတင်ပြထားပြီး ၎င်းနိုင်ငံများ၌ သံရုံးသစ်များ ဖွင့်လှစ်ရန် ဇန်နဝါရီလ ၂၅ ရက်နေ့၌ တီပီာရန်မြို့၌ ကျင်းပသော ကက်ဗိနက်အစည်းအဝေးတွင် အီရန်အစိုးရအဖွဲ့မှ အတည် ပြုခဲ့သည်။

အီရန်သံရုံးသစ် မြန်မာနိုင်ငံ၌ လာရောက်ဖွင့်လှစ်ရေးကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံတကာအရေး လေ့လာနေသူတစ်ဦးက “အခုလို အီရန်နိုင်ငံက မြန်မာနိုင်ငံမှာ သံရုံးသစ်လာဖွင့်မယ်ဆိုတော့ ကြိုဆိုရမှာပေါ့ဗျာ။ မြန်မာနိုင်ငံမှာလည်း အစိုးရသစ်က ပြောင်းလဲမှုတွေနဲ့ အတူနိုင်ငံတကာ ဆက်ဆံရေး တိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် ဆောင် ရွက်နေတာပဲလေ”&#