Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြန်မာနိုင်ငံအတွင်း အခွန်အများဆုံး ဆောင်သူ ပုဂ္ဂိုလ် ၁၀၀ ဦးစာရင်း ထုတ်ပြန်မည်
  2. လက်ရှိ သုံးစွဲလျက်ရှိ ပိဿာစနစ်အစား ယူနစ် စနစ်သို့ ပြောင်းလဲမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အစိုးရဝန်ထမ်းများအား လစာတိုးပေးပါက နေ့စားအလုပ်သမားများကို ထည့်သွင်းစဉ်းစားသင့်ဟု သမ္မတပြောကြား
  2. KNPP နှင့် မတ်လအတွင်း ငြိမ်းချမ်းရေးဆွေးနွေးမည်
  3. တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်အေးအား ဒီချုပ် တရားစွဲဆို

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မြန်မာနိုင်ငံအတွင်း အခွန်အများဆုံး ဆောင်သူ ပုဂ္ဂိုလ် ၁၀၀ ဦးစာရင်း ထုတ်ပြန်မည်

ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ စတင်၍ မြန်မာနိုင်ငံအတွင်း အခွန်အရပ်ရပ်ပေးသွင်းသူများထဲမှ အများဆုံး အခွန်ပေးဆောင်ခဲ့သည့် လုပ်ငန်းရှင်ပုဂ္ဂိုလ် ၁၀၀ ဦးစာရင်းအား ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ကုန်သွယ်ခွန်နဲ့ ဝင်ငွေခွန် အများဆုံး ပေးဆောင်ထားတဲ့ ၁၀၀ ဦးစီကို ရွေးချယ်ပြီးတော့ ပြည်သူတွေအားလုံး သိစေဖို့အတွက် အခု ဘဏ္ဍာနှစ်ကုန်မှာ ကြေညာသွားမှာပါ။ ပြည်သူတွေအနေနဲ့လည်း နိုင်ငံတော်မှာရှိတဲ့ အခွန်စနစ်ကို သိစေချင်တဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

ယခင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင်မူ မြန်မာနိုင်ငံအတွင်း ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့သည့် ပုဂ္ဂိုလ် ၁၀ ဦး၊ အမြတ်ခွန်အများဆုံး ပေးဆောင်ခဲ့သည့် ပုဂ္ဂိုလ် ၁၀ ဦးနှင့် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးတွင် ဝင်ငွေခွန် အများဆုံးပေးဆောင်ခဲ့သည့် အခွန်ထမ်းကုမ္ပဏီ ၁၀ ခုတို့၏ အမည်စာရင်း အားပြည်သူများ သိရှိနိုင်စေရန် ထုတ်ပြန် ပေးခဲ့ သည်။

“ဝင်ငွေခွန်အများဆုံး ပေးဆောင်နေတဲ့ အခွန်ထမ်း ပုဂ္ဂိုလ်စာရင်းတွေကို ကြေညာပေးဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကို အခွန် ထမ်းဆောင်သူ ပုဂ္ဂိုလ် ၁၀၀ ဦးရဲ့ စာရင်းကို ပေးပို့ဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ပေးပို့လာတဲ့ စာရင်းတွေထဲက တစ်နိုင်ငံလုံး အခွန်ထမ်းစာရင်းက ထိပ်ဆုံး ၁၀၀ ဦးကို စိစစ်ရွေးချယ်ပြီးတော့ ၂၀၁၂ ခုနှစ် မေလ လောက်မှသာ ထုတ်ပြန်နိုင်မယ်လို့ ထင်ပါတယ်” ပာု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင်နိုင်ငံတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့မှ အခွန်ငါးမျိုးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ အခွန် ၁၉ မျိုးကို ကောက်ခံခဲ့ကြကြောင်း သိရသည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

လက်ရှိ သုံးစွဲလျက်ရှိ ပိဿာစနစ်အစား ယူနစ်စနစ်သို့ ပြောင်းလဲမည်

လက်ရှိ မြန်မာနိုင်ငံအတွင်း ကုန်ပစ္စည်းချိန်တွယ်မှုများနှင့် ဈေးရောင်းဝယ်မှုများတွင် အသုံးပြုလျက်ရှိသော ပိဿာအလေးချိန် များအစား ပြည်ပနိုင်ငံများတွင် အသုံးပြုလျက်ရှိသော ကီလိုယူနစ်စနစ်သို့ ပြောင်းလဲအသုံးပြုရန် စီစဉ် လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကုန်သွယ်မှုလုပ်ငန်းများတွင် ပိဿာစနစ်မှ ကီလိုယူနစ်စနစ်သို့ ပြောင်းလဲအသုံးပြုနိုင်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက် နေ့တွင် အင်ဂျင်နီယာအသင်းချုပ် အဆောက်အအုံ၌ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

“ဒီအလုပ်ရုံဆွေးနွေးပွဲမှာ တာဝန်ရှိသူတွေက စံချိန်စံညွှန်းနဲ့ ပတ်သက်တဲ့ ဥပဒေဆိုင်ရာ ကိစ္စရပ်တွေ၊ ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်တွေကို အင်ဂျင်နီယာအသင်းက တာဝန်ရှိသူတွေ၊ မြို့တော်စည်ပင်က တာဝန်ရှိသူတွေ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေက ဆွေးနွေးတင်ပြခဲ့ပါတယ်”ပာု ၎င်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အင်ဂျင်နီယာ တစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်း ကီလိုယူနစ်စနစ်သို့ ပြောင်းလဲအသုံးပြုရန် စီစဉ်ရခြင်းမှာ မြန်မာနိုင်ငံမှ အခြားနိုင်ငံများသို့ ကုန်သွယ်မှုများ ပြုလုပ်ရာတွင် အလေးချိန်ပိုင်းဆိုင်ရာများတွင် အလွယ်တကူ ကုန်သွယ်မှုပြုလုပ်နိုင်ရန်နှင့် နိုင်ငံတကာစံချိန်မီ အလေးချိန် မှန်ကန်မှုများ ဖြစ်လာနိုင်စေရန် ပြောင်းလဲရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကီလိုယူနစ်စနစ်ကို ပြောင်းလဲအသုံးပြုဖို့အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနဲ့ ကုန်သည် စက်မှုလုပ်ငန်း အသင်းတို့က ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဒီလို ပိဿာစနစ်ကို ကီလိုယူနစ်စနစ်ကို ပြောင်းလဲလိုက်ပေမယ့် အလေးချိန်ကတော့ ဒီအတိုင်းပါပဲ။ အခေါ် အဝေါ်လေးကိုပဲ ပြောင်းမှာပါ”ပာု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ကီလိုယူနစ် စနစ်သို့ ပြောင်းလဲအသုံးပြုနိုင်ရန် လွှတ်တော်တွင်း၌ ဆွေးနွေးလျက်ရှိပြီး လက်ရှိအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကီလိုစနစ်ပြောင်းလဲရေး ဥပဒေထွက်ပေါ်လာပါက အရန်သင့်လုပ်ကိုင်နိုင်ရန် ကြိုတင်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ပြည်တွင်းမှာ အသုံးပြုနေတဲ့ ပိဿာတွေရဲ့ အလေးချိန်တွေကို ဂရမ်ကစပြီး ကီလိုအထိ ပြုလုပ်သွားမှာပါ။ မြန်မာနိုင်ငံမှာ ကီလိုစနစ်ကို ပြောင်းလဲ အသုံးပြုဖို့အတွက် ကုန်သည်၊ စက်မှုအသင်းနဲ့ ပေါင်းပြီးတော့ အားသာချက်တွေ အားနည်းချက်တွေကို ဇယားတွေ၊ ဗီနိုင်းတွေ ချိတ်ဆွဲပြီး ပညာပေးသွား မှာပါ။”ပာု အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အစိုးရဝန်ထမ်းများအား လစာတိုးပေးပါက နေ့စားအလုပ်သမားများကို ထည့်သွင်းစဉ်းစားသင့်ဟု သမ္မတပြောကြား

မတ်လ ၁ရက်နေ့ မနက် ၁၀နာရီမှစ၍ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး၌ နိုင်ငံတော် သမ္မတကြီးမှ တစ်နာရီ ကျော်ကြာ မိန့်ခွန်းပြောကြားသွားခဲ့ပြီး ဒီမိုကရေစီစနစ်သို့ ပြောင်းသွားပြီဖြစ်သဖြင့် ကျန်မဏ္ဍိုင်များသည် ထိုဒီမိုကရေစီ စနစ်အား ကောင်းကောင်းမွန်မွန် ကျင့်သုံးသွားစေရန် ထည့်သွင်းပြောကြားသွားသည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းမှ တိုက်ရိုက်ထုတ်လွှင့် ဖော်ပြချက်အရ သိရသည်။

လက်ရှိအချိန်အထိ ဒီမိုကရေစီနည်းစနစ်သို့ ကူးပြောင်းကျင့်သုံးနေသည့် ကာလများတွင် ဒေသတွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စရပ်များအား ပြုလုပ်ခဲ့ပြီး ပြည်ပသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ ပြည်သူများလည်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာပြီဟုလည်း ၎င်း၏ မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားသည်။

ထို့နောက် ၎င်းမှ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကိစ္စရပ်များဖွံ့ဖြိုးတိုးတက်စေရန်အတွက်  rule & Law ဖြင့် အားဖြည့်တင်းသွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့ပြီး ယခင်အချိန်၌ လက်နက်ကိုင်ခဲ့ကြသည့် တိုင်းရင်းသားများသည် ယခုအချိန်တွင် ကွန်ပျူတာလပ်တော့အား ကိုင်ဆောင်စေရမည်ဟု လည်း မိန့်ခွန်းထဲတွင် ပြောကြားသည်။လက်ရှိတွင် လုပ်ဆောင်နေသည့် ထာဝရငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း ပရိယာယ်ဖြင့် လုပ်ဆောင်မည်မဟုတ်ဘဲ ပင်လုံစိတ်ဓာတ် ရှိရှိဖြင့် တည်ဆောက်သွားမည်ဟုလည်း သိရသည်။

၎င်းမိန့်ခွန်းထဲတွင် နိုင်ငံတော်ကြီးလည်း ပန်းတိုင်ရောက်၊ တိုင်းရင်းသားများလည်း ပန်းတိုင်ရောက်မှာ ဖြစ်ကြောင်းနှင့် ပြည်သူများအား အခွန် ပေးသွင်းရမည့် ကိစ္စရပ်ကိုလည်း ၎င်း၏မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားသွားသည်။

ထို့ပြင် လက်ရှိတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီကျင့်စဉ်အား ကျင့်သုံးနေသည့်အတွက် ပြည်တွင်းရှိ နိုင်ငံရေးပါတီ အသီးသီးမှလည်း ဒီမိုကရေစီ နည်းလမ်းအတိုင်း ကျင့်သုံး၍ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ကျန်မဏ္ဍိုင်များမှလည်း ဒီမိုကရေစီ နည်းလမ်းကျကျ လုပ်ဆောင်ရန် လိုကြောင်းနှင့် တရားမျှတစွာ လုပ်ကိုင်သင့်ကြောင်း ပြောကြားသည်။

အကယ်၍ အစိုးရဝန်ထမ်းများအား လစာတိုးပေးလိုက်မည်ဆိုပါက တခြားတစ်ဖက်တွင် ရှိနေသည့် ပုဂ္ဂလိကဌာနများတွင် လုပ်ကိုင်နေသူများ၊ အခြေခံအလုပ်သမားများကို စာနာသင့်ကြောင်းနှင့် ကုန်ဈေးနှုန်း တက်သွားလိမ့်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အစိုးရဝန်ထမ်းများမှာ ၃ဒဿမ၃ ရာခိုင်နှုန်းရှိပြီး အခြားပုဂ္ဂလိက ဝန်ထမ်းများ/ နေ့စား ဝန်ထမ်းများမှာ တစ်နိုင်ငံလုံးရှိ ပြည်သူဦးရေ ၉၆သန်း၏ ၇ရာခိုင်နှုန်းရှိနေသည်ဟုလည်း ၎င်း၏ မိန့်ခွန်းထဲတွင် ထုတ်ပြန်ပြောကြားသည်။

ပြည်သူများ၏ ရင်ထဲတွင် ဖြစ်ပေါ်နေခဲ့သည့် ခံစားချက်များကိုလည်း ပပျောက်သွားစေရန်နှင့် ယုံကြည်မှု ရှိလာစေရန် ၎င်းတို့မှ အသက်နှင့် ခန္တာအား ပြည်သူများအတွက် ပေးဆပ်၍ အားသွန်ခွန်စိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိဂုံးချုပ်အနေဖြင့် ပြောကြားသွားခဲ့ပြီး ပြည်ထောင်စု လွှတ်တော် ပထမပိုင်းအစည်းအဝေးအား ခေတ္တရပ်နားလိုက်သည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်း၏ ဖော်ပြချက်အရ သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

KNPP နှင့် မတ်လအတွင်း ငြိမ်းချမ်းရေးဆွေးနွေးမည်

၂၀၁၂ မတ်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် ကယားပြည်နယ်လွိုင်ကော်မြို့၌ ကရင်နီပြည်သူ့ပါတီ(KNPP)နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ကရင်နီ ပြည်သူ့ပါတီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ပွဲမှာ အစိုးရဘက် ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ က တက်ရောက်မှာပါ။ ပိာုဘက် ကရင်နီတွေဘက်ကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ တက်မယ်လို့ ကြားပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

ကရင်နီပြည်သူ့ပါတီနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်းမှာ ပြည်နယ် အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မရှိခဲ့သည့်အတွက် ယခုကဲ့သို့ မတ်လ ၇ ရက်နေ့တွင် ထပ်မံ၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့အနေနဲ့က ပြည်တွင်းမှာရှိတဲ့ ဘယ်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့မဆို ငြိမ်းချမ်းရေး ရအောင် ဆက်လုပ်သွားမှာပါ။ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးကနေ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆက်လုပ်သွားမှာပါ။ သမ္မတကြီး ကလည်း ပြည်တွင်းငြိမ်းချမ်းရေး ကောင်းမွန်လာစေဖို့အတွက် လိုက်လျောမှု တော်တော်များများကို ပေးနေပါတယ် ”ပာု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

၂၀၁၂ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် မော်လမြိုင်မြို့၊ ကမ်းနားပိာုတယ်၌ မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ငြိမ်းချမ်းရေးအတွက် ပဏာမသဘောတူညီချက် ၄ ချက် ရရှိခဲ့ ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်အေးအား ဒီချုပ် တရားစွဲဆို

မိတ္တီလာရှိ လစ်လပ်မဲဆန္ဒနယ်မှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်အေးအား  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ တရားစွဲဆိုထားကြောင်း မိတ္ထီလာရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တစ်သီး ပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်အေးမှ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် NLD ပါတီနှင့် ပတ်သက်သည့် နာမည်နှင့် အချက်အလက်များကို ယူသုံးခဲ့သည့်အတွက် ယခုကဲ့သို့ တရားစွဲ ဆိုထားခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“NLD ပါတီက တရားစွဲဆိုထားတဲ့ ဒေါ်မြင့်မြင့်အေးနဲ့ပတ်သက်တဲ့ အမှုကို မြို့နယ်ကော်မရှင်ကို လာတိုင်တယ်။ ခု မြို့နယ်ကော်မရှင်က ဆုံးဖြတ်ချက်ချဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်တင်ထားတယ်”ပာု မိတ္ထီလာ မြို့နယ်ကော်မရှင်က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ခု ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်မယ့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်အေးကို လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက NLD က ထုတ်ပယ်ခဲ့တာပါ”ပာု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်ပောာင်း တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်အေးသည် ၁၉၈၉ ခုနှစ်တွင် NLD ပါတီသို့ ဝင်ရောက်ခဲ့ပြီး ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲသို့ လျှောက်ထားခဲ့ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၂ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ခွင့်ပြုမိန့်ချပေးခဲ့ကြောင်း သိရသည်။

၂၀၁၂ ဧပြီလ ၁ ရက်နေ့၌ ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများနှင့် ပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဦးဝင်းထိန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးလှမြင့်၊ အမျိုးသားနိုင်ငံရေးမပာာမိတ်များအဖွဲ့ချုပ်မှ ဦးဝင်းဇော်နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဒေါ်မြင့်မြင့်အေးမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- ယခုပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် အမြင်လေးကို ပြောပါဦး။

ဖြေ- ကျွန်တော်တို့ နားလည်တာက များသောအားဖြင့် ဆွေးနွေးမှုတွေဆိုတာက လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ထိပ်ပိုင်းဆိုင်ရာ နွေးထွေးမှုတွေသာ ဖြစ်နေပြီးတော့ အောက်ခြေလူထုပါဝင်မှု အားနည်းတယ်လို့  ထင်ပါတယ်။ အဲဒီတော့ အောက်ခြေလူထုတွေကြားထဲမှာ ဥပမာအားဖြင့် ဗမာအောက်ခြေ ပြည်သူတွေနဲ့ ကချင်အောက်ခြေပြည်သူတွေ ရှမ်း၊ ကချင် အခြားတိုင်းရင်းသား အောက်ခြေပြည်သူတွေကြားထဲမှာ ရင်းနှီးနွေးထွေး တည်ဆောက်ဖို့က ကာလကြာရှည်ဆက်ပြီး လုပ်ရမယ့် လုပ်ငန်းတွေလို့ ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ထိပ်တန်းမှာရှိတဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေခြင်း ဆွေးနွေးမှုကနေပြီးတော့ အောက်ခြေ ပြည်သူတွေကြားထဲမှာ ဆက်ဆံထိတွေ့ရင်းနှီးနိုင်တဲ့ အခွင့်အလမ်းတွေကိုပါ။ ဆက်ပြီးရှာဖွေသွားသင့်ပါတယ်။

မတ် ၆ ထုတ် The Express Times အတွဲ (၁) အမှတ် (၁) တွင်ပါသည့် “၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး နှင့် တွေဆုံခြင်း” မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

အောင်နိုင်သူတွေကလည်း အမြဲအောင်နိုင်မယ်။ ရှုံးနိမ့်သူကလည်း အမြဲရှုနိမ့်မယ်ဆိုရင်တော့ အဲဒီနိုင်ငံထဲမှာ အတဲ့သတွေ မဖြစ်ဖို့ ပြန်ပြီးတော့ ထိန်းညှိရအခြေအနေတွေရှိပါတယ်။ ဒါပေမယ့် တစ်ချိန်ချိန်တော့ အချို့ပိုပြီး အကျိုးရှိမယ်။ တချိန ချိန်မှာ တချို့သည် အကျိုးမဲ့တာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ အောင်နိုင်သူတွေ ရှုံးနိမ့် သူတွေရှိတဲ့အတွက် ကြေင့်မို့ ကျွန်တော်တို့မှာ ဘာတွေစဉ်းစားဖို့ လိုတာလဲဆိုတော့ ညှိနှိုင်းရမယ့်ကိစ္စတွေကို ကျွန်တော် တို့နိုင်ငံရဲ့ ခေါင်းဆောင် အားလုံးရော နိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးပါ အတူတကွစဉ်းစားဖို့ မျှမျှတတဖြစ်နိုင်ဖို့ အချိန်ကာလတစ်ခုနဲ့ ယှဉ်ပြီး စဉ်းစားဖို့ အရေးကြီးတာက အကူးအပြောင်းကာလပြီးတဲ့အခါမှာ  Balance Economy ဖြစ်ဖို့ အရေးကြီးတယ်။

မတ် ၆ ထုတ် The Express Times အတွဲ (၁) အမှတ် (၁) တွင်ပါသည့် “အကူးအပြောင်းဆိုင်ရာ နိုင်ငံတကာ အတွေ့ အကြုံများ” ခေါင်းစဉ်ဖြင့် ဒေါက်တာဇော်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဒီမိုကရေစီနိုင်ငံတို့တွင် အများစု ထောက်ခံမှု (ဆန္ဒမဲအများစု) ရသူတို့ အာဏာရရှိကာ တစ်တိုင်းပြည်လုံးနှင့် ဆိုင်သော ပေါ်လစီမူဝါဒများ ချမှတ်နိုင်ကြတာ ထုံးစံဖြစ်သည်။ သို့သော် ၎င်းတို့ချမှတ်သော မူဝါဒတွေ နေရာမကျလျှင် မူဝါဒချစမှာပင် ကြိုကြိုတင်တင် ထောက်ပြဝေဖန်ရန်နှင့် ဒီမူဝါဒတွေလက်တွေ့ အကောင်အထည် ဖော်သော အဆင့်ရောက်၍ မကောင်းသော ဆိုးကျိုးရလဒ်တွေ ပေါ်လာလျှင် အဲဒါတွေ လွန်လွန်ကျွံကျွံမဖြစ်မီ ရပ်ဆိုင်သွားအောင် မြန်မြန်ဆန်ဆန် ထောက်ပြ ဝေဖန်ရန်တို့အတွက် အဲသည် ပေါ်လစီချမှတ်ခွင့် အာဏာရရှိသူတို့အား မပြတ်စောင့်ကြည့်နေမည့်သူ မရှိလျှင်

တစ်ပါတီတည်းခြယ်လှယ်သော စနစ်မျိုးသို့ ကူးပြေင်းသွားနိုင် သောကြောင့် ဖြစ်သည်”

မတ် ၁ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၈၄) တွင်ပါသည့် “လွှတ်တော်များ အားကောင်းမှ အာဏာ ခွဲဝေသော စနစ်ပီပြင်မည်” အယ်ဒီတာ အာဘော်မှကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment