Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြေယာပောာပြောပွဲတက်မည့် တောင်သူများအား ရဲတပ်ဖွဲ့မှူးမှ ခေါ်ယူ
  2. မိုဘိုင်းဖုန်းမှ ညပိုင်းတွင် ခေါ်ဆိုသော တယ်လီဖုန်းခများ လျော့ချပေးမည်
  3. ကုလားတန်မြစ်ကြောင်း အိန္ဒိယလုပ်သားများ အခွန်ကင်းလွတ်ခွင့်ရရှိ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း ပြည်သူလူထုမှ အပြုသဘောဖြင့်ကြိုဆို
  1. NDFပါတီမှ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီအား ဖွဲ့စည်း

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မြေယာပောာပြောပွဲတက်မည့် တောင်သူများအား ရဲတပ်ဖွဲ့မှူးမှ ခေါ်ယူ

ဖေဖော်ဝါရီ ၂၉ ရက်နေ့၌ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ပြုလုပ်မည့် “မြေယာနှင့် ဖွံ့ဖြိုးရေး” ပောာပြောပွဲသို့ တက်ရောက်မည့် မင်္ဂလာ ဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စုရှိ တောင်သူ ၇ဦးအား ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်ရဲတပ်ဖွဲ့ မှူးမှ ခေါ်ယူတွေ့ဆုံခဲ့ ကြောင်း သိရသည်။

“မြို့နယ်ရဲတပ်ဖွဲ့မှူးက ဒီမြေယာပောာပြောပွဲတက်မည့်ကိစ္စကို ခေါ်ပြောခဲ့တာပါ။ ဒီပါတီကလုပ်တဲ့ ပောာပြောပွဲမှာ ပါတီလမ်းစဉ်က ချပြလို့ မရဘူး။ ပောာပြောပွဲရဲ့ခေါင်းစဉ်ကို ခွင့်မပြုထားတဲ့အတွက် ခုလိုခေါ်ယူအသိပေးရတာပါလို့ ပြောပါတယ်”ပာု ရဲတပ်ဖွဲ့မှူး၏ ခေါ်ယူခြင်းခံရသည့် တောင်သူတစ်ဦးက ဆိုသည်။

၂၀၁၂ ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ဦးကျော်စိန်၏ လယ်ကွင်း၌ လူထုအင်အား ၂၀၀ဖြင့် မြေယာပောာပြောပွဲ ပြုလုပ်ရန် စီစဉ် ထားသော်လည်း မြို့နယ်ကော်မရှင်မှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးများမှ မတူကွဲပြားနှင့် ငြိမ်းချမ်းရေးပါတီ၏ ပောာပြောပွဲကို ခွင့်မပြုနိုင်ပာု ပြန်လည်အကြောင်းကြားလာကြောင်း မတူကွဲပြားငြိမ်းချမ်းရေးပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“သူတို့တွေ မြေယာပောာပြောပွဲကို ခွင့်မပြုနိုင်ဘူးလို့ အကြောင်းကြားတာ တူပေမယ့် သဘောမတူတဲ့ အကြောင်းပြချက်တွေကတော့ မတူပါဘူး။ ပြီးတော့ ဒီလ ဖေဖော်ဝါရီ ၁၄ ရက်နေ့က City Star ပိာုတယ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း တိုင်းကော်မရှင်က ခွင့်ပြုခဲ့ပေမယ့် မြို့နယ်ကော် မရှင်က ပိတ်ထားပါတယ်။”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့သည်။

ယခုကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ပါတီဝင်အင်အားစုဆောင်းခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းများ ပြု လုပ်ရာတွင် ပါတီရုံးများတွင် စည်းရုံးပောာပြောခြင်းမပာုတ်ပါက သွားရောက်မဲဆွယ်မည့် နယ်မြေဒေသအား သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲသို့ ၇ရက် ကြို တင်အကြောင်းကြားရမည်ဖြစ်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

                YC

--------------------------------------------------------------------------------------------------------------------------------

မိုဘိုင်းဖုန်းမှ ညပိုင်းတွင်ခေါ်ဆိုသော တယ်လီဖုန်းခများ လျော့ချပေးမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသုံးစွဲရန် ချထားပေးလျက်ရှိသော မိုဘိုင်းဖုန်းများ၏ ညပိုင်း တယ်လီဖုန်းပြောဆိုခများကို ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့မှစတင်ကာ လျှော့ချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မိုဘိုင်းဖုန်းကိုင်ဆောင်အသုံးပြုသူများ အနေဖြင့် မတ်လ ၁၄ ရက်နေ့မှစတင်ကာ ည ၁၁ နာရီမှ မနက် ၆ နာရီအတွင်း တယ်လီဖုန်း ခေါ်ဆိုမည် ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး မနက် ၆ နာရီမှ ည ၁၁ နာရီအတွင်း ခေါ်ဆိုမည်ဆိုပါက တစ်မိနစ်လျှင် ၅၀ ကျပ်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ အကြီးတန်းအရာရှိတစ်ဦးမှ ပြောကြားသည်။

တယ်လီဖုန်းပြောဆိုခများကို ညပိုင်းတွင် လျှော့ချပေးမည်ဖြစ်သောလည်း မိုးဘိုင်းဖုန်းဖြင့် အင်တာနက်သုံးခြင်းနှင့် စာတိုပို့ခြင်း (SMS) ပို့ခြင်း တို့ကို မူလဈေးနှုန်းအတိုင်း ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ မတ်လ တတိယပတ်တွင် ကျပ်သုံးသိန်းအောက် GSM တယ်လီဖုန်း များ ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိန်လင်းလက်

--------------------------------------------------------------------------------------------------------------------------------

ကုလားတန်မြစ်ကြောင်း အိန္ဒိယလုပ်သားများ အခွန် ကင်းလွတ်ခွင့်ရရှိ

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းများအတွက် တည်ဆောက်လျက်ရှိသော ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းမှ အိန္ဒိယ လုပ်သားများအနေဖြင့် ဝင်ငွေခွန်အပါအဝင် အခြားအခွန်အားလုံးကို ကင်းလွတ်ခွင့် ပြုထားကြောင်း ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်း တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ကျွမ်းကျင်လုပ်သားတွေကို အိန္ဒိယနိုင်ငံက ခေါ်ယူမှာပါ။ ကျန်တဲ့ အခြေခံလုပ်သားတွေကိုတော့ မြန်မာလုပ်သားကိုပဲ သုံးမှာပါ။ ဒီစီမံကိန်းကရရှိမယ့် ရပိုင်ခွင့်တွေကို နိုင်ငံတကာစံနှုန်းအတိုင်းပဲ ခံစားခွင့်ပြုမှာပါ”ပာု အ ထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းတွင် အိန္ဒိယကျွမ်းကျင်လုပ်သားများအား ခေါ်ယူအသုံးပြုခြင်းအားဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ များတွင် ပိုမိုလျင်မြန်စွာဖြင့် ဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး အခြားနိုင်ငံများမှ နည်းပညာပိုင်းဆိုင်ရာများကိုပါ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဒီကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းပို့ဆောင်ရေးစီမံကိန်း တည်ဆောက်ရာမှာ အဓိကအနေနဲ့သဘာဝပတ်ဝန်းကျင် အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားမှာပါ။ ဒီစီမံကိန်းပြီးသွားရင်တော့ စစ်တွေဆိပ်ကမ်းမှာ တန်ချိန်နှစ်သောင်းရှိတဲ့ ရေယာဉ်တွေ ဆိုက်ကပ်နိုင်မှာပါ”ပာု အဆိုပါ   စီမံကိန်း၌ လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

ထို့ပြင် ကုလားတန်မြစ်ကြောင်း ဘက်စုံ ဖြတ်သန်းပို့ဆောင်ရေး တည်ဆောက်မှုများ၌ လွတ်ကင်းမှုမရှိသည့် ဆေးရုံ၊ ဈေးနှင့် လူနေရပ်ကွက်များ ကို ဖယ်ရှားသွားမည်မပာုတ်ကြောင်း ပြည်ထောင်စုဝန်ကြီးတစ်ဦးက လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းတည်ဆောက်နိုင်ရန် ၂၀၀၈ ဧပြီလ ၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ စီမံကိန်း သဘောတူ ညီချက် လက်မှတ်ရေးထိုးခဲ့သည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ မိန့်ခွန်း ပြည်သူလူထုမှ အပြုသဘောဖြင့်ကြိုဆို

မတ်လ (၁)ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် တတိယပုံမှန်အစည်းအဝေးတွင် အစိုးရအဖွဲ့သက်တမ်း တစ်နှစ်ပြည့်အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြည်သူလူထုသို့ တိုက်ရိုက်မိန့်ခွန်းပြောကြားခဲ့အပြီး အဆိုပါ မိန့်ခွန်းအပေါ် နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများက အပြုသဘောဆောင်သော ဝေဖန်မှုများဖြင့် ကြိုဆိုလျက်ရှိကြောင်း သိရသည်။

“အစိုးရအကြီးအကဲတစ်ဦးက ဒီလိုပြောတာမျိုးတွေ ၂၅နှစ်နီးပါးအတွင်း မကြားခဲ့ရဘူး၊ ဒါက ကြိုဆိုရမယ်။ တချို့ကိစ္စတွေကို တိတိ ကျကျ ပြောသွားပေမယ့် တချို့ကိစ္စတွေကိုတော့ ယေဘုယျသဘော ပြောသွားတယ်၊ ဒါပေမယ့် ဗမာဟာ တိုင်းရင်းသားတစ်မျိုး ဖြစ်တယ်ဆိုတာနဲ့ တိုင်းရင်းသား လူငယ်တွေက လက်နက်အစား လက်ပ်တော့ ကိုင်ချင်တယ်လို့ ပြောတာကို သမ္မတကြီးအနေနဲ့ စိတ်မကောင်းဖြစ်မိတယ် ဆိုတဲ့အချက်ကတော့ ထိတယ်လို့ မြင်ပါတယ်” ဟု အသက် သုံးဆယ်အရွယ် စာရေးဆရာမတစ်ဦးက ဆိုသည်။

သမ္မတကြီးအနေဖြင့် ယခင်က ဖြစ်ပျက်ခဲ့သည်များ၊ လက်ရှိအခြေအနေများကို အမှန်အတိုင်း ဝန်ခံပြောကြားသွားသည့် ကိစ္စကို ကျေးဇူးတင် ကြောင်း၊ သို့ရာတွင် အချို့သောကိစ္စရပ်များကို အချိန်ကာလ တိတိကျကျဖြင့် ပြောကြားသင့်ကြောင်း၊ ဥပမာ ငါးထောင်တန် ဖုန်းကိစ္စ မည်သည့်အချိန် လောက်တွင် အကောင်အထည် ဖော်နိုင်မည်ဆိုသည်မျိုးကို တိကျစွာပြောသင့်ကြောင်း သုတေသနဌာနတစ်ခုတွင် လုပ်ကိုင်လျက်ရှိသည့် အသက် ၂၇နှစ်အရွယ် တိုင်းရင်းသူတစ်ဦးက ဆိုသည်။

“ဥပမာ ဖုန်းကိစ္စ ကို ၂၀၁၂ အကုန်လောက်မှာဖြစ်နိုင်မယ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ ဘယ်လိုပြင်ဆင်နေပါပြီ ဆိုတာမျိုးတွေကို လုပ်ရပ်နဲ့၊ Action Plan နဲ့ တိတိကျကျပြောရင် ပိုကောင်းမယ်” ဟု အဆိုပါ တိုင်းရင်းသူက ဆိုသည်။

“အစိုးရအဖွဲ့အနေနဲ့ လုပ်ရပ်နဲ့လာပြီးရှင်းပြတာမျိုးက ပိုကောင်းမယ်၊ လွှတ်တော်ထဲမှာပြောပြီး လွှတ်တော်ထဲမှာ လာရှင်းနေတယ် ဆိုတာထက် ကိစ္စရပ်တစ်ခုကို လက်တွေ့လုပ်ဆောင်ချက်နဲ့ ပြတာပိုကောင်းတယ်၊ မဟုတ်ရင် သမ္မတနဲ့ လွှတ်တော် အရမ်းလုံးထွေးနေတယ်လို့ မြင်လာရင် Check and Balanceမှာ သံသယဖြစ်စရာတွေ ရှိလာမယ်၊ ဘာပဲပြောပြော သမ္မတကြီးပြောတဲ့ ကိစ္စတွေဟာ ပြည်သူတွေအတွက်တော့ တစ်ကယ်ကို နှစ်ထောင်းအားရ ရှိစရာပါ” ဟု အိုင်တီပညာရှင် လူငယ်တစ်ဦးက ဆိုသည်။

“မိုက်တယ်၊ All inclusive politc ဖြစ်ဖို့ ဖေဖော်ဝါရီမှာ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးခဲ့တာကို ဝန်ခံတယ်၊ တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ လွှတ်တော်၊ တခုတည်းသော တပ်မတော်တွေကနေတဆင့် Diversity ဖြစ်ပြီး Multiculturalism ဖြစ်တဲ့ Society တည်ဆောက်ဖို့ Rule of Lawတွေ လိုအပ်တယ်ဆိုတာကို ပြောသွားတာ လက်တွေ့ကျတယ်လို့မြင်မိတယ်” ဟု အသက် ၂၅နှစ်အရွယ် လူငယ် သတင်းထောက်တစ်ဦးက ဆိုသည်။

သမ္မတဦးသိန်းစိန်၏ ပြည်သူလူထုသို့ ဒုတိယအကြိမ် ပြောကြားသည့် မိန့်ခွန်းတွင် အစိုးရအတွင်း ဂိုဏ်းကွဲမှု၊ ဦးရွှေမန်း၏ လစာတိုးပေးရေး အဆိုဖြင့် စိန်ခေါ်လာမှု၊ ငါးထောင်တန်ဖုန်းကိစ္စ၊ ပြည်တွင်းစစ်ကိစ္စများကို တချက်ချင်း ရှင်းလင်းသွားခဲ့သည်ကို တွေ့ရသည်။

သမ္မတဦးသိန်းစိန်၏ ပြည်သူလူထုသို့ ဒုတိယအကြိမ် ပြောကြားသည့် မိန့်ခွန်းတွင် အစိုးရအတွင်း ဂိုဏ်းကွဲမှု၊ ဦးရွှေမန်း၏ လစာတိုးပေးရေး အဆိုဖြင့် စိန်ခေါ်လာမှု၊ ငါးထောင်တန်ဖုန်းကိစ္စ၊ ပြည်တွင်းစစ်ကိစ္စများကို တချက်ချင်း ရှင်းလင်းသွားခဲ့သည်ကို တွေ့ရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

NDFပါတီမှ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီအား ဖွဲ့စည်းခဲ့ပြီး မဲဆွယ်စည်းရုံးမှုများ ပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီအား မတ်လ ၁ရက်နေ့တွင်  ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယင်း ဖွဲ့စည်းမှုထဲတွင် မူဝါဒရေးရာ ကော်မတီအဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဗဟိုကော်မတီဝင်များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဥက္ကဋ္ဌများကိုလည်း ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

“ဒီလိုဖွဲ့စည်းလိုက်တဲ့အထဲမှာ ဒေါက်တာသန်းငြိမ်းက ဥက္ကဋ္ဌပေါ့။ ပြီးတော့ ဦးခင်မောင်ဆွေက မူဝါဒရေးရာ ကော်မတီက ဥက္ကဋ္ဌအဖြစ် ခန့်အပ် လိုက်တာပါ။ ပြီးတော့ အဲဒီမူဝါဒရေးရာကော်မတီအဖွဲ့မှာ အဖွဲ့ဝင်တွေအဖြစ် ဦးစိန်လှဦး၊ ဦးတိုးပိုနဲ့ ဦးသာဆိုင်တို့လည်း ပါဝင်ပါတယ်။ ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ခန့်အပ်တာက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဒုဥက္ကဋ္ဌအဖြစ် ဦးစိုးဝင်းရယ်၊ မန္တလေးတိုင်းဒေသကြီး က ဥက္ကဋ္ဌကို ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ် လိုက်ပါတယ်”ဟု ယင်းကျင်းပပြုလုပ်ရာသို့ တက်ရောက်ခဲ့သူတစ်ဦးမှ ပြောကြားသည်။

ထို့ပြင် တွဲဖက်အတွင်းရေးမှူး (၁)အဖြစ် ဦးမြင့်သွင်နှင့် (၂)တွင် ဦးမျိုးဇော်အောင်တို့ကိုလည်း ခန့်အပ်ခဲ့ပြီး အဖွဲ့ဝင်များအဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာသန်းဝင်း၊ ဦးခင်မောင်ဝင်းနှင့် အခြားပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်၊ ဦးခိုင်မောင်ရည်နှင့် ဒေါ် တင်နွယ်ဦးတို့လည်း ပါဝင်ခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဒေါ်ခင်ဝိုင်းကြည်အား အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့သည်ဟု ၎င်း၏ပြော ကြားချက်အရ သိရသည်။

တိုင်းဒေသကြီးများမှ မကွေးတိုင်းဒေသကြီးဥက္ကဋ္ဌဖြစ်သည့် ဦးမြင့်ဖေ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးသက်ထွန်းမောင် အား ဗဟိုအလုပ်ကော်မတီအဖွဲ့တွင် ခန့်အပ်ပြီး ဦးအောင်ဆန်းလည်း ပါဝင်ခန့်အပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးကျော်ဇေယျာဝင်း၊ ဧရာဝတီ တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးတင်ဝင်း၊ ကချင်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာနှင့် ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးအောင်မျိုးဝင်း တို့လည်း ပါဝင်သည်ဟု အထက်ပါ ပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

“ဒီအဖွဲ့အစည်းထဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ၆ယောက်ပါဝင်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှာ ဒေါ်ခင်ဝိုင်းကြည် တစ်ယောက်ပဲ ပါပါတယ်။ ပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ၂ယောက်နဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးက ဥက္ကဋ္ဌ တွေကတော့ ကချင်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ အပါအဝင် ၆ဦးနဲ့ ဖွဲ့စည်းထားလိုက်တာပါ။ ပြီးတော့ လုပ်ငန်းကော်မတီငါးခုကိုလည်း ဖွဲ့စည်းလိုက်ပြီး ကြားဖြတ်ရွေး ကောက်ပွဲအတွက်ကိုလည်း ထည့်သွင်း တင်ပြဆွေးနွေးသွားကြပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်၏ ပြောပြချက်အရ သိရသည်။

ထိုလုပ်ငန်းကော်မတီငါးခုမှာ စည်းရုံးလှုံ့ဆော်ရေး ကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ သတင်းနှင့် ပြန်ကြားရေး ကော်မတီ၊ ဆက်သွယ်ရေး       ကော်မတီနှင့် ဥပဒေရေးရာ ကော်မတီများလည်း ဆက်လက်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

ထို့ပြင် ယင်းပါတီသည် ဖေဖော်ဝါရီလ ၂၉ရက်နေ့၌ လစ်လပ်နေသည့် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ရန်ကုန်တိုင်းဒေသကြီးရှိ မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်ခင်ဖြူဖြူငြိမ်းနှင့် ဖေဖော်ဝါရီလ ၂၆ရက်တွင် မန္တလေးတိုင်းဒေသကြီး ရှိ တံတားဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးနန်းထိုက်ဇော်တို့ကလည်း အသီးသီး ရွေးကောက်ပွဲ အောင်နိုင်ရေးရုံးခန်းများ ဖွင့်လှစ်ခဲ့ပြီး ပြည်သူလူထုနှင့် တွေ့ဆုံ၍ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ကြသည်ဟုလည်း သတင်းများအရ သိရသည်။

ATM

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“နိုင်ငံရေးအဖွဲ့အစည်းဆိုတာမူရှိရမယ်။ အစဉ်အလာရှိရတယ်။ ဘယ်လိုအလုပ်တွေလုပ်ခဲ့လဲဆိုတာ ကြည့်ရတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ ပြည်သူတွေ သုံးသပ်တာခံရဲတယ်။ ကျွန်မတို့သမိုင်းကိုသုံးသပ်တာလည်း ခံရဲတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ထားတဲ့ မူတွေ ကို လေ့လာပါ။ သုံးသပ်ပါ။ နှစ် ၂၀ ကျော် မှန်မှန်ကန် ကန်နဲ့ ဒီမိုကရေစီရေးအတွက်အကြမ်းမဖက်တဲ့လမ်းကို ကျွန်မတို့ လျှောက်ခဲ့တယ်။ ကျွန်မတို့ဟာ ဘယ်တုန်းကမှ အမှား အယွင်း မလုပ်ခဲ့ဘူးလို့ မဆိုလိုပါဘူး။ ကျွန်မတို့ မှားတာတွေ ရှိခဲ့တယ်။ အားနည်ချက်တွေ ရှိခဲ့တယ်”

မတ် ၁ ထုတ် Venus News အတွဲ (၃) အမှတ် (၃၃) တွင်ပါသည် “ဒီမိုကရေစီ ရအောင်ယူမည်ဆိုသောမူကို မည်သည့်အခါမှ သစ္စာဖောက်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“ရတဲ့လစာနဲ့ စားဝတ်နေရေးကတော့ ဘယ်လိုမှ ပြေလည်စရာမရှိပါဘူး။ တွက်ကြည့်နိုင်ပါတယ်။ လစာကနည်း၊ မိသားစုကများရတဲ့ကြားထဲ အဘက်ဘက် က ကုန်ဈေးနှုန်းတွေကတက်နေတော့ အခုလစာတိုးမယ်လို့ ကြားတာတောင် ကြောက်နေတယ်။ တကယ်လစာတိုးလာရင်တောင် ကုန်ဈေးနှုန်းလိုက်မလာ ပါစေနဲ့လို့ ဆုတောင်း နေရပါတယ်။ လစာတိုးတာ အများကြီးတိုးမလိုချင်ပေမယ့် ကုန်ဈေးနှုန်းတက်တာနဲ့ ကာမိအောင်တော့ တိုးစေချင်ပါတယ်”

မတ် ၁ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၉) တွင်ပါသည့် “ဝန်ထမ်းများဘဝ အမှန်တကယ်တိုးတက်အောင် အစွန်တရားများလွတ် အောင် ကြံဆောင်” သတင်းဆောင်းပါးမှ မီးသတ်ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

--------------------------------------------------------------------------------------------------------------------------------

 "ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင် ၊ရှမ်း အစရှိတဲ့ တိုင်းရင်းသားများနည်းတူ ဗမာဆိုတာဟာလည်း ပြည်ထောင်စုထဲက တိုင်းရင်းသားလူမျိုးစု တစ်စုဖြစ်ပါတယ်။ သာတူညီမျှ အခွင့်အရေးကို အားလုံးမျှဝေရရှိကြဖို့၊ တန်းတူရည်တူ ဖြစ်ပေါ်လာဖို့ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်ဟာ ကျွန် တော်တို့ အစိုးရရဲ့ လိုလားချက်လဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးရဲ့ မကြာသေးခင်က ပြောခဲ့တဲ့စကားလေး ကျွန်တော် ပြောပြချင်ပါတယ်။ ၁၈နှစ် ၁၉နှစ်အရွယ်ရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား လူငယ်တွေက ပြောကြတယ်၊ ကျွန်တော်တို့လဲ လပ်တော့တွေ ကွန်ပျူတာတွေ ကိုင်ချင်တယ် ဆိုတဲ့စကား။ ကျွန်တော် တစ်ကယ့်ကိုပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော်အခိုင်အမာ သံန္နိဌာန် ချထားပါတယ်။ ကျွန် တော်တို့ အစိုးရလက်ထက်မှာ ဒီလိုဖရိုဖရဲဖြစ်နေတဲ့ စိုးရွံ့မှုတွေ မပျောက်ပျောက်အောင် ဖျောက်ပစ်ရပါမယ်။ ဒါဟာ ကျွန်တော်တို့အစိုးရရဲ့ ခံယူချက်ပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေကြရတဲ့ ခါးသီးတဲ့ ဒဏ်ရာတွေ၊ စူးနင့်တဲ့ အတွေ့အကြုံတွေ၊ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေ ကျွန်တော်တို့ အားလုံး ဖြည့်ဆည်းပေးဖို့တာဝန်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် သမိုင်းပေးတာဝန်ကြီး တစ်ရပ်ဖြစ်ပါတယ်။"

မတ် ၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်၌ ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment