Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

 ၁၄.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. The Voice ဂျာနယ်အား သတ္တုတွင်းမှ တရားစွဲဆိုရန် ပြင်ဆင်
  2. တရားဝင် တရုတ်နိုင်ငံပို့ ဆန်များ ဖမ်းဆီးခံရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပြည်ထောင်စု အစိုးရနှင့် ဆွေးနွေးရန် မွန်ပြည်သစ်ပါတီ အကျေအလည် ဆွေးနွေးနေ
  2. ကိုယ်စားလှယ်များနှင့် မဲရုံကိုယ်စားလှယ်များ ရွေးကောက်ပွဲ စောင့်ကြည့် နိုင်ရန် ကြေညာ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

 ပြည်တွင်းသတင်းများ

The Voice ဂျာနယ်အား သတ္တုတွင်းမှ တရားစွဲဆိုရန် ပြင်ဆင်

ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်သည့် The Voice Weekly ဂျာနယ်၏ အတွဲ(၈)၊ အမှတ်(၁၃)တွင် ပါရှိသော “ဝန်ကြီးဌာန အချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” ခေါင်းစီးပါ သတင်းရေးသားချက်တွင် သတ္တုတွင်းဝန်ကြီးဌာနနှင့် ပတ်သက်၍ မမှန်မကန် သတင်းဖော်ပြခဲ့သည်ပာုဆိုကာ သတ္တုတွင်းဝန်ကြီးဌာနမှ တရားစွဲဆိုရန် ပြင်ဆင်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများမှ ကြေညာခဲ့သည်။

၎င်းကိစ္စရပ်နှင့်ပတ်သက်၍ The Voice ဂျာနယ်မှ တာဝန်ရှိသူတစ်ဦးအား သွားရောက်မေးမြန်းခဲ့ရာတွင် “ဒီသတင်းမှာ ဖော်ပြခဲ့တဲ့ ဖော်ပြချက် တွေက အားလုံးအမှန်ပါပဲ။ အဲ့ဒီ သတင်းကို ကျွန်တော်တို့ဘက်က ပြည့်စုံမှန်ကန်မှ ရေးသားပြီး စာပေစိစစ်ရေးကို တင်တာပါ။ ကျွန်တော်တို့ဘက်က မှန်ကန်နေတဲ့အတွက်လည်း လုံးဝမကြောက်ပါဘူး။ ဒီသတင်းမျိုးက တော်တော်ကို သတိထားပြီးရေးသားရတာပါ။ ဒီလို သတင်းမျိုးရေးတာမှာ မမှန်မကန် ရေးသားမိရင် ပြဿနာကြီးလာနိုင်တာသိလို့ သေသေချာချာ အချက်အလက် စုဆောင်းပြီးမှ သတင်းရေးသားတာ ဖြစ်ပါတယ်”ပာု ပြောကြားသည်။

နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် သတ္တုတွင်း ဝန်ကြီးဌာန၏ သတင်းဖော်ပြချက်များမှာ-သတ္တုတွင်းဝန်ကြီးဌာနသည် The Voice ဂျာနယ်တွင် သတင်းရေးသားဖော်ပြသကဲ့သို့ ငွေကြေးအလွဲသုံးစားမှုနှင့် ငွေစာရင်းလိမ်လည်မှု၊ ဖုံးကွယ်မှု၊ ထိမ်ချန်မှု၊ လွှဲကြောင်းဖော်ပြမှု လုံးဝမရှိခဲ့ကြောင်း၊ The Voice ဂျာနယ်တွင် ရေးသားထားသော သတ္တုတွင်း ဝန်ကြီးဌာနနှင့် စပ်လျဉ်းသည့် ရေးသားချက်မှာ မှန်ကန်မှုမရှိ၊ သတ္တုတွင်းဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ပြည်သူလူထု၏ ယုံကြည်အားထားမှုကို ယုတ်လျော့နစ်နာစေသော မမှန်မကန် စွပ်စွဲရေးသားမှုသာဖြစ်သည့်အတွက် The Voice ဂျာနယ် ထုတ်ဝေသူနှင့် သတင်းရေးသားသူတို့အား ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

“မြေကြီးကို လက်နဲ့ခတ်ရင်တောင် လွဲရင်လွဲနေဦးမယ်။ ဝန်ကြီးဌာနတွေမှာ လာဘ်စားတာ မလွဲနိုင်ဘုးဆိုတာ မြန်မာပြည်လမ်းဘေးမှာ တောင်းစားတဲ့သူကစပြီး သမ္မတကြီးအထိ သိတယ်။ သက်သေပြနိုင်ဖို့ကြိုးစားရမှာ သိပ်ပြီးမခက်လှပါဘူး။ တရားစွဲမယ်ဆိုတဲ့ ဝန်ကြီးဌာနရဲ့ နှစ်အလိုက် ငွေစာရင်းရှင်းတမ်းတွေ၊ ထုတ်လုပ်မှု့ပမာဏတွေ၊ ပြည်တွင်းသုံးစွဲမှုပမာဏ၊ ပြည်ပပို့ကုန်ပမာဏတွေကို သိအောင်လုပ်ပြီးအဖြေရှာလို့ ရနိုင်ပါတယ်။ ဝန်ကြီးအပါအဝင် အရာရှိဝန်ထမ်းတွေရဲ့ နောက်ခံအကြောင်းတရားတွေကလည်း ဒေတာရနိုင်စရာ အကြောင်းတွေပါပဲ။ တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်”ပာု မြန်မာ့နိုင်ငံရေး လေ့လာနေသူတစ်ဦးကလည်း အွန်လိုင်းစာမျက်နှာမှ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံတော်အစိုးရသစ်လက်ထက်မှ စတင်၍ ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေ စာအုပ်အချို့တို့ကို ထုတ်-တင် စနစ်ဖြင့် ထုတ်ဝေခွင့်ပြုခဲ့ပြီး ဂျာနယ် အချို့၏ သတင်းရေးသားချက်များအပေါ်တွင်လည်း စာပေစိစစ်ရေးမှ စာပေ ပိတ်ပင်မှုလျော့ပေါ့၍ ခွင့်ပြုခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

တရားဝင် တရုတ်နိုင်ငံပို့ ဆန်များ ဖမ်းဆီးခံရ

မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်မှုများလုပ်ဆောင်နိုင်ရန် သဘောတူညီမှုများရှိသော်လည်း မြန်မာနိုင်ငံ နယ်စပ်ဒေသမှ တဆင့် တရားဝင် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် ဆန်များကို တရုတ်အာဏာပိုင်များက ဖမ်းဆီး လျက်ရှိကြောင်း သိရသည်။

“မတ်လ ၆ ရက်နေ့က စပြီးတော့ တရုတ်ကို တရားဝင်တင်ပို့နေတဲ့ ဆန်ကားတွေကိုဖမ်းဆီးနေတာပါ။ ဒီလို ဖမ်းဆီးနေတဲ့အတွက် မြန်မာနိုင်ငံက ဆန်လုပ်ငန်းရှင်တွေ တော်တော်ကို နစ်နာရပါတယ်။ ဒီဘက်က ဆက်ပြီး ဆန်မတင်ပို့ရဲတော့ဘူးဖြစ်နေတယ်”ပာု မြန်မာနိုင်ငံ ဆန်စပါးအသင်းက တာဝန်ရှိ သူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နေသည့်ဆန်တင်ပို့မှုများကို ယခုကဲ့သို့ ဖမ်းဆီးရခြင်းမှာ မြန်မာနိုင်ငံဘက်မှ ဆန်တင်ပို့မှု များပြား နေသည့် ကိစ္စရပ်အား တရုတ်နိုင်ငံရှိ လယ်သမားများမှ တိုင်ကြားသည့်အတွက်ကြောင့်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မြန်မာနိုင်ငံက တင်ပို့တဲ့ဆန်တွေကို တရုတ်နယ်စပ် ရွှေလီမြို့ အဓိကဖမ်းတာပါ။ မြန်မာအစိုးရက အခုနှစ် လဆန်းပိုင်းကစပြီးတော့ နယ်စပ် ကနေ ဆန်နဲ့ ဆန်ကွဲတင်ပို့တာတွေကို ပြန်ခွင့်ပြုခဲ့တာပါ။ ဒါပေမယ့် တရုတ်နိုင်ငံအစိုးရ မြန်မာနိုင်ငံက တင်ပို့တဲ့ ကုန်တွေအပေါ်မှာ အခွန်တိုးကောက် လိုက်တဲ့အတွက် မြန်မာကုန်သည်တွေက တရားဝင်တင်ပို့နိုင်ခြင်း မရှိတော့ဘူး”ပာု မူဆယ်ဒေသမှ ကုန်သည်တစ်ဦးက ဆိုသည်။

လက်ရှိ အချိန်တွင် မူဆယ်ဈေးကွက်ဆန်ဈေးမှာ တစ်တန်လျှင် ၄၅၀ ဒေါ်လာရှိပြီး ဇန်နဝါရီ လဆန်းမှ ဖေဖော်ဝါရီလလယ်ထိတိုင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၄၆,၀၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်ထောင်စု အစိုးရနှင့်ဆွေးနွေးရန် မွန်ပြည်သစ်ပါတီ အကျေအလည် ဆွေးနွေးနေ

ပြည်ထောင်စု အစိုးရနှင့်ပဏာမငြိမ်းချမ်းရေး သဘောတူညီချက်လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီသည် ဧပြီလဆန်းတွင် ပြည်ထောင်စုအစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်အတွက် ယင်းပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီအတွင်း အကျိတ်အနယ် ဆွေးနွေးနေ ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်က ပြည်ထောင်စု အစိုးရနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည့် မွန်ပြည် သစ်ပါတီသည်  ဒုတိယအကြိမ် တွေ့ဆုံရာဉ် ယင်းပါတီလက်အောက်ခံ တပ်ရင်း၊တပ်ဖွဲ့များနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊ နိုင်ငံတော်မှ ခွင့်ပြုမည့် ပါတီပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဆိုင်သည့် ကိစ္စရပ်နှင့် ဒေသဖွံဖြိုးရေး ကိစ္စရပ်များကို ဦးစားပေးတင်ပြမည်ဖြစ်ကြောင်း သိရသည်။

 “ကျွန်တော်သိသလောက်တော့ ဧပြီလရဲ့ ပထမပတ်လောက် တွေ့ဖြစ်မယ်ထင်တယ်၊ သင်္ကြန်တော့ မကျော်ဘူး။ အခု ဒီတစ်ခေါက်တွေ့မယ့် အချိန်မှာ တပ်ဖွဲ့ ရပ်တည်ရေးနဲ့တပ်ဖွဲ့ဝင်တွေရဲ့ ဘဝရပ်တည်ရေးကို အကျေအလည် ဆွေးနွေးမယ်ဆိုတော့ သူတို့ပါတီတွင်းမှာလည်း တော်တော် အချိန် ပေးဆွေးနွေးနေရတယ်”ဟု ယင်းသတင်းရင်းမြစ်က ဆိုသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး ကိစ္စရပ်အား အစိုးရနှင့် Gentlemen Agreement ရရှိခဲ့ပြီး၊ပြန်လည် ပျက်ပြယ်ခဲ့ သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ကာ ယခုအချိန်တွင် မွန်ပြည်နယ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချုပ်ဆိုနိုင်ကာ၊ ပြည်ထောင်စု အစိုးရနှင့်လည်း ပဏာမငြိမ်း ချမ်းရေး သဘောတူညီချက်ကို ချုပ်ဆိုနိုင်သည့် အဖွဲ့အစည်း တစ်ရပ် ဖြစ်သည်။

KP

-----------------------------------------------------------------------------------------------------------------------------------

ကိုယ်စားလှယ်များနှင့် မဲရုံကိုယ်စားလှယ်များ ရွေးကောက်ပွဲ စောင့်ကြည့်နိုင်ရန် ကြေညာ

လာမည့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ်နေရာပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲရုံ စောင့်ကြည့်ရန် မဲရုံကိုယ်စားလှယ်တစ်ဦးနှင့် အကူကိုယ်စားလှယ်တစ်ဦးတို့ကို နည်းဥပဒေပါ ပုံစံ(၈)ဖြင့် ခန့်ထားနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်ကြေညာခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် မိမိထားရှိမည့် မဲရုံကိုယ်စားလှယ်များအား ခန့်အပ်ကြောင်း ခန့်စာနှစ်စောင်ကို သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့သို့ ဆန္ဒမဲပေးမည့်ရက်မတိုင်မီ ခုနှစ်ရက်ကြိုတင်၍ သတင်းပေးပို့ရမည်ဖြစ်ပြီး ၎င်းမဲရုံကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်အား အစားထိုးလဲလျှင် နည်းဥပဒေပါ ပုံစံ(၈-က)ဖြင့် ရုတ်သိမ်း၍ ပုံစံ(၈)ဖြင့် အသစ်ထပ်မံခန့်ထားပြီး မြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရန် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြပါရှိသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများမှ ရွေးချယ်ခန့်အပ်ထားသည့် မဲရုံကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်တို့သည် နည်းဥပဒေ ၄၈(ခ) (၆) အရ ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံအတွင်းသို့ ဝင်ရောက်ခွင့်နှင့် နည်း ဥပဒေ ၆၅ အရ မဲရုံ၌ မဲရေတွက်ခြင်းများကိုကြည့်ရှုခွင့်ရှိပြီး ဆန္ဒမဲစာရင်း ပုံစံ(၁၆)တွင် မှန်ကန်ကြောင်း လက်မှတ်ရေးထိုး ခြင်း တို့ကို ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်တို့သည် နည်းဥပဒေ ၆၇ (က)နှင့် (ခ)တို့အရ မြို့နယ်ကော်မရှင် အဖွဲ့ခွဲအသီးသီးတွင် ရေတွက်သည့်ကြိုတင်မဲစာရင်းပုံ(၁၈)ကို လည်းကောင်း၊ ပုံစံ(၁၈)နှင့် မဲရုံအသီးသီးမှ ပေးပို့သည့် ဆန္ဒမဲစာရင်းတို့ ပူးပေါင်းစာရင်း ပြုစုသည့် ပုံစံ(၁၉) တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးခွင့်ရှိပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်နေ့၌ ရွေးကောက်ပွဲ ကိုယ်စားလှယ် မလာရောက်နိုင်ပါက ကိုယ်စားလှယ်စေလွှတ်တော်ရန် ဖော်ပြထားပြီး အကယ်၍ လက်မှတ်ရေးထိုးရန် ပျက်ကွက်ပါက ပျက်ကွက်သူ၏ တာဝန်သာဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။

YC

*****************************************

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- အခုအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရှိန်တွေနဲ့ကိုအင်တိုက်အားတိုက်စည်းရုံးနေတာ တွေ့ရ ပါတယ်။ ဘဘအနေနဲ့ အဲ့ဒီအပေါ်မှာ စိုးရိမှ်ုရော ဖြစ်ပေါ်ပါသလား။

ဖြေ- ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်က အရမ်းကြီးတယ်။ သူဟာ သိပ်တော် သိပ်ထက်မြက်ပါတယ်။ သူရဲ့ အရှိန်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မဲနိုင်သွားခြေတွေ အများကြီးရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေဟာ ဒေါ်စုပဲ သိတာပါ။ ကျန်တာစဉ်းစားမှာ မဟုတ်ပါဘူး။ ပြည်သူ တွေဟာ ဒေါ်စုပဲ သိတာပါ။ ကျန်တာစဉ်းစားမှာ မဟုတ်ပါဘူး။ ပြည်သူတွေဟာ ဒေါ်စုကို သိပ်ယုံကြည်တယ်လေ။ ပါတီတွေအနေနဲ့ ရွေးကောက်ပွဲအတွက် ပြိုင်တဲ့အခါမှာလဲ ကိုယ့်ပါတီရဲ့မူဝါဒကို လူထုကိုရှင်းလင်းပြီးတော့ ဘယ်သူ့ကိုမှ မပုတ်ခတ်ဘဲလုပ်သင့်တယ်။ ဘဘအနေနဲ့ကတော့ ကိုယ်ရည်ရွယ်ရာ၊ ဦးတည်ရာကို သွားနေတဲ့အတွက် နိုင်ခြင်း မနိုင်ခြင်းအပေါ်မှာ လုံးဝစိုးရိမ်မှုမရှိဘူး။

မတ် ၁၃ ထုတ် THE FLOWER NEWS အတွဲ (၈) အမှတ် (၁၁) တွင်ပါသည့်“ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကိုယ်စားလှယ်လောင်း ဦးသုဝေနှင့် တွေ့ဆုံခြင်း” မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အနိမ့်ဆုံးလစာ သတ်မှတ်ချက်အကြောင်းပြောရရင် ဒီကိစ္စက တရားဝင်သတ်မှတ်လိုက်ရင် ဒါက အစိုးရဝန် ထမ်းရော၊ ပုဂ္ဂလိကကဏ္ဍက ဝန်ထမ်းတွေ အတွက်ရော အားလုံးနဲ့ အကျုံးဝင်တယ်လေ။ ဒီလိုဆိုတော့ အပြင်ဝန်ထမ်းက လစာနည်းလို့ မကျေနပ်ရင် အလုပ်ရှင်ကို တောင်းဆိုလို့ရတယ်။ အစိုးရ ဝန်ထမ်းက ဘယ်သူ့ကိုသွား တောင်းရမှာလဲ။ ဒီကိစ္စတွေက အများကြီးကျယ်ပြန့်တယ်။ ဒါကြောင့်မို့လို့ မပါတာထင်တယ်”

မတ် ၁၅ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁၁) တွင်ပါသည့်“အသစ်ပြဋ္ဌာန်းလိုက်သည့် အလုပ်သမား ဥပဒေတွင် အများမျှော်လင့်သည့် အနိမ့်ဆုံးလုပ်ခလစာနှုန်းထား သတ်မှတ်ချက် မပါဝင်” သတင်းမှ ဝါးခယ်မရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်မှ ဒေါက်တာ စိုးထွန်း၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အစိုးရရဲ့ဗျူဟာတွေကို ယခင်က ကြုံတွေ့ခဲ့ဖူးတဲ့ ရှေ့မီနောက်မီလူအချို့က သတိထားနေဆဲဖြစ်ပေမယ့် မြန်မာနိုင်ငံအတွင်း မျှော်လင့်ချက်တွေ ရှင်သန် လာတာကိုတော့ မြင်တွေ့နေရပါတယ်။ ဒါကြောင့်လည်း အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်း ရှိပုဂ္ဂိုလ်အချို့က မြန်မာနိုင်ငံရဲ့ အရေးယူပိတ်ဆို့မှုတွကို ပြန်လည်ရုပ်သိမ်းပေးဖို့ နှောင့်နှေးနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ဒီလိုအပြောင်းအလဲတွေကို ကောင်းစွာစီမံခန့်ခွဲနိုင်မယ်ဆိုရင် မြန်မာနိုင်ငံမှာ နောက်ပြန်လှည့်လို့ မရတဲ့ ဒီမိုကရေစီ ခရီးစဉ်မှာရှိနေနိုင်မယ်လို့ ခံစားမိပါတယ်”

မတ် ၁၄ ထုတ် The Myanmar Post အတွဲ (၄) အမှတ် (၁၁) တွင်ပါသည့်“နိုဘယ်စီးပွားရေးဆုရှင် ပါမောက္ခ ဂျိုးဆက်စတိဂလစ်ဇ်၏ မြန်မာနိုင်ငံ အပေါ်သဘောထားအမြင်” ဆောင်းပါးမှ ကောက်နှုတ်ချက်

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment