Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၃. ၄.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ကံမ မူဆလင်အဓိကရုန်း ပြည်ခိုင်ဖြိုးပါတီ စွပ်စွဲခံနေရ
  1. ရပ်ကွက်အုပ်ချုပ်ရေးမှူး လမ်းပျက်အကြောင်းပြ ငွေညှစ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. NLD လူငယ်များကို တိုက်ခိုက်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များအား ဖမ်းဆီးရမိ
  2. NDFပါတီမှ ၂၃ရက်နေ့တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်၌ တင်သွင်းခြင်းအဆိုနှင့် ပတ်သက်၍ အစည်းအဝေးပြုလုပ်
  3. ၁၉၉၀တွင် ဖျက်သိမ်းခံရသည့် မွန်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပူးပေါင်းရန် ကတိပြု

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ကံမ မူဆလင်အဓိကရုန်း ပြည်ခိုင်ဖြိုးပါတီ စွပ်စွဲခံနေရ

ပြီးခဲ့သည့် ဧပြီလ ၁၉ရက်နေ့က မကွေးတိုင်း၊ ကံမတွင် ဖြစ်ပွားခဲ့သည့် အစ္စလမ်ဘာသာဝင် မှုဆလင်အိမ်များ လုယက်ဖျက်စီးခြင်းခံရသည့် အဓိ ကရုန်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီဝင်များ ပါဝင်နေကြောင်း ဒေသခံများက စွပ်စွဲပြောကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နှစ်စဉ်နီးပါးလုပ်ကိုင်ခွင့်ရရှိခဲ့သော ပြည်- ကံမ မော်တော်ပြေး ဆွဲခွင့်ကို လေလံကို ယခုနှစ်တွင် ကံမမြို့မှ အစ္စလမ်ဘာသာဝင် ဟာဂျီဒေါ်ဝါဆိုသူအမျိုသမီးက လေလံအောင်သွားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက မကျေနပ်သဖြင့် အဓိက ရုန်းဖြစ်ပွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။

နောက်ပိုင်းတွင် ဒေါ်ဝါက မော်တော်လေလံကို ပြန်လွဲပေးခဲ့သော်လည်း လေလံကိစ္စအငြင်းပွားစဉ် အစွန်းထွက်စကားများကို ပုံကြီးချဲ့ပြီး အစ္စမ် လမ်ဘာသာဝင်များ၏  စီးပွားရေလုပ်ငန်းများ ဖျက်စီးခံရခြင်းဖြစ်ကြောင်း ကံမမြို့သားတစ်ဦးက ပြောကြားသည်။

အစ္စလမ်ဘာသာဝင်များ အိမ်းများနှင့် စီးပွားရေးလုပ်ငန်းများကို ဖျက်ဆီးသူများကို ရဲကထိမ်းသိမ်းစဉ်  ဖျက်ဆီးသူများကို အသံမထွက် စကား မပြောရန်၊ ခေါင်းငုံသွားရန် ရဲတစ်ချို့က ပြောဆိုသတိပေးသည်ကို ကြားရကြောင်း သရက်မြို့သို့တိမ်းရှောင်လာသူ အသက်၂၅နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောကြားသည်။"ကြံ့ခိုင်ရေး မပါရင် ဘယ်သူမှ မလုပ်ရဲဘူး စီးပွားရေးလောဘအတွက် ဘာသာရေး ခုတုံးလုပ်တာသူများ စီးပွားရေး ဖျက်စီးတာ ” ဟု မျက်ရည်များစီးကျလျှက် ပြောဆိုသည်။

ပြည်ခိုင်ဖြိုးပါတီက လွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်နဲ့ ကုလားစီးပွားရေးလုပ်ငန်းရှင် အီဆာခေါ် အောင်မိုးလွင်နဲ့ စကားပြော အဆင်မပြေ ရာကနေဖြစ်ခြင်းဖြစ်ကြောင်း အခင်းဖြစ်သည့်နေ့တွင် ဦးဝင်နိင်သည် သရက်မြို့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေဆီ အလီဘိုင် ပြရန် ရောက်နေပုံရကြောင်း ပြည်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာသူ အစ္စလမ်ဘာသာဝင်တစ်ဦးက ပြောကြားသည်။

ပြည်မြို့မှ ကြံ့ခိုင်ရေးစည်းရုံးမှူးတစ်ဦးက ယခုဖြစ်ရပ်သည် ပါတီနှင့်မဆိုင်ကြောင်း ပါတီ၏မူဝါဒလည်းမဟုတ်ကြောင်း ယခုကဲ့သို့ ကမ္ဘာ ရွာခေတ်တွင်  လူမျိုးရေး၊ ဘာသာဆရး အဓိကရုန်းသည် ခေတ်နောက်ပြန်ဆွဲအတွေးအခေါ်သာဖြစ်ကြောင်း အမြင်းကျဉ်းသည့် မျိုးချစ်မျက် ကန်းများ၏ လုပ် ဟန်သာဖြစ်ကြောင်း မီဒီယာများက အဖြစ်မှန်ကို ဖော်ထုတ်စေချင်ကြောင်း မှတ်ချက်ပြုပြောဆိုသည်။

ကံမ ရေနံသာရှိဓါတ်ဆီဆိုင်များ၊ သားသတ်ရုံများ၊ စတိုးဆိုင်များ၊ ဖုန်းအရောင်ဆိုင်များ ဖျက်စီးခြင်းခံရပြီး အစ္စလမ်ဘာသာဝင်များသည် သရက်၊ မကွေး၊ ပြည်မြို့များသို့ တိမ်းရှောင်နေကြောင်း ဒေသခံ ဗုဒ္ဒဘာသာဘုန်းကြီးများနှင့် ဒေသခံများက စာနာဖေးမကြောင်း စုံစမ်းသိရှိရသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

ရပ်ကွက်အုပ်ချုပ်ရေးမှူး လမ်းပျက်အကြောင်းပြ ငွေညှစ်

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ ထန်းပင်ကုန်းရပ်ကွက်၏ အုပ်ချုပ်ရေးမှူးသည် ဂျပန်လမ်းအတွင်းသို့ ၀င်ရောက်လာသည့် ကားတစ်စီးကို လမ်းတစ်ပေခန့်အက်သွားသည့် အကြောင်းပြချက်ဖြင့် လျှော်ကြေးပေးရမည်ဆိုကာ ငွေးညှစ်ကိုယ်ကျိုးရှာနေကြောင်း ဧပြီလ ၁၉ရက်က ယင်းရပ်အတွင်းမှ စုံစမ်းသိရှိရသည်။

ကြံ့ခိုင်ရေးက ၂၀၁၀ ရွေးကောက်ပွဲမတိုင်းခင်က မဲဆွယ်သည့် ရည်မှန်းချက်ဖြင့် ခင်းထားသည့် ကွန်ကရစ်လမ်းကို သုံးတန်ကားသာဝင်ရန် သတ်မှတ်ထားပြီး တန်ပိုဝင်ရောက်သည်ဟုဆိုကာ လမ်းပျက်သွား၍ ပြန်ပြင်ရန် ငါးသိန်း၊ ကားဝင်သည့်အတွက် ဒဏ်ကြေး တစ်သိန်းနှစ်သောင်း စုစုပေါင်း ခြောက်သိန်းနှစ်သောင်း အတင်းအဓမ္မ အာဏာပြတောင်းခံနေကြောင်း ထပ်ဆင့်စုံစမ်းသိရှိရသည်။

ကားပိုင်ရှင်မှာ လမ်းအက်သွားသည်ကို အကုန်အကျခံပြန်ပြင်ပေးမည် ကမ်းလှမ်းသော်လည်း အုပ်ချုပ်ရေးမှူးက လက်မခံ ပဲ ငွေခြောက်သိန်း နှစ်သောင်းသာ တောင်းခံနေသည်ဟု ရပ်ကွက်အတွင်းနေထိုင်းသူ အနှေးယာဉ်လုပ်သားတစ်ဦးက ဆိုသည်။

"လမ်းက နဂိုကတည်းက ပျက်ပြီးသား ဘိလပ်မြေနဲနဲ သဲသဲများများနဲ့ လုပ်ထားတော့ တစ်နှစ်တောင်မခံဘူး”ဟု ၎င်းက ဆိုသည်။

MP

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

NLD လူငယ်များကို တိုက်ခိုက်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များအား ဖမ်းဆီးရမိ

မဟာသင်္ကြန်အကျတ်နေ့တွင် သန်လျှင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များအား တိုက်ခိုက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ယင်းတို့၏အပေါင်းပါများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သန်လျှင်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

သန်လျှင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာသို့ သံချပ်ဖျော်ဖြေရန် ရောက်ရှိလာသည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့ကို နှုတ်ဆက်သည့် သန်လျှင်မြို့နယ် NLD လူငယ်များအား အမျိုးသမီးတစ်ဦးပါဝင်သည့် လူအုပ်စုတစ်စုမှ အုတ်ခဲများ၊ တုတ်များဖြင့် ဝင်ရောက်ရိုက်နှက်ခဲ့ကြ သည်။

“သန်လျှင်က NLDပါတီဝင် ကိုညီညီဦး တိုင်ချက်ဖွင့်လို့ ရိုက်နှက်ခဲ့တဲ့သူတွေကို ညတွင်းချင်းဖမ်းဆီးခဲ့ပါတယ်”ဟု ယင်းရဲအရာရှိက ပြောကြား သည်။

အမည်မသိလူအုပ်၏ ရိုက်နှက်မှုကြောင့် NLD လူငယ်သုံးဦးမှာ ဆေးရုံတက်ကုသမှုခံယူခဲ့ရကြောင်း သန်လျှင်မြို့နယ် NLD လူငယ်တစ် ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပက်သက်၍ ဖမ်းဆီးထားသူ ၁၅ဦးကျော်ရှိကာ၊ ပြည်ခိုင်ဖြိုးပါတီဝင် ၃ဦးပါဝင်ကြောင်း သိရသည်။

“ဘယ်သူက ရိုက်ခိုင်းတယ်။ ဘာအတွက်ကြောင့် ရိုက်တယ်ဆိုတာကတော့ စစ်မေးနေတုန်းပါပဲ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နေရအများဆုံး အနိုင်ရခဲ့သဖြင့် အခြားသောပါတီများ၏ ဝေဖန်မှုများ ကို ကြုံတွေ့နေရသည်။

KP

-----------------------------------------------------------------------------------------------------------------------------------

NDFပါတီမှ ၂၃ရက်နေ့တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်၌ တင်သွင်းခြင်းအဆိုနှင့် ပတ်သက်၍ အစည်းအဝေးပြုလုပ်

ဧပြီလ ၂၀ရက်နေ့၌ နေ့လည် ၁၂နာရီခွဲမှစ၍ ညနေ ၄နာရီအထိ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီတွင် ဗဟိုအလုပ်အမှုဆောင်ကော်မ တီအစည်းအဝေးတစ်ရပ်အား တာမွေမြို့တွင် ဖွင့်လှစ်ထားသည့် NDFရုံးချုပ်၌ ပြုလုပ်ကျင်းပသွားခဲ့ပြီး ယင်းအစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် တစ်ချို့မှ တက်ရောက်ဆွေးနွေးခဲ့ကြသည်ဟု NDFပါတီမှ ဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

“ဒီအစည်းအဝေးမှာ ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းနဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်းတို့က ဦးဆောင်ပြီး အတွင်းရေးမှူး ဒေါက်တာဦးဝင်းနိုင်၊ ဘဏ္ဍာ ရေးမှူး ဦးကြည်သန်းနဲ့ စီအီးစီတွေဖြစ်တဲ့ ဦးကျော်အောင်တို့ ဒေါ်ခင်ဝိုင်းကြည်၊ ဦးမြင့်ဖေတို့ကလည်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ ဗဟိုအ လုပ်အမှုဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ဦးကျော်သူရ၊ ဦးသက်ထွန်းမောင်၊ ဦးတိုးတိုး၊ ဦးနေမင်းကျော်တို့က တက်ရောက်ခဲ့ကြပါတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်မှ ထပ်မံပြောဆိုချက်မှ သိရသည်။

ထိုအစည်းအဝေးတွင် ပါတီများမှ နုတ်ထွက်သွားသည့် ပါတီဝင်များနှင့် ဧပြီလ ၂၃ရက်နေ့တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေး တွင် တင်သွင်းမည့်အဆိုများနှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်ဟုလည်း ၎င်းထံမှ သိရှိရသည်။

“ဒါ့အပြင် ဧပြီလ ၁ရက်နေ့က ကျင်းပသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲပေါ် သုံးသပ်ချက်တွေကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။ နောက်ပြီး ဗဟို ဦးစီးကော်မတီအစည်းအဝေးကိစ္စတွေနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ တိုးချဲ့ဖို့ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးသွားပါတယ်”ဟု NDF ပါတီမှ ယင်းအစည်းအဝေးသို့ တက်ရောက်သူတစ်ဦးက ဆိုသည်။

ထို့ပြင် NDFပါတီသည် ဧပြီလ ၁၈ရက်နေ့ကလည်း ၂၃ရက်နေ့တွင် ပြန်လည်ကျင်းပပြုလုပ်မည့် လွှတ်တော်အစည်းအဝေးများ၌ အဆို တင်သွင်း ခြင်းများနှင့် ပတ်သက်၍ လွှတ်တော်ရေးရာကော်မတီအစည်းအဝေးတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့သေးသည်ဟုလည်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

၁၉၉၀တွင် ဖျက်သိမ်းခံရသည့် မွန်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပူးပေါင်းရန် ကတိပြု

ဧပြီလ ၂၂ရက်နေ့ နေ့လည် ၁နာရီတွင် မွန်ပြည်နယ်မှ မွန်ပါတီနှစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီအဖွဲ့ချုပ် တို့အား တစ်ပါတီတည်းအဖြစ် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်သည့် ကတိပြုမှုများအား သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းတွင် မွန်ရဟန်းသံဃာတော်များမှ ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ကြသည်ဟု ဒီဗွီဘီသတင်းဌာနမှ သတင်းဖော်ပြချက်အရ သိရသည်။

“ဒီလိုမျိုး ကတိပြုတာက တစ်ပြည်နယ်မှာ သဘောထားမတူလို့ နှစ်ခြမ်းကွဲနေတာမျိုးမဟုတ်ဘဲ ၂၀၁၀ရွေးကောက်ပွဲတုန်းက မွန်ဒီမိုကရေစီအဖွဲ့ ချုပ်က တာဝန်ရှိတဲ့သူတွေက အကျဉ်းကျနေတာမို့လို့ မွန်လူမျိုးတွေအနေနဲ့ ဝင်ပြိုင်သင့်တယ်ဆိုပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ဖွဲ့စည်းပြီး ဝင်ပြိုင်လိုက်ရတာဖြစ်ပါတယ်။ အခုတော့ မွန်ဒီမိုကရေစီအဖွဲ့ချုပ်ကလူတွေလည်း ပြန်လွတ်လာပြီဆိုတော့ အခုဆိုရင် မွန်လူမျိုးတွေအနေနဲ့ တစ်ပါတီ တည်းပဲရှိသင့်တယ်ဆိုပြီး အခုလိုမျိုး ပါတီနှစ်ခုကိုပေါင်းလိုက်တာဖြစ်ပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ပြောသည်။

ထို့နောက် ယင်းပါတီနှစ်ခုပူးပေါင်း၍ လုပ်ဆောင်သွားမည်ဆိုသည့်ကိစ္စရပ်အား ၂၀၁၄ခုနှစ် ဒီဇင်ဘာလနောက်ဆုံးထား၍ ပူးပေါင်းရန် ကိစ္စရပ် အား ပြုလုပ်သွားရမည်ဖြစ်ပြီး ထိုကဲ့သို့ ပူးပေါင်းသွားအချိန်တွင် ပါတီနာမည်အား အသစ်တစ်ခုရွေးချယ်သတ်မှတ်ရန်တို့လည်း ပါရှိကြောင်း သတင်းဖော် ပြချက်များအရ သိရသည်။

ထို့ပြင် ယင်းပါတီများနှစ်ခုမှ မွန်ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ဖျက်သိမ်းခြင်းခံရသည့် ပါတီတစ်ခုဖြစ်ပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသစ်သည် ၂၀၁၀ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့်ပါတီများဖြစ်ကြောင်းလည်း သိရှိရသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“မျက်မှောက်ခေတ်တွင် သတင်းမီဒီယာများ အားကောင်းလာနေသည့် နည်းတူ၊ အင်တာနက်ကွန်ယက်များလည်း အားကောင်းလာသည့်အခြေအနေတွင် လွှတ်တော်ကိုယ်စားလှယ်များသည် စားသတိ၊ သွားသတိလာသတိနှင့် သတိအမြဲကပ်နေဖို့ လိုအပ်သည်ဟု ထောက်ပြကြသည်။ သတင်းမီဒီယာများသည် ပြည်သူလူထုအကျိုး၊ နိုင်ငံအကျိုးကို အဓိကထားသည့်နည်းတူ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၏ အားနည်းချက်များ၊ လိုအပ်ချက် များကို အပြုသဘော ဝေဖန်ထောက်ပြကြရမည်မှာ လုပ်ရိုးလုပ်စဉ် ဖြစ်သည်။ တစ်ဖက်ကကြည့်လျှင်လည်း၊ ဆန်ရင်းနာနာဖွပ်မည့် အနေအထားများ ကိုလည်း တွေ့နေရသဖြင့် ကြားဖြတ်ရွေးကောက်ပွဲအလွန် လွှတ်တော်ကိုယ်စားလှယ်အသစ်များအနေဖြင့် သတင်းသမားတို့၏ အပြောအဆိုလွတ်အောင် အထူး အားထုတ်လာရဖွယ်ရှိသည်ဟုလည်း သုံးသပ်ကြသည်”

ဧပြီ ၂၄ ထုတ် True News အတွဲ (၄) အမှတ် (၂၉) တွင်ပါသည့် ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်း၏ “လွှတ်တော်ကိုယ် စားလှယ် နိုင်ငံရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အမှန်အတိုင်းပြောရရင် ကျွန်တော်က အခြေခံဥပဒေကို မယုံဘူး။ ဘာမှချမပြဘဲ သူတို့ဟာသူတို့ လုပ်ခဲ့တဲ့ ဥပဒေပါ။ ဒါကြောင့် အဲဒီမှာပါတဲ့အချက် တချို့ကိုလည်း လက်မခံပါဘူး။ ဒါပေမယ့် အခု NLDက ဒီအချက်ကြောင့် မဝင်ဘူးဆိုတာကြောင့်တော့ မဖြစ်စေချင်ပါဘူး။ NLD က လူတွေ လွှတ်တော် ထဲကို ရောက်စေချင်ပါတယ်။ အခုဟာက ကိုယ့်လူမှ မရောက်သေးတာ။ ဘာပဲဖြစ်ဖြစ် အဓိကက ကိုယ့်လူရောက်ဖို့ပဲ။ အထဲရောက်မှ လုပ်ချင်တာ လုပ်လို့ရမှာပါ။ ကျွန်တော့် အမြင်ပြောရရင်တော့ လွှတ်တော်မှာ ကျမ်းကျိန်တာက တစ်ပိုင်း၊ တိုင်းပြည်ကောင်းအောင်လုပ်ဖို့က တစ်ပိုင်းလို့ ထင်ပါ တယ်။ ဒါကြောင့် ဒီအချက်ကို မပြင်ပေးတာနဲ့ လွှတ်တော် ထဲမဝင်ဘဲ မနေစေချင်ပါဘူး”

ဧပြီ ၂၅ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၂၉) တွင်ပါသည့် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၃ ရက်နေ့ လွှတ်တော် မတက်ရန် ရာခိုင်နှုန်းများနေဟုဆို လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် တက်ရေး၊ မတက်ရေး စကားလုံး အငြင်းပွားမှုနှင့် ပတ်သက် ပြီး သုံးသပ်ဝေဖန်မှုများရှိနေ” သတင်းမှ ကြားဖြတ် ရွေးကောက်ပွဲတွင် မန္တလေးမြို့၊ မဟာအောင် မြေမြို့နယ်မှ မဲပေးခဲ့သူဦးပြည့်ဖြိုး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အရင်လို မရတော့ဘူး။ လက်သိပ်ထိုးလုပ်ဖို့၊ လက်ဝါးကြီးအုပ်ဖို့ သိပ်မလွယ်လောက်တော့ဘူး။ အရင်ပေးခဲ့တဲ့ လုပ်ငန်းရှင်ကြီးတချို့ရခဲ့တဲ့ လုပ်ငန်း တချို့ကိုလည်း ပြန်စိစစ်ပြီးသင့်တော်သလို ပြင်ဆင်ဆောက်ရွက်သွားဖို့ ရှိတယ်လို့ သိရတယ်။ တစ်ဦးတစ်ယောက်တည်းလည်း လုပ်ချင်တာလုပ်လို့ မရတာကြောင့် အရင်လိုနီးရာ လူပေးဖို့ မလွယ်တော့ဘူး”

ဧပြီ ၂၅ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၂၉) တွင်ပါသည့် “ယခင်အစိုးရလက်ထက်က စီးပွားရေးလုပ်ငန်းကြီးတချို့ကို ပေးအပ်ထားသော မြေနေရာများ၊ စက်မှုဇုန်များနှင့် မြို့ပြစီမံကိန်းများအပါအဝင် လုပ်ပိုင်ခွင့် အချို့ကို ပြန်လည်စိစစ်ရန် လက်ရှိအစိုးရ အဖွဲ့ ပြင်ဆင်နေ” သတင်းမှ အစိုးရအဖွဲ့နှင့် နီးစပ်သူ လုပ်ငန်းရှင်ကြီးတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment