Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

*****************************************

ဆောင်းပါးကဏ္ဍ

ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မိုးမြင့်ငြိမ်း

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံသည် ကိုလိုနီစနစ်အမွေဆိုးဟု ဆို၍ရနိုင်သည့် ဗမာနှင့် တိုင်းရင်းသားများအကြား သွေးကွဲ နေမှုကို ခံစားခဲ့ရသည်။ သို့နှင့် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ပြည်တွင်းစစ်ကြီး ဖြစ်ပွားခဲ့ရသည်။ တပ်မတော်မှ အင်အားကြီးမားလာခဲ့ရသည့် အကြောင်း ရင်းမှာလည်း ယင်းပြည်တွင်းစစ်ပေါ်တွင် များစွာ မူတည်သည်။ ထိုပြည်တွင်းစစ် အရှိန်တက်လာတိုင်း စစ်တပ်မှ နိုင်ငံတော်တည်ငြိမ်ရေးအတွက် အာဏာ သိမ်းခဲ့ရခြင်းကို ၁၉၄၉၊ ၁၉၅၈၊ ၁၉၆၂ အတွေ့အကြုံများအရ သိနိုင်သည်။ ပါလီမန်ဒီမိုကရေစီခေတ် ပထစအစိုးရလက်ထက် ပမညတ အမတ်တစ်ဦးဖြစ် သည့် ဝိဓူရသခင်ချစ်မောင် ပြောခဲ့သလိုပင် “စစ်ဘောင်ကျယ်လျှင် ဒီမိုကရေစီဘောင်ကျဉ်းတယ်”ဟူသည့် စကားအတိုင်း ဒီမိုကရေစီမှာ ရင့်ကျက်မှုအဆင့် ထိ ရောက်မလာနိုင်ဘဲ လမ်းခုလတ်မှာပင် နောက်ကြောင်းပြန်သွားခဲ့ရသည်။ ပါလီမန်ခေတ် နိုင်ငံ၏ စီးပွားရေးတည်ဆောက်မှု အပိုင်းကိုလည်း သုံးသပ် ကြည့်ပါဦး။ ပြည်တွင်းစစ်ကြီးကြောင့် စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို အားယူလုပ်ဆောင်၍ မရနိုင် ဖြစ်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးမရှိ လျှင် ဖွံ့ဖြိုးရေးကို လုပ်ဆောင်နိုင်ဖို့ ခဲယဉ်းနေမည်သာဖြစ်သည်။

နိုင်ငံတကာ သတင်းမီဒီယာများတွင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားအရေးကို ဝေဖန်ပြောကြားတိုင်း ဖယ်ဒရယ်စနစ်ဆိုသည့် စကားကို လိုလားနှစ် ခြိုက်သည့်ဟန်ဖြင့် အမြဲတစေ ထည့်သွင်း ပြောကြားလေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ကာစကဆိုလျှင်လည်း စက္ကန်းပင်လုံဆိုပြီး အိုဒီယာတစ်ခု ဖော်ဆောင်ခဲ့ခြင်းမျိုးလည်း ရှိသည်။ အမှန်စင်စစ် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖဆပလညီလာခံ တွင် တင်သွင်းခဲ့သည့် ၁၉၄၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဖယ်ဒရယ်ပုံစံမျိုးမဟုတ်။  ဗိုလ်ချုပ်အောင်ဆန်းသည် လက်တွေ့ကျသည့် ခေါင်းဆောင်တစ် ဦး ဖြစ်သည်နှင့်အညီ အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှု၊ မြန်မာတို့၏ စရိုက် သဘောသဘာဝကိုလည်း သိသည့်အားလျှော်စွာ တိုင်းရင်းသားများ၏ ဆန္ဒကို လုံးလုံး မပစ်ပယ်ဘဲ ပြည်ထောင်စုစနစ်တစ်ရပ်ကို ဖော်ဆောင်ခဲ့သည်။

ယခု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမေရိကန်လို အာဏာခြင်း တန်းတူရှိသည့် အားကောင်း သည့် ဗဟိုအစိုးရနှင့် အားကောင်းသည့် ဒေသန္တရအစိုးရမျိုး မဟုတ်သည့်တိုင် ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုစီတွင် ကိုယ်ပိုင်အစိုးရအဖွဲ့၊ ကိုယ်ပိုင် လွှတ်တော်နှင့် ကိုယ်ပိုင်တရားစီးရင်ရေးတို့ ရှိကြသည်။ ဖွဲ့စည်း ပုံအခြေခံဥပဒေဇယား ၂ အရ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်များ ဥပဒေ ပြုခွင့်ရှိသည့် ကဏ္ဍများကို ထည့်သွင်း ရေးဆွဲထားခြင်းဖြင့် ပြည်ထောင်စုမှ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များကို စည်းမျဉ်းစည်းကမ်း ဖြေလျှော့ကာ (deregulation) လုပ်ပိုင်ခွင့်များ ပေးအပ်ထားခြင်းဖြစ်သည်။ နိုင်ငံအုပ်ချုပ်မှုစနစ်ဆိုရာမှာ ကိုယ့်ရဲ့ ပကတိအခြေအနေ၊ ရေခံမြေခံသဘောတရားများ (local context) အရသာဖန်တီးပုံဖော်မှ အောင်မြင်နိုင်မှာဖြစ်ပြီး အခြားနိုင်ငံတစ်နိုင်ငံမှ စနစ်ကို သွပ်သွင်းပုံဖော်လျှင် အောင်မြင်နိုင်ဖို့ ခဲယဉ်းမည်သာ ဖြစ်သည်။ ကိုယ်နှင့်မတော်သည့် အကျီကို ဝတ်ရသည့်အတွက် ပုံမကျ၊ ပန်းမကျ ဖြစ်နေမည်သာ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံမှာ အမေရိကန်လို ဖယ်ဒရယ်စနစ် အပြည့်အဝ ကျင့်သုံးရန် အဆင်သင့် မဖြစ်သေးပါ။ တစ်ပြည်ထောင်စနစ် (unitary system) မှအစ ဖယ်ဒရယ်စနစ် (federal system) အ လယ် မဟာမိတ်စနစ် (confederation) အဆုံး ပူးစည်းမှုသဘောအရ (integration theory) နိုင်ငံတစ်နိုင်ငံသည် ကိုယ့်နိုင်ငံနှင့် ကိုက်ညီသည့်စနစ်ကို ဆီလျှော်သလို နှိုင်းရသဘောအားဖြင့် ကျင့်သုံးအကောင်အထည်ဖော်မှသာ အောင်မြင်နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားများတွင် ဗမာတိုင်းရင်းသားများမှာ လူများစုဖြစ်သော်လည်း လူနည်းစု တိုင်းရင်းသားများအပေါ် ယေဘူယျအားဖြင့် လူမျိုးကြီးပုံစံ ဆက်ဆံရေးမျိုး မထားရှိပါ။ လူမျိုးကြီးပုံစံမျိုး မရှိသော်လည်း ဗမာအများစု မှီတင်းနေထိုင်သည့်အတွက် လွှမ်းမိုးကြီးစိုးမှု ရှိနေသည့်သဘော သက်ရောက်မှု ရှိနေသည်။ ဤသည်မှာ လူနည်းစုတိုင်းရင်းသားများ ခွဲခြားဆက်ဆံလိုသည့် စိတ်ထားမျိုးမဟုတ်ဘဲ မတူကွဲပြားခြင်းဆိုသည့် သဘောကို အလေးထားမှု အားနည်းခဲ့သောကြောင့် ဖြစ်သည်။ ထိုအတွက်ကြောင့်ပင်လျှင် တိုင်ရင်းသားများအနေဖြင့် ဗမာလူမျိုးများကို လူမျိုးကြီးဟူ၍ ကြည့်မြင် သလို ၎င်းတို့၏ တိုင်းရင်သားဖြစ်တည်မှု အမှတ်အသားသရုပ်အပေါ် (identity) ထိန်းသိမ်းကာကွယ်လိုသည့် သဘောလည်း ရှိသည်။  အမှတ်အသား သရုပ်ဆိုသည်မှာလည်း အသိုင်းအဝိုင်းစိတ်ဓာတ်၊ စုစည်းညီညွတ်မှုစိတ်ဓာတ် များပြားထွန်းကားခြင်း အစရှိသည့် အလင်းဘက်အခြမ်းရှိသလို၊ အကြမ်း ဖက်လိုစိတ်၊ ပျက်စီးလိုစိတ် အစရှိသည့် အမှောင်ဖက်အခြမ်းလည်း ရှိသည်။

ယခုအခါတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ငြိမ်