Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၉.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ထိပ်သီးခေါင်းဆောင်နှစ်ဦးကြား ဆက်ဆံရေးတန်းသွားခြင်းကို အစိုးအာဘော် သတင်းစာ လှစ်ဟ

(New York Times မှ 5 June 2012 ရက်စွဲပါ“ Myanmar article hints at strains between top figures” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံမှဖွံ့ဖြိုးတိုးတက်မှုသည် အာရှမှနမူနာများကိုသင်ခန်းစာယူပါ  

(6 June 2012 ရက်စွဲပါ Reuters Blogs မှ Wayne Arnold ၏ Asia offers Myanmar Development do's and don'ts ကို ဘာသာပြန်ဆို သည်။)

  1. PTTE  က ကုန်းတွင်း ရေနံလုပ်ကွက် နှစ်ခုအတွက် ထုတ်လုပ်မှု မျှဝေခံစားရေး စာချုပ် ချုပ်ဆို

(7 June 2012 ရက်စွဲပါ E&P မှ PTTE inks PSC for two manager exploration blocks ကို ဘာသာပြန်ဆိုသည်။)

  1. ရွေးချယ်ရမည့်လမ်းဆုံသို့ ထားဝယ်စီမံကိန်း ရောက်ရှိနေ

(Port Strategy မှ 7 June 2012 ရက်စွဲပါ "Dawei reaches crossroads" သတင်းကို ဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

ထိပ်သီး ခေါင်းဆောင်နှစ်ဦးကြား ဆက်ဆံရေး တန်းသွားခြင်းကို အစိုးအာဘော် သတင်းစာ လှစ်ဟ

(New York Times မှ 5 June 2012 ရက်စွဲပါ“ Myanmar article hints at strains between top figures” သတင်းကို ဘာသာပြန်ဆိုသည်။)

လက်ရှိ အာဏာရ သမ္မတဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ခက်ခက်ခဲခဲ ရယူထားရသော ယုံကြည်မှု ပျက်ပြားသွားနိုင်ခြင်းကို စိုးရိမ်ကြောင်း လှစ်ဟထားသည့် ဆောင်းပါးတစ်ပုဒ်ကို အစိုးရအာဘော် သတင်းစာက အင်္ဂါနေ့တွင် ဖေါ်ပြခဲ့သည်။

New Light of Myanmar သတင်းစာပါ ဆောင်းပါးက ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလော ထိုင်းနိုင်ငံခရီးစဉ်အပြီး စိုးရိမ်စရာများကို တင်ပြ ထားပြီး စစ်မှန်သော ဒီမိုကရေစီလူ့အဖွဲ့အစည်း မဖြစ်သေးသော မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရာတွင် သတိထားကြရန် ရင်းနှီးမြှုပ်နှံသူများ (ထိပ်တန်းအဆင့် ညှိနှိုင်းမှုပြုလုပ်နေကြသူများ)ကို သတိပေးခဲ့ခြင်းအတွက် သူမကို ပြစ်တင်ဝေဖန်သည့် လက္ခဏာရှိသည်။အာရှ၏ အဆင်းရဲဆုံးတစ်နိုင်ငံဖြစ်သော မြန်မာ နိုင်ငံသည် ယခုအခါ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ချိန်တန်ပြီဟူသော မြန်မာအစိုးရ၏ မောင်းသတင်းကို သူမ၏မှတ်ချက်များက တန်ဖိုးကျစေသည်။

ယင်းဆောင်းပါးသည် လက်ရှိ သမ္မတဦးသိန်းစိန်နှင့် ယခု လွှတ်တော်အမတ်ဖြစ်လာသော ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆက်ဆံရေးတင်းခဲ့ ခြင်းကို ထပ်မံလှစ်ဟပြထားပုံရသည်။ ထို့အပြင် မြန်မာနိုင်ငံအား ဒီမိုကရေစီပန်းတိုင်သို့ မောင်းနှင်ရာတွင် သူတို့နှစ်ဦးကြား ပူးပေါင်းဆောင်ရွက်မှုကို  မရှိမ ဖြစ် လိုအပ်သည်ဟု သုံးသပ်ထားသည်။

စစ်အုပ်ချုပ်ရေးလက်ထက်တွင် New Light of Myanmar သတင်းစာသည် တပ်မတော်အစိုးရ၏ အာဘော်တစ်ခုဖြစ်ခဲ့သော်လည်း ယခုလက်ရှိ နိုင်ငံ၏ မီဒီယာအခင်းအကျင်းသစ် ထွက်ပေါ်လာချိန်တွင် ဦးသိန်းစိန်အစိုးရ၏ အာဘော်ကို ဘယ်လောက်ထင်ဟပ်သလဲ၊ တရားဝင်သတိပေးမှုတစ်ခုအဖြစ် သတ်မှတ်၍ ရသလားဆိုသည်ကို သဲသဲကွဲကွဲ မသိနိုင်ပါ။

ယခုအချိန်ထိမူ အစိုးရသတင်းများကို ဖြန့်ချီရန် မဖြစ်မနေ အသုံးချနေရသော ၎င်းသတင်းစာတွင် အစိုးရမူဝါဒကို ထိခိုက်စေမည့် ဆောင်းပါးများ ကို ခွင့်မပြုသေးပါ။

မြန်မာနိုင်ငံ၏ အနာဂါတ်သည် ခေါင်းဆောင်နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် လုံးလုံးလျားလျား မူတည်နေသည်ဟူသော ဆောင်းပါးပါ ဖေါ်ပြ ချက်သည် နိုင်ငံတွင်း အများစုတွေးခေါ်နေကြသော“နိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုသည် ပုဂ္ဂိုလ်အချို့၏ တွန်းအားကြောင့် ထွက်ပေါ်လာခြင်းဖြစ်၍ ခိုင်မာမှု မရှိသေး”ဟူသော အယူအဆကို သံယောင်လိုက်ထားသည်။

သူ့ကိုယ်သူ အမေရိကန်ရောက် မြန်မာတစ်ဦးဟု ဆိုထားသော “မောင်အေးချမ်း” ဟူသော ကလောင်ရှင်က “ရွှေအခွင့်အရေးဆုံးရှုံးသွားမှာ စိုး ကြောက်မိသည်”ဟု ရေးသားထားသည်။

သို့သော် စစ်အုပ်ချုပ်ရေးခေတ်က အစိုးရသတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန် အပုတ်ချခဲ့ခြင်းနှင့် လုံးဝကွဲပြားခြားနား စွာ၊ ယခုဆောင်းပါးတွင် သူမအား “ခေါင်းဆောင်”ဟု သုံးနှုန်းထားခြင်းကြောင့် ခေါင်းဆောင်နှစ်ဦးကြား မည်သို့ပင် ဆက်ဆံရေး တန်းသွားသော်လည်း အလွန်အကျွံ မဟုတ်ဟု ယူဆနိုင်သည့် အလားအလာရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ထိုင်းနိုင်ငံခရီးစဉ် အစီအစဉ်များကို ထုတ်ပြန်ကြေညာပြီးနောက်၊ သမ္မတ၏ ထိုင်းခရီးစဉ်ကို ဖျက်သိမ်းလိုက်ချိန် တွင် အချိတ်အဆက်လွဲနေကြောင်း ပထမဆုံးအထောက်အထား ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူမ၏ လက်ထောက်အကြံပေးများက သမ္မတကြီး အလုပ် များနေသည်ဟု ကနဦး ပြောကြားခဲ့ကြသော်လည်း ထို့နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပွင့်လင်းမြင်သာမှုမရှိဟု ပြစ်တင်ဝေဖန်ခဲ့ကြသည်။

တိုင်းရင်းသားသူပုန်များနှင့် အစိုးရအကြား ငြိမ်းချမ်းရေးညှိနှိုင်းမှုများတွင် ပါဝင်ကူညီနေပြီး၊ ယခုတလော သမ္မတဦးသိန်းစိန်နှင့် မကြာခဏ တွေ့ ဆုံလျှက်ရှိသူ ဦးတင်မောင်သန်းက “သမ္မတကြီးသည် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အသေးစိတ်အချက်အလက်များ အသိမပေးခဲ့ခြင်း အပေါ် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်”ဟု အင်္ဂါနေ့က ပြောကြားသည်။

“အတိုင်းအတာတစ်ခုလောက်အထိတော့ စိတ်အနှောင့်အယှက် ဖြစ်သွားတာပေါ့။ ဒါပေမယ့်လည်း သမ္မတကြီးက တင်းမာမှုတွေ ကြီးထွားမလာ အောင် ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်ပါ”ဟု ဦးတင်မောင်သန်းက တယ်လီဖုန်းအင်တာဗျူးတွင် ပြောကြားသည်။

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၂၀ ကျော် တံခါးပိတ်အုပ်ချုပ်ရေး ကာလအတွင်း သူမကိုယ်တိုင် တံခါးပိတ်ထိန်းသိမ်းခြင်းခံခဲ့ရသော ဒေါ်အောင်ဆန်းစု ကြည်၏ ၆ ရက်ကြာ ထိုင်းခရီးစဉ် ပြီးဆုံးခါနီးတွင် ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်ရန် သူမက တောင်းဆိုသွားခဲ့ခြင်းကြောင့် ထိုင်းအာဏာပိုင်များ အံ့အားသင့်ခဲ့ကြရသည်။ ထိုဒေသတွင် ယခင်နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသော ကရင်လက်နက်ကိုင်များကို ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးသဘော တူညီမှုရရန် ညှိနှိုင်းလျှက်ရှိသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး အကြားက တင်းမာမှုဖြစ်ရတဲ့ အဓိကအကြောင်းကတော့ ဆက်သွယ် ဆောင်ရွက်မှုတွေပါပဲ။ တကယ်လို့ လေဒီမှာ အစီအစဉ်တစ်ခုခု ရှိတယ်ဆိုရင် အဲဒါကို သမ္မတကြီးက သိချင်ပါတယ်”ဟု ဦးတင်မောင်သန်းက မှတ်ချက်ပေး ပြောကြားခဲ့သည်။

--------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံမှဖွံ့ဖြိုးတိုးတက်မှုသည် အာရှမှနမူနာများကိုသင်ခန်းစာယူပါ

(6 June 2012 ရက်စွဲပါ Reuters Blogs မှ Wayne Arnold ၏ Asia offers Myanmar Development do's and don'ts ကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အောင်မြင်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားနိုင်သလို အန္တရာယ်နှင့် ကြုံတွေ့ရသည့်အဖြစ်လည်း ဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ အလားအလာများကို အကောင်းမြင်မှုများအား သံသယကြီးကြီး (Healthy Skepticism)ဖြင့် ထိန်းညှိရန် ဒေါ်အောင်ဆန်းစု ကြည်က ဇွန်လ(၁) ရက်နေ့က သတိပေးစကား ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်း (၅၀)ခန့် အထီးကျန်ဖြစ်နေခဲ့ရာ အိမ်နီးချင်းနိုင်ငံများမှ အမှား များကို သင်ခန်းစာယူရန် အခွင့်အလမ်းကောင်းဟု မှတ်ယူရမည် ဖြစ်သည်။ အကျင့်ပျက်ခြစားမှုမှအစ ငွေကြေးစနစ်အဆုံး အခြားအာရှနိုင်ငံများ၏ အမှား များထဲမှ အမှန်ကို ထုတ်ယူနိုင်သည်။

ပထမဆုံးကိစ္စမှာ ဝင်ရောက်လာမည့် အရင်းအနှီးသစ်များကို မည်သို့ကိုင်တွယ်မည်နည်းဆိုသည့်ကိစ္စ ဖြစ်သည်။ အနောက်နိုင်ငံများ ခြေကုန်လက် ပန်းကျနေချိန်တွင် အာရှ၏ကုန်သွယ်မှု စီးဆင်းနေရခြင်းဖြစ်သောကြောင့် မြန်မာနိုင်ငံသည် ဝင်ငွေတိုးတက်ရေးအတွက် ပို့ကုန်အပေါ်တွင် များစွာမှီခိုရန် မဖြစ်နိုင်ပေ။

သို့သော် အမြတ်ရရေးနေရာ ရှာဖွေနေဆဲဖြစ်သော ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေ (Global Pension Fund)တွင် အကြမ်းအားဖြင့် ဒေါ်လာ(၁၉) ထရီလီ ယံရှိနေပြီး၊ မြန်မာနိုင်ငံကလည်း တရုတ်နှင့် အိန္ဒိယကြားတွင် မဟာဗျူဟာကျသောနေရာတွင် တည်ရှိနေသည်။ ၎င်းအတွက် ရင်းနှီးမြှုပ်နှံမှု လိုချင်လိမ့်မည် မဟုတ်ပေ။

ဂျပန်နှင့် တရုတ်ကို ပုံတူကူးချခြင်းသည် လမ်းမှားလိုက်မိခြင်း ဖြစ်ပေလိမ့်မည်။ ၎င်းတို့သည် အရင်းအနှီးများကို စက်မှုလုပ်ငန်းများနှင့် အခြေခံ အဆောက်အဦး တည်ဆောက်မှုလုပ်ငန်းရှင် အီလစ် (Commercial Elites)များသို့ အခွင့်အရေးပေးပြီး ဦးစားပေးရရှိစေခဲ့သည်။ သို့သော် ညစ်ညမ်းမှု များ(Pollution)၊ ဝင်ငွေကွာဟမှုများနှင့် အကျင့်ပျက်ခြစားမှုများကို ဝယ်ယူလိုက်သလို ဖြစ်ခဲ့သည်။ ဂျပန်နှင့် တရုတ်တို့၏ လမ်းစဉ်သည် ဖွံ့ဖြိုးတိုးတက်မှုကို ၁၀% ကျော်အလွယ်လေး ရနိုင်ခြင်းကြောင့်၊ မြန်မာတို့သည် ယခု အစကတည်းက ထိုထက်ပို၍ ရာခိုင်နှုန်းတိုးတက်နိုင်ရန် ရည်မှန်းလုပ်ဆောင်နိုင်သည်။

မြန်မာနိုင်ငံသည် Transparency International ၏ အကျင့်ပျက်ခြစားမှု ညွှန်းကိန်းများတွင် အောက်ခြေ၌ အာဖဂန်နစ္စတန်နှင့် နင်လားငါလား အပြိုင်ဖြစ်လျက်ရှိသည်။ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နိုင်ရန် ထိရောက်သော တရားစီရင်ရေးစနစ် လိုအပ်ပြီး၊ အင်ဒိုနီးရှားနှင့်မတူပဲ လာဘ်ပေးလာဘ် ယူပေါ်တွင် မှီခိုခြင် မပြုနိုင်ရန် လစာကောင်းကောင်း ပေးထားရမည်ဖြစ်သည်။ မြေယာများသိမ်းယူခြင်းကို ရပ်ခိုင်းရန် အခြေပစ္စည်းပိုင်ခွင့်ကို ရှင်းလင်းရန် လိုအပ်ပြီး ဖိလစ်ပိုင်စတိုင် ပိုင်ဆိုင်မှုပစ္စည်းမရှိသော လယ်သမားများဘဝမျိုးကို ရှောင်ရှားရမည် ဖြစ်သည်။

တရုတ်နိုင်ငံသည် တံခါးဖွင့်ပြီး နှစ်သုံးဆယ်ကြာမှ အရေးပါသော အဆောက်အဦးနှင့် ဝန်ဆောင်မှုများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယခု စတင် ဖွင့်လှစ်ပေးခဲ့ပြီဖြစ်ရာ၊ မြန်မာနိုင်ငံသည်လည်း ဓါတ်အားပေးစက်ရုံမှအစ အသက်မွေးဝမ်းကျောင်းဆိုင်ရာများအထိ အရေးပါသော အခြေခံအဆောက်အဦး နှင့် ဝန်ဆောင်မှုများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် တံခါးဖွင့်ပေးရမည် ဖြစ်သည်။ ပင်စင်ရန်ပုံငွေ (Pension Fund)များသည် ရေရှည်အတွက်သာ ပေးရ လိမ့်မည်ဟု မျှော်လင့်ရသည်။ ဆယ်လူလာကွန်ယက်များနှင့် အင်တာနက်ကို မြန်မာ့လူဦးရေ၏ ပိုမိုကျယ်ပြန့်သော အစိတ်အပိုင်းထိ တိုးချဲ့နိုင်သည်။

ခက်ခဲသော ဆုံးဖြတ်ချက် အများအပြားရှိလိမ့်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အပြိုင်အဆိုင်များသော အသာစီးရယူမှုများ မရှိပါပဲနှင့် အချို့ဖူးပွင့် စ ပြည်တွင်းစက်မှုလုပ်ငန်းများကို နိုင်ငံခြားစက်မှုလုပ်ငန်းများမှ ပြိုင်ဆိုင်လာလျှင် အကာအကွယ်ပေးရန် လိုအပ်သည်။ ငွေကြေးကို အမေရိကန်ဒေါ်လာနှင့် တွဲထားခြင်းသည် တည်ငြိမ်မှုကို ဖြစ်စေသည်ဆိုသော်လည်း၊ ငွေကြေးကို အရှင်မျှောထားခြင်းသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုရေစီး၏ သက်ရောက်မှု များကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။ ထိုင်းနှင့် တောင်ကိုရီးယားတို့တွင် မတည်ငြိမ်မှုများကို သက်သေပြထားမှုများ ရှိသည်။ အကယ်၍ မြန်မာနိုင်ငံ သည် နမူနာများကို ကြည့်၍ သင်ခန်းစာယူနိုင်ခဲ့လျှင် မုန်တိုင်းများကို ကျော်ဖြတ်နိုင်လိမ့်မည် ဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------

PTTE  က ကုန်းတွင်း ရေနံလုပ်ကွက် နှစ်ခုအတွက် ထုတ်လုပ်မှုမျှဝေခံစားရေး စာချုပ်ချုပ်ဆို

(7 June 2012 ရက်စွဲပါ E&P မှ PTTE inks PSC for two manager exploration blocks ကို ဘာသာပြန်ဆိုသည်။)

PTTE ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ကုန်းတွင်းရေနံရှာဖွေရေး လုပ်ကွက်နှစ်ခုအတွက် ထုတ်လုပ်မှုမျှဝေခံစားရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ သည်။ ယခု စာချုပ်သည် PTTE ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် အနာဂါတ် ထိုင်း-မြန်မာ စွမ်းအင်ရောင်းဝယ်ရေး ခိုင်မာစေရန် အသုံးစရိတ်များတွင် အထောက်အကူဖြစ်မည်ဟု ကုမ္ပဏီက ပြောသည်။

စာချုပ်လက်မှတ်ရေးထိုးပွဲကို နေပြည်တော်တွင် ကျင်းပရာ PTTE ၏ ဥက္ကဌနှင့် CEO ဖြစ်သူ Tevin Vongvanich နှင့် Win Precious Resources (WPR) Pte.Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းလင်းရှိန်နှင့် အစိုးရရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင် ထူးတို့မှ PSC-G နှင့် EP-2 လုပ်ကွက်နှစ်ခုအတွက် ရှာဖွေထုတ်လုပ်ရေးရပိုင်ခွင့်များစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ထိုင်းနိုင်ငံ၏ စွမ်းအင်ဝန်ကြီး Arak Chmlathanont နှင့် မြန်မာစွမ်းအင်ဝန်ကြီး ဦးသန်းဌေးတို့လည်း အဆိုပါလက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ သည်။

ယင်းကုန်းတွင်းရေနံရှာဖွေရေး လုပ်ကွက်နှစ်ခုသည် နေပြည်တော်၏ အနောက်ဖက် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရှိသည်။ PSC-G လုပ်ကွက် သည် ၁၃၃၃၀ စတုရန်းမီတာ ကျယ်ပြီး၊ EP-2 လုပ်ကွက်သည် ၁၃၄၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

PTTE ၏ လက်အောက်ခံဖြစ်သော PTTE South Asia Ltd. သည် အဆိုပါ လုပ်ကွက်နှစ်ခုကို WPR နှင့် ဖက်စပ်လုပ်ကိုင်မည် ဖြစ်သည်။ PTTE SA သည် အော်ပရေတာ ဖြစ်မည်ဖြစ်ပြီး၊ ရှယ်ယာ ၉၀% ပိုင်ဆိုင်ကာ၊ WPR က ၁၀% ရှယ်ယာ ပိုင်ဆိုင်သည်။

လက်ရှိ ရှာဖွေနေသော ရလဒ်များအရ အဆိုပါ ဒေသတွင် အလုပ်လုပ်ကိုင်နိုင်မည့် ရေနံများရှိမည်ဟု ပြသနေသည်။ ဖက်စပ်ကုမ္ပဏီများသည် 2D ဆိုက်စမစ် တိုင်းထွာရေးများ လုပ်ဆောင်ရန်စီစဉ်နေပြီး၊ ရှာဖွေရေးကာလသုံးနှစ်အတွင်း လေးတွင်းတူးနိုင်ရန်အတွက် အနည်းဆုံး ဒေါ်လာ ၂၄ သန်း ထည့်ဝင်ရန် ကတိပြုထားသည်။

--------------------------------------------------------------------------------------------------------------------------------

ရွေးချယ်ရမည့်လမ်းဆုံသို့ ထားဝယ်စီမံကိန်း ရောက်ရှိနေ

(Port Strategy မှ 7 June 2012 ရက်စွဲပါ "Dawei reaches crossroads" သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ တောင်ဘက်ကမ်းရိုးတန်းမှ ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းသည် ရွေးချယ်ရတော့မည့် လမ်းဆုံလမ်းခွသို့ ရောက်နေပြီဟု မြန်မာအစိုးရ ၏ စက်မှုဝန်ကြီး ဦးစိုးသိန်းက ဘန်ကောက်ပို့စ် သတင်းစာသို့ မကြာသေးမီက အသိပေး ပြောကြားလိုက်သည်။

"တကယ်လို့ စီမံကိန်းအကောင်အထည်ဖော်မယ့် အီတာလျံ-ထိုင်းကုမ္ပဏီအနေနဲ့ သူတို့လုပ်နိုင်မယ်ဆိုရင်လည်း လုပ်ပေါ့၊ တကယ်လို့ သူတို့မလုပ် နိုင်ဘူးဆိုရင်လည်း ကျွန်တော်တို့ ပြန်လည်သုံးသပ်ရတော့ မှာပေါ့"ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

"မြန်မာအစိုးရအနေဖြင့် အခြားရွေးချယ်စရာနေရာများကို လေ့လာနေကြောင်း ထုတ်မပြောမီ ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ ထားဝယ်စီမံကိန်း က အထူးစီးပွားရေးဇုန်တစ်ခုပါ၊ နေရာသစ်တစ်ခုဖြစ်တဲ့ သီလဝါဟာ ရေနက်ဆိပ်ကမ်း ရှိပေမယ့်လည်း ထားဝယ်ရဲ့ ပြိုင်ဖက်တော့ ဖြစ်မလာနိုင်ပါဘူး၊ ဒါပေ မယ့်လည်း ကျွန်တော်တို့ရဲ့ တနင်္သာရီကမ်းရိုးတန်းက ကီလိုမီတာ ၁၂၀၀ ကျော် ရှည်လျားတဲ့အတွက် နောက်ထပ် ရေနက်ဆိပ်ကမ်းတွေ အများကြီးရှိလာ နိုင်ပါတယ်"ဟု မြန်မာစက်မှုဝန်ကြီး ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။

ယခုအခါ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ အရှိန်ရနေခြင်းကြောင့် ထားဝယ်စီမံကိန်း၏ ဖြစ်နိုင်စွမ်းအပေါ် ယခင်ကပင် သံသယမရှိခဲ့ ကြသည့် ဘန်ကောက်အသိုင်းအဝိုင်းက ယခုသတင်းကို များစွာ အံ့ဩခြင်းမရှိဟု သိရသည်။

ဘယ်နည်းနဲ့မဆို ဒီစီမံကိန်းဆက်ဖြစ်နေလိမ့်မယ်လို့တော့ ကျွန်တော်တို့ မစဉ်းစားခဲ့ကြပါဘူးဟု အစိုးရ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများရအောင် ရှာဖွေနေရသော ပြဿနာများကို ထောက်ပြပြောဆိုသည်။

--------------------------------------------------------------------------------------------------------------------------------


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment