Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၉.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံက စီးပွားရေးအတွက် တံခါးဖွင့်

(7 June 2012 ရက်စွဲပါ CNN News မှ Myanmar opens doors to business ကိုဘာသာပြန်ဆိုသည်။)

  1. သြစတြေးလျက မြန်မာ့ပညာရေး ရန်ပုံငွေ ထောက်ပံ့မှုကို ဒေါ်လာ သန်း ၈၀ အထိ တိုးမြှင့်မည်

(WA Today မှ 9 Jun 2012 ရက်စွဲပါ “Burma education aid to total $80 m: Carr”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် လုပ်ငန်းချဲ့ရန် မစ်ဆုအိကုမ္ပဏီ စိတ်အားထက်သန်

(Daily Yomiuri News မှ 9 Jun 2012 ရက်စွဲပါ “Mitsui eager to diversify Myanmar business” သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံက စီးပွားရေးအတွက် တံခါးဖွင့်

(7 June 2012 ရက်စွဲပါ CNN News မှ Myanmar opens doors to business ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် ကမ္ဘာကြီးနှင့် တံခါးပိတ်ထားခဲ့သည်မှာ နှစ်ပေါင်း(၅၀)ခန့် ရှိပြီဖြစ်သည်။ သို့သော် ယခုအခါ မြန်မာအစိုးရသည် ပြုပြင်ပြောင်းလဲ ရေး လမ်းကြောင်းကို လျှောက်လှမ်းလာသောအခါ၊ မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယကြား ပျောက်နေသော အဆက်အစပ်တစ်ခုအဖြစ် ပြန်လည် ထွက်ပေါ်လာခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် အချိန်ကျပြီလောဟု စဉ်းစားလျှက်ရှိသည်။

ရာစုနှစ်တစ်ဝက်ခန့် စစ်တပ်မှ အုပ်ချုပ်ခဲ့ရာ မြန်မာနိုင်ငံအတွက် စီးပွားရေးအရ အထီးကျန်ဖြစ်ခဲ့ရပြီး၊ အာရှတွင် အချမ်းသာဆုံး နိုင်ငံတစ်ခုမှ အဆင်းရဲဆုံး နိုင်ငံတစ်ခုအဖြစ် ရောက်ရှိခဲ့ရသည်။ သို့သော် ယခုအခါ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများနှင့် အတူ တွဲလျက်လုပ်ဆောင်လျှက် ရှိရာ အရပ်သား အစိုးရသစ်သည် စီးပွားရေးလုပ်ငန်းများအတွက် တံခါးဖွင့်ထားပြီး၊ ရင်းနှီးမြှုပ်နှံမှုများ အန္တရာယ်ကင်းစွာ လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ကမ္ဘာသို့ သက်သေပြရန် စိတ်အားထက်သန်လျှက် ရှိသည်။

မကြာသေးမီက ရန်ကုန်တွင် ကျင်းပသော ရေနံနှင့် ဓါတ်ငွေ့ကွန်ဖရင့်သည် ကမ္ဘာတစ်လွှားရှိ အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ခဲ့သည်။ အရေးယူမှုများ ဖြေလျော့သွားခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံတွင် ငွေရှာရန် စဉ်းစားလျှက် ရှိကြသည်။

အမေရိကန် ကုမ္ပဏီဖြစ်သော USR တူးဖော်ရေး ဝန်ဆောင်မှုကုမ္ပဏီကို David La Prade က ဦးဆောင်လာခဲ့ပြီး ပြည်တွင်း ကုမ္ပဏီတစ်ခုအား ရေနံရှာဖွေရေးနှင့် တူးဖော်ရေး နည်းပညာများ ပေးရန် ညှိနှိုင်းလျှက်ရှိသည်။ ၄င်းက အကျိုးအမြတ်က အန္တရာယ်နှင့် ယှဉ်လျှင် ပိုများနေကြောင်း ဆိုသည်။

“စောစောဝင်လာရင်တော့ အမှားလုပ်မိမှာပါပဲ။ အလားအလာကောင်းတဲ့ ဈေးကွက်သစ်မှာ စီးပွားရေး လုပ်တဲ့အခါ မြေမြှုပ်မိုင်းလို အန္တရာယ်တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် စောစောဝင်လာနိုင်မှ အခွင့်အလမ်းကောင်း ရမှာပါ”ဟု ၄င်းက CNN ၏ Paula Hancocks ကပြောသည်။

ရင်းနှီးမြှုပ်နှံရန် အခြေအနေများမှာ အသေအချာ တိုးတက်နေပြီဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ကိုလည်း ရေးဆွဲထားပြီးဖြစ်ရာ၊ အမြတ်ခွန် ကင်းလွတ်ခွင့်ပြုခြင်း၊ မြေအသုံးချမှု သတ်မှတ်ချက်များ၊ အလားအလာ ကောင်းသော ရင်းနှီးမြှုပ်နှံသူများအား အလုပ်လုပ်နိုင်ရန် ရှင်းလင်းသော တရားဝင် အခြေခံ အဆောက်အဦးများ ခွင့်ပြုပေးထားခြင်းများကို တွေ့ရသည်။ ဗဟိုဘဏ်ကလည်း ဧပြီလက ၄င်း၏ ငွေကြေး ဖြစ်သော “ကျပ်”ငွေကို စီမံခန့်ခွဲမည့် နှုန်းရှင် မျှောထားပြီး ဖြစ်သည်။ ယခင်က တရားဝင်နှုန်းသည် မှောင်ခို ဈေးကွက် အမျိုးမျိုးထက် အဆ ၁၀၀ ခန့် မာနေခြင်းကြောင့် တရားဝင်စီးပွားရေး လုပ်ကိုင်သူများ ရင်းနှီး မြှုပ်နှံရာတွင် ပိုမိုကုန်ကျခဲ့ရသည်။

သို့သော် ရင်းနှီးမြှုပ်နှံသူများ၏ ရည်ရွယ်ချက်တွင် ချက်ခြင်း ရင်းနှီးမြှုပ်နှံမှုများ အများအပြား ပြုလုပ်ရန် မဟုတ်သေးပေ။

“စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တွေ အများကြီး မြန်မာနိုင်ငံကို လာကြတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြသေးပါဘူး။ လာမယ့် လအနည်းငယ်အတွင်း ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ဦးမယ်လို့ အကြောင်းပြ ကြပါတယ်”ဟု ကမ္ဘာ့အိမ်ခြံမြေ ကုမ္ပဏီဖြစ်သော Colliers International မှ Tony Picon ကပြောသည်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများကို ဖြေလျော့ပေးခဲ့ကြပြီး၊ ၄င်းတို့၏ နိုင်ငံသားများ မြန်မာနိုင်ငံတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ခွင့်ပြုလျှက်ရှိသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ သည်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် သွားရောက်ခြဲ့ခင်းကြောင့် လည်းကောင်း၊ နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိ ရွှေတိဂုံ ဘုရားကြီးကို ရုပ်ရှင်ရိုက်ပြမှုကြောင့် အများကို ဆွဲဆောင်ခဲ့သည်။ ယခင်ထက်ပို၍ ဧည့်သည်များကို ဆွဲဆောင် လျှက်ရှိသည်။

“ဟီလာရီက ကျွန်တော်တို့ မလာခင် လာသွားတယ်လေ။ သူက သွားသင့်တယ်ထင်လို့ သွားတာဆိုတော့ ကျွန်တော်တို့အတွက် သွားဖို့ဆုံးဖြတ်တာ လုံလောက်တဲ့ ဥပမာပါ”ဟု အစ္စရေးနိုင်ငံမှ ခရီးသွား Gladys Blank ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွား ဦးရေသည် လွန်ခဲ့သော လေးနှစ်ကထက် နှစ်ဆနီးပါး တက်လာ သည်ဟု မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ပြောသည်။ တစ်ခုတည်းသော ပြဿနာမှာ ဧည့်သည် တိုးလာခြင်းကြောင့် ရန်ကုန်တွင် ဟိုတယ်ခန်း မလုံလောက်မှု ဖြစ်သည်။

“ဒါဟာ အရေးကြီးတဲ့ ကိစ္စရပ်တစ်ခု ဖြစ်လာပါပြီ။ အစိုးရကလဲ စိုးရိမ်နေတယ်။ ဟိုတယ်တွေ ကိုယ်တိုင်က  ဧည့်သည်တွေ ပြန်ထွက်သွားမှာ စိုးရိမ်နေပါပြီ။ ခရီးသွားကဏ္ဍကို ထိခိုက်လာမှာပါ။ စီးပွားရေးအရလာတဲ့ သူကတော့ လာမှာပဲ။ ဒါပေမယ့် ခရီးသွားကဏ္ဍကို သွားထိမှာပဲ” ဟု Picon ကပြောသည်။

သို့သော် ယခုအထိ ပြောင်းလဲမှုများသည် မြန်မာပြည်သူများ၏ နေ့စဉ်ဘဝကို အနည်းငယ်သာ သက်ရောက်မှု ရှိနေပါသေးသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၃၀% ကျော်သည် ဆင်းရဲမွဲတေလျှက် ရှိနေသေးကြောင်း CIA World Factbook ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ စီးပွားရေးအရ တံခါးဖွင့်မှုများ၏ အကျိုးသက်ရောက်မှု အမှန်တကယ် အကူအညီ လိုအပ်နေသော ပြည်သူများထံ ရောက်ရှိရန် နှစ်အတန် ကြာမည် ဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------

သြစတြေးလျက မြန်မာ့ပညာရေး ရန်ပုံငွေ ထောက်ပံ့မှုကို ဒေါ်လာ သန်း ၈၀ အထိ တိုးမြှင့်မည်

(WA Today မှ 9 Jun 2012 ရက်စွဲပါ “Burma education aid to total $80 m: Carr”သတင်းကို ဘာသာပြန်ဆိုသည်)

မူလတန်းအောင် မြန်မာကလေးငယ်များ အရေအတွက် တိုးပွားလာစေရန် ကြိုးပမ်းသည့် အနေဖြင့် လာမည့် ၄ နှစ်အတွင်း သြစတြေးလျားနိုင်ငံက ဒေါ်လာ သန်း ၈၀ ထောက်ပံ့သုံးစွဲသွားမည်ပာု သိရသည်။

မြန်မာနိုင်ငံတွင် သြစတြေးလျ ထောက်ပံ့သော ပညာရေးစီမံကိန်းများကို စနေနေ့က သွားရောက်ကြည့်ရှုစဉ် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကားက ထောက်ပံ့ရေး စီမံချက်အသစ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှာ မူလတန်းကျောင်းတက်တဲ့ ကလေးတွေထဲက ၅ နှစ်စလုံး ပြီးစီးအောင် တက်နိုင်သူက ထက်ဝက်တောင် မပြည့်ပါဘူးပာု ဘော့လ်ကားက စနေနေ့က ထုတ်ပြန်ကြေညာရာတွင် ပြောကြားခဲ့သည်။

“ဒီအချက်က ဒီကလေးငယ်တွေပာာ မြန်မာ့သမိုင်းမှာ မိဘတွေထက် ပညာရေး အဆင့်နိမ့်တဲ့ ပထမဆုံးမျိုးဆက် ဖြစ်လာ တော့မယ်ဆိုတာကို ညွှန်ပြနေပါတယ်။ ဒီလို ဖြစ်မသွားအောင် သြစတြေးလျနိုင်ငံက သေချာလုပ်ဆောင်ပေးချင်တဲ့ ဆန္ဒရှိပါတယ်”ပာု ဘော့ဘ်ကားက စိုးရိမ်တကြီး ပြောဆိုသည်။

သြစတြေးလျနိုင်ငံက လှူဒါန်းသော ပညာရေးရန်ပုံငွေ ဒေါ်လာ သန်း ၈၀ ကို ဆရာ၊ ဆရာမများအား လေ့ကျင့်သင်တန်းပေးခြင်း၊ ဝေးလံ ခက်ခဲသော ဒေသများသို့ ကျောင်းသုံးစာအုပ်နှင့် စားနပ်ရိက္ခာကူညီခြင်း ကိစ္စများတွင် သုံးစွဲမည့်အပြင် ကလေးသူငယ်များ၏ ကျန်းမာရေးအတွက် မူလတန်းကျောင်းများတွင် ရေနှင့် မိလ္လာသန့်ရှင်းမှုစနစ်များ ဖြည့်ဆည်း ပေးသွားမည်ဖြစ်သည်။

အချို့ဒေသများတွင် ကောင်းစွာလေ့ကျင့်ပေးထားသော ဆရာ၊ ဆရာမ အရေအတွက်မှာ ရာခိုင်နှုန်း ထက်ဝက်ပင် မရှိပါပာုလည်း သြစတြေးလျားနိုင်ငံခြားရေးဝန်ကြီးက ပူပင်ကြောင့်ကြစွာ ပြောကြားသည်။

ထို့အပြင် ကင်ဘာရာမြို့တော်၌ မြန်မာကျောင်းသားများ တက်ရောက်နိုင်ရန် ပညာသင် ထောက်ပံ့ကြေးပေးမည့် သြစတြေးလျားတက္ကသိုလ် အရေအတွက်ကို လာမည့်နှစ်တွင် ၂၀ မှ ၂၀၁၅ တွင် ၅၀ အထိ တိုးမြှင့်သွားမည်ပာု သိရသည်။

ယခု သီတင်းပတ် အစောပိုင်းကလည်း မြန်မာနိုင်ငံ၏ လမ်းလျှောက်တက်စ ဒီမိုကရေစီခြေလှမ်းကို အားပေးရန်အတွက် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဒဏ်ခတ်မှု Sanctions များ ဖြေလျော့ပေးလိုက်ပြီပာု သြစတြေးလျနိုင်ငံ ထုတ်ပြန် ကြေညာခဲ့သည်။

--------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံတွင် လုပ်ငန်းချဲ့ရန် မစ်ဆုအိကုမ္ပဏီ စိတ်အားထက်သန်

(Daily Yomiuri News မှ 9 Jun 2012 ရက်စွဲပါ “Mitsui eager to diversify Myanmar business” သတင်းကို ဘာသာပြန်ဆိုသည်)

နာမည်ကျော် ဂျပန် မစ်ဆူအိကုမ္ပဏီအုပ်စု အကြီးအကဲ မာဆာမီအီဂျီးမားက မိမိတို့ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသော လုပ်ငန်းများကို တိုးချဲ့ဖြန့်ကျက်ရန် ဆန္ဒပြင်းပြနေသည်ပာု ထုတ်ဖော် ပြောဆိုလိုက်သည်။

“မြန်မာနိုင်ငံပာာ ပဲအမျိုးမျိုးနဲ့ ပုဇွန်လို စားသောက်ကုန်တွေ၊ ဓာတ်အားပေးစက်ရုံတွေ၊ သင်္ဘောဆိပ်ကမ်းနဲ့ ရေပေးဝေရေး အစရှိတဲ့ လူမှုအခြေခံအဆောက်အဦး လုပ်ငန်းတွေ၊ အထည်အလိပ်နဲ့ စက်မှုလုပ်ငန်းတွေ အပါအဝင် လုပ်ကိုင်စရာ စက်မှုလုပ်ငန်းနယ်ပယ် ကျယ်ပြန့်တဲ့အတွက် စီးပွားရေး လုပ်လို့ကောင်းမယ့် ဒေသတစ်ခု ဖြစ်ပါတယ်”ပာု မစ်ဆူအိကုမ္ပဏီ အကြီးအကဲက မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် သတင်းထောက်များနှင့် အင်တာဗျူး၌ ပြောကြားသည်။

မြန်မာနိုင်ငံမှ ထုတ်လုပ်သော ဆန်နှင့် သကြားတင်ပို့ခြင်းကို ချက်ခြင်းလက်ငင်း စတင်နိုင်တော့မည်ဖြစ်ပြီး၊ မကြာမီ အတောအတွင်း မိမိတို့ ကုမ္ပဏီအနေဖြင့် မြန်မာ့ဆန်ကို စင်္ကာပူသို့ အစမ်းသဘော တင်ပို့ရန် စီစဉ်နေသည်ပာု မစ္စတာ အီဂျီးမားက ထုတ်ဖော်ပြောကြားသည်။

ဆန်ကို မုန့်ဖုတ်လုပ်ငန်းကဲ့သို့သော ထုတ်ကုန်အမျိုးမျိုးတွင် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သောကြောင့် ကုန်သွယ်ရေး ဖြန့်ကျက်ခြင်း၏ နမူနာကောင်းတစ်ခုအဖြစ် ကိုယ်စားပြုနေသည်ပာု အီဂျီးမားက ဆိုသည်။

ပို့ကုန်လုပ်ငန်းသည် နိုင်ငံအတွက် နိုင်ငံခြားငွေ ရှာဖွေပေးသော အသုံးဝင်သည့် လက်နက် ကိရိယာတစ်ခုဖြစ်၍၊ မိမိတို့ မစ်ဆူအိကုမ္ပဏီအနေဖြင့် သစ်အပါအဝင် မြန်မာ့ထွက်ကုန်များ တင်ပို့မှုကို အားပေးမြှင့်တင် ပေးသွားမည်ပာု မစ္စတာ အီဂျီးမားက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအလားအလာကို ထင်ကြေးပေးရာတွင် မစ္စတာအီဂျီးမားက “ဖြေရှင်းရမယ့် စိန်ခေါ်မှုများစွာ ရှိနေသည်”ပာု ပြောကြားသည်။ အထူးသဖြင့် အခြေခံအဆောက်အဦးကဏ္ဍ တိုးတက်ရန် လိုအပ်ပြီး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေမည့် ဥပဒေစနစ်တစ်ခု ထူထောင်ရန် လိုအပ်သည်ပာု ၎င်းက မှတ်ချက်ပေး ပြောကြားသွားသည်။

--------------------------------------------------------------------------------------------------------------------------------


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment