Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၉.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. သြစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံအပေါ် အကူအညီပေးရေး နှစ်ဆတိုးမြှင့်မည်
  1. မန္တလေးမြို့တော်သစ်တည်ထောင်မည်
  2. ဆက်သွယ်ရေးကဏ္ဍလုပ်ကိုင်ရန် ပြည်တွင်းလုပ်ငန်းရှင်များကို ဦးစားပေးမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ရခိုင်အရေး NLD ပါတီနှင့် မပာာမိတ်များ ကြေညာချက်ထုတ်ပြန်
  1. ဆိုင်းဘုတ်တစ်ခုထက် ပိုမချိတ်ရန် NLD မှ သတိပေးထုတ်ပြန်ကြေညာ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ပြည်တွင်းသတင်းများ

သြစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံအပေါ် အကူအညီပေးရေး နှစ်ဆတိုးမြှင့်မည်

မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကို အားပေးသည့်အနေဖြင့် သြစတြေးလျနိုင်ငံမှ လက်ရှိမြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် ခရီးသွားလာမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများကို ရုတ်သိမ်းပေးမည့်အပြင် အကူအညီပေးရေးကိစ္စရပ်များကိုလည်း နှစ်ဆ တိုးမြှင့်ပေးသွားမည်ပာု ဇွန်လ ၈ ရက်နေ့တွင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ကားက ပြောကြားကြောင်း ရိုက်တာသတင်းမီဒီယာ၏ ဖော်ပြချက် အရ သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံ အား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဖြေလျော့မှုများ ပြုလုပ် ပေးခဲ့ပြီး ယခုအခါ သြစတြေးလျနိုင်ငံမှလည်း လက်နက်တင်ပို့ရောင်းချမှုမှအပ ကျန်ပိတ်ဆို့မှုများကို ဖြေလျော့လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

''လုပ်ဆောင်စရာများ ရှိနေသေးပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ တိုးတက်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ တိုးတက်မှုတွေကို ပိုမို ဖြစ်ထွန်းစေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းရမယ့်အဆင့် ရောက်လာပါပြီ''ဟု ဘော့ကားက ပြောကြားခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြပါရှိသည်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ကား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး မြန်မာ-သြစတြေးလျ နှစ်နိုင်ငံဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မြဲရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာရေး၊ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ အောင်မြင်ရေးနှင့် ငြိမ်းချမ်းရေးရရှိပြီးသည့် ဒေသများ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး စသည့် ကဏ္ဍများတွင် ကူညီ ထောက်ပံ့ပေးနိုင်ရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွား ရေး၊ နှစ်နိုင်ငံ တပ်မတော်များအကြား ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ သြစတြေးလျနိုင်ငံမှ နှစ်စဉ်ပေးအပ်လျက်ရှိသည့် အကူအညီအထောက်အပံ့များကိုလည်း လာမည့် ၂၀၁၅ တွင် အမေရိ ကန်ဒေါ်လာ ၉၉ သန်းသို့ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref:Weekly Eleven

--------------------------------------------------------------------------------------------------------------------------------

မန္တလေးမြို့တော်သစ်တည်ထောင်မည်

မြန်မာနိုင်ငံ စီးပွားရေးအချက်အချာကျသည့် မြို့တစ်မြို့ဖြစ်သည့် မန္တလေးမြို့တော်အား ကီလိုမီတာ ၈၀ အကျယ်အဝန်းရှိသည့် မန္တလေးမြို့ တော်သစ်အဖြစ် တည်ထောင်နိုင်ရန် စီမံကိန်းချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ချက်အရ သိရှိရသည်။

“ခုလောလောဆယ် မန္တလေးမြို့ရဲ့တောင်ဘက် အင်းဝမြို့အနီးမှာ မန္တလေးမြို့တော်သစ် တည်ထောင်နိုင်ဖို့အတွက် စီမံကိန်းနဲ့ ဆောင်ရွက်နေပါ တယ်။ ဒီစီမံကိန်းမှာ စီးပွားရေးဇုန်၊ ပိာုတယ်ဇုန်၊ စက်မှုဇုန်၊ အိမ်ရာစီမံကိန်းဇုန်၊ အုပ်ချုပ်မှုဇုန်နဲ့ ယဉ်ကျေးမှုဆိုင်ရာ စတဲ့ ဇုန် ၅ခုကို ထားရှိမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

လက်ရှိအချိန်တွင် မန္တလေးမြို့တော်သစ်ဆောင်ရွက်နိုင်ရန် အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းထားပြီး မန္တလေးမြို့တော်သစ် ဆောင်ရွက်ရန် အများ ပိုင်ကုမ္ပဏီဖွဲ့စည်းရခြင်းမှာ စီမံကိန်းဒေသမှ ဒေသခံများအား စီမံကိန်းမှရရှိမည့် အကျိုးရလဒ်များကို ခံစားခွင့်ရရှိနိုင်စေရန် ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မန္တလေးမြို့တော်သစ်ဆောင်ရွက်ဖို့ဆိုပြီး မန္တလေးတိုင်းဒေသကြီးအပါအဝင် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်တွေကို တင်ပြထားပါတယ်။ ဒီမြို့သစ် စီမံကိန်းလုပ်ဆောင်မယ့် နေရာအများစုကိုတော့ လယ်ယာမြေနေရာတွေကို ရွေးချယ်ထားပါတယ်။ ဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလျံ လောက် ကုန်ကျမယ်လို့ သိရပါတယ်”ပာု ယင်းကိစ္စအကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီဘီဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မန္တလေးမြို့တော်သစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့်နေရာများတွင် အိမ်ခြံမြေဈေးနှုန်းများမှာ အဆမတန် တက်လျက်ရှိပြီး စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အလုံးစုံပြီးစီးမှုသည် ဆယ်နှစ်ခန့်ကြာမြင့်ဦးမည်ဖြစ်ကြောင်း မန္တလေးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

YC

-----------------------------------------------------------------------------------------------------------

ဆက်သွယ်ရေးကဏ္ဍလုပ်ကိုင်ရန် ပြည်တွင်းလုပ်ငန်းရှင်များကို ဦးစားပေးမည်

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များကို ဦးစား ပေးခွင့်ပြုပေးသွားမည်ဖြစ်ပြီး လက်ရှိ မိုဘိုင်းတယ်လီဖုန်း တပ်ဆင်ခနှုန်းထားများကိုလည်း အဆင့်ဆင့်လျော့ချပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင့်လွင်က ပြောကြားကြောင်း အပတ်စဉ်ထုတ် Bi Weekly Eleven Journals တွင် ဖော်ပြပါရှိ သည်။

''ပြန်လည်ပြင်ဆင် ရေးဆွဲလျက်ရှိတဲ့ ဆက်သွယ်ရေး ဥပဒေမူကြမ်းမှာ ဆက်သွယ်ရေးကဏ္ဍမှာ private sector မှ ကျယ်ပြန့်စွာ ပါဝင်လာရေးနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုများကို နိုင်ငံတကာနည်းတူ private sector မှ ပါဝင်လုပ်ဆောင်နိုင်သော အခွင့်အလမ်းများကို ထည့်သွင်းရေးဆွဲထားပြီး ဖြစ်ပါ တယ်။ ဒါ့အပြင် အမျိုးသားစီမံကိန်း ဥပဒေကြမ်းမှာပါဝင်တဲ့ ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ဆက်သွယ်ရေးကဏ္ဍ မူဝါဒများကိုလည်း ပြည်ထောင်စု လွှတ်တော်က ဆွေးနွေးအတည်ပြုပြီး ဖြစ်ပါတယ်။ ၎င်းမူဝါဒမှာ စာတိုက်၊ ကြေးနန်း တယ်လီဖုန်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍအနေဖြင့် private, public, partnership(PPP) ပုံစံဖြင့် ဆောင်ရွက်သွားရန် ရည်မှန်းချက်ထားပြီး ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုခွင့်ပြု ဆောင်ရွက်ရေး ဖြစ်ပါတယ်'' ဟု ဒုတိယဝန်ကြီး ဦးတင့်လွင်က ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေး၏ ပထမနှစ်စီမံကိန်း ဖုန်းအလုံးရေ လေးသန်းအတွက် လက်ရှိအချိန်တွင် GSM မိုဘိုင်းဖုန်းအလုံးရေး ခုနှစ်သိန်းဝန်းကျင် ခန့်ကို ရောင်းချခဲ့ပြီးဖြစ်ပြီး နောင်လာမည့် စီမံကိန်းများတွင်လည်း ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် မိုဘိုင်းဖုန်းများ သုံးစွဲနိုင်စေရန် စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

''မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ GSM မိုဘိုင်းတိုးချဲ့တပ်ဆင်ရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက် ရယူခဲ့ပြီး နိုင်ငံသားပိုင် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းသဘောတူ ဆောင်ရွက်ခဲ့ကြပါတယ်။ စီမံကိန်းကာလ ပထမနှစ်မှာ တည်ဆောက်ရတဲ့ (Telecommunication Infrastructure) သည် စီမံကိန်း ကာလအတွက် လုံလောက်ပြည့်စုံအောင် တည်ဆောက်ရတဲ့အတွက် အချိန်ယူတည်ဆောက်ရတဲ့အပြင် ကနဦး ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ် များပြားလှပါ တယ်။ လာမယ့် စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများသည် နှစ်စဉ်လျော့ကျ သက်သာသွားမည် ဖြစ်သည့်အတွက် နိုင်ငံတကာနှုန်းထားများအတိုင်း လျော့ချသွားနိုင်မှာ ဖြစ်ပါတယ်''ဟု ဒုတိယဝန်ကြီး ဦးတင့်လွင်က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် အခြားနိုင်ငံများနည်းတူ တန်ဖိုးနည်းဖုန်းများပေါ်ထွက်လာနိုင်စေရေးအတွက် သင့်တော်သည့်အချိန်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မကြာသေးမီကာလအတွင်းက မြန်မာ့ဆက်သွယ်ရေးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

Ref:Bi Weekly Eleven

***********************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရခိုင်အရေး NLD ပါတီနှင့် မပာာမိတ်များ ကြေညာချက်ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် မပာာ မိတ်တိုင်းရင်းသားခေါင်းဆောင်များမှ သဘောထားကြေညာချက်တစ်စောင်ကို ၂၀၁၂ ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာကြောင်း သတင်းရရှိသည်။

ယင်းကြေညာချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် တိုင်းရင်းသား မပာာမိတ်ခေါင်းဆောင်များအနေဖြင့် ရခိုင်ပြည်နယ်အ တွင်း ဖြစ်ပေါ်လျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်သူများ၏ အိုးအိမ်ပစ္စည်းများ ဖျက်ဆီးခံရခြင်း၊ အသက်ပေါင်းများစွာ သေကြေပျက်စီး ခြင်းနှင့် ဒဏ်ရာရရှိခြင်းများအတွက် ၎င်းတို့၏ မိသားစုများနှင့်အတူ ကြေကွဲဝမ်းနည်းရကြောင်း ဖော်ပြပါရှိသည်။

သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ အကြမ်းဖက်တိုက်ခိုက်မှုများကို မျှတစွာဖြင့် ထိရောက်လျှင်မြန်စွာ အရေးယူ ဆောင်ရွက်ပေးရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများကို တရားဥပဒေနှင့်အညီ ကာကွယ်ပေးရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။

ထို့ပြင် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်သူများနှင့် လှုံဆော်သူများအားလုံးကို ချက်ချင်းရပ်ဆိုင်းပေးပါရန်နှင့် သက်ဆိုင်ရာဘာ သာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများမှ ရှေ့ဆောင်ရှေ့ရွက်ပြုနေသည့် ပုဂ္ဂိုလ်များအနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် ပါဝင်ဆောင်ရွက် ကြပါရန် တိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် မပာာမိတ်တိုင်းရင်းသားခေါင်းဆောင်များမှ ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

YC

-----------------------------------------------------------------------------------------------------------

ဆိုင်းဘုတ်တစ်ခုထက် ပိုမချိတ်ရန် NLD မှ သတိပေးထုတ်ပြန်ကြေညာ

မြို့နယ်(သို့) ရပ်ကွက်အသီးသီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပါတီဆိုင်းဘုတ်များကို တစ်မြို့နယ်၌ ဆိုင်းဘုတ်တစ်ခုထက် ပို၍ထောင်ခြင်း၊ ချိတ်ဆက်ခြင်းနှင့် NLD ပါတီရုံးခန်းတစ်ခုထက်ပို၍ ဖွင့်လှစ်ခြင်းများမပြုလုပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ သတိပေး ထုတ်ပြန်ကြေညာခဲ့ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် သတင်းဂျာနယ်များ၏ ဖော်ပြချက်အရ သိရသည်။

“မြန်မာနိုင်ငံအတွင်းက မြို့နယ်တွေ၊ ရပ်ကွက်တွေမှာ NLD ပါတီရဲ့ ပါတီကြော်ငြာဆိုင်းဘုတ်တွေ၊ ရုံးခန်းတွေကို တခုထက်ပိုပြီး ချိတ်ဆွဲ တာတွေ၊ ဖွင့်လှစ်တာတွေမလုပ်ဖို့ကို သတိပေးထုတ်ပြန်ထားပါတယ်။ NLD ပါတီရဲ့ခွင့်ပြုချက်နဲ့မပာုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ချိတ်ဆွဲတာတွေ၊ ရုံးခန်း ဖွင့်လှစ်တာတွေကိုတော့ ပါတီက အသိအမှတ်ပြုမှာမပာုတ်ပါဘူး”ပာု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြား သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် NLD ပါတီ၏ ဆိုင်းဘုတ်တင်ခြင်း၊ ရုံးခန်း များဖွင့်လှစ်ခြင်းများကို ပြုလုပ်နေသည်အတွက်ကြောင့် ပါတီဆိုင်းဘုတ်နှင့် ရုံးခန်းများကို တစ်ခုထက်ပို၍ ဖွင့်လှစ်ခြင်းမပြုရန် ကြေညာချက်ထုတ်ပြန် ရခြင်းဖြစ်ပြီး မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအတွင်းရှိ NLD ပါတီအဖွဲ့ဝင်များအနေဖြင့် ဆိုင်းဘုတ်တစ်ခု၊ ရုံးခန်းတစ်ခုတည်းနှင့်ပင် ညီညီညွှတ်ညွှတ် ဆောင်ရွက်စေလိုကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့် နေရာဒေသအသီးသီးတွင် ဆိုင်းဘုတ်တစ်ခု၊ ရုံးခန်းတစ်ခန်းတည်း ထားရှိသော် လည်း တရားဝင်သည်ပာု မှတ်ယူရန်မပာုတ်ဘဲ အဖွဲ့ချုပ်ပါတီညီလာခံမှ ရွေးကောက်တင်မြှောက်ထားသော ရွေးကောက်ခံရသူများဖြင့် ဖွဲ့စည်းထားသော သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့၏ အဆုံးအဖြတ်ကိုသာ အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လစ်လပ်မဲဆန္ဒနယ် (၄၅)နေရာအနက် မဲဆန္ဒနယ်(၄၃) နေရာတွင် အနိုင်ရရှိခဲ့ပြီး လွှတ်တော်တွင်း ဒုတိယအင်အားအကြီးဆုံးပါတီတစ်ခုဖြစ်လာကြောင်း သိရသည်။

Ref:News Watch

***********************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ညနေခြောက်နာရီနောက်ပိုင်းဆို လှည်းတန်းဈေးရှေ့ကနေ အင်းစိန်လမ်းမကြီးဘက် (ယခင် ပြည်မြန်မာကုန်တိုက်ထောင့်) အထိ ငါးကင်အသားကင် ရောင်းတဲ့သူတွေက မီးမွှေးပြီး ကြော်ကြလှော်ကြတာ မီးခိုးတွေက ပတ်ဝန်းကျင်ကို အူထွက်နေတော့ လမ်းသွားလမ်းလာတွေ နှစ်ခေါင်းပိတ် မျက်လုံးပိတ် ပြီး သွားကြရတယ်။ မီးခိုးကိုရှောင်ပြီး လမ်းပေါ်ဆင်းလျှောက်တော့လည်း လမ်းပေါ်မှာ ခင်းထားတဲ့စားပွဲကို ထပ်ရှောင်ရတယ်။ ကားတိုက်ခံရမှာလည်း ကြောက်ရသေးတယ်။ ညှော်နံ့တွေက ပတ်ဝန်းကျင်ကို တော်တော်ဒုက္ခပေးပါတယ်။ အနားမှာရှိတဲ့ ဈေးဆိုင်တွေအထဲထိဝင်တာ။ အဲဒီနားမှာ အလုပ်လုပ် နေတဲ့လူတွေဆိုရင် ညှော်နံ့ကို ကြာကြာခံနေရတဲ့အတွက် ကျန်းမာရေးကိုပါ ထိခိုက်ပါတယ်။ ငါးကင် အသားကင် ရောင်းကြမယ်ဆိုလည်း မီးခိုးမထွက်တဲ့ မီးဖိုမျိုး ညှော်နံ့ထိန်းတာမျိုးတွေ လုပ်သင့်တယ်”

ဇွန်လ ၈ရက်နေ့ထုတ် First weekly  အတွဲ(၁)၊ အမှတ်(၃၁) တွင်ပါသည့်"လှည်းတန်းမီးပွိုင့်တလျှောက် ငါးကင်၊ အသားကင် ရောင်းချသည့် ဆိုင်တွေကြောင့် ညှော်နံ့တွေ၊ မီးခိုးတွေကြား အများပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်ပွားလျက်ရှိ"သတင်းမှ လှည်းတန်းမီးပွိုင့်အနီး အင်းစိန်လမ်းမပေါ်မှ စတိုးဆိုင်ပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 -----------------------------------------------------------------------------------------------------------------------------------

"ဦးလေးလယ်တွေက ပြေးလမ်းထဲပါသွားတယ်။ စက်တွေနဲ့ စထိုးတာက ဒီဇင်ဘာလောက်မှာ။ လျော်ကြေးလည်းမပေး၊ မြေသိမ်းလည်းမလုပ်ဘဲနဲ့ ရုတ်တ ရက်ကြီးစလုပ်တာပဲ။ သူတို့က သိမ်းပြီးသားလို့ ပြောတယ်။ သိမ်းပြီးသားဆို မြေသိမ်းအမှုတွဲပြပါလို့ ဦးလေးကပြောတယ်။ နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဆီကို လျော်ကြေးရရှိရေးအတွက် သုံးခါစာတင်ပေမယ့် ဘာမှထူးမလာတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက တစ်ဆင့်အကူအညီပေးတော့ လေကြောင်းက ညွှန်ကြားရေးမှူး လိုက်လာပြီးတော့ မဟာဓာတ်အားလိုင်း တည်ဆောက်ရေးအတွက် မြေသိမ်းတဲ့အခါပေးဖို့ အတည်ပြုတဲ့နှုန်းထား အတိုင်း ပေးမယ်လို့ပြောတော့ တခြားလယ်သမားတွေကလည်း လက်မခံလိုက်ဘူးဆိုရင် နောက်ဘယ်လောက်ထိကြာနေမလဲမသိနိုင်တာနဲ့ လက်ခံလိုက် ကြတယ်"

ဇွန်လ ၈ရက်နေ့ထုတ် Myanmar Times  အတွဲ(၂၉)၊ အမှတ်(၅၇၂) တွင်ပါသည့်" ကျောက်ဖြူလေယာဉ်ကွင်း စီမံကိန်းပါမြေ လျော်ကြေး ပေး"သတင်းမှ လယ် ၅ ဒသမ ၂၅ ဧကပိုင်သော တောင်ရင်းကျေးရွာမှ လယ်ပိုင်ရှင် ဦးမောင်ဖြူ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“မြန်မာနိုင်ငံဟာ အတိတ်က ပြုံးယမ်း (မြောက်ကိုရီးယား)နဲ့ နိုင်ငံရေး၊ စစ်ရေးဆက်နွယ်မှုတွေကို ပြုပြင်ထိန်းသိမ်းခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တံခါးဖွင့်မှုနဲ့ ကျွန်တော်တို့ရဲ့ အားထုတ်မှုအသစ်တွေကြောင့် အဲလိုမျိုးဆက်ဆံမှုတွေကို ကျွန်တော်တို့ ရပ်တန့်ခဲ့ပြီးပြီ”

ဇွန်လ ၈ရက်နေ့ထုတ် မော်ဒန်ဂျာနယ်  အမှတ်(၃၁၀) တွင်ပါသည့်"သင့်တော်ချိန်ရောက်လျှင် လွှတ်တော်တွင် တပ်မတော်ကဏ္ဍ လျော့ချ မည်ဟု ဒုတိယဗိုလ်ချုပ်ကြီး လှမင်းဆို"သတင်းမှ ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***********************************

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment