Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၃၀. ၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အီးယူသို့ မြန်မာ့သစ်များ တင်ပို့နိုင်ရန် စီစဉ်
  2. ဘဏ်စာရင်းဖွင့်လှစ်ရန် တရားဝင်ငွေလဲကောင်တာမှ ငွေကြေးသာဖြစ်ရမည်
  3. Swift Exchange စနစ် ပြည်တွင်းဘဏ် ၁၁ ခု တပ်ဆင်ခွင့်ရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကာကွယ်ရေးဝန်ကြီးဌာနနှင့် Unicef တို့ပုးပေါင်း၍ ကလေးစစ်သားပပျောက်ရေး ဆောင်ရွက်မည်
  2. လမ်းပြကြယ် ဦးအေးမြင့်ဦးဆောင်သည့် ပါတီဝင်သစ် ၂၀၀ကျော်အား NDF ပါတီမှ မိတ်ဆက်ကြိုဆိုပွဲ ကျင်းပ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

အီးယူသို့ မြန်မာ့သစ်များ တင်ပို့နိုင်ရန် စီစဉ်

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများပြုလုပ်ထားသည့် ဥရောပသမဂ္ဂ(EU)နိုင်ငံများသို့ လာမည့် ၂၀၁၃ ခုနှစ်တွင် ထောက်ခံချက်ဖြင့် မြန်မာ့သစ်များတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“လာမယ့် ၂၀၁၃ ခုနှစ်မှာ အီးယူနိုင်ငံကို မြန်မာနိုင်ငံထွက်ရှိတဲ့ သစ်တွေ တင်ပို့နိုင်ဖို့အတွက် စီစဉ်နေပါတယ်။ သိပ်မကြာခင် အကောင်အထည် ဖော်လာမယ်လို့ ထင်ပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

မြန်မာ့သစ်အား အီးယူနိုင်ငံများသို့ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်ရခြင်းမှာ အီးယူနိုင်ငံ၏ ၂၀၁၃ မတ်လ ၃ ရက်နေ့တွင် စတင်ကျင့်သုံးမည့် အီး ယူ၏ သစ်ကဏ္ဍအပေါ် ထားရှိသည့် မူဝါဒသစ်ကြောင့်ဖြစ်ပြီး အီးယူနိုင်ငံများသို့ သစ်တင်ပို့မည့် အစီအစဉ်များကို သစ်တောထောက်ခံချက် အထောက် အကူပြု ကော်မတီသစ်အသင်းနှင့် ပညာရှင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“အီးယူနိုင်ငံရဲ့ နိုင်ငံတကာရဲ့ သစ်အလွန်အကျွံ့ထုတ်လုပ်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို ကန့်သတ်တဲ့ မူဝါသစ်တစ်ခုကို စုပေါင်းရေးဆွဲပြီးသွားပါပြီ။ သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ နိုင်ငံက သစ်တွေကိုပဲ ဝယ်ယူမယ်ဆိုတဲ့ စနစ်ပါ။ အရမ်းကောင်းတဲ့စနစ်ပါ။ သူတို့ ရဲ့ သတ်မှတ်ချက်တွေကိုပဲ မြန်မာလုပ်ငန်းရှင်တွေ မရမှာစိုးတာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ယခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်၍ ပြည်ပသို့ ကျွန်းသစ်နှင့် သစ်ခွဲသားများ၊ သစ်မာသစ်လုံးနှင့် သစ်မာခွဲသားများ တင်ပို့မည်ဆိုပါက ကုန် သွယ်လုပ်ငန်းခွန် ၅၀ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပြီး ယခုကဲ့သို့ အခွန် ၅၀ ရာခိုင် နှုန်း ပြောင်းလဲကောက်ခံရခြင်းမှာ နိုင်ငံ၏ သဘာဝသယံဇာတများကို သစ်လုံး(သို့) သစ်လုံးကဲ့သို့သော အကြမ်းခွဲများ တင်ပို့မှုကို အားမပေးလိုသည့် ရည်ရွယ်ချက်ကြောင့်ဖြစ်ကြောင်း သိရသည်။

“သစ်ကုန်ကြမ်းနဲ့ သစ်အချောထည်တင်ပို့တဲ့ အမျိုးအစားနှစ်ခုကို အခွန် ၅၀ ရာခိုင်နှုန်းပေးဆောင်ရမယ်ဆိုတော့ သစ်အချောထည် ဈေးကွက် တင်ပို့မှုတွေပာာ ရှုံးပြီး ခုဆို လုပ်ငန်းတွေတောင် ရပ်နားထားရပါတယ်”ပာု သစ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထိုသို့ သစ်လုပ်ငန်းရှင်များအရှုံးပေါ်၍ မြန်မာနိုင်ငံ၏ သစ်ထုတ်လုပ်မှုများ ကျဆင်းခဲ့သည့်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သစ်ခွဲ သားအပေါ် ကောက်ခံသည့် အခွန်နှုန်းထားအသစ်တစ်ရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုမှု ထပ်မံပြုလုပ်၍ သစ်ခွဲသား အမည်သတ်မှတ်မှုထဲမှ အရွယ်အစား အတိ အကျဖြင့် ဖြတ်တောက်ထားသော သစ်ခွဲသားအပေါ် အခွန် ၅ ရာခိုင်နှုန်းသာ ပြောင်းလဲကောက်ခံသွားရန် ထပ်မံပြင်ဆင်ပေးခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဘဏ်စာရင်းဖွင့်လှစ်ရန် တရားဝင်ငွေလဲကောင်တာမှ ငွေကြေးသာဖြစ်ရမည်

မြန်မာနိုင်ငံ၏ မော်တော်ယာဉ်တင်သွင်းခွင့် အစီအစဉ်အရ မော်တော်ယာဉ်တင်သွင်းလိုသူများအနေဖြင့် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ရာတွင် တရားဝင်ငွေလဲကောင်တာများမှ ဝယ်ယူခဲ့စေသော ငွေဖြင့်သာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ရရှိမ