Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ယာဘဆေးပြားထုတ်လုပ်ရာ၌ သစ်ခွပန်းသုံးစွဲမှုကို ONCB စုံစမ်း

(Bangkok Post မှ 30 Jun 2012 ရက်စွဲပါ “ONCB probes orchid link to production of yaba tablets”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ကို မြန်မာသမ္မတ ဆိုင်းငံ့ထား

(Bangkok Post မှ 1 July 2012 ရက်စွဲပါ “Myanmar President Postpones Bangladesh four”သတင်းကို ဘာသာပြန်ဆိုသည်)

  1. သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် မဲခေါင်မြစ်အတွင်း ၃ဦးသေဆုံး

(Bangkok Post  မှ 1 July 2012 ရက်စွဲပါ “ Gunmen shoot dead three on Mekong boat”သတင်းကို သာသာပြန်သည်)

  1. မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုသည် မငြိမ်သက်မှုများဖြစ်ရန် လောင်စာဖြစ်နိုင်သည့် အန္တရာယ်ရှိနိုင်သည်ဟု ADB ပြော

(2 July 2012 ရက်စွဲပါ Gulf Times မှ AFP ၏ Myanmar poverty risks stoking unrest, says ADB ကိုဘာသာပြန်သည်)

                                ***************************************************************

ဘာသာပြန်သတင်းများ

ယာဘဆေးပြားထုတ်လုပ်ရာ၌ သစ်ခွပန်းသုံးစွဲမှုကို ONCB စုံစမ်း

(Bangkok Post မှ 30 Jun 2012 ရက်စွဲပါ “ONCB probes orchid link to production of yaba tablets”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးထုတ်လုပ်သူများအား မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် ဆူဒိုအဖီဒရင်းအစား သစ်ခွမျိုးစိတ်များအား အသုံးပြုနေသည်ပာူသော သတင်းများကို ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ ONCB က စစ်ဆေးလေ့လာမှုပြုလုပ်နေသည်။

‘ဝ’လက်နက်ကိုင်တပ်ဖွဲ့ UWSA က သစ်ခွနက်ပာုခေါ်သော ပန်းတစ်မျိုးကို လတ်တလော ဝယ်ယူစုဆောင်းနေသည်ပာူသော သတင်းများကို မကြာသေးမီက ရရှိခဲ့သည်ပာု ONCB အထွေထွေအတွင်းရေးမှူးချုပ် အဒူးဆိုင်ဆန်တော်က မနေ့က ပြောကြားသည်။

မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ပတ်သက်နေသော UWSA တပ်ဖွဲ့သည် မီသိုင်းအက်ဖက်တာမင်းဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆူဒိုအက်ဖီဒရင်းကို အစားထိုးရန်အတွက် ထိုင်းနိုင်ငံမြောက်ပိုင်းကုန်သည်များထံမှ သစ်ခွနက်ပမာဏများစွာ မှာယူထားသည်ပာု သတင်းများ ကြားသိရခြင်းဖြစ်ကြောင်း ရဲချုပ်အဒူးက ပြောကြားသည်။

မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် ပရီကာဆာအဖြစ် အစားထိုးသုံးနိုင်သော ဓာတုဒြပ်ပေါင်းများ ထိုပန်းပင်တွင် ပါဝင်သလားဆိုသည်ကို ထင်ရှားစွာ သက်သေအထောက်အထားပြရန် သီတင်းတစ်ပတ်ခန့်အချိန်ယူရမည်ပာု မူးယစ်ဆေးထိန်းချုပ်ရေးအဖွဲ့မှ ရဲချုပ်က ဆိုသည်။

ONCB က ရည်ညွှန်းထားသော သစ်ခွနက်မျိုးစိတ်သည် အယ်ကာလွိုက် ဒြပ်ပေါင်းများစွာပါဝင်ပြီး ဒရက်ကူလာအော့ကစ်ပာုခေါ်ကြကြောင်း သစ်ခွပညာရှင် ပါမောက္ခ ရာပီးဆာဝါရစ်က ပြောကြားသည်။

ယင်းဒြပ်ပေါင်းများကို အကိုက်အခဲပျောက်ဆေးကဲ့သို့ ဆေးဝါးများတွင် လက်ရှိ အသုံးပြုနေကြသော်လည်း အက်ဖက်တာမင်းဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သလားဆိုသည်ကို မိမိသေချာမသိပါပာု ပါမောက္ခရာပီးက ဆိုသည်။

တောင်အာဖရိကနှင့် အာရှတွင် အများဆုံးတွေ့ရှိရသော ဒရက်ကူလာအော့ကစ်(သစ်ခွနက်)သည် တရုတ်တိုင်းရင်းဆေးဝါးများစွာ၏ အဓိက ပါဝင်ပစ္စည်းဖြစ်သည်ပာုလည်း သိရသည်။

အပင်၏ အမြစ်၊ အရွက်နှင့် ပန်းပွင့်များကို ဆေးဝါးဖော်စပ်ရာတွင် သုံးစွဲကြသည်ပာု ပါမောက္ခရာပီးက ပြောကြားသည်။

ထိုအတောအတွင်း အယုဒ္ဓယတွင် ဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝပ်ထရာ တက်ရောက်ခဲ့သော ၄၁ ကြိမ်မြောက် မူးယစ်ဆေးဝါးဖျက်ဆီးမှု အခမ်းအနားတွင် သိမ်းဆည်းမူးယစ်ဆေး ၂.၇၅ တန်ကို ဖျက်ဆီးပစ်ခဲ့ပြီး၊ မီသာမက်ဖက်တာမင်း ၁.၉၃ တန်ပါဝင်သော ၎င်းမူးယစ်ဆေးများ၏ ကာလ ပေါက်ဈေးမှာ ဘတ်ငွေ ၆.၄ ဘီလျံခန့်ရှိမည်ပာု ခန့်မှန်းထားသည်။

                                                                *******************************************

ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ကို မြန်မာသမ္မတ ဆိုင်းငံ့ထား

(Bangkok Post မှ 1 July 2012 ရက်စွဲပါ “Myanmar President Postpones Bangladesh four”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာသမ္မတဦးသိန်းစိန်က ဇူလိုင်လလယ်တွင် ဒက္ကားသို့လာရောက်မည့်ခရီးစဉ်ကို နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ပြဿနာကြောင့် လတ်တလော ဆိုင်းငံ့ထားသည်ပာု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဌာန တာဝန်ရှိသူက တနင်္ဂနွေနေ့တွင်ပြောကြားသည်။

ဇူလိုင်လ တတိယပတ်တွင် စတင်မည့် မွတ်ဆလင်တို့၏ ရာမာဒန်ဥပုသ်လပြီးမှ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ကို ပြန်လည်စီစဉ်ရန် မြန်မာသမ္မတက တောင်းဆိုထားသည်ပာု နိုင်ငံခြားရေးဌာနအတွင်းဝန် မီဂျာရူးလ်ကွာရက်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“မြန်မာသမ္မတက ဇူလိုင်လလယ်မှာ မလာဖြစ်တော့ပါဘူး။ ရာမာဒန်အပြီးမှာ ရက်အသစ် သတ်မှတ်ဖို့ ဆောင်ရွက်နေကြပါတယ်။ ဒီခရီးစဉ်မှာ နှစ်နိုင်ငံ သဘောတူညီချက်အမြောက်အများ လက်မှတ်ရေးထိုးကြပါလိမ့်မယ်”ပာု မီဂျာရူးလ်ကွာရက်စ်က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရခိုင်ပြည်နယ်တွင် အရေးပေါ်အခြေအနေကြေညာထားသောအချိန်မျိုးတွင် သမ္မတအနေဖြင့် ပြည်ပခရီးထွက်ရန် မဖြစ်နိုင်ပာု မြန်မာဘက်က ပြောကြားကြောင်းနှင့် သမ္မတဦးသိန်းစိန်သည် ရခိုင်ပြည်နယ်အခြေအနေကို တစ်ကိုယ်တည်း ပြန်လည်သုံးသပ်နေကြောင်း ကွာရက်စ်က ရှင်းလင်းပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရခိုင်ပြည်နယ်တွင် ရခိုင်ဗုဒ္ဓဘာသာများနှင့် မွတ်ဆလင်ရိုပာင်ဂျာများအကြား ပဋိပက္ခဖြစ်မှု၊ မီးရှို့မှု၊ အပြန်အလှန် လက်စားချေမှု ဖြစ်ရပ်များကြောင့် နိုင်ငံတကာအသိုင်းအဝန်းက အထူးပင်စိုးရိမ်ပူပင်ခဲ့ကြသည်။

၎င်းအကြမ်းဖက်မှုများအတွင်း လူ ၈၀ ခန့်သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်အနှံ့အပြားတွင် အကြမ်းဖက်မှုအချို့ဖြစ်ပွားနေဆဲပာု မြန်မာအစိုးရ သတင်းများက ဆိုသည်။

မူလက စီစဉ်ထားသော ဇူလိုင် ၁၅-၁၇ ဒက္ကားခရီးစဉ်တွင် ရခိုင်ပြည်နယ်မှ မငြိမ်သက်မှုနှင့် ရိုပာင်ဂျာဒုက္ခသည်ပြဿနာကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်များ ဆွေးနွေးကြမည်ဖြစ်ပြီး ယခုတစ်ကြိမ်တွင် ထိထိရောက်ရောက် ဆွေးနွေးကြလိမ့်မည်ပာု ရန်ကုန်မှ ဘင်္ဂလားဒေ့ရှ် သံအမတ် ဗိုလ်ချုပ်ကူမားချက်ကမာက AFP သို့ယခင်အပတ်က ပြောကြားသည်။

ကမ္ဘာ့အဖိနှိပ်ခံရဆုံး မျိုးနွယ်စုပာု သတ်မှတ်ခံရသော ရိုပာင်ဂျာများသည် မြန်မာနိုင်ငံထဲတွင် လူဦးရေ ၈ သိန်းခန့်ရှိနေပြီး ဆင်းရဲနွမ်းပါး၍ လူဦးရေထူထပ်သော တောင်အာရှနိုင်ငံ ဘင်္ဂလားဒေ့ရှ်တွင် ရိုပာင်ဂျာ လူဦးရေ ၃ သိန်းခန့် နေထိုင်နေသည်ပာု ကုလသမဂ္ဂသတင်းများအရ သိရသည်။

ယခု သီတင်းပတ်များအတွင်း မြန်မာနိုင်ငံဘက်မှ အဓိကရုဏ်းကြောင့် ထွက်ပြေးလာကြသော ရိုပာင်ဂျာဒုက္ခသည်များကို နယ်စပ်ဖွင့်၍ လက်ခံ ပေးရန် ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအုပ်စုများက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝိုင်းဝန်းဖိအားပေးခဲ့ကြသော်လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ရိုပာင်ဂျာဒုက္ခသည်များကို ပြန်လည်မောင်းထုတ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်း သားများကဲ့သို့ ဘင်္ဂါလီဘာသာစကားပြောဆိုသော ရိုပာင်ဂျာများအား တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများပာု မြန်မာအစိုးရနှင့် ပြည်သူအများစုက သတ်မှတ်ထားကြခြင်းကြောင့် များစွာသော ရိုပာင်ဂျာများမှာ အခြားတတိယနိုင်ငံ တစ်ခုခုသို့ ရွှေ့ပြောင်းရန်အတွက် စက်လှေများဖြင့် ပင်လယ်ဖြတ်ကူးထွက်ပြေးရန် ကြိုးစားလျက်ရှိသည်။

                                                        ********************************

သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် မဲခေါင်မြစ်အတွင်း ၃ဦးသေဆုံး

(Bangkok Post  မှ 1 July 2012 ရက်စွဲပါ “ Gunmen shoot dead three on Mekong boat”သတင်းကို သာသာပြန်သည်)

လွန်ခဲ့သော ၈ လခန့်က တရုတ်သင်္ဘောသား ၁၃ဦး အသတ်ခံရပြီးနောက်ပိုင်း ယခုထပ်မံဖြစ်ပွားသော မဲခေါင်မြစ်တွင်း ပစ်ခတ်တိုက်ခိုက်မှုတွင် လူ ၃ ဦး သေဆုံးသွားသည်ဟု သိရှိရသည်။

ထိုင်း၊ မြန်မာ၊ လာအိုတို့ ဆုံဆည်းရာရွှေတြိဂံနယ်မြေ၏ မြောက်ဖက် ၁၀ ကီလိုမီတာခန့်အကွာသို့ သောကြာနေ့ကလစပိဒ်ဘုတ်ဖြင့် ထွက်ခွာလာစဉ် အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများမှာ မြန်မာနိုင်ငံသားများဖြစ်သည်ဟုယုံကြည်ရသည်။

သေဆုံးသွားသူ၃ဦးနှင့် မြန်မာမူးယစ်ရာဇာနော်ခမ်း၏ မူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့တို့ ပတ်သက်မှုရှိ/မရှိကို အာဏာပိုင်များက စုံစမ်းစစ်ဆေး လျက်ရှိသည်။

စက်လှေအားပစ်ခတ်ခဲ့သူများကို အတိအကျမသိရသေးဟုလည်း ၎င်းသတင်းရပ်ကွက်ကပြောကြားသည်။

သို့သော်လည်း မဲခေါင်မြစ်တွင်းမှ ကန်သင်္ဘောများအား တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်း ၄ နိုင်ငံ ပူးတွဲကင်းလှည့်စောင့်ရှောက်မှု အစီအစဉ် စတင်ပြီး ၈ လခန့်အကြာတွင် ယခုကဲ့သို့ တိုက်ခိုက်မှုဖြစ်ပွားခြင်းမှာ ထမဆုံးအကြိမ် ဖြစ်သည်ဟုသိရသည်။

မနှစ်က အောက်တိုဘာလအတွင်း မဲခေါင်မြစ်ကြောင်းသွား တရုတ်ကုန်သင်္ဘောနှစ်စင်းပေါ်မှ တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်၍ မြစ်ထဲသို့ ပစ်ချထားခဲ့သောအမှု ဖြစ်ပွားခဲ့သည်။

အဆိုပါလူသတ်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြသည်ဟုယူဆရသော ထိုင်းကင်းလှည့်စစ်သားများက မြန်မာဖက်မှ နော်ခမ်းဦးဆောင်သော ရှမ်းမူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့ကို လက်ညှိုးထိုးလွှဲချခဲ့ကြသည်။

ထိုင်းနိုင်ငံတွင်းသို့ မူးယစ်ဆေးဝါးများသယ်ယူရန် ၎င်းသင်္ဘောနှစ်စင်းကို ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ယုံကြည် ထားကြသည်။

ထိုကဲ့သို့ မနှစ်ကအောက်တိုဘာလ မဲခေါင်မြစ်တွင်းလူသတ်မှုများအတွက် တာဝန်ရှိသည်ဟု စွပ်စွဲခံရသော နော်ခမ်းကို လာအိုရဲတပ်ဖွဲ့က ဧပြီလတွင် ဖမ်းဆီးကာ မေလ ၁၀ ရက်နေ့တွင် တရုတ်ဖက်သို့ လွှဲပြောင်းပေးခဲ့သည်။

ယခုအခါ တရုတ်မှုခင်းတပ်ဖွဲ့က နော်ခမ်းအား စစ်ဆေးမေးမြန်းမှု ပြီးစီးသွားသည်ဟု ကြားသိရသည်။

ရွှေတြိဂံနယ်မြေ၏ မလုံခြုံမှု အနေအထားက တရုတ်စီးပွားရေးသမားများအား အန္တရာယ်သတိပေး တပ်လှန့်သလို ဖြစ်စေခဲ့သည်။

မဲခေါင်မြစ်အတွင်း စုန်ဆင်းသွားလာသော တရုတ်ကုန်သင်္ဘောများ နည်းပါးသွားသလို၊ လာအိုနိုင်ငံတန်ဖြောင်နှင့် ဘောင်ကီပြည်နယ်ရှိ တရုတ် ရင်းနှီးမြှုပ်နှံသူများမှာလည်း လုံခြုံရေးအစောင့်အရှောက်များ ပိုမိုထားရှိလာခဲ့ကြသည်။

တန်ဖြောင် ပြည်နယ်ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေဇုံမှ တရုတ်ရင်းနှီးမြှုပ်နှံသူများက စီမံကိန်းအတွက် တရုတ်လုံခြုံရေး အစောင့်အရှောက် ၂၀၀ ခန့်ကို ခေါ်ယူအလုပ်ခန့်ထားသည်ဟု သိရှိရသည်။

                                                                ********************************************

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုသည် မငြိမ်သက်မှုများဖြစ်ရန် လောင်စာဖြစ်နိုင်သည့် အန္တရာယ်ရှိနိုင်သည်ဟု ADB ပြော

(2 July 2012 ရက်စွဲပါ Gulf Times မှ AFP ၏ Myanmar poverty risks stoking unrest, says ADB ကိုဘာသာပြန်သည်)

ယခင်စစ်တပ်မှ အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် တိုင်းရင်းသားအုပ်စုများကြား၌ ဆင်းရဲမွဲတေမှုနှုန်း မြင့်မားခြင်းသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အားနည်း၍ ထိရောက်မှုမရှိဖြစ်စေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က ယမန်နေ့က ပြောကြားခဲ့သည်။

ADB သည် ချင်းပြည်နယ်လူဦးရေ၏ လေးပုံသုံးပုံခန့်ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်တွင် တစ်ဝက်နီးပါးအား လည်းကောင်း၊ ရှမ်းပြည်နယ်၏ လေးပုံသုံးပုံကိုလည်းကောင်း အဆင့်အတန်းခွဲခြားလေ့လာခဲ့ရာ အလုပ်လက်မဲ့များနှင့် စီးပွားရေးအရ ထုတ်လုပ်မှုနိမ့်ကျခြင်းကြောင့် ဆင်းရဲသော တိုင်းပြည်အဖြစ် ဖြစ်စေကြောင်းသိရှိရသည်။

ယခုလတွင် ရခိုင်ပြည်နယ်၌ ဒေသခံတိုင်းရင်းသားဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာမူဆလင်များအကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး၊ ရှမ်းပြည်နယ်၌ တိုင်းရင်းသားသူပုန်များနှင့် မြန်မာစစ်တပ်ကြားတွင် အလွယ်တကူ ပျက်ယွင်းသွားနိုင်သော အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်လာနိုင်ခဲ့သည်။

“တိုင်းနှင့်ပြည်နယ်တွေမှာ ဆင်းရဲမွဲတေမှုအရ အမျိုးမျိုးကွဲပြားခြားနားနေတာနဲ့ စီးပွားရေးအရ တိုးတက်ကြီးပွားရေးကို ကိုင်တွယ်ရမှာပါ”ဟု ADB မှ ဒုဥက္ကဌ Stephen Groff ကဘန်ကောက်တွင် မြန်မာနိုင်ငံသို့ လေးရက်တာခရီးစဉ်အပြီး၌ ပြောကြားခဲ့သည်။ “အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံ က အဆိုပါ သာတူညီမျှမရှိခြင်းဟာ၊ တိုင်းပြည်ရဲ့ အလားအလာကောင်းတွေကို အားနည်းစေမယ့် တိုင်းရင်းသားအရေးနဲ့ လူမှုရေး မငြိမ်သက်မှုများကို ဖြစ်စေမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်မှ ပြင်းထန်သောဖြစ်ရပ်များသည် ပြုပြင်ပြောင်းလဲရေး စိတ်ဓါတ်ရှိသူ သမ္မတဦးသိန်းစိန်အား ယခုရရှိနေသော ဒီမိုကရေစီ တိုးတက်မှုများမှ လမ်းချော်သွားနိုင်ကြောင်း သတိပေးနေသည်။

မြန်မာစီးပွားရေးကို ADB ကကွင်းဆင်းလေ့လာမှုအား ဦးဆောင်အပြီးတွင် Groff ကအလွန်အမင်းဆင်းရဲနေသော မြန်မာနိုင်ငံအတွက် လုပ်ပေးရမည့်တာဝန်ကို ပြောကြားခဲ့ပြီး၊ အလှူရှင်များသည် မဝံ့မရဲရှိနေကြောင်း သို့သော် အကောင်းမြင်မှုများအတွက် အကြောင်းပြချက်များရှိကြောင်း ပြောကြားခဲ့သည်။ စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုနှင့် လယ်သမားများအား ပြည်တွင်း၊ ပြည်ပဈေးကွက်သစ်များနှင့် ဆက်သွယ်မှုရရှိရေး ရင်းနှီးမြှုပ်နှံမှုများသည် သန်းပေါင်းများစွာသော လူများအား အချိန်တိုအတွင်း ဆင်းရဲမွဲတေမှုမှ လွတ်မြောက်စေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် သဘာဝသယံဇာတပေါများခြင်းနှင့် တရုတ်နှင့် အိန္ဒိယကြားတွင် မဟာဗျူဟာကျသော နေရာတွင်ရှိနေခြင်းကြောင့် ၁၉၄၈ ခုနှစ် ဗြိတိသျှထံမှ လွတ်လပ်ရေးရပြီးကတည်းက အရှေ့တောင်အာရှတွင် အလားအလာ အကောင်းဆုံးသောနိုင်ငံများစာရင်းတွင် ရှိနေကြောင်းတွေ့မြင် ခဲ့ကြရသည်။ သို့သော် စစ်အာဏာရှင်လက်ထက်တွင် ဆယ်စုနှစ်များစွာ စီးပွားရေးအရမှားယွင်းသော စီမံခန့်ခွဲမှုများကြောင့် တချိန်က အားကောင်းခဲ့သော လယ်ယာကဏ္ဍသည် ပျက်စီးခြင်းသို့ ဂျွမ်းပြန်ဆင်းသွားခဲ့သည်။

“လိုအပ်ချက်တွေက ကြီးမားလှပါတယ်။ ဒါပေမယ့် မျှော်လင့်ချက်ရောင်ခြည်လေးတွေလည်း ရှိပါတယ်။ ကျေးလက်ဒေသတွေဟာ ကမ္ဘာကြီး တစ်ခုလုံးနဲ့လည်းကောင်း၊ တိုင်းပြည်တစ်ခုလုံးနဲ့လည်းကောင်း ချိတ်ဆက်မိဖို့ လိုအပ်ပါတယ်”ဟု Groff ကပြောသည်။

၎င်းက ပြောကြားရာတွင် ပြီးခဲ့သည့်အပတ်က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာ၌ ၎င်းကပြောရာတွင် စိုက်ပျိုးရေးအပေါ်မှီခိုရသော မြန်မာ နိုင်ငံတွင် မျိုးစေ့ပုံမှန်ဖြည့်ဆည်းပေးနိုင်မှုကဲ့သို့သော အခြေခံအချက်များ လိုအပ်နေခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ရိတ်သိမ်းမှုအတွက် ထိခိုက်မှုများ ရှိခြင်းများကို ပြောခဲ့သည်ဟုဆိုသည်။

ADB ၏ လေ့လာချက်တွင် မြန်မာနိုင်ငံတွင် မှန်ကန်သောရင်းနှီးမြှုပ်နှံမှုပြုခြင်းကြောင့် သဘာဝသယံဇာတများသည် ပြည်သူများ၏ ဘဝ မြင့်လာနိုင်ကြောင်း၊ လက်ရှိ ၂၅% သော လူဦးရေကသာ လျှပ်စစ်မီးရနေခြင်းမှ ရာခိုင်နှုန်းတက်လာစေခြင်းနှင့် သယ်ယူပို့ဆောင်ရေးနှင့် အခြေခံ အဆောက်အဦးများ တိုးတက်လာခြင်းကြောင့် သန်းပေါင်းများစွာသော လူများကိုဆင်းရဲတွင်းမှ လွတ်စေမည်ဖြစ်ကြောင်း ရေးသားထားသည်။ ADBသည် ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် ငွေချေးခြင်းပြုလုပ်ပေးရာ မြန်မာနိုင်ငံအား ငွေချေးနိုင်ရန် ဒေါ်လာသန်း(၅၀၀)ကိစ္စ ဖြေရှင်းပေးရန် လိုလားလျက် ရှိသည်။

စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများ၏ သက်ရောက်မှုများရှိလာရန် အချိန်စောင့်ရမည်ဖြစ်ကြောင်း Groff ကပြောသည်။

“စီးပွားရေးတိုးတက်မှုနှုန်းဟာတစ်နှစ်ကို ၅-၆% ရှိမယ်ဆိုရင်တောင်၊ ထိုင်းနိုင်ငံရဲ့ လက်ရှိအဆင့်ကိုမှီခိုဖို့ နှစ်သုံးဆယ်လောက် စောင့်ရ ပါမယ်”ဟုGroffကပြောသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေသည် ထိုင်းနိုင်ငံမှ တစ်ဦးချင်းဝင်ငွေ၏ တစ်ဝက်သာ ရှိကြောင်း ၎င်းက ရှင်းပြသည်။

 “ကျွန်တော်တို့ပြောနေတာ မျိုးဆက်နဲ့ချီပြောတာပါ။ ဆယ်နှစ်ဆယ့်ငါးနှစ်အတွင်း ပြောင်းလဲမှုကိုမတွေ့နိုင်ပါဘူး”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

                                           ******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment