Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂. ၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း ပြဋ္ဌာန်းကြောင်း ထုတ်ပြန်ကြေညာ
  1. မိတ္ထီလာခရိုင်ရှိ လယ်ယာမြေ အဓမ္မအသိမ်းခံရသောလယ်သမားများ တွေ့ဆုံဆွေးနွေး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နိုင်ငံတော်သမ္မတ၏ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ရွှေ့ဆိုင်း
  1. ပါတီရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းများ စနစ်တကျ စာရင်းပြုစုထားရှိရေးအတွက် ထုတ်ပြန်ကြေညာ
  1. NDF ပါတီမှ အလုံမဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပွဲတစ်ခုပြုလုပ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း ပြဋ္ဌာန်းကြောင်း ထုတ်ပြန်ကြေညာ

၂၀၁၂ ဇူလိုင် ၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း ပြဋ္ဌာန်းကြောင်း သတင်းထုတ်ပြန်ဖော်ပြချက်အရ သိရှိရသည်။

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းတွင် ဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင်ရှာဖွေသူ၏ အသက်အရွယ်၊ စွမ်းအားနှင့် သက်တော်သည့် အလုပ်အကိုင်ရွေးချယ်ရေး၊ အလုပ်အကိုင်ရရှိရေး၊ အလုပ်ခွင်တည်မြဲရေးနှင့် ကျွမ်းကျင်မှုတိုးတက်ရေးတို့တွင် ကူညီဆောင်ရွက်ပေးရ မည်ဖြစ်ပြီး အလုပ်ရှင်များအားလုံး၏ အလုပ်ခွင်လစ်လပ်နေရာများအားလုံးကို သက်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာအလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရုံးသို့ အကြောင်းကြားလာစေရေးအတွက် ဝန်ကြီးဌာနမှ အစီအစဉ်ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ပြည်ထောင်စုအစိုးရအဖွဲ့သည် အလုပ်သမားများ အလုပ်အကိုင်ရရှိရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗပိာုအဖွဲ့ကို ဖွဲ့စည်းရမည်ဖြစ်ပြီး အလုပ်ရှင်သည် မိမိတို့လုပ်ငန်းခွင်တွင် ခန့်အပ်ရန် ချာထားသည့် အလုပ်သမားများနှင့် လုပ်ငန်း၌ လက်ရှိ လုပ်ကိုင်လျက်ရှိသော အလုပ်သမားများ၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအဆင့်မြင့်မားစေရန် လေ့ကျင့်ရေးအစီအစဉ်များကို လုပ်ငန်းလိုအပ်ချက်အရ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ မူဝါဒနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြချက်အရ သိရှိရသည်။

ထို့ပြင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွဲ့စည်းထားသည့် အလုပ်သမားကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများမှ အလုပ်သမားများအတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေတစ်ရပ်ထူထောင်ထားရှိပြီး အလုပ်သမားများ၏ ကျွမ်းကျင် မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်မှုအဆင့်မြှင့်တင်ရေးတို့အတွက် လေ့ကျင့်သင်ကြားခြင်း၊ အကြောင်းတစ်ရပ်ရပ်ကြောင့် အလုပ်ရပ်စဲခြင်းခံရပြီး အခြား လုပ်ငန်းတစ်ခုခုသို့ ပြောင်းလဲလုပ်ကိုင်လိုသော အလုပ်သမားများအား လိုအပ်သည့် ကျွမ်းကျင်မှု ပြန်လည် လေ့ကျင့်သင်ကြားပေးခြင်း၊ အထက်ပါ ကိစ္စ ရပ်များအတွက် ငွေကြေးထောက်ပံ့ခြင်း (သို့) ငွေချေးခြင်းကိစ္စရပ်များအတွက် သတ်မှတ်ချက်များနှင့်အညီ သုံးစွဲနိုင်ကြောင်း သိရသည်။

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းတွင် မည်သူမဆို အလုပ်အကိုင် (သို့) အလုပ်သမားရရှိရန်အလို့ဌာ အလုပ်အကိုင် နှင့် အလုပ်သမားရှာဖွေရေးရုံးတစ်ခုခု (သို့) အဆိုပါရုံးဆိုင်ရာ ကိစ္စရပ်များအတွက် ကိုယ်စားဆောင်ရွက်နေသူတစ်ဦးဦးထံ မမှန်ကြောင်းသိလျက်နှင့် မမှန်သောဖော်ပြချက်ကိုဖြစ်စေ၊ မမှန်သောပြောဆိုချက်ကိုဖြစ်စေ တင်ပြကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်မည်ဖြစ်ပြီး မည်သူမဆို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပါ အချက်တစ် ရပ်ရပ်ကို ဖောက်ဖျက်ပါက ထိုသူကို ငွေဒဏ်ချမှတ်ရမည်ဖြစ်ပြီး၊ မည်သူမဆို ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ကို အတုပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခုနှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဖော်ပြပါရှိသည်။

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းတွင် အခန်း(၁၀)ခန်းပါဝင်ပြီး ယင်းတို့မှာ အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ အလုပ် အကိုင်နှင့် အလုပ်သမားရှာဖွေရေး၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အလုပ်သမား များ ကျွင်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့ကျင့်ရေး၊ သင်တန်းကျောင်းနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများ မှတ်ပုံတင်ခြင်းနှင့် တည်ထောင် ဖွင့်လှစ်ခြင်း၊ ကျွမ်းကျင်မှုယှဉ်ပြိုင်ပွဲများ ကျင်းပခြင်း၊ အလုပ်သမားများကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အထွေထွေ အခန်းတို့ ပါဝင်ကြောင်း သတင်းထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြချက်အရ သိရှိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မိတ္ထီလာခရိုင်ရှိ လယ်ယာမြေ အဓမ္မအသိမ်းခံရသော လယ်သမားများ တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်း၊မထ္ထီလာခရိုင်ရှိ လယ်ယာမြေမတရားသိမ်းပိုက်ခံခဲ့ရသော လယ်သမားများမှ ဇွန်လ(၂၈)ရက်နေ့တွင် မိထ္ထီလာမြို့ နတ်သျှင်နောင် လမ်း၊ အရှေ့ပြင်ရပ်ကွက်၊ အမှတ်(၉၀)တွင် ကျင်းပခဲ့ကြောင်း ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

လယ်ယာမြေ မတရားသိမ်းယူခြင်းခံခဲ့ရသော တောင်သူလယ်သမားများမှာ မိထ္ထီလာ(၄)မြို့နယ်တွင် အများစုရှိပြီး  ပလပ်မြေဟုအမည်တပ်၍ သိမ်းဆည်းခံရခြင်းဖြစ်ကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးတွင်ရှိသော အချို့လယ်ယာမြေများမှာ ဘိလပ်မြေဂိုဒေါင်များပြုလုပ်ရန် ဆောက်လုပ် ရေးဝန်ကြီးဌာနမှ သိမ်းယူပြီးနောက် လယ်ပိုင်ရှင်များထံသို့ ပြန်လည်မပေးအပ်ခြင်းမရှိပဲ ခြံစည်းရိုးများကာရန်ထားကြောင်း၊ တိုင်ကြားထားသော်လည်း အရေးယူခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးချယ်ခံခဲ့သည့် မိထ္ထီလာမြို့နယ် (NLD) ပါတီအတွင်းရေးမှူးဟောင်း ဒေါ်မြင့်မြင့်အေးအား ဆက်သွယ်မေးမြန်းရာ"အသိမ်းခံထားရတဲ့ လယ်ယာမြေတွေထဲက အများစုက လယ်ယာမြေဥပဒေပုဒ်မ (၃၂)နဲ့ ငြိစွန်းနေပါတယ်။ ပလပ်မြေဆိုတာက  ရွာရဲ့စားကျက်မြေတို့ တောပေါက်မြေတို့ကို ခေါ်ပါတယ်။ ကျမကတော့ ဒီမြေတွဟာ ရွာသူရွာသားတွေ ပိုင်ဆိုင်သင့်တယ်လို့ ထင်ပါ တယ်"ဟု ပြန်လည်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေးကာလတွင် အဓိကအခက်အခဲမှာ လယ်ယာမြေပြသနာဖြစ်ပြီး ယခင် အစိုးရဟောင်းလက်ထက်တွင် သိမ်းဆည်းခံခဲ့ရသော လယ်ယာမြေများနှင့် တောင်သူလယ်သမားဦးကြီးများ၏ ရပိုင်ခွင့်များကို တောင်းဆိုရာ၌ လက်ဝါးကြီးအုပ် အရင်းရှင်စီးပွားရေး မသမာသူများ၏ မြေကစားမှု (Land Speculation) များကြောင့် မလိုအပ်ပဲ ပိုမိုခက်ခဲနေရခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတရုံးတွင် ဇွန်လ (၂၀)ရက်နေ့ကပြောကြားသော နိုင်ငံတော်သမ္မတကြီး၏မိန့်ခွန်း၌ မြို့ရွှာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် ရင်းနှီးမြုပ်နှံမှု စီမံကိန်းများအတွက် မြေယာခွဲဝေအသုံးချမှု စီစစ်ဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်သောကြောင့် မြေယာနှင့် ပတ်သက် သော စီမံကိန်းများကို ဆောင်ရွက်ရန် ထိုကော်မတီသို့ မြေယာခွဲဝေအသုံးချရေး စီစစ်အတည်ပြုပေးနိုင်ရန် ပေးပို့တင်ပြ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ကော်မတီမှစီစစ်ပြီးပါက ပြည်ထောင်စုအစိုးရအဖွဲနှင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၊ ပုက္ကလိကပိုင်ပြုရေးကော်မရှင်၊ မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှုကော်မတီနှင့် သက်ဆိုင်ရာဌာနများသို့ ဖြန့်ဝေညှိနိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီ ယာများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

PL

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံတော်သမ္မတ၏ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ရွှေ့ဆိုင်း

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်၏ ဇူလိုင် ၁၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်မည့်ခရီးစဉ်အား ရွှေ့ဆိုင်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ရခိုင်ပြည်နယ်ထဲမှာဖြစ်ခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့နေရာတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင် နိုင်ဖို့အတွက်ဆိုပြီး သမ္မတကြီးရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ဘယ်အချိန်မှာမှ သမ္မတ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားမယ်ဆိုတာ တိ တိကျကျ မသိရပါဘူး။ ပာိုဘက်ကို ခရီးစဉ်ရွှေ့ဆိုင်းကြောင်း ပေးပို့ပြီးပါပြီ”ပာု အစိုးရထိပ်တန်းခေါင်းဆောင်တစ်ဦးက ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဘင်္ဂလားဒေ့ရှ်ခရီးစဉ် ရွှေ့ဆိုင်းရခြင်းမှာ မကြာသေးမီကာအတွင်းက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် အရေးပေါ်အခြေအနေ ကြေညာထားရခြင်းနှင့် ရေကြီးမှုများဖြစ်ပွားခဲ့ခြင်းကြောင်း ရခိုင်ပြည်နယ်၏ အရေးပေါ်အခြေ အနေ ကြေညာခြင်းကို ဆက်လက်ထားရှိထားရသည့်အတွက်ကြောင့် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

“ခုလောလောဆယ်မှာ ရခိုင်ပြည်နယ်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။ သမ္မတကြီးရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ် ကို ဖျက်သိမ်းလိုက်ပြီလို့ကြားပါတယ်။ ခု ရခိုင်ပြည်နယ်ထဲမှာလည်း နည်းနည်း အေးအေးချမ်းချမ်းဖြစ်သွားပြီလို့ဆိုပေမယ့် အရေးပေါ်အခြေအနေကို တော့ ရုတ်သိမ်းခြင်းမရှိသေးပါဘူး”ပာု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ပာာဆီးနာမှ ဖိတ် ကြားခဲ့ခြင်းဖြစ်ပြီး ယင်းခရီးစဉ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးကိစ္စ၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသည့်အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် နယ်စပ်ရေးရာလုံခြုံရေးကိစ္စများကို ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပါတီရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းများ စနစ်တကျ စာရင်းပြုစုထားရှိရေးအတွက် ထုတ်ပြန်ကြေညာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်တွင်းရှိ နိုင်ငံရေးပါတီများအနေဖြင့် ပါတီရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းများကို စနစ်တကျ စာရင်း ပြုစုထားရှိရေးအတွက် ၂၀၁၂ ဇွန်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားချက်အမှတ်(၁/၂၀၁၂)ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိချက်အရ သိရှိရသည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် ပြည်တွင်းရှိ နိုင်ငံရေးပါတီများသည် မှတ်ပုံတင်ခွင့်ရရှိပြီးသော မှတ်ပုံတင်ခွင့်ရရှိသည့်နေ့မှ စတင်၍ သတ် မှတ်ချက်များနှင့် ကိုက်ညီသော ပါတီဝင်ခွင့်လျှောက်ထားသူများအား ပါတီအဝင်အသိအမှတ်ပြုလွှာများ ထုတ်ပေးခြင်း၊ ပါတီဝင်များထံမှ ပါတီဝင်ကြေး၊ ပါတီလစဉ်ကြေးများ ကောက်ခံခြင်းနှင့် စည်းရုံးခြင်းများကို ပါတီစဉ်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၆ နှင့် နည်းဥပဒေ ၂၁တို့အရ လွှတ်တော်သက်တမ်းတစ်ရပ်အတွင်း မိမိပါတီစည်းရုံးရေးနှင့် မိမိပါတီကို ကိုယ်စားပြုယှဉ်ပြိုင်သော လွှတ်တော်ကိုယ်စား လှယ်လောင်းများအတွက် သတ်မှတ်ထားသည့် အသုံးစရိတ်များကို ကျခံသုံးစွဲခဲ့ကြသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၅၊ ၁၆ နှင့် နည်းဥပဒေ ၁၉၊ ၂၁တို့အရ ပါတီဝင်ကြေးနှင့် ပါတီလစဉ်ကြေး စာရင်း၊ ပြည်တွင်းရှိ နိုင်ငံသားတစ်ဦးချင်းစီကဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ၊ နိုင်ငံသားကုမ္ပဏီ (သို့) အစုအဖွဲ့ကဖြစ်စေ၊ ၎င်းတို့တရားဝင်ရရှိထား သော ငွေကြေးပစ္စည်းများထဲမှ ပါတီသို့ လှူဒါန်းထည့်ဝင်သည့် ငွေကြေးနှင့် ပစ္စည်းစာရင်း၊ ပါတီပိုင် စီးပွားရေးလုပ်ငန်းများမှ တရားဝင်ရရှိသော ငွေနှင့် အမြတ်အစွန်းရရှိမှုမှတ်တမ်း၊ ပါတီရန်ပုံငွေ၊ ပါတီ၏ရငွေ၊ သုံးငွေစာရင်း၊ ပါတီပိုင်ပစ္စည်း၊ ပါတီက ဝယ်ယူရရှိထားသော ပစ္စည်းစာရင်း၊ ပါတီစည်းရုံးရေး အတွက် ပါတီစဉ်းမျဉ်းများနှင့်အညီ ကျခံသုံးစွဲသော အသုံးစရိတ်စာရင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးစီအတွက် ပါတီရန်ပုံငွေမှ ကျခံသုံးစွဲ သော ရွေးကောက်ပွဲအသုံးစရိတ်စာရင်း စသည်တို့ကို စနစ်တကျပြစု၍ စာရင်းစာအုပ်များ၊ မှတ်တမ်းစာအုပ်များနှင့် အထောက်အထားများ ထားရှိ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် နိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၇နှင့် နည်းဥပဒေ ၂၂တို့အရ မိမိပါတီ၏ နှစ်စဉ်ငွေစာရင်းရှင်း တမ်းကို ဘဏ္ဍာရေးနှစ်အလိုက်ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်းများနှင့် ပတ်သက်၍ နှစ်ချုပ်စာရင်းပြုစုခြင်း၊ ယင်းစာရင်းများကို ပါတီတွင်း စာရင်းစစ်ကော် မတီတစ်ရပ် ထားရှိစစ်ဆေးစေခြင်း၊ ပါတီစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အတည်ပြုချက်ရယူခြင်းတို့ကို နှစ်စဉ်ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီးနောက် သုံးလအတွင်းပြီးပြတ်အောင် ဆောင်ရွက်ထားရှိရမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့မှ နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၈နှင့် နည်းဥပဒေ ၂၃တို့အရ ပါတီတစ်ခု၏ စာရင်းများကို စစ်ဆေးရန်လိုအပ်လျှင် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အ စည်းများ၏ အကူအညီကို ရယူ၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

NDF ပါတီမှ အလုံမဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပွဲတစ်ခုပြုလုပ်

ဇူလိုင်လ ၁ ရက်နေ့ နေ့လည် ၁နာရီခွဲခန့်တွင် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီမှ အလုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဦးခိုင်မောင်ရည်မှ ပြည်သူလူထုမဲဆန္ဒရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ခုအား အလုံမြို့နယ် နှင်းဆီလမ်းရှိ အလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း NDF ပါတီမှ ပါတီဝင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

"ဒီပွဲမှာ ဦးခိုင်မောင်ရည်က လွှတ်တော်ထဲက အခြေအနေနဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ရှင်းလင်းတင်ပြ သွားပါတယ်။ ပြီးတော့ နိုင်ငံခြားလေ့လာရေးခရီးစဉ်တုန်းက ဓာတ်ပုံတွေကိုတင်ပြပြီး ရှင်းတယ်ပေါ့။ ပထမဦးဆုံး အခန်းအနားအစမှာတော့ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက အဖွင့်မိန့်ခွန်းပြောတယ်။ ပြီးတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်ခင်ဝိုင်းကြည်ကလည်း လွှတ်တော်ထဲက အခြေအနေတွေကို တင်ပြသွားပါတယ်"ဟု ၎င်းက ဆိုသည်။

အဆိုပါ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပွဲအား ညနေ ၅နာရီ၌ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေမှ နိဂုံးချုပ်အမှာစကား ပြောကြားသွားကြောင်း သိရှိ ရပြီး တက်ရောက်လာသည့် အလုံမြို့နယ် မဲဆန္ဒရှင်ပြည်သူများအား NDF ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များဖြင့် မိတ်ဆက်မှုများ ပြုလုပ်ခဲ့ပြီး တက် ရောက်လာကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ယင်းပွဲသို့ တက်ရောက်သည့်  လွှတ်တော်ကိုယ်စားလှယ်များမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ရန်ကုန် မဲဆန္ဒ နယ် အမှတ် (၁) ဒေါ်ခင်ဝိုင်းကြည်၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ဦးကျွန်ခဲန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ကျောက်တော်မဲဆန္ဒနယ်မှ ဦးသာစိန်၊ ဖလမ်းမဲဆန္ဒနယ် ဦးခွန်လိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးသက်ထွန်း မောင်၊ ဦးအောင်ဆန်းနှင့် ဒေါ်ညိုညိုသင်းတို့မှ ပါဝင်တက်ရောက်ခဲ့ကြပြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်တို့ တက်ရောက်ခဲ့ကြ ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြား ချက်အရ သိရှိရသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

အရင်က ပါမစ်ကို လူတိုင်းကိုင်ခွင့်မရှိဘူး။ နိုင်ငံတော်သမ္မတကြီးက လူတိုင်း ကားပါမစ်ရစေချင်တဲ့စေတနာနဲ့ လုပ်ကိုင်ပေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် တို့က တတ်လို့လုပ်နေတာမဟုတ်ဘူး။ အခုပြုပြင်ပေးနေတာတွေက လုံလောက်လားဆိုတာတော့ မပြည့်သေးဘူး။ ပြည်သူ့အတွက် အကျိုးရှိမယ်ဆိုရင် ထပ်ပြီး ပြုပြင်ပြောင်းလဲမှုတွေကို ထပ်လုပ်မှာ ဖြစ်ပါတယ်။

ဇူလိုင်လ (၁)ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ(၄) အမှတ်(၄၅)တွင်ပါရှိသည့် "ပြည်သူအတွက် အကျိုးရှိမယ်ဆိုပါက ကားမူဝါဒ ထပ်ပြုပြင်မည်ဟု  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောကြား"သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment