Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၃.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာအစိုးရတပ်နှင့် ရှမ်းတပ်များ ထပ်မံတိုက်ပွဲဖြစ်

(World War 4 Report မှ 30 June 2012 ရက်စွဲပါ “Burma: news fighting with shan state rebels”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ကုလပိတ်ဆို့အရေးယူမှု မြောက်ကိုရီးယား ချိုးဖောက်သည့် အစီရင်ခံစာ ထုတ်ပြန်

(Reuters သတင်းဌာနမှ 1 July 2012 ရက်စွဲပါ UN publishes report on N.Korea sanctions violations ကိုဘာသာပြန်ဆိုသည်)

  1. တရုတ်နိုင်ငံ၏ ထုတ်လုပ်မှု တိုးတက်နှုန်း ခုနစ်လအတွင်း အနိမ့်ဆုံးရောက်

(2 July 2012 ရက်စွဲပါ BBC News မှ China Manufacturing Growth slows to a seven-month low ကို ဘာသာ ပြန်သည်။)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာအစိုးရတပ်နှင့် ရှမ်းတပ်များ ထပ်မံတိုက်ပွဲဖြစ်

(World War 4 Report မှ 30 June 2012 ရက်စွဲပါ “Burma: news fighting with shan state rebels”သတင်းကို ဘာသာပြန်ဆိုသည်)

ယခုနှစ် အစောပိုင်းက အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားကြသော်လည်း မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်း၊ မြောက်ပိုင်းတပ်ဖွဲ့များအကြား ပစ်ခတ်မှုများ ယခင် သီတင်းပတ်အတွင်း ပြန်လည်ဖြစ်ပွားခဲ့သည်။ လွိုင်လင်ခရိုင်၊ မိုင်းရှုးမြို့နယ်တွင် ဇွန် ၁၇ ရက်က SSA-N တပ်ဖွဲ့နှင့် ဖြစ်ပွားသော ၄ နာရီကြာတိုက်ပွဲတွင် မြန်မာစစ်သား ၂ ဦးကျဆုံးသွားခဲ့သည်။ ဇွန်လ ၁၅ ရက်နေ့ကလည်း မိုင်းဆတ်ခရိုင် မိုင်းတုံ မြို့နယ်တွင် မြန်မာစစ်သားများနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ပာု SSA-S က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်နှစ်ခုစလုံးတွင် အစိုးရတပ်များက စတင်ပစ်ခတ်ခြင်းဖြစ်ပြီး၊ ထိုကိစ္စများကြောင့် ငြိမ်းချမ်းရေးတည်ဆောက်မှုအပေါ် သံသယ ပွားလာစေသည်ပာု SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလော့ဝ်ဆိုင်က ပြောကြားသည်။ “ယုံကြည်မှုကိုတောင် မတည်ဆောက်နိုင်ရင် ဘယ်လိုလုပ်ကြမလဲ”ပာု ၎င်းက ပြောဆိုသည်။ ထိုဖြစ်စဉ်များအတွက် အစိုးရငြိမ်းချမ်းရေးကော်မတီထံ SSA-N ကကန့်ကွက်စာ ပေးပို့ထားသည်ပာု သိရှိရသည်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA-N သည် ဖေဖော်ဝါရီလက အပစ်ရပ်လက်မှတ်ထိုးခဲ့သော်လည်း ထိုနောက်ပိုင်း မြန်မာ့တပ်မတော်နှင့် တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားခဲ့သည်။ SSA-S မှာမူ ပြီးခဲ့သောမေလက အပစ်ရပ်သဘောတူညီမှုရရှိခဲ့သည်။ ရှမ်းပြည်တိုးတက်ရေးပါတီက ကိုယ်စားပြုထားသော SSA-N နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ကိုယ်စားပြုထားသော SSA-S တို့သည် သီးခြားစီရပ်တည်နေသော အဖွဲ့များဖြစ်သည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့အပြားတွင် မြန်မာအစိုးရတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်ပာုလည်း သိရှိရသည်။ ကြူကုတ်ပန်ဆိုင်းနှင့် မုန်းကိုးဒေသတိုက်ပွဲများတွင် အထိနာခဲ့ကျပြီး KIA တပ်သားတစ်ဦး ကျဆုံး၍ မြန်မာစစ်သား ၁၀ ဦးကျော် ကျဆုံးခဲ့ကြသည်ပာု သိရှိရသည်။ လတ်တလော ရက်ပိုင်းများအတွင်း KIA တပ်များက တပ်မတော်နှင့် ရဲတပ်ဖွဲ့စခန်းများကို တိုက်ခိုက်ခဲ့သည်ပာု ဇွန်လ ၁၀ ရက် ကချင်သတင်းစဉ်က ဆိုသည်။

ကမ္ဘာတွင် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယဘိန်းအများဆုံးထုတ်လုပ်သော မြန်မာနိုင်ငံသည် ယခုနှစ်အတွင်း ထိရောက်သော ဘိန်းတိုက်ဖျက်ရေး စီမံချက်ကို ဆောင်ရွက်နေသည်ပာု ကုလသမဂ္ဂသတင်းများက ဆိုသည်။

ပြီးခဲ့သော ၅ နှစ်အတွင်း ဘိန်းအတွက် ၂ ဆတိုးလာခဲ့သော မြန်မာနိုင်ငံမှ ဘိန်းတိုက်ဖျက်ရေးစီမံချက်အသစ်သည် နယ်စပ်ဒေသတွင် တိုက်ပွဲပြန်ဖြစ်နေခြင်းနှင့် ဆက်စပ်နေဖွယ်ရှိသည်။ UNODC ၏ မြန်မာနိုင်ငံ မန်နေဂျာ ဂျေဆင်အီလိုက်က “ငြိမ်းချမ်းရေးလမ်းကြောင်းပာာ ဘိန်းနဲ့ တပ်ထပ်တည်းကျနေပါတယ်။ ဒါကို ကျွန်တော်တို့ ဖြေရှင်းရမှာပါ”ပာု ဝန်ခံပြောဆိုထားကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့ ရိုက်တာသတင်းတွင် ဖော်ပြခဲ့သည်။

                                                    *******************************

ကုလပိတ်ဆို့အရေးယူမှု မြောက်ကိုရီးယား ချိုးဖောက်သည့် အစီရင်ခံစာ ထုတ်ပြန်

(Reuters သတင်းဌာနမှ 1 July 2012 ရက်စွဲပါ UN publishes report on N.Korea sanctions violations ကိုဘာသာပြန်ဆိုသည်)

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က မြောက်ကိုရီးယားနိုင်ငံနှင့်ပတ်သက်သော အစီရင်ခံစာတစ်ရပ်ကို ဇွန်လ ၂၉ ရက်နေ့ (သောကြာ)က ထုတ်ပြန်ခဲ့ရာ ယင်းနိုင်ငံသည် ဆီးရီးယား၊ မြန်မာတို့နှင့် လက်နက်အရောင်းအဝယ်များ ပြုလုပ်ခဲ့သည့် ဖြစ်နိုင်ခြေအရေးကိစ္စများကို လွတ်လပ်သော ကျွမ်းကျင်သူ ပညာရှင်များက စုံစမ်း ဖော်ထုတ်လျက်ရှိသည်ဟု ထည့်သွင်းဖော်ပြထားသည်။ တရုတ်နိုင်ငံက လအတန်ကြာမျှ ကန့်ကွက်ပြောဆိုမှုများ ပြုလုပ် ခဲ့ခြင်းကြောင့် ယင်းအစီရင်ခံစာမှာ အချိန်နောက်ကျ၍ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

စာမျက်နှာ ၇၄ မျက်နှာပါဝင်သော အဆိုပါအစီရင်ခံစာကို Reuters သတင်းဌာနက ပြီးခဲ့သည့် ဇွန်လအတွင်း ဖတ်ရှုခဲ့ရသည်။ "မြောက်ကိုရီးယားသည် ကုလသမဂ္ဂက သတ်မှတ်ပြဌာန်းထားသော ပိတ်ဆို့အရေးယူမှု ဆုံးဖြတ်ချက်များကို ဆက်၍ မထီမဲ့မြင်ပြုလျက်ရှိသည်"ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

ကျွမ်းကျင်သူပညာရှင်များဟုဆိုသော ခုံအဖွဲ့တစ်ဖွဲ့က ယင်းအစီရင်ခံစာကို လုံခြုံရေးကောင်စီ၏ မြောက်ကိုရီးယားနိုင်ငံအား ပိတ်ဆို့အရေးယူမှုဆိုင်ရာ ကော်မတီသို့ ဇွန်လအတွင်း တင်သွင်းခဲ့သည်။

အဆိုပါ ကုလကျွမ်းကျင်သူများ၏ ပိတ်ဆို့အရေးယူမှုဆိုင်ရာ အစီရင်ခံစာသည် များစွာပြဿနာကြီးသော အစီရင်ခံစာ တစ်ရပ်လည်းဖြစ်သည်။ "တရုတ်နိုင်ငံသည် မြောက်ကိုရီးယား၏ တရားမဝင်လက်နက် ရောင်းဝယ်ဖောက်ကားမှုအတွက် ကြားခံဗဟိုချက်မနေရာ တစ်ခုပင်ဖြစ်ကြောင်း" အစီရင်ခံစာက ဆိုသည်။

ကုလသမဂ္ဂသံတမန်များ၏ အဆိုအရ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီအနေဖြင့် ယင်းအစီရင်ခံစာကို ထုတ်ဝေခြင်းမပြုရန် တရုတ်နိုင်ငံက ဟန့်တားခဲ့ကြောင်းသိရသည်။

၂၀၁၁ ခုနှစ်အတွက် အလားတူအစီရင်ခံစာမှာလည်း ထုတ်ဝေခဲ့ခြင်းမရှိပေ။ သို့သော် Reuters သတင်းဌာနအနေဖြင့် အဆိုပါ အစီရင်ခံစာအား ဖတ်ရှုခွင့်ရရှိခဲ့သည်။

"တရုတ်နိုင်ငံက နောက်ဆုံးတော့ အစီရင်ခံစာကို အများပြည်သူတွေသိရှိအောင် ထုတ်ဝေခွင့်ပြုဖို့ သဘောတူညီခဲ့ပါတယ်"ဟု လုံခြုံရေးကောင်စီ၏ သံတမန်တစ်ဦးက Reuters သတင်းဌာနသို့ပြောကြားသည်။

"နိုင်ငံတကာက ပြည်သူတွေအနေနဲ့ အဲဒီအစီရင်ခံစာကို လေ့လာဖတ်ရှုဆန်းစစ်နိုင်မှာဖြစ်တဲ့အတွက်

ကျွန်တော်တို့အင်မတန်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်"ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မြောက်ကိုရီးယားသည် ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ဆက်လက်၍ မထီမဲ့မြင်ပြုလျက်ရှိသည်။ သို့သော် ကျွမ်းကျင်သူပညာရှင်များအဖွဲ့အနေဖြင့် နျူကလီးယားအပါအဝင် အခြားလူအများအပြား သေစေနိုင်သော လက်နက် သို့မဟုတ် တိုက်ချင်းပစ်ဒုံးကျည်ပစ္စည်းများ ပေးပို့ရောင်းချသည့် သတင်းများ မရရှိခဲ့ကြောင်း ရေးသား ဖော်ပြထားသည်။

"ပိတ်ဆို့အရေးယူမှုတွေက မြောက်ကိုရီးယား၏ လုပ်ဆောင်ချက်များ ရပ်တန့်သွားအောင် ဆောင်ကြဉ်းပေးနိုင်ခြင်းမရှိပေ။ သို့သော် ၎င်းတို့၏ လုပ်ငန်းစဉ်များမှာ နှေးကွေးသွားပြီး လက်နက် ပေးပို့ရောင်းချမှုများမှာလည်း အခက်အခဲများ၊ ငွေအလုံးအရင်းအသုံးပြုရမှုများနှင့် သိသာစွာ ရင်ဆိုင် လာရသည်"ဟု အစီရင်ခံစာကဆိုသည်။

ဆီးရီးယားနိုင်ငံနှင့် တရားမဝင် လက်နက်ရောင်းဝယ်မှုဟု သံသယရှိသော ဖြစ်စဉ်ကိုလည်း ယခုနှစ် အစောပိုင်းကာလအတွင်း လုံခြုံရေး ကောင်စီ၏ မြောက်ကိုရီးယားပိတ်ဆို့မှုဆိုင်ရာ ကော်မတီသို့ တင်သွင်းခဲ့သည်ဟု ဆိုသည်။

အခြားသောဖြစ်စဉ်တစ်ခုမှာ ၂၀၀၇ ခုနှစ်အတွင်း တိုက်ချင်းပစ်ဒုံးကျည်တပ်ဆင်ထုတ်လုပ်နိုင်ရေးအတွက် ဒုံးလက်နက်နှင့် အခြားသော ဆက်စပ် ပစ္စည်းများ တင်ပို့ခဲ့သည့်ကိစ္စနှင့် ဆက်စပ်နေသည်ဟုလည်း ဖော်ပြထားသည်။

ကျွမ်းကျင်သူပညာရှင်များအဖွဲ့က ယမန်နှစ်က အစီရင်ခံစာတွင် အဆိုပါကိစ္စအား ထည့်သွင်းဖော်ပြခဲ့သည်ဟု ဆိုသည်။

သို့သော် ဆီးရီးယားနိုင်ငံနှင့် ချိတ်ဆက်လုပ်ကိုင်မှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်ကို ဖော်ပြခဲ့ပြီး လက်နက် တင်ပို့ရောင်းချရာတွင် တရုတ်နိုင်ငံမှတစ်ဆင့် လုပ်ဆောင်ခဲ့သည်ဟု အတည်ပြုဖော်ပြသည်။ ထို့ပြင် မိမိတို့အဖွဲ့အနေဖြင့် မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား သမာရိုးကျ လက်နက် အရောင်းအဝယ်ပြုမှုအပါအဝင် စစ်လက်နက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်သော ဖြစ်နိုင်ခြေများကိုရှာဖွေခဲ့ကြောင်း ရေးသား ထားပြန်သည်။

*********************************

တရုတ်နိုင်ငံ၏ ထုတ်လုပ်မှု တိုးတက်နှုန်း ခုနစ်လအတွင်း အနိမ့်ဆုံးရောက်

(2 July 2012 ရက်စွဲပါ BBC News မှ China Manufacturing Growth slows to a seven-month low ကို ဘာသာ ပြန်ဆိုသည်။)

တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုသည် ဇွန်လတွင် ခုနစ်လအတွင်း အနှေးဆုံး တိုးတက်ခဲ့ပြီး၊ စီးပွားရေး တိုးတက်မှု အရှိန်လျော့လာမည်ကို စိုးရိမ်လာရသည်။

၎င်း၏ တရားဝင်ဝယ်ယူရေးမန်နေဂျာများညွှန်းကိန်း (purchasing manager's index PMI) သည် မေလတွင် ၅၀.၄ ရှိရာမှ ဇွန်လတွင် ၅၀.၂ သာ ရှိကြောင်း၊ တနင်္ဂနွေနေ့က ထုတ်ပြန်သော ကိန်းဂဏန်းများ အရ သိရသည်။

ဥရောပနှင့် အမေရိကန်တို့ကဲ့သို့သော ဈေးကွက်များတွင်အရှိန်လျော့မှုသည် တရုတ်၏ ပို့ကုန်များ အပေါ်ဝယ်ယူမှုကို ထိခိုက်လာမည်ကို စိုးရိမ်လာရသည်။

PMI သည် ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်အတွက်အဓိကကျသော ညွှန်းကိန်းဖြစ်သည်။ ညွှန်းကိန်း ၅၀ အထက်ကို တိုးတက်မှုရှိသည်ဟု ညွှန်ပြခြင်းဖြစ်သည်။

"တရုတ်ဟာ ဥရောပရဲ့သက်ရောက်မှုတွေ အပေါ်ခံစားနေရတယ်ဆိုတာမေးခွန်းထုတ်စရာ မလိုပါ ဘူး"ဟု DBS မှ David Carbon က BBC သို့ ပြောသည်။

တစ်ချိန်တည်းမှာပင် တနင်္လာနေ့က HSBC သည် တရုတ်ပြည်မှပို၍သေးငယ်သော ပုဂ္ဂလိက ကုမ္ပဏီများ၏ထုတ်လုပ်မှုကို သီးခြားလေ့လာချက် အားထုတ်ပြန်ခဲ့သည်။

HSBC ၏ PMI တွင် မေလတွင် ၄၈.၄ ရှိခဲ့ရာမှ ဇွန်လတွင် ၄၈.၁ သာရှိသည်ဟု ဖော်ပြထားသည်။

ယခုလသည် HSBC ၏ PMI သည် သတ်မှတ်အဆင့် ၅၀ အောက်ကျဆင်းသောရှစ်လ ဆက်တိုက်လ ဖြစ်သည်။

ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးစီးပွားရေးတိုင်းပြည်ဖြစ်သော တရုတ်သည်တိုးတက်ကြီးထွားရေး အတွက် ထုတ်လုပ်မှုနှင့်ပို့ကုန်ကဏ္ဍပေါ်တွင် ကြီးစွာမှီခိုရသောနိုင်ငံဖြစ်သည်။

အဓိကကျသောဈေးကွက်များမှ ကုန်ပစ္စည်းမှာယူမှုများကျဆင်းပါက ၎င်း၏စီးပွားရေးတိုးတက်မှု နှုန်းလည်း နှေးကွေးသွားမည်ဖြစ်သည်။

တရုတ်၏စီးပွားရေးတိုးချဲ့မှုတွင် ပထမလေးလပတ်၌ ၈.၁%ရှိခဲ့ရာ သုံးနှစ်အတွင်း အနှေးကွေးဆုံး နှုန်းဖြစ်သည်။ အဆိုပါတိုးတက်မှုနှုန်း ထိုထက်ပို၍နှေးကွေးသွားမည်ကိုစိုးရိမ်လာရပြီ ဖြစ်သည်။

ထို့အတွက်ကြောင့် Beijing သည် နိုင်ငံခြားသို့ ရောင်းချရမှုကိုအစားထိုးနိုင်ရန် ပြည်တွင်းဝယ်လို အားမြှင့်တင်နိုင်ရေးအတွက် အဓိကကျသောအတိုးနှုန်းများကို ဖြတ်တောက်ခဲ့သည်။

ပြီးခဲ့သောလက တရုတ်ဗဟိုဘဏ်သည် ၂၀၀၈ ခုနှစ်ကတည်းကပထမဆုံးအကြိမ်အဖြစ် အဓိက ကျသောအတိုးနှုန်းများလျော့ခဲ့သည်။ ၎င်းသည်တစ်နှစ်ချေးငွေများကို ၀.၂၅% လျှော့ပေးခဲ့ပြီး ၆.၃၁% သာ ယူခဲ့သည်။ အပ်ငွေများအပေါ်တွင်လည်း အတိုးနှုန်းကို ၃.၅% မှ ၃.၂၅%သို့ လျော့ချခဲ့သည်။

ထို့အပြင် ဗဟိုဘဏ်သည် မကြာသေးမီလများက ဘဏ်များထားရှိရမည့်အရန်ငွေပမာဏကို လျော့ပေးခဲ့ပြီး ချေးငွေများများချေးနိုင်ရန် အားပေးခဲ့သည်။

ဝေဖန်သုံးသပ်သူများကပြောကြားရာတွင် ယခုနောက်ဆုံးထုတ်ပြန်သော အချက်အလက်များသည် ဗဟိုဘဏ်အားတိုးတက်မှုနှုန်းမြင့်လာနိုင်ရန် နောက်ထပ်လုပ်ဆောင်မှုများပြုလုပ်ရန် တွန်းအားပေးသည့် သဘောဖြစ်သွားလိမ့်မည်ဟု ဆိုကြသည်။

"ကျွန်တော်တို့အနေနဲ့ လာမယ့်လတွေမှာ ဆုံးဖြတ်ချက်မှန်တဲ့ ဖြေလျော့မှုတွေမျှော်လင့်နေပါတယ်" ဟု HSBC မှ စီးပွားရေးပညာရှင် Qu Hongbin ကပြောသည်။

"ပြည်ပကပစ္စည်းမှာယူမှုတွေ အားနည်းသွားတဲ့အချိန်မှာ အခုစောစောပိုင်းက ဖြေလျော့ပေးမှု ကြောင့်တုန့်ပြန်မှုအနေနဲ့ ပြည်တွင်းဝယ်လိုအား သိသိသာသာ တိုးတက်မလာသေးပါဘူး။ ကြီးထွားမှုနှုန်းနှေးကွေးနေဦးမယ့်လမ်းကြောင်းပေါ်မှာပဲ ရှိနေပါသေးတယ်" ဟု ၎င်းက ပြောသည်။

                                ******************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment