Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၃.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံအပေါ် ရန်ပုံငွေကူညီမှုကို မပိတ်ဆို့ရန် ပိုမိုဖိအားပေးမှုနှင့် အမေရိကန် ရင်ဆိုင်ရဖွယ်ရှိကြောင်း ADBပြောကြား

( Bloomberg News မှ 2 July 2012 ရက်စွဲပါ “US may face more pressure to unblock Myanmar Aid,ADB says ” သတင်းကိုဘာသာပြန်ဆိုသည်)

  1. နော်ခမ်း၏ စခန်းများကို ဝင်စီးရာတွင် တရားခံ ၄ ဦးနှင့် မူးယစ်ဆေးများ ဖမ်းဆီးရမိ

(Bangkok Post မှ 3 July 2012 ရက်စွဲပါ “Four held as Naw Khan’s bases raided”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံကြီးပွားရေးအတွက် အလားအလာများ

(3 July 2012 ရက်စွဲပါ Bangkok Post မှ Myanmar:Potential to prosper ကိုဘာသာပြန်ဆိုသည်)

                                         ***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံအပေါ် ရန်ပုံငွေကူညီမှုကို မပိတ်ဆို့ရန် ပိုမိုဖိအားပေးမှုနှင့် အမေရိကန် ရင်ဆိုင်ရဖွယ်ရှိကြောင်း ADBပြောကြား

( Bloomberg News မှ 2 July 2012 ရက်စွဲပါ “US may face more pressure to unblock Myanmar Aid,ADB says” သတင်းကို  ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအား ကြီးကြီးမားမား ကူညီခွင့်ပြုရန် အခြားအလှူရှင်နိုင်ငံများက ပိုမိုဖိအားပေးလာခြင်းကို အမေရိကန်ပြည်ထောင်စုအနေဖြင့် လာမည့် လပိုင်းများအတွင်း ပိုမိုရင်ဆိုင်ရလိမ့်မည်ဟု ADB ဒုတိယဥက္ကဌ စတီဗင်ဂရော့က ပြောကြားလိုက်သည်။

မေလအတွင်း သမ္မတအိုဘားမားအစိုးရက မြန်မာနိုင်ငံအပေါ် sanctions အချို့ဖြေလျှော့ပေးခဲ့သည့်တိုင်အောင် မြန်မာနိုင်ငံသို့ ADBနှင့် ကမ္ဘာ့ဘဏ်က အကူအညီပေးခြင်းကို တားမြစ်ခဲ့သည့် ဥပဒေများအမေရိကန် ဘဏ္ဍာရေးဌာနတွင် ရှိနေဆဲဖြစ်ကြောင်းနှင့် နိုင်ငံတကာငွေကြေးအဖွဲ့များ၏ မြန်မာနိုင်ငံနှင့်ပြန်လည်ဆက်ဆံမှု ခြေလှမ်းများကို သဘောကျနေသော အခြားနိုင်ငံများက အကယ်၍ အမေရိကန်တို့ မူဝါဒမပြောင်းလျှင် သည်းခံစိတ်ရှည်မှုစတင်လျော့ပါး လာလိမ့်မည်ဖြစ်ကြောင်း စတီဗင်ဂရော့က ရှင်းလင်းပြောကြားသည်။

၎ ရက်ကြာ မြန်မာခရီးစဉ်အပြီး ဘန်ကောက်တွင် တစ်ထောက်နားစဉ် ဇွန်၃၀ရက်တွင် ADB ဒုတိယဥက္ကဌ စတီဗင်ဂရော့က “အခြားအလှူရှင်နိုင်ငံတွေ ADB နဲ့ကမ္ဘာ့ဘဏ် ရှယ်ယာဝင်နိုင်ငံတွေက အဖွဲ့အစည်းတွေရဲ့ ခြေလှမ်းတွေရှေ့တိုးနေတာကို အလွန် စိတ်ဝင်စားနေကြပါတယ်။ လက်ရှိအနေအထားမှာ ကျွန်တော်တို့လုပ်နိုင်တာထက် သူတို့မြင်ချင်တွေ့ချင်တဲ့ အဆင့်က နဲနဲတော့ ပိုနေဦးမှာပါ”ဟု ပြောကြားခဲ့သည်။

မြန်မာပြည်သူ ၆၄သန်းကို အဆင်းရဲဆုံး အာရှသားများဖြစ်သွားစေခဲ့သော စစ်အုပ်ချုပ်ရေးကာလအပြီးတွင် လက်ရှိအာဏာရထားသော သမ္မတဦးသိန်းစိန်၏ ၁၆ လသား အစိုးရက နိုင်ငံတကာငွေကြေးအဖွဲ့များထံမှ အကူအညီပြန်ရအောင် ကြိုးစားလျက်ရှိသည်။ လောလောဆယ်တွင် ADB၊ ကမ္ဘာ့ဘဏ်တို့နှင့် မြန်မာအစိုးရအကြား သက်တမ်းလွန်နေသော ချေးငွေဒေါ်လာသန်း၉၀၀ခန့်ကို ဖြေရှင်းရန် ဆွေးနွေးနေကြပြီဖြစ်ရာ မြန်မာနိုင်ငံသို့ ငွေပြန်လည်ချေးရန် ပိုမိုနီးစပ်လာပြီဖြစ်သည်။             

မြန်မာခရီးစဉ်တွင် သမ္မတဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သော စတီဖင်ဂရော့က“ ဘုတ်အဖွဲ့ကို ကျွန်တော်တို့ တွန်းအားပေးသွားမှာပါ။ Sanctions ဥပဒေတွေရှိနေသေးတဲ့ အမေရိကန်ပြည်ထောင်စုက ကန့်ကွတ်နေတုန်းမို့ပါ”ဟု ပြောကြားသည်။

“အမေရိကန်ပြည်ထောင်စုက မထောက်ခံသေးဘူးလို့ လူသိရှင်ကြား ကြေညာထားတဲ့အတွက် ဘုတ်အဖွဲ့ကို တွန်းအားပေးရာမှာ ရနိုင်မယ့် အကျိုးရလဒ်ကတော့ သိပ်ကိုနည်းနေဦးမှာပါ”ဟု ဂရော့ကဆက်လက် ပြောဆိုသည်။

ADB တွင် ရှယ်ယာဝင်ထားသော ၆၇နိုင်ငံ အနက် အမေရိကန်နှင့်ဂျပန်က ၁၂.၈၂ ရာခိုင်နှုန်းစီဖြင့် မဲပေးခွင့် အာဏာအများဆုံး ရရှိထားပြီး၊ ၎င်းတို့၏ နောက်တွင် တရုတ်နိုင်ငံက ၅.၄၇ရာခိုင်နှုန်းဖြင့် ရပ်တည်နေသည်ဟု ဘဏ်၏ နှစ်လည်အစီရင်ခံစာက ဆိုသည်။

 

လျှပ်စစ်ဓါတ်အားနှင့် မော်တော်ယာဉ်

မြန်မာနိုင်ငံ၏ ကဏ္ဍ ၇ ရပ်အပေါ် ADB ၏ အကဲဖြတ်ချက်များကို မနေ့ကထုတ်ပြန်ခဲ့ရာတွင် လိုအပ်ချက်များကို ဖေါ်ထုတ်ထားသည်။ နိုင်ငံလူဦးရေ လေးပုံတစ်ပုံခန့် ဆင်းရဲငတ်မွတ်နေခြင်း၊ အလုပ်လုပ်သူ ၇၀ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းတွင် လုပ်ကိုင်နေရခြင်း၊ လူ ၄ ဦးလျှင် ၃ ဦးသာ လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်ခြင်း စသည့် လိုအပ်ချက်များကို ဖော်ထုတ်တင်ပြထားသည်။ မြန်မာနိုင်ငံတွင် လူ ၁၀၀၀ လျှင် မော်တော်ယာဉ် ၁၈ စီးမျှသာ သုံးစွဲနိုင်သေးသော်လည်း အင်ဒိုနီးရှားတွင် အစီး၂၅၀၊ ထိုင်းနိုင်ငံတွင် အစီး ၃၇၀ သုံးစွဲနိုင်သည်ဟု နှိုင်းယှဉ်ပြထားသည်။

သို့သော်လည်း အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကိုကာကိုလာ အချိုရည် ရောက်လာတော့မည်ဖြစ်သလို Gaterpillar Asia အကြီးအကဲကီဗင်သန်မင် ပူးတွဲဦးဆောင်သော အမေရိကန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည်လည်း နောက်လတွင် မြန်မာနိုင်ငံသို့ လာတော့မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲသို့ရောက်ရှိလာအောင် လိုက်လျောခွင့်ပြုခဲ့သော မြန်မာအာဏာပိုင်များ၏ ပြုပြင်ပြောင်းလဲပြသမှု ခြေလှမ်း များကြောင့် အမေရိကန်ဆီိနိတ်ကလည်း ဒဲရက်မစ်ချယ်ကို ၁၉၉၀ နောက်ပိုင်း ပထမဆုံးအမေရိကန် သံအမတ်ကြီးအဖြစ် အတည်ပြုပေးလိုက်ပြီဖြစ်သည်။

 

သက်တမ်းလွန် အကြွေးများ

မြန်မာနိုင်ငံသည် ကြွေးဟောင်းကိစ္စကို ဆွေးနွေးနိုင်မည့် အလှူရှင်နိုင်ငံအစိုးရများနှင့် အစည်းအဝေးကို ၃လအတွင်း ကျင်းပဖွယ်ရှိသည်။ မည်သည့်ဖြေရှင်းနည်းတွင်မဆို ကြွေးဟောင်းတစ်ချို့ကို ကူညီလျှော်ပေးမည့် ရန်ပုံငွေ ပုံစံသစ်တစ်မျိုးနှင့် ကျန်အကြွေးငွေ ပေးဆပ်ခြင်းကို ထိထိရောက်ရောက် ပြန်လည်စီစဉ်ထားသည့် ပေါင်းကူးချေးငွေ ပုံစံတစ်မျိုးတို့ ပါဝင်မည့် အလားအလာရှိပါသည်ဟု ဂရော့ကဆိုသည်။

ကြွေးဟောင်းကိစ္စကို ပြန်လည်စီစဉ်ရမယ့် စည်းကမ်းချက်အပေါ် ကျွန်တော်တို့ပိုပြီး အားပြုလိုက်မယ်ဆိုရင် ဆင်းရဲတဲ့မြန်မာပြည်သူတွေအပေါ် ပိုပြီးတော့ အားပြုလိုက်မယ်ဆိုရင် ဆင်းရဲတဲ့မြန်မာ ပြည်သူတွေအပေါ် အကျိုးရှိစေမယ့် ကာလ အလယ်အလတ် ရင်းနှီးမြှပ်နှံမှု ရနိုင်ချေ နည်းပါးသွားပါလိမ့်မယ်ဟု ဂရော့က ရှင်းလင်းပြောဆိုသည်။

သမ္မတဦးသိန်းစိန်ကလည်း ၂၀၁၆တွင် စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ၇.၇ ရာခိုင်နှုန်းရှိအောင် ပစ်မှတ်ထားကာ အလုပ်အကိုင်နှင့် ဝင်ငွေ အခွင့်အလမ်းများ တိုးမြင့်လာအောင် ဖန်တီးပေးမည်ဟု ယခင်လက ကတိပေးပြောဆိုထားသည်။ လူငယ် အလုပ်လက်မဲ့ပြဿနာသည် ချိန်ကိုက် ဗုံးတစ်လုံး ဖြစ်နေပြီဟု ဒေါ်အောင်ဆန်းစုကြည်ကလည်း ထုတ်ဖေါ်ပြောကြားထားသည်။

အလုပ်လက်မဲ့နှုန်းသည် ၂၀၀၅ တွင် ၃၄ ရာခိုင်နှုန်းမှ ၂၀၁၀ တွင် ၃၇ ရာခိုင်နှုန်းသို့ မြင့်တက်လာသည်ဟု ADBအကဲဖြတ် အစီရင်ခံစာက ဆိုသည်။

ဆင်းရဲမွဲတေသူများ၏ ၈၅ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ တိုင်းရင်းသားတင်းမာမှု ပဋိပက္ခများသည် အချို့သော ပြဿနာများနှင့် နောက်ပြန်ဆွဲမှုများကို ဖန်တီးနိုင်ဖွယ်ရှိသော်လည်း ထိပ်တန်းအဆင့် အာဏာပိုင်များက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို တာဝန်ခံ၊ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်ဟူသော အသိကို မြန်မာနိုင်ငံသို့ သွားရောက်စဉ် ထပ်မံခံစားမိခဲ့သည်ဟု စတီဗင်ဂရော့က ပြောကြားသွားခဲ့သည်။

                                                                                **************************

နော်ခမ်း၏ စခန်းများကို ဝင်စီးရာတွင် တရားခံ ၄ ဦးနှင့် မူးယစ်ဆေးများ ဖမ်းဆီးရမိ

(Bangkok Post မှ 3 July 2012 ရက်စွဲပါ “Four held as Naw Khan’s bases raided”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအာဏာပိုင်များက မူးယစ်ရာဇာနော်ခမ်း၏လက်အောက်ခံစခန်းများကို ဝင်ရောက်စီးနင်းရာတွင် သံသယရှိတရားခံ ၄ ဦးနှင့်အတူ ပီားရိုးအင်းနှင့် စိတ်ကြွဆေးပြားများစွာကို ဖမ်းဆီးရမိခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ် ချိုင်ဆန်ခရိုင် ရင်မလိုကျေးရွာနှင့် မျက်နှာချင်းဆိုင် တစ်ဖက်နယ်စပ်မှ ဆမ်ဆမ်ဖူး၊ ဘန်ပွန်၊ မွိုင်ပွန်အပါအဝင် နယ်စပ်ကျေးရွာများရှိ နော်ခမ်း၏ စခန်းများကို တာချီလိတ်မှ မြန်မာလုံခြုံရေးတပ်များက ဇွန်လ ၃၀ ရက်မှစ၍ နှိမ်နင်းဖြိုခွဲခဲ့ခြင်းဖြစ်သည်ပာု နယ်စပ်မှ ထိုင်းစစ်ဖက်သတင်းရပ်ကွက်ကဆိုသည်။

ရွှေတြိဂံနယ်မြေ မြောက်ဖက် ၇-၁၀ ကီလိုမီတာအကွာရှိ ၎င်းနယ်မြေကို စီးနင်းရာတွင် သံသယရှိ တရားခံ ၄ ဦးနှင့်အတူ စိတ်ကြွဆေးပြား ၆ သိန်းကျော်နှင့် ပီားရိုးအင်း အချောင်း ၁၂၀ ခန့်ကို သိမ်းဆည်းရမိသည်ပာု သိရှိရသည်။

ထိုကဲ့သို့ မူးယစ်ဆေးဝါးထုတ်လုပ်သော ဆက်စပ်ပစ္စည်းများကို နေရာအနှံ့ နှိမ်နင်းဖမ်းဆီးရာတွင် မြန်မာတပ်ဖွဲ့များက ရှမ်းတိုင်းရင်းသားလက်နက်ကိုင် SSA တပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ပာု ထိုင်းစစ်ဖက် သတင်းရပ်ကွက်ကဆိုသည်။

မနှစ်က မဲခေါင်မြစ်အတွင်းမှ တရုတ်ကုန်သင်္ဘောနှစ်စင်းကို သေနတ်သမားများက တိုက်ခိုက်ခဲ့ခြင်းကြောင့် တရုတ်သင်္ဘောသား ၁၃ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း မဲခေါင်မြစ်ကြောင်းတစ်လျှောက်မှ ကုန်သင်္ဘောများကို ၄ နိုင်ငံ ပူးပေါင်းကင်းလှည့်စောင့်ရှောက်ရာတွင် တရုတ်၊ ထိုင်း၊ လာအိုနှင့်အတူ မြန်မာတပ်ဖွဲ့များလည်း ပါဝင်ခဲ့သည်။

အဆိုပါ လူသတ်မှုများနှင့် ဆက်စပ်သည်ပာု သံသယရှိကြသော မူးယစ်ရာဇာနော်ခမ်းကို လာအိုအာဏာပိုင်များက မကြာသေးမီက ဖမ်းဆီးခဲ့ပြီး မေလ ၁၀ ရက်တွင် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

နော်ခမ်းဖမ်းဆီးခဲ့ရပြီးနောက်ပိုင်းတွင် ၎င်း၏ဂိုဏ်းဝင် မူးယစ်ဆေးဝါးကုန်သည် အနည်းဆုံး ၂၀ ခန့် မြန်မာအာဏာပိုင်များထံ လက်နက် ချခဲ့သည်ပာု ကြားသိရသည်။

နော်ခမ်းသည် ထိုင်းနှင့်မြန်မာ မူးယစ်တပ်ဖွဲ့များက အလိုရှိနေကြသော မူးယစ်ရာဇာတစ်ဦးဖြစ်သည်။

ထိုအတောအတွင်း တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရမှုကို စုံစမ်းနေသော ထိုင်းရဲတပ်ဖွဲ့က ၎င်းတိုက်ခိုက်မှုနောက်ကွယ်တွင် ပြစ်မှု မှတ်တမ်းရှိသော ထိုင်းလူမျိုးတစ်ဦးပါဝင်ပတ်သက်နေသည်ပာု ပြောကြားထားသည်။

တရုတ်သင်္ဘောများအား မူးယစ်ဆေးဝါးဂိုဏ်းက တိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံသား အိုလန်ဆွန်ပေါင်ဖန်လည်း ပါဝင်သည်ပာု ဒုတိယရဲချုပ် ပန်ဆရီပရာပါဝတ် ဦးဆောင်သော စုံစမ်းရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသား အိုလန်သည် တရားမဝင်မူးယစ်ဆေးဝါးကိစ္စများနှင့် ပတ်သက်နေသည့်အပြင် ယခင်ပြည်ထဲရေးဒုတိယဝန်ကြီးပောာင်း၊ လွှတ်တော်အမတ် ဆန်တီချိုင်ဝီရာတာနာ အသတ်ခံရမှုအတွက် အလိုရှိနေသော တရားခံတစ်ဦးဖြစ်ပြီး၊ မြန်မာနိုင်ငံ နယ်စပ်မှ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေထဲသို့ ထွက်ပြေးတိမ်းရှောင်နေသည်ပာု ယုံကြည်ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။

ရဲချုပ် ပန်ဆရီက မိမိတို့ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သက်သေ ၁၀၉ ဦးကို မေးမြန်းစစ်ဆေးပြီးနောက်၊ တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရမှုတွင် ပါဝင်ပတ်သက်နေသည်ပာု သံသယရှိသော ထိုင်း စစ်သား ၉ ဦးကို ဖမ်းဆီးရန် ဝရမ်းထုတ်ပေးခဲ့သည်ပာု မနေ့က ပြောကြားလိုက်သည်။

                                                                    *********************************

မြန်မာနိုင်ငံကြီးပွားရေးအတွက် အလားအလာများ

(3 July 2012 ရက်စွဲပါ Bangkok Post မှ Myanmar:Potential to prosper ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ကာလရှည်ကြာက အပယ်ခံနိုင်ငံဖြစ်ရခြင်းနှင့် စီးပွားရေးအရ တိုးတက်မှုမရှိခြင်းကြောင့် စွမ်းအင်၊ သယ်ပူပို့ဆောင်ရေးအစ လယ်ယာအဆုံး ကဏ္ဍတိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်လျက်ရှိနေပါသည်။ သို့ဆိုလျှင် ဘယ်ကစ၍ လုပ်ကြမည်နည်း။

မကြာမီက အာရှဖွံ့ဖြိုးရေးဘဏ်မှ မြေပြင်တွင် ကွင်းဆင်းကောက်ယူထားသော အကဲဖြတ်အစီရင်ခံချက်တွင် လုပ်ဆောင်ဖွယ်ရာများစွာ ရှိကြောင်း ပြသနေသည်။ သို့သော် အာမခံချက်များရှိနေမှုကိုလည်း ပုံဖော်ခဲ့သည်။

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့မှလွဲ၍ ရေအားလျှပ်စစ်၊ ဇီဝလောင်စာ၊ လေနှင့် နေရောင်ခြည်သုံး စွမ်းအင်အရင်းအမြစ်များစွာ ရှိသော်လည်း မြန်မာလူဦးရေ၏ လေးပုံတစ်ပုံသာ လျှပ်စစ်မီးပုံမှန်ရရှိပါသည်။ ရန်ကုန်သည်ပင်လျှင် တိုးတက်မှုအတွက် နှောင့်နှေးစေကြာင်း အပြစ်တင်မှုများ ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်းကြောင့် အားနည်းလာပြီး ဆည်မြောင်းစနစ်မှာလည်း အဆင့်မြှင့်ရန် လိုအပ်လျက်ရှိသည်။ သို့သော် မြန်မာနိုင်ငံတွင်းဖြတ်၍ စီးဆင်းနေသော မြစ်ကြီးငါးစင်းမှာ ဆည်မြောင်းအတွက် အလားအလာကြီးမားစွာရှိနေပါသည်။ စိုက်ပျိုးနိုင်သောမြေများ၊ သင့်တင့်သော ရာသီဥတုနှင့် ရုပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဖြည်းဆည်းပေးနိုင်ခဲ့လျှင် မြန်မာနိုင်ငံသည် မြေကို သေချာ စီမံခန့်ခွဲနိုင်မည်ဆိုပါက တိုင်းပြည်သည် ရိက္ခာအိုးကြီးအသွင်သို့ ပြောင်းသွားနိုင်သည်။

မြန်မာနိုင်ငံတွင် အနာဂါတ်၌ ဖွံ့ဖြိုးတိုးတက်မှုများကို ပြည်သူများ အကျိုးခံစားနိုင်ရန် ကျေးလက်ဒေသများ၊ ဈေးကွက်များနှင့် မြို့ပြဗပိာုဌာန များကြားတွင် ပိုမိုကောင်းမွန်သော ဆက်သွယ်မှုရှိရန် လိုအပ်ပါသည်။

လမ်းများကောင်းလာခြင်းကြောင့် အခွင့်အလမ်းများ ကောင်းလာရုံမကပဲ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဲ့သို့သော ဘဝကိုပြောင်းလဲစေနိုင်သော အရာများကို ထိတွေ့ခံစားလာနိုင်မည်ဖြစ်သည်။ လက်ရှိအားဖြင့် မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍသည် နိုင်ငံ၏ အရွယ်အစား၊ လူဦးရေနှင့် အလားအလာများစွာ နိမ့်ကျလျက်ရှိသည်။

အာဆီယံနိုင်ငံများတွင် လမ်းများ၏ သိပ်သည်းဆ(road density)မှာ လူတစ်ထောင်လျှင်(၁၁)ကီလိုမီတာဖြစ်သော်လည်း မြန်မာနိုင်ငံတွင် လူတစ်ထောင်တွင်(၂)ကီလိုမိတာ ရှိပါသည်။ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတွင် လူတစ်ထောင်တိုင်းတွင်ကား(၂၅၀-၃၇၀)စီးခန့်ရှိပြီး၊ မြန်မာနိုင်ငံတွင် ပျှမ်းမျှ(၁၈)စီးသာရှိသည်။

သို့သော် မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှကို ဆက်သွယ်ပေးသော သဘာဝတံတားတစ်စင်း(natural land bridge)တစ်ခု ဖြစ်သည်။ အိန္ဒိယ၊ တရုတ်နှင့် အာဆီယံအဖွဲ့ဝင်များကြား ကူးသန်းရောင်းဝယ်ရေးအတွက် လမ်းဆုံတွင် တည်ရှိနေပါသည်။

ပြည်တွင်းနယ်စပ်များနှင့် အခြားဒေသများတွင်ပါ သယ်ယူပို့ဆောင်ရေး အဆက်အသွယ်များမှာ ဆိုးဆိုးရွားရွား ကန့်သတ်ချက်များရှိနေသည်။

ထိုကဏ္ဍတွင် များများစားစားမပာုတ်လျှင်တောင် သင့်လျော်သော ရင်းနှီးမြှုပ်နှံမှုများပြုပါက နေရာတိုင်းတွင် အဓိကကျသော သက်ရောက်မှုများ ရနိုင်ပါသည်။

ရေရှည်အတွက်မူ မြန်မာနိုင်ငံသည် အာရှ၏အကြီးဆုံး စီးပွားရေးနိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများကြားတွင် မပာာဗျူပာာကျစွာ တည်နေသော အလားအလာများကို ချိတ်ဆက်ရန်လိုအပ်သည်။ ထိုသို့ လုပ်ဆောင်ရန်အတွက် ပိုမိုကောင်းမွန်သော လမ်းများနှင့် နယ်စပ်ဖြတ်ကျော်မှုများ၊ ကောင်းမွန်သော ဥပဒေ၊ နည်းဥပဒေများ၊ ကုန်ပစ္စည်းများစီးဆင်းပုံအဆင့်ဆင့်နှင့် နိုင်ငံများရှိ ပြည်သူများကြားဆက်ဆံရေးများ အပါအဝင် အိမ်နီးချင်း နိုင်ငံများကြား ပိုမိုကောင်းမွန်သော အပြန်အလှန်ဆက်ဆံရေးများ လိုအပ်သည်။

အထက်ပါ လုပ်ဆောင်ရမည့်ကိစ္စများမှာ ပြီးခဲ့သည့်အပတ်က မန္တလေးမြို့တွင် ကျင်းပသော လေးကြိမ်မြောက် မပာာမဲခေါင်ဒေသခွဲ စီးပွားရေး စင်္ကြန်ဖိုရမ်တွင် ဆွေးနွေးခဲ့သည့်အချက်များနှင့် တစ်ထပ်တည်းဖြစ်သည်။

ခြောက်နိုင်ငံမှ ဝန်ကြီးများ၊ အကြီးတန်းအစိုးရတာဝန်ရှိသူများသည် မဲခေါင်ဒေသတွင်း ပြည်သူများအားလုံးအကျိုးရှိစေမည့် ကုန်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ကူးသန်းရောင်းဝယ်ရေးကောင်းမွန်စေရန် နည်းလမ်းများကို ဖလှယ်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ အလားအလာများမှာ ကြီးမားပါသည်။ သစ်တောသယံဇာတပေါခြင်း၊ ရေနှင့် ရေထွက်ပစ္စည်းလုံလောက်အောင်ရှိခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်ရှိခြင်း၊ သတ္တုကဏ္ဍအားကောင်းလာနိုင်ခြင်းများ ရှိသည်။ အဆိုပါ သယံဇာတများကို ကောင်းမွန်စွာ စိမံခန့်ခွဲနိုင်ပါက တိုင်းသူပြည်သား ဘဝများ၏ အရည်အသွေးကိုကြီးစွာပြောင်းလဲပေးနိုင်သည်။

ဆက်သွယ်မှုအတွက် ရင်းနှိးမြှုပ်နှံရုံဖြင့် မလုံလောက်ပေ။ မြန်မာနိုင်ငံအနေဖြင့် ၎င်း၏ တန်ဖိုးကြီးသော သဘာဝသယံဇာတများတွင် ရင်းနှီး မြှုပ်နှံမှုများ မြှင့်တင်ရန်လိုအပ်သည့်နည်းတူ တိုင်းပြည်တိုးတက်ရေးအတွက် သယံဇာတများ သုံးစွဲရာတွင် ပြည်သူများ အသုံးချခံမဖြစ်ရေး သေချာရန်လိုအပ်သည်။ မြန်မာနိုင်ငံသည် တိုင်းပြည်ကို မည်သို့ တိုးတက်စေလိုသနည်းပာူသော ရှင်းလင်းပြတ်သားသည့်အမြင်ရှိရန် လိုအပ် သည်သာမက ထိုအမြင်ကို အထောက်အကူပြုမည့် အားကောင်းသော အခြေခံများကို ကျယ်ကျယ်ပြန့်ပြန့် အလုံးစုံပါဝင်ရန် လုပ်ဆောင်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသို့ သွားရာလမ်းကို အားကောင်းပြီး တာဝန်ခံမည့် အဖွဲ့အစည်းများနှင့် လူများဖြင့် တည်ဆောက်ရမည် ဖြစ်သည်။ သို့သော် ရှင်းလင်းပြီး မြင်သာသည့် တာဝန်ယူမှုရှိရန်၊ စီမံကိန်းများကို ကိုင်တွယ်နိုင်သည့် စွမ်းဆောင်ရန် ပိုမိုရှိရန်၊ ပြည်သူများ၏ အကောင်းဆုံးအကျိုးစီးပွားများကို ဦးစားပေးနိုင်ရန် လိုအပ်သည်။ အဆိုပါ လုပ်ဆောင်မှုများအတွက် လူသားစွမ်းဆောင်ရည်နှင့် ကတိကဝတ်များက လိုအပ်သည်။

ထို့အပြင် အချိန်လည်းလိုအပ်သည်။ သို့သော် လွယ်ကူသောဖြတ်လမ်းနည်းများလည်းရှိသည်။

မြန်မာနိုင်ငံသည် ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် စာမျက်နှာသစ်ဖွင့်နေသည့် စိတ်လှုပ်ရှားဖွယ်အချိန်တွင် ၎င်းတို့၏ ပြည်သူများကျွမ်းကျင်မှု တစ်ခုခုအတွက် တိုးတက်လာရန် ရင်းနှီးမြှုပ်နှံမှုပြုရေးသည် အရေးကြီးလှသည်။ အကယ်၍ မြန်မာနိုင်ငံသည် အတတ်ပညာကျွမ်းကျင်မှုအခြေခံသည် စီးပွားရေးနှင့် အတူတွဲ၍ ကြီးထွားလာပါက၊ ၎င်း၏ ပြည်သူများသည် တိုင်းပြည်၏ လာမည့်သီးပွင့်လာမှုများအပေါ်မှ အကျိုးအမြတ်များကို အပြည့်အဝ ရယူနိုင်မည်ဖြစ်သည်။

နောက်ဆုံးတွင် မြန်မာနိုင်ငံ၏ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ပပောဋ္ဌိတွင် ဆက်သွယ်ရေးလမ်းကြောင်း(Connectivitely)နှင့် လူ့စွမ်းရည်(Capacity) သည်သာ အဓိကကျသော အရာနှစ်ခုဖြစ်နေသည်။ ထိုအရာနှစ်ခုကို နေရာတကျတည်ဆောက်နိုင်မည်ဆိုပါက မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်နှင့် ပြည်သူများ၏ လိုလားချက်များကို ပိုမိုနေရာချထားနိုင်မည်ဖြစ်သည်။

                                           ******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment