Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၇.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. သမ္မတဦးသန်းစိန် ရွှေ့ဆိုင်းထားသောထိုင်းခရီးစဉ်ကို ထမ်မံစီစဉ်

(Gulf Times မှ 6 July 2012 ရက်စွဲပါ “Presidint The in Sein to make Thai State visit” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းရင်းသားပြဿနာ

(7 July 2012 ရက်စွဲပါ The Economist မှ The idea of Myanmar ( Aung San SuuKyi’s ethnic-minority problem) ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

သမ္မတဦးသန်းစိန် ရွှေ့ဆိုင်းထားသောထိုင်းခရီးစဉ်ကို ထမ်မံစီစဉ်

(Gulf Times မှ 6 July 2012 ရက်စွဲပါ “Presidint The in Sein to make Thai State visit” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာသမ္မတ ဦးသန်းစိန်သည် ထိုင်းနိုင်ငံခရီးစဉ်ကို နှစ်ကြိမ်တိုင်တိုင် ဆိုင်းငံ့ပြီးနောက်တွင် ယခုလကုန်ပိုင်း၌ လာရောက်ရန် စီစဉ်နေသည်ဟု အကြီးတန်းထိုင်းဝန်ကြီးတစ်ဦးက မနေ့က ပြောကြားသည်။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဖိတ်ကြားခဲ့သော ဘန်ကောက်အရှေ့အာရှစီးပွားရေးဖိုရမ်သို့ တက်ရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းပြီးနောက် သီတင်းရက်သတ္တပတ်ကျော်အကြာတွင် နာမည်ကျော်မြန်မာနိုင်ငံ၏ နာမည်ကြီး ပြုပြင်ပြောင်းလဲရေးဝါဒီသမ္မတသည် ဇူလိုင် ၂၂ ရက်တွင် ထိုင်းနိုင်ငံသို့ ၃ ရက်ခရီးစဉ် လာရောက် လည်ပတ်တော့မည် ဖြစ်သည်။

“သမ္မတဦးသိန်းစိန်ဟာ ဇူလိုင် ၂၂ ကနေ ၂၄ ရက်အကြားမှာ ဘန်ကောက်ကို တကယ်ရောက်လာတော့မှာပါ။ သူ့ကို ကြိုဆိုဧည်ခံ့ဖို့အတွက် ဒီနေ့ညနေ ကျွန်တော်တို့ အစည်းအဝေးထိုင်ကြမှာပါ”ဟု ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်များထဲမှ တစ်ဦးဖြစ်သူ ယူသာဆတ်ဆာစီမရာပါက သတင်းထောက်များကို ပြောကြားသွားသည်။

                                                    **********************

ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းရင်းသားပြဿနာ

(7 July 2012 ရက်စွဲပါ The Economist မှ The idea of Myanmar ( Aung San SuuKyi’s ethnic-minority problem) ကိုဘာသာပြန်ဆိုသည်)

ယခုရက်များတွင် မြန်မာနိုင်ငံမှ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်ခြင်းနှင့်ပတ်သက်၍ သူ၏ တိုင်းပြည်ပြင်ပမှ လူများအနေဖြင့် အနည်းငယ်ကသာ အိပ်မက်မက်ဖူးကြလိမ့်မည် ဖြစ်သည်။ ပြီးခဲ့သည့်လက သူ၏ ဥရောပခရီးစဉ်တွင် အားလုံးက လိုအပ်သည်ထက်ပို၍ နွေးထွေးစွာ လက်ခံကြိုဆိုခဲ့ကြသည်။ သူ၏သိက္ခာ၊ ရဲရင့်မှု၊ ဥာဏ်ရည်မြင့်မှုနှင့် ဟာသဥာဏ်ရှိမှုတို့သည် သူ့အပေါ်ကာလရှည်ကြာ နှစ်သက် သဘောကျနေသူများကို ပိုမိုခိုင်မြဲစေသကဲ့သို့၊ ပရိတ်သတ်အသစ်များကိုလည်း ရရှိစေခဲ့သည်။ သို့သော် သူ၏တိုင်းပြည်တွင်မူ သူသည် နိုင်ငံရေး အကျဉ်းသားတစ်ဦး မဟုတ်တော့ဘဲ၊ နိုင်ငံရေးသမားတစ်ဦးဖြစ်နေပြီ ဖြစ်သည်။ ပြည်တွင်းတွင် ပြင်းထန်သောဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဒေါ်အောင်ဆန်းစုကြည်အား Myanmar အစား Burma ဟုအကြိမ်ကြိမ်သုံးစွဲမှုအတွက် အပြစ်တင်ခဲ့သည်။ သူ့အတွက် ပိုမိုစိုးရိမ်ဖွယ်ကောင်းသောအချက်မှာ မြန်မာတိုင်းရင်းသားအုပ်စုများအပေါ် ကိုယ်စားပြုသောအုပ်စုများမှ သူ့အပေါ် သံသယရှိကြောင်းအသံများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဥရောပတွင် ဒေါ်အောင်ဆန်းစုကြည်ကြုံတွေ့ခဲ့ရသော ပြဿနာမှာ ဇွန်လအစောပိုင်းက ရခိုင်ပြည်နယ်တွင် မွတ်ဆလင်လူနည်းစု ရိုဟင်ဂျာများနှင့် ဖြစ်ပွားသော လူမျိုးရေးအရ အကျည်းတန်သော ဖြစ်ရပ်အပေါ် မည်သို့ တုန့်ပြန်မည်နည်းဆိုသည့် ကိစ္စဖြစ်သည်။ လူပေါင်းတစ်ဒါဇင်ခန့် သေဆုံးမည်ဟု ခန့်မှန်းရပြီး၊ ၉၀၀၀၀ ခန့်မှာအိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်။ မတရားလုပ်ဆောင်ခံရသော ရိုဟင်ဂျာများကို ဗုဒ္ဓဘာသာအများစုဖြစ်သော ဗမာအများစုနှင့် အခြား တိုင်းရင်းသားများက တရားမဝင်ဝင်ရောက်လာသူများအဖြစ် ရှုမြင်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အား ရိုဟင်ဂျာများသည် ဗမာလူမျိုးများဖြစ်ပါသလား ဟု မေးမြန်းခဲ့ရာ သူကမသိပါဟု ဖြေကြားခဲ့ရာ အများစုကတုန်လှုပ်၍ စိတ်ပျက်လက်ပျက် ဖြစ်ကြရသည်။

အချို့ပြည်တွင်းဝေဖန်သုံးသပ်သူများသည် ယင်းကိစ္စအား မြန်မာစစ်တပ်မှ ရည်ရွယ်ချက်ဖြင့် ဖန်တီးသည်ဟု ယုံကြည်နေခြင်းအပေါ် စိတ်ပျက်ဖွယ် ဝေခွဲမရဖြစ်စေသော ကိစ္စဖြစ်သည်။ အကယ်၍ ဗိုလ်ချုပ်များက ထိုကိစ္စကို ဖန်တီးခဲ့သည်ဟုဆိုလျှင် ၎င်းတို့တွင် ရည်မှန်းချက်အချို့ ရှိလိမ့်မည်ဖြစ်သည်။ ပထမတစ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ၏ ပြည်တွင်းပြည်ပ ပရိတ်သတ်များက စိတ်ပျက်သွားစေရန်လော။ သို့တည်းမဟုတ် စစ်တပ်၏ အရေးပါမှုကို ပြန်လည်အသက်သွင်းခြင်းလော။ ရခိုင်တွင် အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းကြောင့် စစ်တပ်မှ အရေးပါလာခဲ့သည်။ သို့တည်းမဟုတ် ကချင်ပြည်နယ် စစ်ရေးကိစ္စများကို အာရုံလွှဲစေလိုခြင်းကြောင့်လော။

ရိုဟင်ဂျာကိစ္စမှာ အထူးဆိုးရွားသော ကိစ္စတစ်ရပ်ဖြစ်သည်။ ဥရောပတွင် ဒေါ်စုသည် မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် တစ်စုံတစ်ဦးအား ထိခိုက်နစ်နာစေမည့်ကိစ္စများကို ရှောင်ရှားသည့်အနေဖြင့် တရားဥပဒေ စိုးမိုးမှု(rule of law)အရေးပါပုံကိုသာ အလေးပေးဖြေကြားသွားခဲ့သည်။ သို့သော် သူနှင့်အခြားတိုင်းရင်းသားအုပ်စုများနှင့် ဆက်ဆံရေးမှာလည်း ခိုင်မာလှသည်မဟုတ်ပါ။ တိုင်းရင်းသားပေါင်းတစ်ရာကျော် အသိအမှတ်ပြုထားသော မြန်မာနိုင်ငံတွင် ၁၉၄၈ ဗြိတိသျှထံမှ လွတ်လပ်ရေးရကတည်းက နယ်စွန်နယ်ဖျားများတွင် သူပုန်ထမှုများရှိခဲ့ရာ အများစုမှာ တိုင်းရင်းသားများကို အခြေခံသောသူပုန်ထမှုများ ဖြစ်သည်။

၎င်းတို့မှာ ထိန်းသိမ်းရမလွယ်သော တောင်ပေါ်လူမျိုးစု အနည်းငယ်အဆင့်ထက်များစွာပိုသည်။ တိုင်းပြည်၏ ကြီးမားသောဧရိယာမှာ တိုင်းရင်းသားဧရိယာဖြစ်ပြီး၊ တိုင်းပြည်လူဦးရေ၏ သုံးပုံတစ်ပုံရှိသည်။ အများစုမှာ မြန်မာစစ်တပ်နှင့် ခါးသီးသောစစ်ပွဲများ ဖြစ်ပွားခဲ့ရသည့် သမိုင်းကြောင်းရှည်ကြီးရှိပြီး၊ အချို့မှာမူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ကြီးစွာပါဝင်ပတ်သက်နေသည်။

မြန်မာ့သမိုင်းပညာရှင် ဦးသန်းမြင့်ဦးက မြန်မာနိုင်ငံကို မအောင်မြင်သော အရှေ့ဥရောပပုံစံ တော်လှန်ရေးအဖြစ် ရှုမြင်လိုပုံရပြီး၊ အသွင် ပုံစံတူသော ကမ္ဘောဒီးယားနှင့် အာဖဂန်နစ္စတန်တို့မှ စစ်ဒဏ်ခံလူ့အဖွဲ့အစည်းများနှင့် နှိုင်းယှဉ်ခြင်းက ပို၍နီးစပ်ကြောင်းဆိုသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဒေါ်စုအား ပြီးခဲ့သည့်နှစ်က မေးမြန်းခဲ့ရာ အဆိုပါနှိုင်းယှဉ်မှုကို လက်မခံဘဲ မြန်မာနိုင်ငံသည် ထိုနိုင်ငံများလောက် မဆိုးရွားကြောင်း ပြောကြားခဲ့သည်။ သို့သော် ပြီးခဲ့သည့်နှစ်ကအထိ အာဏာရယူထားခဲ့သော စစ်အစိုးရက တိုင်းပြည်ကို ဤသို့စုစည်းထားနိုင်မှုအတွက် အဓိကစွမ်းဆောင်နိုင်မှုအဖြစ် ၎င်း၏ ပုံရိပ်ကို အကောင်းမြင်စေခဲ့သည်။ စစ်အစိုးရက စစ်တပ်ကို မြန်မာနိုင်ငံအား သူပုန်များလက်မှ ကယ်တင်ခဲ့သော တစ်ခုတည်းသောအဖွဲ့အဖြစ် ရှုမြင်ခဲ့သည်။

စစ်အစိုးရလက်ထက်က တိုင်းရင်းသားအများစုနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့သည်။ သို့သော် ငြိမ်းချမ်းရေးအရ သဘောတူညီချက်မရှိဘဲ၊ သူပုန်များသည် လက်နက်ကိုင်ထားဆဲ ဖြစ်သည်။ အများစုသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ဒေါ်စု၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် မဟာဗျူဟာကျသော နိုင်ငံရေးအရ မဟာမိတ်ပြုထားသည်။ ယခုအခါ စစ်အစိုးရသည် စစ်သားဟောင်းများ လွှမ်းမိုးသော အရပ်သားအစိုးရကို ဖော်ဆောင်ပေးခဲ့ပြီး၊ ပြီးခဲ့သည့် ဧပြီလက NLD သည်ပင်မနိုင်ငံရေးရေစီးသို့ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်သည်။ ဒေါ်စုနှင့် အခြားလုပ်ဖော်ကိုင်ဖက်(၄၂)ဦးတို့သည်လည်း လွှတ်တော်သို့ ဝင်ရောက်လာပြီ ဖြစ်သည်။ တိုင်းရင်းသာ အုပ်စုများကြားတွင်မှု NLD သည် မြန်မာများ၏ပါတီဖြစ်ပြီး တိုင်းရင်းသားများ၏ အကျိုးစီးပွားအတွက် စစ်မှန်သော ကတိကဝတ်များ ရှိလိမ့်မည်မဟုတ်ဟု ယခင်ကတည်းကရှိနေသော သံသယများအတိုင်းပင် ရှိခဲ့သည်။

ကချင်ပြည်နယ်တွင် စစ်တပ်မှ တိုက်ခိုက်နေမှုများအတွက် ရှုတ်ချရန် တုံ့န်ဆိုင်းနေမှုအတွက် ဒေါ်စုအားလန်ဒန်တွင် မေးမြန်းစဉ် သူ၏ တုန့်ပြန်မှုအပေါ် ကချင်ဝက်ဆိုဒ်တစ်ခုက ကန့်ကွက်ခဲ့သည်။ လတ်တလောတွင် ကချင်အရေးသည် အလေးအနက်ဆုံးထားရမည့်ကိစ္စ ဖြစ်သည်။ ကချင်ပြည်နယ်တွင်ဖြစ်ပွားသော တိုက်ပွဲများကြောင့် လူပေါင်း ၇၅၀၀၀ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ရပြီး၊ လူ(၁၀၀၀၀)ခန့်မှာ တရုတ်နိုင်ငံသို့ ထွက်ပြေးကြရသည်။ ထို့အပြင် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) (SSA-South)နှင့်လည်း တိုက်ခိုက်မှုများရှိခဲ့သည်။ ဒေါ်စုက နှစ်ဦးနှစ်ဖက်ကြားတွင် ဖြစ်ပွားသောပြဿနာကို ဖြေရှင်းရာတွင် အပြစ်တင်နေရမည်မဟုတ်ဘဲ အကြောင်းရင်းကိုရှာခြင်း၊  ပဋိပက္ခ၏အကြောင်းကို ရှာဖွေခြင်း ပြုရမည်ဖြစ်ကြောင်း အကြုံပြုခဲ့သည်။ စာရေးသူအနေဖြင့်မူ ထိုကိစ္စသည် ရှင်းပါသည်။ “မြန်မာအစိုးရအဆက်ဆက်က လူမဆန်စွာပြုမူခဲ့ခြင်း(dehumanization)နှင့် စနစ်တကျ ခေါင်းပုံဖြတ်ခဲ့ခြင်း”ဟု ဆိုရမည်ဖြစ်သည်။

ယခုအစိုးရသစ်သည် ကရင်၊ ချင်းနှင့် မွန်ကဲ့သို့သော သူပုန်အုပ်စုများနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် စီမံလျက်ရှိသည်။ ကချင်နှင့်လည်း ဆွေးနွေးလျက်ရှိသည်။ သို့သော် တိုင်းရင်းသားအုပ်စုအများစုမှာ အစိုးရ၏ ရိုးသားမှုအပေါ် သံသယများစွာ ရှိနေသေးပြီး၊ အစိုးရ၏ စစ်တပ်အပေါ် သြဇာရှိမှုအပေါ်လည်း သံသယရှိနေဆဲဖြစ်သည်။ ပြီးခဲ့သည့်နှစ်က စစ်တပ်သည် ကချင်များအပေါ် တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် ဦးသိန်းစိန်၏ ညွှန်ကြားချက်ကို လစ်လျူရှုခဲ့သည့်ပုံကို တွေ့ရသည်။

NLD အတွက်မှု ဒေါ်စုနှင့် သူ၏ပါတီ ပြောခွင့်ရပုဂ္ဂိုလ်များသည် ၎င်းတို့၏ တိုင်းရင်းသားမူဝါဒကို ပင်လုံသဘောတူညီချက် အသစ်တစ်ခု တောင်းဆိုခြင်းဖြင့် ဖော်ဆောင်လာခဲ့ကြသည်။ ၁၉၄၇ ခုနှစ်က သူ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်များသည် တောင်တန်း ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝပေးရန် ကတိထားခဲ့သော ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးထားခဲ့သည်။ ဦးသိန်းစိန်ကလည်း ၎င်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် ပင်လုံသဘောတူညီချက် စိတ်ဓာတ်အပေါ် အခြေခံကြောင်းပြောကြားခဲ့သည်။

ပင်လုံကိုပြန်လည်ဖော်ပြခြင်း ကြီးမားသောလူထုထောက်ခံမှုဖြင့် ပျော်ရွှင်မှုရသော ဧပြီလကြားဖြတ်ရွေးကောက်ပွဲ အဖြစ်အပျက်ကိုကြည့်၍ အကဲဖြတ်ရလျှင် ပြုပြင်ပြောင်းလဲရေးအစိုးရနှင့် ၎င်း၏တိုင်းရင်းသားများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြင့် ပျော်ရွှင်စေမည့် အလုံးစုံပါဝင်သော ငြိမ်းချမ်းရေး ပြေလည်မှုကိုရရန် လိုအပ်သည်။ ထာဝရငြိမ်းချမ်းရေးအတွက် အလားအလာများကိုသာ ကြည့်ရှုသင့်သည်။

အဆိုပါ ကချင်ဝက်ဆိုဒ်၏အဆိုအရ ပင်လုံသဘောတူညီချက်သည် ကျရှုံးခဲ့ပြီဟုဆိုသည်။ ကာလရှည်ကြာဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ အမွေဆိုးများသည် ခါးသီးလှသည်။ စစ်တပ်အပေါ် သံသယဖြစ်မှုများ ပိုမိုနက်ရှိုင်းလာခဲ့သည်။ တရားဝင်ရော၊ တရားမဝင်ပါ ကူးသန်းရောင်းဝယ်ရေး အကျိုးစီးပွားများမှာလည်း များပြားလာသည်။

ပြဿနာပြေလည်ရေးမှာ ခက်ခဲနေဆဲဖြစ်သည်။ ဒေါ်စုနှင့် NLD အတွက် အန္တရာယ်မှာ ၎င်းတို့နိုင်ငံရေးတွင်ပါဝင်မှု ပိုမိုကြီးမားလာသည့်နှင့်အမျှ ပြန်လည်စည်းလုံးရေးအတွက် ယာဉ်တစ်စီးမဟုတ်တော့ပဲ၊ တိုင်းရင်းသားများ ဘဝတစ်လျောက် တိုက်ပွဲဝင်လာသောရန်သူ၏အစိတ်အပိုင်းအဖြစ် ပြောင်းသွားနိုင်သည်။

                             ******************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment