Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၇.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံတွင် ကျောင်းသားခေါင်းဆောင် ၂၀ ခန့်ကို ဖမ်းဆီး

(AFP သတင်းမှ 7 July 2012 ရက်စွဲပါ “20 Student Leaders arrested in Myanmar:activist” သတင်းကိုဘာသာပြန်ဆိုသည်။)

                                         ***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် ကျောင်းသားခေါင်းဆောင် ၂၀ ခန့်ကို ဖမ်းဆီး

(AFP သတင်းမှ 7 July 2012 ရက်စွဲပါ “20 Student Leaders arrested in Myanmar:activist” သတင်းကိုဘာသာပြန်ဆိုသည်။)

(ယနေ့ 7 July 2012 စနေနေ့ နံနက်တွင် အဆိုပါကျောင်းသားခေါင်းဆောင်များကို ပြန်လွှတ်ပေးလိုက်ပြီဟု သိရှိရသည်။ အယ်ဒီတာ)

မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်က ကျောင်းသားလှုပ်ရှားမှုဖြိုခွဲခံရခြင်း အထိမ်းအမှတ်ချီတက်ပွဲမတိုင်မီ စနေနေ့က ကျောင်းသားခေါင်းဆောင် ၂၀ ခန့်ကို ဖမ်းဆီးလိုက်ခြင်းသည် တပ်မတော်အစိုးရ ဖျက်သိမ်းပြီးနောက်ပိုင်း လက်ရာခြေရာ တစ်ထပ်တည်းကျသော အကြီးမားဆုံး နှိမ်နှင်းမှုတစ်ခု ဖြစ်သည်ဟု ဒီမိုကရေစီလှုပ်ရှားသူတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ ဖမ်းဆီးမှုကြောင့် မနှစ်ကစစ်အုပ်ချုပ်ရေး ဖျက်သိမ်းကာ သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အရပ်သားတစ်ပိုင်း အစိုးရကို အာဏာ လွှဲပြောင်းပြီးနောက် ပြုပြင်ပြောင်းလဲလာမှုများထက် စစ်မှန်မှုအတိုင်းအတာအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေသည်။

ရန်ကုန်မှ ကျောင်းသားခေါင်းဆောင် ၅ ဦး၊ ရွှေဘိုမှကျောင်းသားခေါင်းဆောင် ၅ ဦး၊မန္တလေးမှ ကျောင်းသားခေါင်းဆောင် ၆ ဦး၊ လားရှိုးမှ ကျောင်းသားခေါင်းဆောင် ၄ ဦး တို့ကို ရဲတပ်ဖွဲ့ကစစ်ဆေးမေးမြန်းရန် ဖမ်းဆီးသွားသည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဖြစ်သူ ကိုသက်ဇော်က AFP သို့ပြောကြားသည်။

“ရန်ကုန်က ကျောင်းသားခေါင်းဆောင် ၅ ဦိးကို ဘာအကြောင်းပြချက်မှမရှိပဲ ခေါ်သွားတာပါ။ သူတို့နဲ့ စကားပြောစရာ ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးက ဆက်လက်ပြောကြားသည်။

၁၉၆၂ ခုနှစ်က ကျောင်းသားများ သွေးမြေကျနှိမ်နှင်းခံရမှု နှစ်လည်အထိမ်းအမှတ်ဖြစ်သော စနေနေ့တွင် စစ်ပွဲပြန် နိုင်ငံရေးသမားများနှင့် လူငယ်ပိုင်းဒီမိုကရေစီလှုပ်ရှားသူများ စုဝေးကြရန်ရှိသည်ဟု မျှော်လင့်ရသည်။

၁၉၆၂ ဇူလိုင် ၇ ရက်တွင် ကျောင်းသားများကို နှိမ်နှင်းဖြိုခွဲပြီးနောက်၊ နောက်နေ့ဇူလိုင် ၈ ရက်တွင် ဒဏ်ရာရကျောင်းသားများ ပုန်းအောင်းနေသော ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အဦးကို ထိုစဉ်က တပ်မတော်အစိုးရ (နိုင်ငံတကာစစ်အစိုးရဟုခေါ်ဝေါ်ကြသည်)က ဗုံးခွဲ ဖျက်စီးပစ်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်အစိုးရလက်ထက်တွင် စစ်ခေါင်းဆောင်များ မငြိုငြင်စေရန်အတွက်“ဆဲဗင်းဂျုလိုင် မမေ့နိုင်”အခမ်းအနားများကို တိတ်တဆိတ် ကျင်းပခဲ့ကြသော်လည်း ယခုနှစ်ပတ်လည်စနေနေ့တွင်မူ ၈၈ မျိုးဆက်ရုံးခန်းတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပရန် စီစဉ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ယခင်တပ်မတော်အစိုး၊ရအကြီးအကဲက သမ္မတဦးသိန်းစိန်ထံ မနှစ်က အာဏာလွှဲပြောင်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား မြောက်များစွာလွှတ်ပေးခြင်း၊ အတိုက်အခံပါတီဝင်များကို ရွေးကောက်ပွဲဝင်ခွင့်ပေးခြင်းတို့ အပါအ၀င် ပြုပြင်ပြောင်းလဲမှုများ တသီတတန်း လုပ်ဆောင် ပြသခဲ့သည်။

မြန်မာတို့၏ လမ်းလျှောက်သင်စ ဒီမိုကရေစီခြေလှမ်းကလေးများကို အားပေးတုန့်ပြန်ရန် ကတိပြုထားသော နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ယခင်ဒဏ်ခတ်ထားသော Sanctions များကိုဖြေလျှော့ပေးလျှက်ရှိသည်။

ထိုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများ အရှိန်ရနေသော်ငြားလည်း သတိဖြင့်စောင့်ကြည့်ရန် လိုအပ်နေသေးသည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပြီး၊ ယခင်တပ်မတော်အစိုးရလက်ထက်က ဖမ်းဆီးထားခဲ့သော ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ အားလုံးကိုလွှတ်ပေးရန် လက်ရှိအရပ်ဘက်အစိုးရကို တောင်းဆိုထားသည်။

`လောလောဆယ်တွင် NLD လွှတ်တော်အမတ်များ နေပြည်တော်၌ လွှတ်တော်အစည်းအဝေးတက်ရောက်နေကြပြီ ဖြစ်ရာ၊ ယခင် အစိုးရလက်ထက် အငြိုးအတေးခံရသော အတိုက်အခံနိုင်ငံရေးသမားဘ၀မှ ယခုအခါ နိုင်ငံရေးအဆုံးအဖြတ် ချမှတ်ရာအချက်အချာနေရာသို့ ကူးပြောင်းရောက်လာကြပြီဖြစ်သည်။ ခြိမ့်ခြိမ့်သဲသဲ ဥရောပခရီးစဉ်အပြီး အနားယူနေသော အတိုက်အခံပါတီခေါင်းဆောင် လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်မှာမူ တနလာင်္နေ့တွင် လွှတ်တော်အစည်းအဝေး တက်ရောက်မည်ဟု သိရှိရသည်။

ဒီမိုကရေစီအကူးအပြောင်းဖြစ်စဉ်၏ အတားအဆီးများကို အကြိမ်ကြိမ်သတိပေးနေသော သမ္မတဦးသိန်းစိန်သည် ယခုလောလောဆယ်တွင် ရခိုင်ပြည်နယ်မှ အရေးအခင်းကို ဖြေရှင်းရန် အာရုံစိုက်နေသည်ဟု ကြားသိရသည်။

                                         ******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment