Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၈.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အလုပ်သမားခုံသမာဓိအဖွဲ့ မကြာမီဖွဲ့စည်းမည်
  2. Eleven Media Group နှင့် National Media Group တို့ ပူးပေါင်းရန် ဆွေးနွေး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ငြိမ်းချမ်းရေးရပြီးသည့်ဒေသမှလူငယ်များအား နိုင်ငံတကာနည်းစနစ်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုမည်
  2. ယခင်ဘဏ္ဍာနှစ်တွင် လေကြောင်းပို့ဆောင်ရေးလုပ်ငန်း အရှုံးပေါ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*************************

ပြည်တွင်းသတင်းများ

အလုပ်သမားခုံသမာဓိအဖွဲ့ မကြာမီဖွဲ့စည်းမည်

မြန်မာနိုင်ငံအတွင်း အလုပ်ရှင်နှင့် အလုပ်သမားအကြား ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကို ထိရောက်စွာဖြေရှင်းပေးနိုင်မည့် အလုပ်သမား   ခုံသမာဓိအဖွဲ့ကို မကြာမီကာလအတွင်း ဖွဲ့စည်းသွားတော့မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO)၏ ဆက်သွယ်ညှိနှိုင်း ရေးအရာရှိရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ခု လက်ရှိ ပြည်တွင်းမှာဖြစ်နေတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကြားက ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် အလုပ်သမားခုံသမာဓိ အဖွဲ့ကို မကြာမီကာလအတွင်းမှာ ဖွဲ့စည်းသွားမှာပါ။ နိုင်ငံတိုင်းမှာလည်း အလုပ်သမားခုံသမာဓိအဖွဲ့တွေ ပေါ်ပေါက်လာဖို့ လိုအပ်ပါတယ်။”ပာု အထက် ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

အလုပ်သမားခုံသမာဓိအဖွဲ့ ဖွဲ့စည်းရာတွင် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူငါးဦး၊ လုပ်ငန်းရှင်များအဖွဲ့မှ ငါးဦးနှင့် အလုပ်သမားများ အဖွဲ့မှ ငါးဦး စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ခုံသမာဓိအဖွဲ့ ဖွဲ့စည်းရန် အလုပ်သမားကိုယ်စားပြုအဖွဲ့ဝင် ငါးဦးအား စိုက်ပျိုးရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ စက်ရုံအလုပ်ရုံကဏ္ဍ၊ ပင်လယ်ကူးသင်္ဘောကဏ္ဍများ အလုပ်သမားများမှ ရွေးချယ်သွားမည်ဖြစ် ကြောင်း သိရသည်။

“ခုံသမာဓိကောင်စီကို ဖွဲ့စည်းပြီးသွားပြီဆိုရင်တော့ အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ လူမှုရေးပိုင်ဆိုင်ရာတွေမှာ တရားမျှတမှုတွေ ရှိလာမှာပါ။ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်၊ အကျိုးခံစားခွင့်နဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် အလုပ်သမားခုံသမာဓိအဖွဲ့က ဖြေရှင်ပေးသွားမှာပါ”ပာု အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ဇူလိုင် ၁၅ ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီရုံးရှိ ကနောင်ခန်းမတွင် အလုပ်သမား ခုံသမာဓိအဖွဲ့ ဖွဲ့စည်းရာတွင် ပါဝင်မည့် အလုပ်သမားကိုယ်စားလှယ်ငါးဦးကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

Eleven Media Group နှင့် National Media Group တို့ ပူးပေါင်းရန် ဆွေးနွေး

မြန်မာနိုင်ငံအတွင်း ပြည်တွင်းအပတ်စဉ်ထုတ် စာစောင်များကို ထုတ်ဝေလျက်ရှိသော Eleven Media Group နှင့် ထိုင်းနိုင်ငံမှ National Media Group တို့မှ မီဒီယာကဏ္ဍများ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန် ၂၀၁၂ ဇူလိုင် ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ National Media Group ရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Eleven Media Group ၏ အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းဆွေးနွေးပွဲသို့ Eleven Media Group မှ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်ဦးဆောင်သည့် သတင်းအယ်ဒီတာများနှင့် ထိုင်းနိုင်ငံ National Multimedia Group မှ ဂျာနယ်လစ်များ တက်ရောက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတွင်းနှင့် မြန်မာနိုင်ငံပြင်ပသို့ သတင်းများ ပိုမို ပျံ့နှံ့နိုင်ရေး ဝက်ဆိုဒ်နှင့် ပုံနှိပ်မီဒီယာများ ထုတ်ဝေဖြန့်ချီရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Eleven Media Group အနေဖြင့် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားလျက်ရှိသော စီးပွားရေး၊ နိုင်ငံရေး၊ လူမှုဘဝ၊ ယဉ်ကျေးမှု၊ ခရီးသွား လုပ်ငန်း၊ အိုင်တီစသည့် ကဏ္ဍများတွင် အကြောင်းအရာသတင်းများကို အပြည့်စုံဆုံးဖော်ပြမည့် အင်္ဂလိပ်ဘာသာဖြင့် ဝက်ဆိုဒ်တစ်ခုဖန်တီးရာတွင် National Multimedia  နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး မီဒီယာလွတ်လပ်ခွင့်နှင့် နေ့စဉ်ထုတ်ခွင့်ပြုသည့် အချိန်အခါကျရောက်ပါက နေ့စဉ် ထုတ်နှင့် အင်္ဂလိပ်ဘာသာဖြင့် အပတ်စဉ်ထုတ် သတင်းစာစောင်ကို ထုတ်ဝေသွားနိုင်ရန် စတင်စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မကျင်းပမချင်း ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ဒီမိုကရေစီဟာ ဖြစ်လာမှာ မဟုတ်သေးပါဘူး။ ကျွန်တော့် အထင်ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သူတို့ရဲ့ လူ့စွမ်းအားအရင်းအမြစ်ကို ပိုမို အားကောင်းလာအောင်လုပ်ဖို့ အချိန်သုံးနှစ် ရှိပါတယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအချိန်ကျရင် အသက် ၇၁ နှစ်ရှိပြီဆိုတော့ သူတို့အနေနဲ့ အဖွဲ့ကို ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်နေပါပြီ။ နောက်ပြီး သူတို့ အနေနဲ့ ခေါင်းဆောင်များနဲ့ ဆက်ခံသူများ မျိုးဆက်သစ်တစ်ခုကို လိုနေပါတယ်''ဟု Eleven Media Group ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားကြောင်း Eleven Media Group ၏ အွန်လိုင်း သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် ယခင် တင်းကြပ်စွာ ပိတ်ပင်ထားသည့် မီဒီယာ၏ အခန်းကဏ္ဍကိုလည်း ဖြေလျော့မှုများ အများအပြား ပြုလုပ်ပေးခဲ့သည်။

Ref: www.news-eleven.com

*************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ငြိမ်းချမ်းရေးရပြီးသည့်ဒေသမှလူငယ်များအား နိုင်ငံတကာနည်းစနစ်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုမည်

ပြည်ထောင်စု ငြိမ်ချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးရယူပြီးသော ဒေသမှလူငယ်များအား နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် နည်းလမ်းများနှင့် စနစ်များကို အသုံးပြု၍ လက်နက်ကိုင်ဆောင်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က နေပြည်တော်မှကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ပြောပြီးသားပါ။ နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာ အာဏာကို မထိခိုက်ဘူးဆိုရင် ငြိမ်းချမ်းရေးရရှိပြီးတဲ့ ဒေသက လူငယ်တွေအတွက် နိုင်ငံတကာမှာ အသုံးပြုနေတဲ့ DDR၊ SSR စနစ်တွေနဲ့ တစ်ဆင့်ချင်း လက်နက်ကိုင်ဆောင်ခွင့်ပေးသွားမှာပါ။”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးရရှိပြီးသည့်ဒေသများမှ လက်နက်ကိုင်ဆောင်လိုသည့် လူငယ်များ၏စာရင်းကို ပြုစုလျက်ရှိပြီး လက်နက် ကိုင်ဆောင်လိုစိတ်မရှိသူများအတွက် နယ်စပ်ဒေသများရှိ အကောက်ခွန်ဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ပြည်သူ့ရဲတပ်ဖွဲ့များတွင် တာဝန် ထမ်းဆောင်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိအချိန်၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ငြိမ်းချမ်းရေးရရှိရန် ကျန်ရှိနေသေးသည့် ကချင်လွတ်မြောက် ရေးအဖွဲ့(KIO)မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးမည့်နေရာကို ညှိနှိုင်းလျက်ရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ ဗန်းမော်တွင် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့သော်လည်း KIO ဘက်မှ လွယ်ဂျယ် နှင့် မိုင်ဂျာယန်ကြားရှိ ပရန်ငေါန်တွင် တွေ့ရန်ဆန္ဒရှိကြောင်း ပြန်လည်အကြောင်းကြားခဲ့သည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် ပြည်တွင်းရှိ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး လက်ရှိ ပြည်တွင်း လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ (၁၁) ဖွဲ့အနက် (၁၀)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ယခင်ဘဏ္ဍာနှစ်တွင် လေကြောင်းပို့ဆောင်ရေးလုပ်ငန်း အရှုံးပေါ်

မြန်မာ့လေကြောင်းပို့ဆောင်ရေးမှ ယခင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားဝင်ငွေ သန်းထောင်(၂ ဘီလီယံ) ကျော် ရရှိခဲ့သော်လည်း စီးပွားရေးပြန်လည်တွက်ချက်ရာတွင် အရှုံးပေါ်ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ လေကြောင်းပို့ဆောင်ရေးကနေ ၂ ဘီလီယံရရှိခဲ့ပါတယ်။ ဒါပေမယ့် စီးပွားရေးအရ ပြန်တွက်မယ်ဆိုရင်တော့ အရှုံးပဲရှိ ပါတယ်။ ပြည်တွင်းက လေယာဉ်ကွင်း ၆၉ ကွင်းမှ ၃၃ ကွင်းကို ပို့ဆောင်ရေးအတွက် လုပ်ဆောင်နေပေမယ့် ကျန်တဲ့ ၃၆ ကွင်းကိုတော့ တပ်မတော် လေက အသုံးပြုနေပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ပြည်တွင်းလေယာဉ်လိုင်းသည် ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၌ ခရီးသည်ဝန်ဆောင်မှုလုပ်ငန်းများ၊ လေကြောင်းတိုးချဲ့ရေးလုပ်ငန်း များနှင့် လေယာဉ်ပြေးလမ်းများ စစ်ဆေးပြင်ဆင်မှုလုပ်ငန်းများတွင် ကုန်ကျစရိတ်များစွာ ကျဆင်းခဲ့သည့်အတွက် အရှုံးနှင့် တွေ့ကြုံရခြင်းဖြစ်ကြောင်း သိရသည်။

“အရင်ဘဏ္ဍာနှစ်က ပြည်တွင်းကို နိုင်ငံခြားသားခရီးသည်တွေ တော်တော်ဝင်ရောက်လာတယ် ဆိုပေမယ့် လေကြောင်းဝန်ဆောင်မှု မြှင့်တင် တာတွေ၊ လေယာဉ်ပြေးလမ်းတည်ဆောက်တာတွေ၊ လေဆိပ်ထိန်းသိမ်းပြုပြင်ရေး လုပ်တာတွေကို ပြန်တွက်လိုက်မယ်ဆိုရင် ကျွန်တော်တို့ဌာန ရှုံးပါ တယ်။ ခု လေကြောင်းလိုင်းတွေက ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နေရပြီဆိုတော့ အနည်းနဲ့အများတော့ အခက်အခဲ ဖြစ်တာပါပဲ”ပာု ပြည်တွင်းလေကြောင်း လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့ပြင် ပြည်တွင်းရှိလေဆိပ်များအား ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ဌာနနှင့် မသက်ဆိုင်သော ကုမ္ပဏီတစ်ခုဖွဲ့စည်းသွားမည်ဖြစ်ပြီး ၂၀၁၂ ဇူလိုင် ၁ ရက်နေ့မှ စတင်၍ တာချီလိတ်လေဆိပ်ကို လေယာဉ်ဆီ ဖြည့်တင်းနိုင်သည့် လေဆိပ်အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း  လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

YC

**************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ပုဒ်မ၁၇/၁ ကို ဦးအောင်မင်း ဖျက်သိမ်းလို့မရဘူး။ အမျိုးသားညီလာခံ ဦးအောင်မင်း လုပ်လို့မရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးအောင်မင်း ပြင်လို့ မရဘူး။ ဒါဟာနိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေပါ။ ဒီဥပဒေကို ဦးအောင်မင်း တစ်ယောက်တည်း မိမိသဘောနဲ့ ပြင်မရပါဘူး။ နားလည်မှုလွဲတဲ့ သဘောပါ။ ကချင်မှာငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့ထားတာ ရှိတယ်။ စုစုပေါင်း၅၂ယောက် ရှိတယ်။ အဲဒီမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ခေါ်တော့ လေးယောက်ပဲ လာတယ်။ ဒီတော့ဘာလို့ မလာတာလဲ မေးတော့ ကျန်တဲ့လူတွေက ကူညီချင်တယ်။ ဒီထုတ်ထားတဲ့ ၁၇/၁ ပုဒ်မကို ကြောက်လို့ပါလို့ ပြောတယ်။ ဒါကြောင့် ဒီလူတွေဒုက္ခမရောက်အောင်  ဦးအောင်မင်းရဲ့ ငြိမ်းချမ်းရေးကို ကူညီသူတွေ ဒီပုဒ်မနဲ့မဖမ်းရအောင် ပြောခဲ့တာပါ။ တကယ်လို့ ဖမ်းခဲ့ရင် ဦးအောင်မင်းက အကုန်ကူညီမယ်လို့ ပြောခဲ့တာပါ"

ဇူလိုင်လ၇ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ် ဂျာနယ်အမှတ်(၆၆)တွင်ပါရှိသည့်”ကချင်ပြည်နယ်တွင် ပုဒ်မ၁၇/၁ ပယ်ဖျက်လိုက်သည်ဆိုခြင်းမှာ မဟုတ် မှန်ကြောင်း ဦးအောင်မင်းပြောကြား”သတင်းမှ ဦးအောင်မင်း၏ ပြောကြားချက် အပေါ်ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

"စကားလုံးတွေနဲ့ အငြင်းမပွားစေချင်ဘူး။ လွှတ်ပေးချင်သူတွေရဲ့စာရင်းကို ပို့ပေး၊ လွှတ်တော်အနေနဲ့ ဆောင်ရွက်ပေးနိုင် သလောက် ဆောင်ရွက် ပေးမယ်"

ဇူလိုင်လ၈ရက်နေ့ထုတ် Messengerဂျာနယ် အတွဲ(၃) အမှတ်(၇)တွင် ပါရှိသည့်”ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ၏ စာရင်းများရှိပါက ၈၈မျိုးဆက်ကျောင်းသားများသို့ ဆက်သွယ်အကြောင်းကြားနိုင်” သတင်းမှ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်း၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ဘယ်သူ့ကိုဖယ်ရှားဖို့ဆိုပြီး လွှတ်တော်ထဲဝင်သွားတာ မဟုတ်ဘူး။ ပူးတွဲဆောင်ရွက်မှသာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပူးတွဲဆောင်ရွက်သွားမှာပါ။

ဇူလိုင်လ၈ရက်နေ့ထုတ် Flower Newsဂျာနယ် အတွဲ(၈)အမှတ်(၂၆)တွင်ပါရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော်သား ကိုယ်စားလှယ်များနှင့်ပူးတွဲ လုပ်ဆောင်သွားမည်သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

**************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment