Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၂.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ရိုပာင်ဂျာများအား ပြန်လည်နေရာချထားရေး တောင်းဆိုမှုအား UNHCR အကြီးအကဲငြင်း

(12 July 2012 ရက်စွဲပါ abc News မှ AP Refugee Chief rejects call of reseltle rohingar ကိုဘာသာပြန်ဆိုသည်)

  1. ကလင်တန်ကမြန်မာနိုင်ငံကိုချီးကျူးပြောဆိုရာတွင် အမည်တပ်ညွှန်းဆိုခြင်းမရှိ

(12 July 2012 ရက်စွဲပါ Reuters မှ Clinton Lauds change in a country with no name ကို ဘာသာပြန်ဆိုသည်)

  1. အဖမ်းခံနယ်စပ်ဖြတ်ကူးစီးပွားရေးသမားများ၏ အမည်များကို  ထိုင်းစစ်တပ်ထုတ်ပြန်

(Bangkok Post မှ 13 July 2012 ရက်စွဲပါ “Taskforce Releases names of crossborder operaters”သတင်းကို ဘာသာပြန်ဆိုသည်)                                                ***************************************************************

ဘာသာပြန်သတင်းများ

ရိုပာင်ဂျာများအား ပြန်လည်နေရာချထားရေး တောင်းဆိုမှုအား UNHCR အကြီးအကဲငြင်း

(12 July 2012 ရက်စွဲပါ abc News မှ AP Refugee Chief rejects call of reseltle rohingar ကိုဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မပာာမင်းကြီးက ကြာသပတေးနေ့က မြန်မာသမ္မတ၏ အကြံပြုချက်ဖြစ်သော ကမ္ဘာ့အဖွဲ့ကြီးအနေဖြင့် မြန်မာနိုင်ငံမှ ရိုပာင်ဂျာများအား ပြန်လည်နေရာချထားရန်နှင့် တာဝန်ယူစောင့်ရှောက်ရန် အကြံပြုချက်ကို ကြာသပတေးနေ့က ပယ်ချခဲ့သည်။

UNHCR မပာာမင်းကြီး Antonio Guterres က သတင်းထောက်များသို့ပြောကြားရာတါင် မြန်မာနိုင်ငံသားအဖြစ်မရှိသော ရိုပာင်ဂျာများကို ပြန်လည်နေရာချထားရန်မှာ ၎င်း၏အေဂျင်စီ အလုပ်မပာုတ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်က Guterres အားဗုဒ္ဓပာူးနေ့က တွေဆုံရာတွင် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရိုပာင်ဂျာများအတွက် အဖြေမှာ ရိုပာင်ဂျာများအား တတိယနိုင်ငံသို့ပို့ဆောင်ရေးနှင့် သို့မပာုတ်ပါက UNHCR က စောင့်ရှောက်ရန်ဖြစ်ကြောင်း ပြောခဲ့သည်ပာု ၎င်း၏ဝက်ဆိုဒ်တွင် ဖော်ပြ ထားသည်။

ပြီးခဲ့သည့်လက ဗုဒ္ဓဘာသာရခိုင်လူမျိုးများနှင့် မွတ်ဆလင်ရိုပာင်ဂျာများကြားတွင် ရန်ပွဲများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇၈ ဦးသေဆုံးခဲ့ပြီး သောင်းနှင့်ချီ၍ အိုးမဲ့၊ အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ရခိုင်လူမျိုးများက ရိုပာင်ဂျာများကို အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း ရှုမြင်ကြသည်။

ဦးသိန်းစိန်က အဆိုပါ ပြင်းထန်သော ဖြစ်ရပ်များသည် ၎င်း၏ အစိုးရက လုပ်ဆောင်နေသော ဒီမိုကရေစီနှင့် စီးပွားရေးပြုပြင် ပြောင်းလဲမှုများအပေါ် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

UNHCR မှလုပ်ဆောင်သော ပြန်လည်နေရာချထားရေးအစီအစဉ်များမှာ တိကျသောကန့်သတ်ချက်ရှိပြီး နိုင်ငံတစ်ခုမှ ထွက်ပြေးလာသော ဒုက္ခသည်များအတွက်သာဖြစ်ကြောင်း၊ ယခုကိစ္စမှာ အကျုံးမဝင်ကြောင်း Guterres ကပြောသည်။

ဦးသိန်းစိန်က Guterress အား အကြံပြုချက်တွင် ၎င်း၏ စိတ်ထဲတွင် လူညီမျှရှိသည်ပာု အတိအကျပေါ်လွင်ခြင်းမရှိပေ။ ကုလသမဂ္ဂက မြန်မာနိုင်ငံတွင် ရိုပာင်ဂျာရှစ်သိန်းခန့်ရှိမည်ပာု ခန့်မှန်းသည်။ အဆိုပါ ဦးရေတွင် ရာစုနှစ်များစွာကတည်းက နေထိုင်လာသော ဘင်္ဂါလီလူမျိုးများအပြင် လွန်ခဲ့သော ဆယ်စုနှစ်များက ဝင်လာသောလူများလည်း ပါဝင်သည်။

ဘင်္ဂါလီများသည် ၁၉ ရာစုကတည်းက မြန်မာနိုင်ငံ ဗြိတိသျှလက်ထက်ကပင် နေထိုင်ခဲ့သော်လည်း မြန်မာနိုင်ငံမှ မြန်မာလူမျိုးများက တရားဝင် နေထိုင်လာသူများအဖြစ် အသိအမှတ်မပြုကြပေ။

၁၉၈၀ များနှင့် ၁၉၉၀ များက  ရိုပာင်ဂျာများသည် နှိပ်စက်ခြင်းခံရသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ များစွာထွက်ပြေးခဲ့သည်။ ၎င်းတို့ ပြန်လည် ဝင်ရောက်သောအခါ တရားမဝင် ဝင်ရောက်သူများနှင့် ရောထွေးသွားခဲ့သည်။

ဦးသိန်းစိန်က Guterres သို့ပြောကြားရာတွင် မြန်မာဥပဒေအရ ၁၉၄၈ ခုနှစ် ဗြိတိသျှထံမှ လွတ်လပ်ရေးမရမီက နေထိုင်သော ဘင်္ဂါလီများနှင့် ၎င်းတို့၏ သားသမီးများကိုသာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုကြောင်း၊ လွတ်လပ်ရေးရပြီးမှ ဝင်ရောက်လာသူများကို တရားမဝင် ဝင်ရောက် လာသူများအဖြစ် သတ်မှတ်၍ တိုင်းပြည်၏တည်ငြိမ်မှုကို ခြိမ်းခြောက်သူများအဖြစ်ခံယူကြောင်း ပြောခဲ့သည်။

လက်တွေ့တွင် ဘင်္ဂါလီမူရင်းမှဆင်းသက်လာသူများသည် နိုင်ငံသားရရှိရန် ခက်ခဲလျက်ရှိပြီး ခရီးသွားလာခွင့်၊ လက်ထပ်မှုနှင့် ကလေး မွေးဖွားမှုများတွင် လူမျိုးရေးခွဲခြားသောကန့်သတ်မှုများကို ခံနေရသည်။

“ကျွန်တော်တို့ပာာ ကိုယ့်တိုင်းရင်းသားတွေအပေါ်မှာပဲ တာဝန်ယူနိုင်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားမပာုတ်တဲ့ တရားမဝင် ဝင်ရောက်လာတဲ့ ရိုပာင်ဂျာတွေကို လက်ခံဖို့မဖြစ်နိုင်ပါဘူး။ တစ်ခုတည်းသော အဖြေကတော့ အဲ့ဒီတရားမဝင် ရိုပာင်ဂျာတွေကို UNHCR ရဲ့လက်ထဲကို အပ်ဖို့နဲ့ လက်ခံမယ့် တတိယနိုင်ငံ တစ်ခုကိုပို့ပေးဖို့ပဲဖြစ်ပါတယ်”ပာု ဦးသိန်းစိန်က Guterres သို့ပြောခဲ့သည်ပာု ၎င်း၏ ဝက်ဆိုဒ်အဆိုအရ သိရသည်။

                                                                ****************************************************

ကလင်တန်ကမြန်မာနိုင်ငံကိုချီးကျူးပြောဆိုရာတွင် အမည်တပ်ညွှန်းဆိုခြင်းမရှိ

(12 July 2012 ရက်စွဲပါ Reuters မှ Clinton Lauds change in a country with no name ကို ဘာသာပြန်ဆိုသည်)

အမေရိကန်သည် ယနေ့မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ထွန်းမှုများကိုချီးကျူးပြောဆိုခဲ့သည်။ သို့သော် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ယခင်အမည် Burma မှ တရားဝင်အမည် Myanmar ကို အသုံးပြုခဲ့ခြင်းမရှိပေ။

ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်တွင် ကျင်းပသော ဒေသတွင်းဖိုရမ်တွင် ကလင်တန်က မိန့်ခွန်းပြောကြားခဲ့ရာ၌ Myanmar ဟု လည်းကောင်း၊ Burma  ဟု လည်းကောင်း တမင် ရည်ရွယ်သုံးခဲ့ခြင်းမရှိပေ။

ကလင်တန်သည် ဝါရှင်တန်၌ တရားဝင်သုံးနေသော Burma ဟူသောအမည်ကို ဖနွမ်းပင်တွင်မသုံးဘဲ မြန်မာအစိုးရနှင့် ၎င်း၏သံမန်များအား စိတ်အနှောင့်အယှက် မပေးလိုပုံရသည်။ ဒီမိုကရေစီဖွံ့ဖြိုးစမြန်မာနိုင်ငံကို  အုပ်ချုပ်နေသော ဗိုလ်ချုပ်ပောာင်းများသည် အသံထွက်နှစ်ခုပါသော စကားလုံး ကိစ္စနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ်လျက်ရှိသည်။

အဆိုပါ ပြဿနာမှာ ၁၉၈၉ ခုနှစ်က မြန်မာစစ်တပ်က မြန်မာပာူသောအမည်ကို စတင်ပြောင်းလဲချိန်မှစတင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုသည် ယခင် ဗိုလ်ချုပ်ပောာင်းများကို တရားဝင်အသိအမှတ်မပြုခြင်းကြောင့် အဆိုပါအမည်ကို လက်မခံခဲ့ပေ။ အဆိုပါ ဗိုလ်ချုပ်များသည် မသမာမှုများရှိသော ၂၀၁၀ ရွေးကောက်ပွဲတွင် ယူနိဖောင်းချွတ်၍ အရပ်ဝတ်လဲခဲ့ကြသည်။ အဆိုပါလွှတ်တော်သည် အံသြဖွယ် ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို စတင် ခဲ့သည်။

မြန်မာနိုင်ငံ၏ ကိုလိုနီအုပ်ချုပ်သူပောာင်း ဗြိတိန်နိုင်ငံကမူ Burma ပာုသာ ခေါ်ဝေါ်သုံးစွဲလျက်ရှိသည်။ အဆိုပါစကားလုံးနှစ်ခုမှာ အတူတူသာ ဖြစ်သည်။

ကလင်တန်သည် သောကြာနေ့တွင် Siem Reap တွင်ကျင်းပမည့် စီးပွားရေးဦးဆောင်သူများအစည်းအဝေးတွင် မြန်မာသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ ဗုဒ္ဓ္ပပာူးနေ့က အမေရိကန်နိုင်ငံသည် ၎င်း၏ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် အရေးယူမှုများကို ဖြေလျော့ ပေးခဲ့သည်။

နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ ရန်သူအဖြစ်မှ ပိုမိုကောင်းမွန်လာချိန်တွင် အမှန်တကယ် စမ်းသပ်မှုမှာ အရေးယူမှုများ မည်မျှ ရုတ်သိမ်း ပေးခြင်းမပာုတ်ဘဲ ဝါရှင်တန်က အသံထွက်နှစ်လုံးပါသော စကားလုံးကို ပြောင်းလဲခေါ်ဆိုနိုင်ခြင်း ရှိ၊ မရှိသာဖြစ်သည်။

                                                                        ***************************************

 အဖမ်းခံနယ်စပ်ဖြတ်ကူးစီးပွားရေးသမားများ၏ အမည်များကို  ထိုင်းစစ်တပ်ထုတ်ပြန်

(Bangkok Post မှ 13 July 2012 ရက်စွဲပါ “Taskforce Releases names of crossborder operaters”သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းရွာသားများ နယ်စပ်ဖြတ်ကူး၍ မြန်မာ့ပိုင်နက်ထဲသို့ သွားရောက်စိုက်ပျိုးရန် စည်းရုံးသွေးဆောင်ခဲ့သည်ပာု ယူဆရသော ထိုင်းစီးပွားရေးသမား သုံးဦးကို ထိုင်းအာဏာပိုင်များက ဖော်ထုတ်လိုက်ပြီဖြစ်သည်။

၎င်းစီးပွားရေးသမားများသည် ၂၀၀၆ ခုနှစ်မှစ၍ မြေရိုင်ဧက ၇၀၀၀ ကျော်ပေါ်တွင် ကျူးကျော်စိုက်ပျိုးခဲ့သည်။ အချို့ရွာသားများက ဆေးခြောက်များစိုက်ပျိုးကာ သေနတ်များပင်ကိုင်ဆောင်ခဲ့ကြသည်ပာု ထိုင်းအမှတ်(၂၅) ရက်ဂျီးမင့် ခြေလျင်တပ်ရင်းမှ ဒုတိယတပ်မှူး ဗိုလ်မှူးကြီး အူသစ်အာနန်တာနန်က ပြောကြားသည်။

ယင်းစီးပွားရေးသမားများမှာ မြန်မာအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရသူများဖြစ်သော ကရန်ကရိုင်းဆူတရွန်၊ ဖစ်တယားဘွန်သာဝီနှင့် ဂျွန်တို့ ဖြစ်ကြပြီး ဖစ်တယားမှာ ၂၀၁၀ ခုနှစ်က မြန်မာနိုင်ငံတွင် ထောင်ကျဖူးသည်ပာု သိရသည်။

၎င်း စီးပွားရေးသမား ၃ ဦးအတွက် အလုပ်လုပ်ပေးရင်း မြန်မာမြေပေါ်တွင် ဖမ်းဆီးခံနေရသော ထိုင်းရွာသားများမှာ အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၉၂ ဦးဖြစ်ပြီး ၄၆ ဦးပြန်လွှတ်လာသည်ပာု ခြေလျင်တပ်ရင်းမှူး ပေါင်ဆပ်မွန်ဆဝပ်က ပြောကြားသည်။

မူးယစ်ဆေးဝါးမှု၊ လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်သူများမှာမူ ဆက်လက်စစ်ဆေးခံရဦးမည်ဖြစ်ပြီး မပတ်သက်သူများမှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့်သာ အရေးယူခံရမည်ဖြစ်သည်ပာု ဗိုလ်မှူးကြီးပေါင်ဆပ်က ဆိုသည်။

“ထိုအတောအတွင်း မြန်မာအာဏာပိုင်များသည် ဖမ်းဆီးခံထိုင်းရွာသားများကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ယင်းတို့ ပြန်လည်လွတ်မြောက်ရေးအတွက် နှစ်ဖက်အာဏာပိုင်များ ဆွေးနွေးလျက်ရှိသည်”ပာု ထိုင်းစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သာနာဆပ်ပတီမာပါကွန် က ပြောကြားသည်။

ဗိုလ်ချုပ်ကြီး သာနာဆပ်သည် တနင်္ဂနွေနေ့က မြန်မာနိုင်ငံသို့သွားရောက်၍ သမ္မတဦးသိန်းစိန်နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား တွေ့ဆုံခဲ့ရာတွင် နှစ်ဦးစလုံးက ဘန်ကောက်-နေပြည်တော် ဆက်ဆံရေးကောင်းမွန်မှုကိုထိန်းသိမ်းရန် အာမခံလိုက်ကြသည်။ ယင်းအချက်သည် အဖမ်းခံ ထိုင်းများ လွတ်မြောက်လာရန် ကြိုးစားနိုင်ဦးမယ့် လက္ခဏာကောင်းတစ်ခုဖြစ်သည်ပာု ဗိုလ်ချုပ်ကြီး သာနာဆပ်က ဆိုသည်။

နယ်စပ်ရေးရာများ ညှိနှိုင်းရန် ဖွဲ့စည်းထားသော ထိုင်း-မြန်မာ နယ်ခြားကော်မတီ ဒေသန္တရနယ်စပ်ရေးရာကော်မတီ စသောအဖွဲ့များအပြင် ထိုင်းစစ်တပ်ဦးစီးချုပ်နှင့် မြန်မာကာကွယ်ရေးဦးစီးချုပ်တို့ နှစ်ဦးလုံး ဥက္ကဋ္ဌအဖြစ်ဦးဆောင်ကြမည့် အဆင့်မြင့်ကော်မတီတစ်ရပ် ထပ်မံဖွဲ့စည်းရန် မြန်မာအစိုးရထံ အဆိုပြုခဲ့သည်ပာု သာနာဆပ်က ဆက်လက်ပြောကြားသည်။

၎င်း အဆိုပြုချက်ကို နေပြည်တော်က လက်ခံလိုက်ခြင်းကြောင့် ညှိနှိုင်းဆွေးနွေးမှုနှင့် ဆက်ဆံရေးလမ်းကြောင်း ပိုမိုအားကောင်းလာစေမည်ပာု ထိုင်းစစ်ဦးစီးချုပ်က ဆိုသည်။

လက်ရှိဖမ်းဆီးခံနေရသူများအနက် အပြစ်မရှိသူများမှာ သမ္မတဦးသိန်းစိန်၏ ယခုလကုန် ထိုင်းနိုင်ငံခရီးစဉ်မတိုင်မီ လွတ်မြောက် လာဖွယ်ရှိသည်ပာု ဗိုလ်ချုပ်ကြီး သာနာဆပ်က ပြောကြားသည်။

                                        ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment