Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၃.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဒုတိယသမ္မတသစ်ကြောင့် ပြုပြင်ပြောင်းလဲရေးသမားများ စိတ်ပျက်

(CNN သတင်းဌာနမှ 11 July 2012 ရက်စွဲပါ Myanmar's new vice president disappoints reformers ကိုဘာသာပြန်ဆိုသည်)

  1. ဆီရမ်ရိဒ်စီးပွားရေးဖိုရမ်တွင် ကလင်တန်နှင့် မြန်မာအကြီးအကဲတွေ့ဆုံမည်

(AFP သတင်းမှ 12 July 2012 ရက်စွဲပါ “Cliton to meet Myanmar Leader at business Forum”သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

ဒုတိယသမ္မတသစ်ကြောင့် ပြုပြင်ပြောင်းလဲရေးသမားများ စိတ်ပျက်

(CNN သတင်းဌာနမှ 11 July 2012 ရက်စွဲပါ Myanmar's new vice president disappoints reformers ကိုဘာသာပြန်ဆိုသည်)

မြန်မာစစ်ဘက်ခေါင်းဆောင်များသည် ယခင်အာဏာရှင်စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သစ္စာခံပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပြောဆိုခံထားရသူ အငြိမ်းစားဗိုလ်ချုပ်တစ်ဦးဖြစ်သူ ဦးမြင့်ဆွေအား ဒုတိယသမ္မတအဖြစ် ရွေးချယ်ခန့်အပ်လိုက်သည်။

ဦးမြင့်ဆွေသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်ပြီး ၎င်းအားမြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးရာထူးကို ခန့်အပ်လိုက်ခြင်းကြောင့် ပြုပြင်ပြောင်းလဲရေးလိုလားသူတစ်ဦးအား ခန့်အပ်မည်ဟုမျှော်လင့်ထားကြသည့် မြန်မာ့အရေးလေ့လာစောင့်ကြည့်သူများမှာ များစွာစိတ်ပျက် အားလျော့ခဲ့ကြသည်။

"စစ်တပ်က သူတို့ယုံကြည်လို့ရမယ့် သူတစ်ယောက်ကို ရွေးချယ်လိုက်တာပါ"ဟု ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်းမှ အယ်ဒီတာ ဦးအောင်ဇော်က ပြောကြားသည်။ အဆိုပါ ဒုတိယသမ္မတရာထူးနေရာကို ဆက်ခံမည့်သူမှာ စစ်ဘက်မှ ပုဂ္ဂိုလ်ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်ရာ ဦးမြင့်ဆွေ ယင်းရာထူး ရရှိသွားခြင်းမှာ ထူးခြားသည့် ကိစ္စမဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

"စစ်တပ်နဲ့ စစ်အစိုးရခေါင်းဆောင်ဟောင်းရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးနိုင်မယ့်သူတစ်ယောက်ကို သူတို့ ရွေးချယ်လိုက်ကြတာပါ။ အဲဒီတော့ အခုရွေးချယ်မှုဟာ အံ့အားသင့်စရာကောင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး"ဟု၎င်းက ပြောသည်။

"သူ့ကို ပြုပြင်ပြောင်းလဲရေးသမားလို့ မသတ်မှတ်ကြပါဘူ"ဟု ဆစ်ဒနီတက္ကသိုလ်မှတွဲဖက်ပါမောက္ခ Sean Turnell က ပြောကြားသည်။ "မြန်မာ့ အရေးကိစ္စကို အနီးကပ်လေ့လာ စောင့်ကြည့်နေတဲ့သူတွေ အတော်များများတော့ ဒီကိစ္စတစ်ခုတည်းနဲ့ စိတ်ပျက်သွားကြမှာပါပဲ"ပာု ၎င်းက ဆက်လက်ပြောကြားသည်။

ဦးသိန်းစိန်သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ မတ်လတွင် သမ္မတရာထူးရယူခဲ့သည့် အချိန်မှစ၍ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်ကာ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ဖန်တီးပေးခြင်း အစရှိသည်တို့သည် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်နှင့် လုပ်ဆောင်ချက်များပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ပါလီမန်လွှတ်တော်၌ စစ်ဘက်ပုဂ္ဂိုလ်များက ဆက်လက်သြဇာလွှမ်းမိုးထားဆဲဖြစ်ပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များမှာ ၎င်းတို့၏ အတည်ပြုချက်မဖြစ်မနေရယူမှသာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သဘောထားတင်းမာသူဟု သတ်မှတ်ခံထားရသူ ဦးတင်အောင်မြင့်ဦးသည် ယခုလအစောပိုင်းတွင် ရာထူးမှနှုတ်ထွက်သွားခြင်းကြောင့် စစ်တပ်အနေဖြင့် မြန်မာနိုင်ငံရှေ့ဆက်သွားမည့်လမ်းကြောင်းအပေါ် ၎င်း၏အမြင်ကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြနိုင်မည့် အခွင့်အရေးရရှိသွားသည်။

"ပြုပြင်ပြောင်းလဲရေးသမား မဟုတ်တဲ့သူတစ်ယောက်ကို ရွေးချယ်ခန့်အပ်လိုက်ပြီး လက်ရှိအခြေအနေတွေအပေါ် သတိထားစောင့်ကြည့် နေတယ်ဆိုတဲ့ အချက်ပြလိုက်တယ်လို့ ထင်ပါတယ်"ဟု Turnell က ပြောကြားသည်။

သတင်းမှတ်တမ်းများအရ ဦးမြင့်ဆွေသည် ၁၉၇၁ ခုနှစ်တွင် စစ်တက္ကသိုလ်မှဘွဲ့ရရှိခဲ့သည်။ ထို့နောက် မြို့တော်ဟောင်း ရန်ကုန်၏ လုံခြုံရေးကို ကွပ်ကဲရသည့် ခြေမြန်တပ်မ ၁၁ တွင် တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် တာဝန်မထမ်းဆောင်မီ စစ်ရုံးတွင် လုပ်ကိုင်ခဲ့သည်။ ၎င်းသည် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ 'ရွှေဝါရောင်တော်လှန်ရေး'ကာလတွင် ဆန္ဒပြသူများအပေါ် အကြမ်းဖက်နှိမ်နင်းရာ၌ ပါဝင်ခဲ့သည်ဟု ယူဆရသည်။

"သူက ရန်ကုန်မြို့လုံခြုံရေးကို တာဝန်ယူခဲ့ရတာပါ။ နောက်ပြီးတော့ ရွှေဝါရောင်တော်လှန်ရေးကာလမှာ ပစ်မိန့်ပေးတာ အထက်က ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူက အအောက်ခြေအဆင့်မှာ ဖြစ်ပေါ်တာတွေအားလုံးကို တာဝန်ယူ ဖြေရှင်းခဲ့ရတယ်"ဟု ဦးအောင်ဇော်က ပြောကြားသည်။ သို့သော် ၎င်းသည် ပြုပြင်ပြောင်းလဲမှုများ လုပ်ကိုင်ရန် စစ်တပ်မှသစ္စာခံများနှင့် အစိုးရအဖွဲ့မှပုဂ္ဂိုလ်များအကြား လမ်းပြပေးမည့်သူတစ်ဦး ဖြစ်နိုင်ကြောင်း Turnell က ပြောကြားသည်။

                                                                *******************************

ဆီရမ်ရိဒ်စီးပွားရေးဖိုရမ်တွင် ကလင်တန်နှင့် မြန်မာအကြီးအကဲတွေ့ဆုံမည်

(AFP သတင်းမှ 12 July 2012 ရက်စွဲပါ “Cliton to meet Myanmar Leader at business Forum”သတင်းကို ဘာသာပြန်ဆိုသည်)

ဝါရှင်တန်က မြန်မာနိုင်ငံအပေါ် Sanctions များ ဖြေလျော့ပေးနေပြီဖြစ်သောကြောင့် မြန်မာသမ္မတဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်တို့ သောကြာနေ့တွင် တွေ့ဆုံဆွေးနွေးကြမည်ပာု သိရသည်။

ဝါရှင်တန်၏ ခြေလှမ်းသည် မြန်ဆန်လွန်းပြီး မြန်မာနိုင်ငံ၏ ကြီးမားသောစီးပွားရေး အလားအလာအပေါ် ငွေပုံအောရန်စောလွန်းသည်ပာု လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်ပူပန်နေသည့်ကြားမှ ကမ္ဘောဒီးယားဆီရမ်ရိဒ် စီးပွားရေးညီလာခံအဝန်းအဝိုင်းတွင် အထက်ပါခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြမည်ဖြစ်သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်ခွင့်ပေးခြင်း၊ အတိုက်အခံများကို တရားဝင်နိုင်ငံရေးနယ်ပယ်သို့ ပြန်လည် ခေါ်ယူခြင်းအပါအဝင် မြန်မာအစိုးရ၏ မနှစ်ကပြုပြင်ပြောင်းလဲမှုများကို ဝါရှင်တန်ကထောက်ခံကြိုဆိုသည်ပာု ကလင်တန်က ကြာသပတေးနေ့တွင် ပြောကြားသည်။

သို့သော် စိုးရိမ်စရာများ ကျန်ရှိနေဆဲဖြစ်ကြောင်း သူမကဝန်ခံသည်။

“အမေရိကန်အစိုးရက အခုလို လျှော့ပေါ့ပေးတာပာာ မြန်မာတွေရဲ့ ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်မလှည့်တော့ဘူး၊ ပြီးစီးသွားပြီလို့ ယူဆပြီး ကျေနပ်သွားတာမပာုတ်ပါဘူး။ ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေ ကျန်နေပါသေးတယ်။”ပာု သူမက ဆီရန်ရိဒ် အာရှဒေသတွင်းဖိုရမ်သို့ တက်ရောက်လာသော ခေါင်းဆောင်များကိုပြောကြားသည်။

“လက်ရှိဖြစ်ပွားနေတဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းပာာ အမျိုးသားပြန်လည်သင့်မြတ်မှု၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးတာရှည်ခံမှုတို့ဆီ ဦးတည်ပြောင်းလဲနေတာကို အားနည်းသွားအောင် ပြုလုပ်နေပါတယ်။ ဒါ့အပြင် တရားသော ဥပဒေစိုးမိုးရေးနဲ့ ပိုမိုပွင့်လင်းမြင်သာမှုရှိလာစေရေးအတွက် အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုတွေကို လိုအပ်နေပါတယ်”ပာု သူမက ပြောဆိုသည်။

နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးကာလအပြီး၌ ပြုပြင်ပြေင်းလဲသော မြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံနိုင်ကြရန် ဝါရှင်တန်က ဗုဒ္ဓပာူးနေ့တွင် မီးစိမ်းပြလိုက်ပြီဖြစ်ရာ၊ ယင်းဥပဒေသစ်အရ အမေရိကန်ကုမ္ပဏီများသည် မြန်မာအစိုးရပိုင် ရေနံဓာတ်ငွေ့လုပ်ငန်း MOGE နှင့် စီးပွားရေးတွဲဖက်လုပ်ကိုင်ခွင့်ရှိသော်လည်း ရက်ပေါင်း ၆၀ အတွင်း အမေရိကန်နိုင်ငံခြားရေးဌာနကို အသိပေးအကြောင်းကြားရမည်ဖြစ်ပြီး၊ စစ်တပ်(တပ်မတော်)သို့မပာုတ် အခြားလက်နက်ကိုင် အုပ်စုများနှင့် စီးပွားရေးမလုပ်ရပာု တားမြစ်ထားသည်။ ထို့အပြင် မြန်မာနိုင်ငံ၌ ဒေါ်လာ ၅ သိန်းထက်ပို၍ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ သုံးသပ်ချက်များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ နှစ်စဉ်တင်ပြရမည်ပာုဆိုသည်။

“မြန်မာနိုင်ငံရဲ့ ဆက်လက်ပြောင်းလဲမှုတွေနဲ့ တာဝန်သိ၊ တာဝန်ခံတဲ့ ဖွံ့ဖြိုးမှုကို အားပေးတဲ့ပုံစံနဲ့ ရင်းနှီးမြှုပ်နှံကြပါလို့ အမေရိကန်ကုမ္ပဏီတွေကို ကျွန်မတို့ အားပေးတိုက်တွန်းနေပါတယ်။ အမေရိကန်စီးပွားရေး ဦးဆောင်ပုဂ္ဂိုလ်တွေရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ပာာလည်း မကြာမီ နေပြည်တော်နဲ့ ရန်ကုန်ကို ရောက်လာပါလိမ့်မယ်”ပာု ကလင်တန်က ဖိုရမ်တွင်ထုတ်ပြန်ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရ၏ ခြေလှမ်းသည် ယခင်ကထက် ထူးခြားသိသာသော အပြောင်းအလဲမရှိပာု မှတ်ချက်ပေးလိုက်ပြီး၊ တပ်မတော်အစိုးရပောာင်းနှင့် ဆက်စပ်ပတ်သက်မှုများသော MOGE ကို ပွင့်လင်းမြင်သာမှုပိုရှိလာအောင် ဖိအားပေးကြရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ထပ်မံတောင်းဆိုလိုက်သည်။

သို့သော်လည်း Human Rights Watch ကမူ “အမေရိကန်ပြည်ထောင်စုသည် စီးပွားရေးဖိအားအောက်တွင် ကြုံးသွင်းခံလိုက်ရသည့် လက္ခဏာရှိပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို အားနည်းသွားစေသည်”ပာု သုံးသပ်ပြောကြားသည်။

ကလင်တန်နှင့်အတူ အာရှတစ်လွှား၊ အမေရိကန်စီးပွားရေး ဥိးဆောင်ပုဂ္ဂိုလ်များ အများဆုံး စုဝေးတက်ရောက်နေငြသည့် ဆီရမ်ရိဒ်ဖိုရမ်သို့ မြန်မာသမ္မတ ဦးသိန်းစိန်သည် တက်ရောက်လျက်ရှိသည်။

မြန်မာသမ္မတက“လောလောဆယ် မြန်မာနိုင်ငံတွင် အရေးတကြီးလိုအ်နေသော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ အလားအလာ ကောင်းစေရန်အတွက် အနောက်နိုင်ငံများ၏ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး ပိတ်ဆို့မှု နှစ်မျိုးစလုံးကို ရုတ်သိမ်းပေးရန် အလွန်အမင်းအရေးကြီးသည်”ပာု ကြာသပတေးနေ့က တိုက်တွန်းတောင်းဆိုထားသည်။

ယခင်က ဆယ်စုနှစ်ချီအာဏာရှင်၏ စစ်အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုအလွဲများကြောင့် ဆင်းရဲတွင်းနက်နေသည့် “သယံဇာတကြွယ်ဝသော မြန်မာနိုင်ငံ”သို့ ခြေချရန်အတွက် ယခုအခါ နိုင်ငံတကာ ကုမ္ပဏီများ အလုအယက်စိတ်ဝင်တစား ဖြစ်နေကြသည်။

မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ဈေးကွက်ကို ကြိုတင်လက်ဥိးထားသည့် အာရှနှင့် ဥရောပကုမ္ပဏီများအား အရှုံးပေးရတော့မည်ပာု ပူပန်နေကြသော အမေရိကန်ကုမ္ပဏီများကို ယခု ဝါရှင်တန်၏ ကြေညာချက်က စိတ်သက်သာအောင် ဖြေသိမ့်ပေးသည့်အပြင် အံ့အားသင့်စရာ အပြောင်းအလဲများပြုလုပ်ခဲ့သော ဗိုလ်ချုပ်ကြီးပောာင်း သမ္မတဦးသိန်းစိန်ကို အားပေးသွားရန် ဆန္ဒရှိကြောင်းကိုလည်း အချက်ပြလိုက်ခြင်းပင်ဖြစ်သည်။

 *****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment