Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၂.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. စင်ကာပူ ကုမ္ပဏီများ မြန်မာနိုင်ငံ၌ ကြားခံလူနေရာ၌ ရပ်တည်နိုင်

(Aaia News Network မှ 10 July 2012 ရက်စွဲဖြင့် “Singapore Firms can play middleman in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်။)

  1. အမေရိကန်နိုင်ငံခြားဝန်ကြီး လာအိုသို့ သမိုင်းဝင်ခရီးစဉ်သွားရောက်

(11 July 2012 ရက်စွဲပါ BBC News မှ US secretary of state Hillary Clinton on historic Laos visit ကိုဘာသာပြန်ဆိုသည်)

  1. အမေရိကန်က မြန်မာနိုင်ငံအပေါ် အရေးယူမှုများဖြေလျော့

(11 July 2012 ရက်စွဲပါ CNN မှ U.S eases sanctions on Myanmar ကိုဘာသာပြန်ဆိုသည်)

  1. Sanctions များ အကုန်ရုတ်သိမ်းပေးရန် အနောက်အုပ်စုကို မြန်မာသမ္မတတိုက်တွန်း

(AFP သတင်းမှ 12 July 2012 ရက်စွဲပါ “Myanmar president urges west to lift sanctions”သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

စင်ကာပူ ကုမ္ပဏီများ မြန်မာနိုင်ငံ၌ ကြားခံလူနေရာ၌ ရပ်တည်နိုင်

(Aaia News Network မှ 10 July 2012 ရက်စွဲဖြင့် “Singapore Firms can play middleman in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်။)

ယခုအခါ မြန်မာ့စီးပွားရေးမုန့်ပျားသလက်ဝေစုကို နိုင်ငံအများစုက မျှော်မှန်းနေကြပြီဖြစ်ရာ စင်ကာပူကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရာတွင် ကိုယ့်နေရာနှင့်ကိုယ် သတ်မှတ်ကြဖို့လိုသည်ဟု စင်ကာပူကုန်သွယ်ရေးတာဝန်ရှိသူတစ်ဦးက မနေ့က ပြောကြားသည်။

“ပြိုင်ဘက်တွေကို ပြိုင်ဆိုင်ဖို့အတွက်ဗျူဟာကို ကျွန်တော်တို့ကိုယ်ယူရမယ့်အရာကို ကိုယ်သိဖို့လိုပါတယ်။ သူတို့အားလုံးဟာ ကွင်းဘေးစည်းမှာ အဆင်သင့်စောင့်နေကြပြီ”ဟု IE Singapore ကုန်သွယ်ရေးအေဂျင်စီကတာဝန်ရှိသူ တန်ဆွန်ဘင်က ပြောကြားသည်။ သို့သော် ဆင်ကန်းတောတိုး ပြေးမဝင်ကြဖို့ စင်ကာပူကုမ္ပဏီများကို သူက သတိပေးပြောကြားသည်။

အချင်းချင်းနိုင်ရာလူစားကြမည့် ဤကစားပွဲတွင် စီးပွားရေးအင်အားကြီးနိုင်ငံတိုင်းကို စင်ကာပူက ရင်ဆိုင်နေရသည်ဟု ဆိုသည်။

“သာဓကပြရမည်ဆိုရင် ငွေကြေးကဏ္ဍစတော့အိပ်ချိန်းမှာ ဂျပန်တွေလက်ဦးထားပြီဖြစ်သလို၊ ကိုးရီးယားတွေကလည်း စွမ်းအင်ကဏ္ဍမှာ ရောက်နေကြပါပြီ”ဟု သူကထောက်ပြသည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ပင် မြန်မာနိုင်ငံအပေါ် Sanction များဖြေလျော့နေပြီဖြစ်သည်။

“သူတို့က စောင့်ကြည့်မူဝါဒကိုချထားပေမယ့်လည်း တစ်ချို့အနောက်နိုင်ငံကုမ္ပဏီတွေက မြန်မာနိုင်ငံကို ဘယ်လိုဝင်ကြမလဲလို့ အကြံဥာဏ် တောင်းနေကြပြီ”ဟု တန်ဆွန်ကင်က ဆိုသည်။

“မြန်မာ့ဈေးကွက်ပာာ ကြောက်မက်ဖွယ်ပြိုင်ပွဲသဖွယ်ဖြစ်နေပေမယ့်  စင်ကာပူကိုကြိုရမည်လို့ စိတ်ထဲတွင်မှတ်ယူထားဖွယ်ရှိတယ်။ ကျွန်တော်တို့က ကြားခံလူပါ။ ဒီကနေ့မြန်မာတွေ လိုအပ်နေတာကလည်း တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်နေတာ မဟုတ်လား”ဟု တန်က ဆက်လက် ပြောကြားသည်။

စင်ကာပူ-မြန်မာ ကုန်သွယ်ရေးပမာဏသည် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံဖြင့် တရုတ်နှင့်ထိုင်းနောက်တွင် တတိယအကြီးဆုံး ကုန်သွယ်ဘက်ဖြစ်နေပြီး ဒေါ်လာ ၃၆ ဘီလျံလောင်းထည့်ထားသော ဆဋ္ဌမအများဆုံး ရင်းနှီးမြှုပ်နှံသူဟုသိရသည်။

Singapore Mananagement University တွင် IE Singapore က မြန်မာနိုင်ငံမှ စီးပွားရေးအခွင့်အလမ်းကို ဖတ်ကြားသောဆွေးနွေးပွဲ အဝိုင်းအဝန်းတွင် တန်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆွဲအားကောင်းသော ကဏ္ဍတစ်ခုမှာ ဟိုတယ်စီးပွားရေးဖြစ်ပြီး ဟိုတယ်လုပ်ငန်းတွင် စင်ကာပူက အကြီးဆုံးဟော်တယ် ၃ ခုဖြစ်သည့်(Park Royal,Sedona,Traders)တို့တွင် ရင်းနှီးမြှုပ်နှံထားသည်ပာု IE Singapore ကဆိုသည်။

၂၀၁၃ ဆီးဂိမ်းနှင့် ၂၀၁၄ အာဆီယံထိပ်သီးညီလာခံတို့ကိုကျင်းပမည့် မြန်မာနိုင်ငံသည် စုပြုံရောက်လာသည့် ဧည့်သည်များကိုလက်ခံရန် ဟိုတယ်ခန်း မလုံလောက်မှုကြောင့် လက်ရှိလပိုင်းများအတွင်း အခန်းခများ ၃ ဆခန့် တက်သွားခဲ့ပြီ၊ ဝန်ဆောင်မှုပေးသော တိုက်ခန်းရရှိရန် ၈ လခန့် စောင့်ရကြောင်း တန်ကဆက်လက်ပြောဆိုသည်။

အခြားစိတ်ဝင်စားစရာကဏ္ဍများမှာ ငွေကြေးဝန်ဆောင်မှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ မြို့ပြဖွံ့ဖြိုး ရေး၊ ကုန်ထုတ်လုပ်ရေး၊ စက်မှုဖွံ့ဖြိုးရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် တယ်လီဖုန်းဆက်သွယ်ရေးတို့ဖြစ်သည်ဟု IE Singapore က တင်ပြသည်။         စာတမ်းပူးတွဲရေးသားသူ ဂျက်ဆီဆက်ထရီယာ က မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ပျံ့နှံ့မှုနှုန်း ၁.၅ ရာခိုင်နှုန်း သည် မြောက်ကိုးရီးယား၏ ၁.၂ ရာခိုင်နှုန်း ထက်နိမ့်နေကြောင်းထောက်ပြသည်။

သို့သော် တန်ဆွန်ကင်က “ဒါဟာ စတုဒီသာပွဲတော်ကြီး မဟုတ်ပါဘူး၊ စိန်ခေါ်မှုတွေ၊ အန္တရာယ်တွေ စွန့်စားမှုတွေ  ရှိနေပါတယ်”ဟု သတိပေး ပြောကြားသည်။

AL Noor International မှ ဦးဆောင်ဒါရိုက်တာ ရှိတ်ဘာဘူ နူရူဒင်က “မြန်မာနိုင်ငံတွင် မြေဈေးနှုန်း နှင့်အလုပ်သမားခဈေးကြီးကြောင်း အလုပ်သမားအခြေခံလစာကို တစ်လလျှင်ဒေါ်လာ ၁၈၀ ခန့်သတ်မှတ်ရန် အစိုးရက ကြိုးစားနေကြောင်း” ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံထောင်ထားသူ နူရူဒင် က အခြေခံအဆောက်အဦးဖွံ့ဖြိုးမှုမရှိ၊ ငွေကြေးဝန်ဆောင်မှုမရှိသည့်အပြင် ငွေဖောင်းပွမှုနှုန်းမြင့်နေသည်ဟု ဆက်လက်ပြောဆိုသည်။

တန်က ဆက်လက်၍ “အကြီးမားဆုံး စိန်ခေါ်မှုကတော့ ဖိအားတွေနဲ့အသားကျနေတဲ့ အချက်ပါပဲ။ ကျွန်တော်တို့က ဒီမှာဝန်ကြီးတွေနဲ့တွေ့ဖို့ စောင့်ရတဲ့အခါ ကုန်ပစ္စည်းသယ်တဲ့ရွေ့လျားခါးပတ်နဲ့ တူနေပါတယ်။ ကျွန်တော်တို့ အပြင်မှာ ထိုင်စောင့်တယ်။ရှေ့က အဖွဲ့ထွက်လာရင်ခင်ဗျားဝင်ပေါ့၊ ခင်ဗျားဝင်လာရင် နောက်လူအလှည့်ပေါ့” ဟု ပြောကြားသည်။

“ဆိုလိုတာကတော့ မြန်မာနိုင်ငံကို သွားရောက်ရင်းနှီးမြှုပ်နှံချင်တဲ့ စင်ကာပူကုမ္ပဏီတွေအနေနဲ့ အဆိုပြုလွှာမူကြမ်းတစ်ခုတော့ အနည်းဆုံး လက်ထဲမှာ ရှိထားရမယ်။ ခင်ဗျားတင်ပြမယ့်စီးပွားရေးအဆိုပြုချက်ဟာ အလုပ်အကိုင်ကိစ္စနဲ့ မြန်မာ့စီးပွားရေး ပြန်လည်ထိတွေ့မှုကိစ္စတွေကို ဖြေရှင်းပေးနိုင်ဖို့ လိုလိမ့်မယ်”ဟု မှတ်ချက်ပေးသည်။

IE Singapore က ရန်ကုန်ရုံးခွဲကို အောက်တိုဘာတွင် ဖွင့်လှစ်ရန်စီစဉ်နေသည်ဟု သိရသည်။

                                                        ***********************************************

အမေရိကန်နိုင်ငံခြားဝန်ကြီး လာအိုသို့ သမိုင်းဝင်ခရီးစဉ်သွားရောက်

(11 July 2012 ရက်စွဲပါ BBC News မှ US secretary of state Hillary Clinton on historic Laos visit ကိုဘာသာပြန်ဆိုသည်)

ပီာလာရီကလင်တန်သည် လာအိုနိုင်ငံသို့ စီးပွားရေးအရပူးပေါင်းဆောင်ရွက်ရန်နှင့် ဗီယက်နမ်၏ ကျန်ရစ်သောပစ္စည်းများအတွက် အကူအညီပေးရေး ရည်ရွယ်ချက်သွားရောက်ခဲ့ရာ(၅၇)နှစ်အတွင်း လာအိုနိုင်ငံသို့ သွားရောက်သော ပထမဆုံးအမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည်။

ကလင်တန်သည် ဗီယက်နမ်မှ လာအိုနိုင်ငံမြို့တော် ဗီယင်ကျင်းသို့ရောက်ရှိခဲ့ပြီး ဝန်ကြီးချုပ် Thongsing Thammavong နှင့် နိုင်ငံခြားရေးဝန်ကြီး Thongloun Sisoulith တို့ဖြင့်တွေ့ဆုံခဲ့သည်။

အမေရိကန်သည် ဗီယက်နမ်စစ်အတွင်းက လာအိုတွင် မပေါက်ကွဲပဲကျန်ရစ်သော ဗုံးဆံများ ရှင်းလင်းရေးအတွက် ဒေါ်လာ(၉)သန်း အသုံးပြု၍ ကူညီခဲ့သည်။

ကလင်တန်သည် အဆိုပါခရီးစဉ်ပြီးနောက် ကမ္ဘောဒီးယားသို့ အာဆီယံအစည်းအဝေး တက်ရောက်ရန် သွားရောက်မည်ဖြစ်သည်။

အမေရိကန်နိုင်ငံသည် ဗီယက်နမ်စစ်အတွင်းက လာအိုနိုင်ငံတွင် ဗုံးတန်ချိန်(၂)သန်း ကြဲချခဲ့ရာ မပေါက်ကွဲဘဲ ကျန်နေသေးသော ဗုံးဆံများသည် လာအိုနိုင်ငံတွင် ပြည်သူများ၏ အသက်နှင့် စိုက်ပျိုးရေးကို ထိခိုက်နစ်နာလျက်ရှိသည်။

၁၉၅၅ ခုနှစ်က လာအိုသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Foster Dulles နောက်ဆုံးရောက်ရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် လာအိုတို့သည် အင်ဒိုချိုင်းနား စစ်ပွဲကာလက ပျောက်ဆုံးနေသော အမေရိကန်စစ်သားများရှာဖွေရေး ဆက်လက် တိုးတက်ပြုလုပ်ရန် သဘောတူကြောင်း ကလင်တန်နှင့် Mr.Thongsing တို့တွေ့ဆုံအပြီး ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

နှစ်ဖက်စလုံးသည် ကြန့်ကြာလျက်ရှိသော လာအိုနိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)ဝင်ရောက်ရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြသည်။

ကလင်တန်သည် ဗုဒ္ဓဘာသာဘုရားနှင့် အမေရိကန်တို့ ငွေကြေးထောက်ပံ့ထားသော ခြေတုလက်တုဌာနသို့ သွားရောက်လည်ပတ်ခဲ့သည်ပာု AP က သတင်းထုတ်ပြန်ခဲ့သည်။

သူ၏ အစီအစဉ်တွင် အခြားအရေးကြီးသော ကိစ္စတစ်ခုမှာ မဲခေါင်မြစ်မှ အငြင်းပွားဖွယ် ရေလှောင်တမံကိစ္စဖြစ်ပြီး၊ ဝေဖန်သူများက အဆိုပါ ရေလှောင်တမံသည် ပတ်ဝန်းကျင်နှင့် သက်ရှိသန်းပေါင်းများစွာကို အဓိကထိခိုက်နိုင်မည်ပာု ဆိုခဲ့သည်။

Xayaburi တွင် ဒေါ်လာ ၃.၈ ဘီလီယံ(ပေါင်စတာလင် ၂.၄ ဘီလီယံ)တန်ရေအားလျှပ်စစ်ရေလှောင်တမံဆောက်လုပ်ရန် စီစဉ်မှုသည် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ စသည့် မဲခေါင်ဒေသတိုင်းပြည်များတွင် တင်းမာမှုများကို ဖြစ်စေသည်။

ဧပြီလက အဆိုပါ ရေလှောင်တမံဆောက်လုပ်ရန် ထိုင်းကုမ္ပဏီ CH Karnchang နှင့် စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။

ပတ်ဝန်းကျင်ဆိုင်ရာကိစ္စများ ဖြေရှင်းမပြီးမချင်း အဆိုပါစီမံကိန်းကို စတင်ခြင်းမပြုရန် လာအိုအစိုးရ စီစဉ်ထားသည်။

သို့သော် အဆိုပါ စီမံကိန်းမှာ စတင်လျက်ရှိကြောင်း ဓာတ်ပုံများနှင့် သတင်းများထွက်ပေါ်နေကြောင်း လှုပ်ရှားသူများက ပြောသည်။

ပီာလာရီကလင်တန်၏ ယခုခရီးစဉ်မှာ အာရှသို့ခရီးလှည့်လည်ခြင်း အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အမေရိကန်ကဒေသတွင်းတွင် စိတ်ဝင်စားမှုကြီးထွားလာကြောင်း အချက်ပြလိုက်ခြင်းဖြစ်သည်။

“ကျွန်မရဲ့ခရီးစဉ်ပာာ ယနေ့အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ မပာာဗျူပာာကျတဲ့ ဦးစားပေးမှုကိုထင်ပာပ်ပါတယ်”ပာု ၎င်းက မွန်ဂိုလီးယားတွင် ယခုအပတ်အစောပိုင်းက သတင်းထောက်များသို့ ပြောကြားသည်။

လွန်ခဲ့တဲ့ဆယ်နှစ်က ကျွန်မတို့ပာာ အာဖဂန်နစ္စတန်နဲ့ အီရတ်က ပဋိပက္ခတွေအပေါ်မှာပဲ ကြီးစွာအာရုံပြုခဲ့ပြီးနောက် အခု အမေရိကန် ပြည်ထောင်စုပာာ ဒီအာရှမှာ သံတမန်ရေး၊ စီးပွားရေးမပာာဗျူပာာရေးနဲ့ အခြားကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုကြီးစွာ သိသိသာသာပြုလုပ်နေပါပြီ။ ဒါပာာ ကျွန်မတို့ရဲ့ အာရှကိုဗပာိုပြုခြင်း(Our pivot toward Asia)လို့ဆိုနိုင်ပါတယ်”ပာု သူက ဆိုသည်။

ယခုအပတ်အကုန်တွင် ကလင်တန်သည် ကမ္ဘောဒီးယား၌ အာဆီယံဒေသတွင်းဖိုရမ်သို့ တက်ရောက်မည်ဖြစ်သည်။

ကလင်တန်သည် အစောပိုင်းကတည်းက တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံအချို့ကြားတွင် အငြင်းပွားနေသော တောင်တရုတ်ပင်လယ်ကိစ္စ ဖြေရှင်းရန် အခြေခံမူများ(Code of Conduct)တိုးတက်မှုရှိရေး တိုက်တွန်းခဲ့သည်။

                                                            **************************************************

အမေရိကန်က မြန်မာနိုင်ငံအပေါ် အရေးယူမှုများဖြေလျော့

(11 July 2012 ရက်စွဲပါ CNN မှ U.S eases sanctions on Myanmar ကိုဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုသည် ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူမှုများကို ဖြေလျော့ပေးခဲ့ကြောင်း ကြေညာခဲ့ပြီး အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် စီးပွားရေးများ ပြုလုပ်ရန်ခွင့်ပြုခဲ့သည်။

ရင်းနှီးမြှပ်နှံမှုများကို ပိတ်ပင်ထားသော အရေးယူမှုများကို ၁၉၉၇ ကတည်းက ချမှတ်ထားခဲ့သည်။

သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံမှ ပြည်သူများသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အရေးကြီးသော တိုးတက်မှုများ ဆက်လက်ပြုလုပ်နိုင်ခဲ့ပြီး၊ အစိုးရသည် အရေးကြီးသော နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့သည်”ဟု သမ္မတ Barack Obama ရေးသားသော ကြေညာချက်တွင် ဖော်ပြထားသည်။

“အရေးယူမှုများဖြေလျော့ပေးခြင်းသည် ပြုပြင်ပြောင်းလဲမှုအပေါ် ကျွန်ုပ်တို့၏ထောက်ခံမှုကို အားကောင်းသော အချက်ပြခြင်းဖြစ်ပြီး၊ ပြုပြင် ပြောင်းလဲရေးသမားများအတွက် မက်လုံးပေးခြင်းနှင့် မြန်မာပြည်သူများအတွကအရေးပါသော အကျိုးအမြတ်များပေးခြင်းပင်ဖြစ်သည်”ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ကိုင်နေသော်လည်း Obama က မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများသည် မပြီးစီးသေးကြောင်း သတိထားလျက်ရှိသည်။

“အမေရိကန်အစိုးရသည် မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တွင် ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် စီးပွားရေးတွင် စစ်တပ်၏အခန်းကဏ္ဍအပေါ် ကြီးစွာစိုးရိမ်မှုရှိဆဲဖြစ်သည်” ဟု Obamaက ကြေညာချက်တွင် ပြောကြားခဲ့သည်။

                                                        ***********************************************

Sanctions များ အကုန်ရုတ်သိမ်းပေးရန် အနောက်အုပ်စုကို မြန်မာသမ္မတတိုက်တွန်း

(AFP သတင်းမှ 12 July 2012 ရက်စွဲပါ “Myanmar president urges west to lift sanctions”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၏ ဒုတိယအဆင့်ကို အကောင်အထည်ဖော်ရန် ကြိုးစားနေပြီဖြစ်၍ ယခင်ချမှတ်ထားသော Sanctions များအားလုံး ရုတ်သိမ်းပေးကြရန် သမ္မတဦးသိန်းစိန်က ကြာသပတေးနေ့တွင် အနောက်နိုင်ငံများကို တိုက်တွန်းတောင်းဆိုလိုက်သည်။

လောလောဆယ်ဒီနိုင်ငံမှာ အရေးတကြီးလိုအပ်နေတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အလားအလာကောင်းစေဖို့အတွက် ငွေကြေးနဲ့ စီးပွားရေးဒဏ်ခတ်မှု Sanctions နှစ်မျိုးစလုံး ရုတ်သိမ်းပေးဖို့ အလွန်အမင်းအရေးကြီးနေပါတယ်ပာု မြန်မာသမ္မတ Financial Times သို့ ပြောကြားသည်။

နေပြည်တော်ရှိ သမ္မတအိမ်တွင် Financial Times သတင်းစာကို လက်ခံတွေ့ဆုံသော မြန်မာသမ္မတက စီးပွားရေးပြုပြင်ပြောင်းလဲမှု ဒုတိယ အဆင့်ကို မြန်မာသမ္မတက စီးပွားရေးပြုပြင်ပြောင်းလဲမှု ဒုတိယအဆင့်ကို ကြီးကြပ်ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့ပြီး လက်ရှိ အစိုးရအပေါ် တပ်မတော်က အာဏာချုပ်ကိုင်ထားဆဲပာူသော အငြင်းပွားစောဒကတက်မှုများကိုလည်း ပယ်ချက်လိုက်သည်။

အမေရိကန်ပြည်ထောင်စုသည် ယခင်အပယ်ခံ မြန်မာနိုင်ငံအပေါ်ချမှတ်ထားခဲ့သော Sanctions များကို အငြင်းပွားစရာအကောင်းဆုံးနှင့် အများဆုံးဖြေလျော့မှုများအဖြစ် ရေနံဓာတ်ငွေ့အပါအဝင် မြန်မာစီးပွားရေးနယ်ပယ်၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံကြရန် မီးစိမ်း ပြလိုက်ပြီဖြစ်သည်။

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အာရှရေးရာကျွမ်းကျင်သူ ဒဲရစ်မစ်ချယ် ဗုဒ္ဓပာူးနေ့က ဆိုက်ရောက်လာပြီးနောက် နာရီပိုင်းအကြာတွင် သမ္မတဘားရက် အိုဘားမားက မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲပြသမှုများကို အသိအမှတ်ပြုသည့် နောက်ဆုံးအချက်ပြမှုကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာအစိုးရပိုင် MOGE(မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း)နှင့် နိုင်ငံခြားကုမ္ပဏီများ ပူးပေါင်းစီးပွားရှာခြင်းမပြုကြရန် သတိပေး ပြောဆိုထားသော မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားနှင့် ယခုအိုးဘားမား၏ လုပ်ဆောင်မှုတို့အကြား ကွဲလွဲမှု ရှိနေသည်။

ယခု ဥပဒေ စည်းကမ်းသစ်အရ အမေရိကန်ကုမ္ပဏီများသည် မြန်မာအစိုးရပိုင် MOGE ကုမ္ပဏီနှင့် စီးပွားရေးလုပ်ခွင့်ရှိသော်လည်း ရက်ပေါင်း ၆၀ အတွင်း အမေရိကန်နိုင်ငံခြားရေးဌာနကို အသိပေးအကြောင်းကြားရမည်ပာု ဆိုသည်။

ယခင် တပ်မတော်အစိုးရလက်ထက် စီမံခန့်ခွဲမှုအလွဲများ၊ အဂတိလိုက်စားမှုများ၊ နိုင်ငံကိုတံခါးပိတ် လက်ဝါးကြီးအုပ်စီးပွားရှာမှုများကြောင့် စုတ်ပြတ်၊ ယိုယွင်း၊ ပြိုလဲသွားသော မြန်မာ့စီးပွားရေးလောကကို ပြန်လည်ပြင်ဆင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်နှင့် အခြားအစီအစဉ်များစွာကို လွှတ်တော်တွင် ဆွေးနွေးနေကြပြီပာု သိရသည်။

 *****************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment