Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၇.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြောက်ကိုရီးယားက Hyon Yong-Chol အား စစ်တပ်ဦးစီးချုပ်အသစ်အဖြစ်ခန့််အပ်

(16 July 2012 ရက်စွဲပါ BBC News မှ North Korea names Hyon Yong-Chol as new army chief ကိုဘာသာပြန်ဆိုသည်။)

  1. လူ့အခွင့်အရေးနှင့် ပွင့်လင်းမြင်သာမှုကို အာမခံရန် မြန်မာကို အမေရိကန်တိုက်တွန်း

(Channel News Asia မှ 17 July 2012 ရက်စွဲပါ“ US urges Myanmar to ensure transparency and human rights” သတင်းကို ဘာသာပြန်ဆိုသည်။)                

                                ***************************************************************

ဘာသာပြန်သတင်းများ

မြောက်ကိုရီးယားက Hyon Yong-Chol အား စစ်တပ်ဦးစီးချုပ်အသစ်အဖြစ်ခန့််အပ်

(16 July 2012 ရက်စွဲပါ BBC News မှ North Korea names Hyon Yong-Chol as new army chief ကိုဘာသာပြန်ဆိုသည်။)

မြောက်ကိုရီးယားသည် Hyon Yong-Cholအား စစ်တပ်အကြီးအကဲအဖြစ်ခန့်အပ်ခဲ့ကြောင်း တရားဝင် KCNA သတင်းအေဂျင်စီ၏အဆိုအရ သိရှိရသည်။

Mr Hyon မှာ Ri Yong Ho ၏ နေရာတွင် အစားထိုးခန့်အပ်ခံရခြင်းဖြစ်သည်။ Ri Yong Ho သည် ကျန်းမာရေး မကောင်းသောကြောင့် တာဝန်မှအနားပေးခံရခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားမီဒီယာက သတင်းထုတ်ပြန်သည်။

အဆိုပါဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားထိပ်တန်းတာဝန်ရှိသူများက တနင်္လာနေ့ကပြုလုပ်ခဲ့သည်ဟု KCNA က ဆိုသည်။

Mr Ri ၏ ရာထူးမှဖယ်ရှားခံရခြင်းအပေါ် မြောက်ကိုရီးယားကို စောင့်ကြည့်နေသူများအား အံ့သြစေပြီး၊ ရာထူးမှဖယ်ရှားခြင်းအတွက် တရားဝင် ရှင်းလင်းချက်အပေါ်လည်း သံသယများကျယ်ပြန့်စွာဖြစ်ပေါ်ခဲ့သည်။

၎င်းသည် မကြာသေးမီက ခေါင်းဆောင်ကင်ဂျုံအီထံမှ သားဖြစ်သူကင်ဂျုံအန် အာဏာလွှဲပြောင်းမှုဖြစ်စဉ်တွင် အဓိကကဏ္ဍတွင် ပါဝင်သည်ဟု ရှုမြင်ခဲ့ကြသည်။

အချို့သုံးသပ်သူများက စစ်တပ်ခေါင်းဆောင်မှုပြောင်းလဲခြင်းကို စစ်တပ်၌ကင်ဂျုံအန်၏ ချုပ်ကိုင်မှုပိုမိုခိုင်မာစေရန် လူပြောင်းလဲခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ကောက်ယူကြသည်။

Mr Ri သည်အာဏာရှိသော ဗဟိုစစ်ကော်မရှင်ဒု-ဥက္ကဌဖြစ်ပြီး အာဏာရအလုပ်သမားပါတီတွင်လည်း ထိပ်တန်းနေရာ ရယူထားသည်။

တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်များသို့ ပြောကြားရာတွင် Mr Ri ၏ ရာထူးမှ ဖယ်ရှားခံရခြင်းမှာ သမရိုးကျမဟုတ်ကြောင်း ပြောကြားခဲ့သည်။

Mr Ri သည် လွန်ခဲ့သည့်သုံးနှစ်က ကင်ဂျုံအီလက်ထက်တွင် စစ်တပ်အကြီးအကဲဖြစ်လာခြင်းဖြစ်ပြီး၊ နိုင်ငံတော်အခမ်းအနားများတွင် ကင်ဂျုံအီ၏ နံဘေးတွင် ပုံမှန်ထွက်ပေါ်လာလေ့ရှိသည်။

၎င်းသည် ခေါင်းဆောင်သစ်၏ အတွင်းစည်းမှ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ ခေါင်းဆောင်သစ်နေရာ ခိုင်မြဲရေးအတွက် ကူညီပေးသော အရေးကြီးသည့် နေရာတွင်ရှိသည်ဟု အများကရှုမြင်ထားခဲ့ကြသည်။

Mr Hyon ၏ ခန့်အပ်မှုကို အတွေ့အကြုံနည်းသော ကင်ဂျုံအန်အနေဖြင့် တိုင်းပြည်ကိုအုပ်ချုပ်မည့် ဦးတည်ချက်လက္ခဏာများအား စောင့်ကြည့် ရမည်ဖြစ်သည်။

                                                 *****************************************************

လူ့အခွင့်အရေးနှင့် ပွင့်လင်းမြင်သာမှုကို အာမခံရန် မြန်မာကို အမေရိကန်တိုက်တွန်း

(Channel News Asia မှ 17 July 2012 ရက်စွဲပါ“ US urges Myanmar to ensure transparency and human rights” သတင်းကို ဘာသာပြန်ဆိုသည်။)

ဆယ်စုနှစ်စု ပိတ်ဆို့ဒဏ်ခတ်ထားခဲ့သော မြန်မာနိုင်ငံ၌ အမေရိကန်ကုမ္ပဏီများ စီးပွားရေးလုပ်ရန် ရှားရှားပါးပါး သွားရောက်လေ့လာနေကြပြီ ဖြစ်၍ လူ့အခွင့်အရေးနှင့် ပွင့်လင်းမြင်သာမှုကိုအာမခံရန် မြန်မာနိုင်ငံအား အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့တွင် တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ၌ ရင်းနှီးမြှပ်နှံခွင့်ပြုမည့်အကြောင်း သမ္မတအိုဘားမားကကြေညာအပြီးတွင် မြန်မာနိုင်ငံသို့ လေ့လာရေးခရီးထွက်လာသော အမေရိကန်ကုမ္ပဏီ ၃၇ ခုနှင့် အကြီးအကဲများနှင့်အတူ အကြီးတန်းအစိုးရ တာဝန်ရှိသူနှစ်ဦးလိုက်ပါလာသည်။

စီးပွားရေးဆိုင်ရာ ကြီးကြပ်ရသော နိုင်ငံခြားရေးရာဌာနမှ Robert Hormats သည် မြန်မာအာဏာပိုင်များနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခဲ့ပြီး၊ အချိန်ကြာတံခါးပိတ်ထားခဲ့သော မြန်မာနိုင်ငံမှ လက်ရှိသိသိသာသာ ပြောင်းလဲနေမှုများကို အားပေးထောက်ခံကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဌာနက ထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာ့ရေနံနှင့်ဓါတ်ငွေ့လုပ်ငန်း MOGE ကဲ့သို့သော အစိုးရပိုင်ကုမ္ပဏီများမှ တဆင့်ဖြစ်စေ၊ မြန်မာအစိုးရနှင့်ဖြစ်စေ လက်တွဲ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကြိုးပမ်းမှုများနှင့် ပွင့်လင်းမြင်သာရှိမှုတို့ တိုးတက်လာအောင် လုပ်ဆောင်ရန် တာဝန်ယူကာ ကတိပေးသည်ဟု Hormats ကပြောကြားသည်။

အမေရိကန်နှင့် မြန်မာဆက်ဆံရေးသည် လူ့အခွင့်အရေးလေးစားမှု၊ အလုပ်သမားတို့၏ ရပိုင်ခွင့်အားပေးမှု၊ တိုင်းရင်းသား အခွင့်အရေးကာကွယ်ပေးမှု၊ ကျန်ရှိနိုင်ငံရေးသမားများကိုလွှတ်ပေးမှုတို့အပေါ်တွင် မူတည်နေသည်ဟုလည်း Hormatsက ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်သည်။

အပြောင်းအလဲကို နောက်ပြန်ဆွဲလိမ့်မည်ဟု သံသယရှိကြသော မြန်မာအစိုးရပိုင် MOGE ရေနံလုပ်ငန်းနှင့် စီးပွားရေးလုပ်ခွင့်ပြုလိုက်သော သမ္မတအိုဘားမား၏ဆုံးဖြတ်ချက်ကို ထင်ရှားသောအမေရိကန် လွှတ်တော်အမတ်များနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ပြစ်တင်ဝေဖန်လျက်ရှိသည်။

ဝါရှင်တန်အသိုင်းအဝိုင်း၌ များစွာလေးစားခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်ကလည်း“ပွင့်လင်းမြင်သာမှု နိုင်ငံတကာစံနှုန်းများကို မြန်မာအစိုးရပိုင် MOGE ကုမ္ပဏီက လေးစားလိုက်နာလာသည်အထိ အနောက်နိုင်ငံများက ဝိုင်းဝန်းဖိအားပေးကြရန်”သတိပေးတောင်းဆိုထားသည်။

လွန်ခဲ့သောဆယ်နှစ်ခန့်က ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲ ကြေညာခဲ့သည့် ရေနံ၊ ဓါတ်ငွေ့ နယ်ပယ်ပွင့်လင်းမှုစံနှုန်း“Extractive Industries Transparency Initiative”ကို လက်မှတ်ရေးထိုးရန် Hormats က မြန်မာအစိုးရကို တိုက်တွန်းထားသည်ဟုလည်း သိရှိရသည်။

အဆိုပါစံနှုန်းကို စိတ်ဝင်စားကြောင်း မြန်မာတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုပြီးနောက်တွင် ၎င်းအဖွဲ့၏ နိုင်ငံတကာညှိနှိုင်းဆောင်ရွက်မှု ဌာနမှူး Jonas Moberg သည်လည်း မြန်မာနိုင်ငံသို့ ယခုသီတင်းပတ်အတွင်း သီးခြားရောက်ရှိနေသည်။

အမေရိကန်ကုမ္ပဏီများ၏ မြန်မာလေ့လာရေးခရီးတွင် Chevron၊ Conocophillips နှင့်  Exxo Mobi ကဲ့သို့ ရေနံကုမ္ပဏီကြီးများအပြင် Dell၊ Fed Ex၊ Google၊ Procter & Gamble နှင့် Time Warner ကဲ့သို့ အခြားကုမ္ပဏီများလည်း ပါဝင်ကြသည်။

GE ကုမ္ပဏီရောက်ရှိနေပြီဖြစ်သော မြန်မာဈေးကွက်သို့ ကိုကာကိုလာကလည်း မကြာမီလာမည်ဟုဆိုထားရာ၊ အမေရိကန်တို့၏ ကမ္ဘာကျော် အညိုရောင်အမြှုပ်ထ ရှတအချိုရည်မရှိသောနိုင်ငံအဖြစ် ကျူးဘားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံထဲသာ ကျန်တော့မည် ဖြစ်သည်။

မြန်မာအာဏာပိုင်များက စီးပွားရေးပြုပြင်ပြောင်းလဲမဥပဒေများကို ရေးဆွဲနေဆဲဖြစ်သောကြောင့် အနာဂါတ်အခွင့်အလမ်းများကို အဓိကလေ့လာရန် အမေရိကန်ကုမ္ပဏီများ ရောက်လာကြခြင်းဖြစ်သည်ဟု ယခုခရီးစဉ်ကိုစီစဉ်သူ အမေရိကန်အာဆီယံစီးပွားရေးကောင်စီမှ အန်သွန်နီနယ်လဆင်က ပြောကြားသည်။

“သူုတို့အနေနဲ့အချိန်ယူတာ၊ သက်ဆိုင်သူတွေနဲ့ တိုင်ပင်ညှိနှိုင်းထားတာ၊ အလောသုံးဆယ်လုပ်ဖို့ မကြိုးစားဘဲ မှန်မှန်ကန်ကန်လုပ်ကြတာကို  ကျွန်တော်တို့မြင်ချင်ပါတယ်။ ဒါကို သူတို့သဘောပေါက်တယ်လို့ ကျွန်တော်ထင်ပါတယ်ဟု နယ်လဆင်က ရန်ကုန်မှတယ်လီဖုန်းဖြင့် AFP သို့ ပြောကြားသည်။

“ကြီးကြီးမားမား လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေသူတွေကို အမေရိကန်ကုမ္ပဏီကြီးတွေက လက်မတွဲချင်ကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ခြေလှမ်းတုန့်စေမယ့် အရာတွေရှိမယ်လို့ ကျွန်တော်မထင်ပါဘူးဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၌ အာရှနှင့်ဥရောပကုမ္ပဏီများ လက်ဦးနေကြပြီဖြစ်သောကြောင့် ရင်းနှီးမြှပ်နှံမှု ဆက်လက်တားမြစ်ထားခြင်းသည် အမေရိကန် ကုမ္ပဏီများကိုသာ ထိခိုက်နစ်နာစေလိမ့်မည်ဟု လွှတ်တော်အမတ်အချို့နှင့် ကုမ္ပဏီများက စောဒကတက် အငြင်းပွားခဲ့ကြသည်။

ချီကာဂိုအခြေစိုက် ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီ Abbott Fund ကလည်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်စီစဉ်ထားသော အမျိုးသမီးနှင့် မိန်းကလေးများ စောင့်ရှောက်ကူညီရေးအစီအစဉ်အတွက် ၂ နှစ်စာ ရန်ပုံငွေဒေါ်လာတစ်သန်းပေးအပ်မည်ဟု တနင်္လာနေ့တွင် သီးခြား ကြေညာခဲ့သည်။

အနံ့အသတ်များရှိနေသည့်ကြားက အမျိုးသမီးများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အခွင့်အလမ်းများကို တက်တက်ကြွကြွ လုပ်ကိုင်နေကြသော မြန်မာပြည်တွင်းမှ ဒေသခံအဖွဲ့များကို ရန်ပုံငွေထောက်ပံ့မည်ဟု Abbott Fund က သတင်းထုတ်ပြန်သည်။

“မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေရဲ့စွမ်းပကားကတော့ တကယ့်ကိုအထင်ကရပါပဲ။ ကူညီ၊ ပံ့ပိုး၊ ထောက်ပံ့ဖို့ ထိုက်တန်တယ်လို့ ကျွန်မတို့ယူဆပါတယ်ဟု Abbott Fund ဒုတိယဥက္ကဌ ကတ်သရင်းပစ်ကပ်က ပြောကြားသည်။

“အဲဒီမှာ အာမခံချက်တစ်ခုနှင့်တစ်ခုပေးရုံလောက်နဲ့ ပြဿနာတွေအားလုံးပြေလည်သွားပြီလို့ ကျွန်မဆိုလိုတာ မဟုတ်ပါဘူး။ ဒါဟာ လူ့အသိုင်းအဝိုင်းရဲ့ ရေရှည်စွမ်းရည်တွေ ဖြေရှင်းနည်းတွေကို ရင်းနှီးမြှုပ်နှံတည်ဆောက်ပေးနေတာပါဟု သူမက AFP သို့ ပြောကြားသည်။

                                      ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment