Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၈.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ထိုင်းနိုင်ငံတွင် IMF ရုံးခန်းဖွင့်လှစ်၍ မြန်မာနိုင်ငံအား ကူညီမည်
  2. ဗြိတိန်ကုန်သွယ်ရေးရုံး ရန်ကုန်တွင် ဖွင့်လှစ်
  3. လေနှင့် နေစွမ်းအင်တိုမှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန် ပြည်ပနိုင်ငံလေးခုနှင့် ဆွေးနွေး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အမေရိကန်ပိတ်ဆို့မှု သက်တမ်းမတိုးရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ကန်အထက်လွှတ်တော်အမတ် ဆွေးနွေး
  2. ညီနောင်တိုင်းရင်းသားပါတီအား ပါတီ ၄ ခုမှ ပူးပေါင်းရန် လေ့လာမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*************************

ပြည်တွင်းသတင်းများ

ထိုင်းနိုင်ငံတွင် IMF ရုံးခန်းဖွင့်လှစ်၍ မြန်မာနိုင်ငံအား ကူညီမည်

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)မှ ထိုင်းနိုင်ငံတွင် ရုံးခန်းများဖွင့်လှစ်၍ မြန်မာနိုင်ငံ၏ ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များတွင် နည်းပညာ အထောက်အပံ့ကောင်းများ ပေးနိုင်ရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း IMFမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“IMF ရုံးခန်းကို ထိုင်းနိုင်ငံက Bank of Thailand(BOT)မှာ အခြေစိုက်သွားမှာပါ။ ဒီရုံးကနေပြီးတော့ မြန်မာနိုင်ငံအတွက် စွမ်းဆောင်ရည်မြှင့် တင်မှုနဲ့ လေ့ကျင့်သင်ကြားပေးမှုဆိုင်ရာ အလေးစားဆောင်ရွက်မယ့် အစီအစဉ်တွေကို ဆောင်ရွက်ပေးသွားမှာပါ။ ထိုင်းနိုင်ငံမှာ IMF ရုံးဖွင့်လှစ်ရတဲ့ အဓိက ရည်ရွယ်ချက်က မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံ နှစ်နိုင်ငံစလုံးကို အကူအညီ အထောက်အပံ့တွေ ပေးနိုင်အောင် ဆောင်ရွက်သွားမှာပါ”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့် အပြင် မြန်မာအစိုးရမှ နိုင်ငံတွင်း နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားများ တည်ငြိမ်စေရေးအတွက် နည်းပညာ အထောက်အပံ့ကောင်းများ ပေးနိုင်ရန်  နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့သို့ အကူအညီတောင်းခံခဲ့သည့်အတွက် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် IMFမှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့လာရောက်၍ လိုအပ် သည့် အကြံပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ဘယ်နေ့ကို IMF ရုံးခန်းလာဖွင့်မယ်ဆိုတာ တရားဝင်ပြောထားတာ မရှိသေးပါဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်ပြီဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာတော့မှာပါ။ ဒီလိုဆိုရင် IMF ရဲ့ အခန်းကဏ္ဍ ကလည်း အရေးပါလာပါပြီ”ပာု ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆို သည်။

မြန်မာနိုင်ငံအား အကြွေးပေးဆောင်ရန် ပျက်ကွက်မှုဖြင့် ၁၉၈၀ ပြည့်နှစ်လွန်ကာလများမှစတင်၍ မြန်မာနိုင်ငံ အပေါ် ကူညီ ထောက်ပံ့မှုများ ပေးမှုများကို IMF မှ ရပ်ဆိုင်းခဲ့ပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီး တက်လာသည့် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် IMF မှ မြန်မာနိုင်ငံအပေါ် အကူအညီများပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဗြိတိန်ကုန်သွယ်ရေးရုံး ရန်ကုန်တွင် ဖွင့်လှစ်

မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးအချက်အချာကျသည့် ရန်ကုန်မြို့တော်တွင် ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာရုံးအား၂၀၁၂ ဇွန်လ ၁၁ ရက်နေ့တွင်  စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာရုံးဖွင့်လှစ်ရခြင်းမှာ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အာရုံစိုက် ရင်းနှီးမြှုပ်နှံ၍ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဖြည့်ဆင်းပေးနိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်း ဗြိတိန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ် ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

အီးယူအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများအတွက် ဘဏ္ဍာရေးလုပ်ငန်းများ အားကောင်း လာနိုင်စေရန် ကူညီပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများသာမက လူမှုရေးအရ ဆက်ဆံမှုများကိုလည်း တိုးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗြိတိန်ကုန်သွယ်ရေးရုံး ကိုယ်စားလှယ်များအဖွဲ့မှ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရတာဝန်ရှိသူများနှင့် စီးပွားရေး ရင်းနှီး မြှုပ်နှံမှုများပြုလုပ်ရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင် သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံ အား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ အရေးယူမှု ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ(EU)နိုင်ငံတို့မှ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပြီး အမေရိကန်နိုင်ငံမှလည်း မကြာသေးမီကာလအတွင်းက အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှိးမြှုပ်နှံမှုများ ပြုလုပ်နိုင် ကြောင်း လမ်းဖွင့်ပေးခဲ့သည်။

Ref:ပြည်မြန်မာ

-----------------------------------------------------------------------------------------------------------------------------------

လေနှင့် နေစွမ်းအင်တိုမှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန် ပြည်ပနိုင်ငံလေးခုနှင့် ဆွေးနွေး

သဘာဝမှ ပေးထားသည့် လေနှင့် နေစွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန်အတွက် လက်ရှိအချိန်တွင် ထိုင်း၊ တရုတ်၊ တောင်ကိုရီး ယားနှင့် ဂျပန် နိုင်ငံတို့ရှိ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိကြောင်း အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားက အရမ်းကို လိုအပ်နေပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအတွက်လည်း ဒီကိစ္စက အခက်အခဲတစ်ခု ဖြစ်နေ ပါတယ်။ ဒါကြောင့် ပြည်တွင်းလျှပ်စစ် လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့အတွက် လေနဲ့ နေစွမ်းအင်တို့က လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ဖို့အတွက် ပြည်ပ နိုင်ငံ(၄)ခုနဲ့ ဆွေးနွေးနေပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် လေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အား ၂၉၀၀ မဂ္ဂါဝပ် ထုတ်ယူနိုင်ရန် တနင်္သာရီတိုင်းဒေသကြီး၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင် ထိုင်းကုမ္ပဏီတစ်ခုမှ လေ့လာမှုများပြုလုပ်လျက်ရှိပြီး တရုတ်ကုမ္ပဏီ တစ်ခုကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် လေအားလျှပ်စစ်မှ မဂ္ဂါဝပ် ၁၀၀၀ ထုတ်ယူနိုင်ရန် လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် Weelkly Eleven ဂျာနယ်တွင် ဖော်ပြပါရှိသည်။

“ခု လက်ရှိ ပြည်ပကုမ္ပဏီနှစ်ခုဖြစ်တဲ့ ထိုင်းနဲ့ တရုတ်ကုမ္ပဏီတွေက လေအားလျှပ်စစ် ထုတ်နိုင်ဖို့အတွက် ပြည်တွင်းမှာ လေ့လာမှုတွေ လာလုပ်နေပါတယ်။ ဒီကိစ္စသာ အဆင်ပြေသွားမယ်ဆိုရင်တော့ မြန်မာပြည်သူတွေ အရင်ထက် လျှပ်စစ်ဓာတ်အား ပိုသုံးစွဲနိုင်တော့မှာပါ။ ပြီးတော့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်း တရှိန်ထိုးဝင်လာတော့မှာပါ။”ပာု အမှတ် (၂)လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

                မြန်မာနိုင်ငံအတွင်း လေအားလျှပ်စစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ရန် လေ့လာမှုများ ပြုလုပ်နေသကဲ့သို့ နေစွမ်းအင်မှလည်း လျှပ်စစ် ဓာတ်အား ထုတ်ယူနိုင်ရန် ကိုရီးယားနိုင်ငံရှိ တီအမ်ဆိုလာကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ အဆာပိာ ကုမ္ပဏီတို့မှ လေ့လာဆန်းစစ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ref:Weekly Eleven

*************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

အမေရိကန်ပိတ်ဆို့မှု သက်တမ်းမတိုးရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ကန်အထက်လွှတ်တော်အမတ် ဆွေးနွေး

မြန်မာနိုင်ငံအား အမေရိကန်နိုင်ƚ