Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၇.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. OGE နှင့် အမေရိကန်ကုမ္ပဏီများ ပူးပေါင်းလုပ်ကိုင်မည်ကို အမေရိကန်ဆီနိတ်တာများစိုးရိမ်

(New Straits Times မှ 13 July 2012 မှ Senators upset US firms can invest in Myanmar O&G firm ကို ဘာသာပြန်ဆိုသည်)

  1. တရုတ်က မြစ်ဆုံစီမံကိန်းပြန်စမည်ကို ကချင်တို့စိုးရိမ်

(14 July 2012 ရက်စွဲပါ The Washington Post မှ Jason Mot Lagh ရေးသားသော Myanmar’s ethnic Kachin fear China may restart dam project ကိုဘာသာပြန်ဆိုသည်)

  1. ထိုင်းမြန်မာနယ်စပ် မူးယစ်ဆေးဝါး မှောင်ခိုများနှင့် ပစ်ခတ်မှုတွင် ၈ ဦးသေဆုံး

(UPI သတင်းမှ 16 July 2012 ရက်စွဲပါ “8 dead in Thailand drug smuggling shootout”သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

OGE နှင့် အမေရိကန်ကုမ္ပဏီများ ပူးပေါင်းလုပ်ကိုင်မည်ကို အမေရိကန်ဆီနိတ်တာများစိုးရိမ်

(New Straits Times မှ 13 July 2012 မှ Senators upset US firms can invest in Myanmar O&G firm ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသော အမေရိကန်ပိတ်ဆို့အရေးယူမှုများလျှော့ချလိုက်မှုကို ဆီနိတ်တာ ဂျွန်မက်ကိန်းနှင့် ဂျိုးလိုင်ဘာမန်းတို့က ကြိုဆိုလိုက်သော်လည်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့်ပူးပေါင်းကာ စီးပွားရေးလုပ်ဆောင်မည့်ကိစ္စသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အန္တရယ်ဖြစ်စေနိုင်ကြောင်း သတိပေး ပြောဆိုသည်။

သမ္မတအိုဘားမားက အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံမည့်ကိစ္စကို ဇူလိုင်လ ၁၃ ရက်နေ့က မီးစိမ်းပြလိုက်မှုသည် ယခင် မြန်မာအပေါ်ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို အကြီးမားဆုံးအတိုင်းအတာဖြင့် လျှော့ချပေးလိုက်မှုပင်ဖြစ်သည်။

ထွက်ပေါ်လာသောဥပဒေသစ်အရ အမေရိကန်ကုမ္ပဏီများအနေဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့်အတူ စီးပွားရေးအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်နိုင်မည်ဖြစ်သော်လည်း ရက်ပေါင်း ၆၀ အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အသိပေးအကြောင်းကြားရမည်ဖြစ်သည်။

"အမေရိကန်ကုမ္ပဏီတွေ မြန်မာပြည်မှာရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်တော့မယ်ဆိုတဲ့အတွက် ကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်၊ ကျွန်တော်တို့တစ်တွေ တိုက်တွန်းဆော်သြခဲ့ရတဲ့ အဆင့်တစ်ခုလည်း ဖြစ်ပါတယ်"ဟု ရီပတ်ဗလီကန်ဆီနိတ်တာ ဂျွန်မက်ကိန်းက ပြောဆိုသည်။

"ဘယ်လိုပဲဖြစ်ဖြစ် အိုဘားမားအုပ်ချုပ်ရေးအဖွဲ့က ယခုလိုအချိန်မှာ အမေရိကန်ကုမ္ပဏီတွေ MOGE နဲ့ အလုပ်တွဲဖက်လုပ်ကိုင်နိုင်ဖို့ ပါမစ်ချပေးလိုက်တဲ့ကိစ္စကို ကျွန်တော်တို့အနေနဲ့စိုးရိမ်မိပါတယ်"ဟု ဆိုသည်။

၎င်းတို့အနေဖြင့် ယခုကဲ့သို့ စိုးရိမ်နေရခြင်းမှာ အဆိုပါ MOGE သည် ပွင့်လင်းမြင်သာမှုမရှိသော နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှရရှိသော ဒေါ်လာဘီလီယံပေါင်းများစွာနှင့် စာရင်းဇယားများကို ပါလီမန်လွှတ်တော်နှင့် ပြည်သူများသိရှိမြင်တွေ့ခွင့် မရရှိကြသောကြောင့်ဖြစ်သည်။

"အဲဒီလိုမျိုးအခြေအနေထဲမှာ MOGE လို လုပ်ငန်းမျိုးနဲ့ စီးပွားရေးပူးပေါင်းလုပ်ဆောင်ခြင်းကြောင့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ နောက်ပြန်လှည့်မယ့် အန္တရာယ်မျိုးဖြစ်လာမှာကို ကျွန်တော်တို့က စိုးရိမ်မိတာပါ။ ကျွန်တော်တို့ရဲ့ဦးတည်ချက်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အားကောင်းမောင်းသန်ဖြစ်လာရေးပါပဲ"ဟု ဂျွန်မက်ကိန်းက ဆက်လက်ပြောဆိုသည်။ အမေရိကန်ကုမ္ပဏီကြီးများမှာ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံသို့ဝင်ရောက်စီးပွားရေးလုပ်ကိုင်ခွင့် မရရှိခဲ့ကြပေရာ အလားအလာကောင်းလွန်းသော မြန်မာ့စီးပွားရေးကိုထိတွေ့မှုရရှိထားပြီးဖြစ်သည့် ဥရောပနှင့် အာရှမှပြိုင်ဘက်များအား ရှုံးနိမ့်မည်ကိုလည်းစိုးရိမ်လျက်ရှိသည်။

ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ ယခု အမေရိကန်သမ္မတအိုဘားမား၏ လုပ်ဆောင်ချက်သည် မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားနှင့် ထူးထူးခြားခြားပင် ဆန့်ကျင်ကွဲလွဲလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားလုပ်ငန်းကြီးများအနေဖြင့် MOGE နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမပြုလုပ်ရန် သတိပေး ပြောဆိုထားသည်။

ဥရောပဒေသသို့ သမိုင်းဝင်ခရီးစဉ်သွားရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်က "MOGE အနေဖြင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ ပွင့်လင်းမြင်သာမှုဆိုင်ရာ စည်းကမ်းချက်များကဲ့သို့ နိုင်ငံတကာစံချိန်စံနှုန်းမီသည့် စည်းကမ်းသတ်မှတ်ချက်များကို လက်မှတ်ရေးထိုးရန် ဦးစွာ လိုအပ်ကြောင်း"ပြောဆိုထားသည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေမှာမူ ပါလီမန်လွှတ်တော်က အတည်ပြုရန် အလေးအနက်စဉ်းစားလျက်ရှိသည်။

                                                            ********************************************************

တရုတ်က မြစ်ဆုံစီမံကိန်းပြန်စမည်ကို ကချင်တို့စိုးရိမ်

(14 July 2012 ရက်စွဲပါ The Washington Post မှ Jason Mot Lagh ရေးသားသော Myanmar’s ethnic Kachin fear China may restart dam project ကိုဘာသာပြန်ဆိုသည်)

ဘုန်းတော်ကြီးThomas Gum Rai Aung သည် ၎င်း၏ရွာကို မိုးထားသော စိမ်းမြနေသောတောင်၏နေရာတစ်ခုကို လက်ညှိုးထိုး၍ အကယ်၍ ရေလှောင်တမံစီမံကိန်းပြီးပါက တက်လာမည့်ရေများ၏အမြင့်ကို ပြောပြသည်။ “ကျွန်တော်တို့ဆောက်ထားတာတွေအားလုံး တခနအတွင်းမှာ ပျောက်သွားမှာပါ”ပာု ၎င်းကပြောသည်။

ယခုအချိန်တွင်မူ အဆိုပါစီမံကိန်းမှာ ရပ်ဆိုင်းနေသည်။ သို့သော် ၎င်းတို့ထံတွင် ဘုရားကျောင်းတက်သည့်သူများမရှိတော့ပေ။

လွန်ခဲ့သည့်နှစ်နှစ်က မြန်မာအာဏာပိုင်များသည်ရေအားလျှပ်စစ်အတွက် ရေလှောင်တမံဆောက်လုပ်ရန် ကချင်တိုင်းရင်းသား ထောင်ပေါင်းများစွာကို အတင်းအဓမ္မရွေ့ပြောင်းနေရာချထားပေးခဲ့သည်။

တရုတ်တို့လုပ်ဆောင်သော အဆိုပါစီမံကိန်းမှရရှိသော လျှပ်စစ်ဓာတ်အားနှင့် ဝင်ငွေသည် ဆင်းရဲသော အခြေခံအဆောက်အဦးနှင့် စီးပွားရေးအရ အလားအလာ အနည်းငယ်သာရှိသော အဆိုပါဒေသတွင်းရှိလူများ၏ ဘဝများ တိုးတက်လာနိုင်သည်ပာုဆိုသည်။

ပြီးခဲ့သည့်နှစ်က အဆိုပါရေလှောင်တမံသည် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများရှိသညပာု ပြည်သူများ၏ ဆန္ဒပြမှုကြောင့် ၎င်း ဆောက်လုပ်ခြင်းကို ရပ်ဆိုင်းခဲ့သည်။ သို့သော် လှုပ်ရှားသူများက ယခုအခါ တရုတ်က အစိုးရတာဝန်ရှိသူများအပေါ် သြဇာလွှမ်းမိုးမှုကြောင့် အဆိုပါ စီမံကိန်း ပြန်လည်စတင်လာနိုင်မည်ကို စိုးရိမ်နေကြသည်။ အဆိုပါစီမံကိန်းသည် သက်ရှိဇီဝစနစ်ကို ခြိမ်းခြောက်မှုများ၏ နုနယ်သေးသော အခြေအနေကိုလည်း ခြိမ်းခြောက်မှုများရှိလာသည်။ သူပုန်အုပ်စုများက အဆိုပါရေလှောင်တမံသည် သမိုင်းကြောင်းအရ ၎င်းတို့ပိုင်ဆိုင်သော နယ်မြေပိုင်ခွင့်များကို စော်ကားလာခြင်းဖြစ်ကြောင်း ပြောကြသည်။

မြစ်ဆုံရေလှောင်တမံကို တရုတ်နိုင်ငံပိုင် China Power Investment Corp နှင့် ဖက်စပ်ပိုင်ဆိုင်ပြီး ၂၀၁၉ တွင် ပြီးစီးမည်ဟုခန့်မှန်းကာ ထွက်ရှိသော လျှပ်စစ်ဓါတ်အား၏ ၉၀% ကိုယူနန်ပြည်နယ်သို့ ပို့လွှတ်မည်ဖြစ်ပြီး နှစ်ငါးဆယ်အတွက် ဒေါ်လာ (၁၇)ဘီလီယံနှင့် လဲလှယ်ထားသည်။

မြန်မာနိုင်ငံပိုင်မီဒီယာက ရွာငါးရွာမှ လူပေါင်း(၂၁၀၀)ကျော်ကို ရေ၊အားလျှပ်စစ်မီးများအပြည့်အ၀ တပ်ဆင်ပေးထားသည့် စံပြရွာများသို့ ရွှေ့ပေးခဲ့ပြီး ဖြစ်ကြောင်းပြောသည်။ တရုတ်ကုမ္ပဏီ၏၀က်ဆိုဒ်တွင် ၄င်းသည် ပြန်လည် နေရာချထားရေးအတွက် ဒေါ်လာ(၂၅)သန်းရင်းနှီးမြှုပ်နှံထားပြီး၊ အဆိုပါစီမံကိန်းကြောင့် ထိခိုက်သည့်လူများ၏ဆန္ဒကိုလည်း အပြည့်အ၀လေးစားကြောင်းဖော်ပြထားသည်။  

ဝေဖန်သုံးသပ်သူများက အဆိုပါဖြေရှင်းချက်များကို ငြင်းဆိုခဲ့ကြသည်။ ပြီးခဲ့သည့်နှစ် သြဂုတ်လက အစိုးရသို့ ပေးပို့သောစာတွင် ဒေါ်အောင်ဆန်းစုကြည်က ရွာပေါင်း(၆၀)ကျော်မှ ကချင်တိုင်းရင်းသား(၁၂၀၀၀)ကျော်သည် ၄င်းတို့ နေအိမ်နှင့်ရိုးရာနေ့စဉ်ဘ၀များ ပျက်စီးကြရကြောင်း ဖော်ပြထားသည်။ ထို့အပြင် မြစ်ဆုံစီမံကိန်းသည် ပြင်းထန်သော ပတ်ဝန်းကျင်ဆိုင်ရာအန္တရယ်များရှိပြီး ငလျင်လှုပ်ပါက ကြီးမားစွာပျက်စီးမှုများ ရှိနိုင်ကြောင်း သတိပေးထားသည်။

အဆိုပါစီမံကိန်းကို ရပ်ဆိုင်းပေးရန် သမ္မတဦးသိန်းစိန်၏ ဆုံးဖြတ်ချက်သည် တရုတ်အတွက် လေးပြင်းတိုက်ခံရခြင်းဟု ရှုမြင်နိုင်သည်။ နောက်ဆုံးတွင် ဒီမိုကရေစီအတွက် စတင်ခြေကုတ်ရသည့် လက္ခဏာဖြစ်သည်။

ဝေဖန်သုံးသပ်သူများက အဆိုပါလုပ်ဆောင်ချက်သည် မြန်မာနိုင်ငံအနေဖြင့် တရုတ်၏သြဇာလွှမ်းမိုးမှုအောက်မှ အနောက်နိုင်ငံများဆီသို့ ရွေ့ပြောင်းနေသည်ဆိုသည့် နောက်ထပ်အချက်ပြမှုတစ်ခုဖြစ်မည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံ၏ လျင်မြန်သော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးသည် နွေးထွေးလာခဲ့သည်။

သို့သော် ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာစစ်တပ်တိုက်ခိုက်မှုများရပ်ဆိုင်းရန် သမ္မတ၏တောင်းဆိုမှုအား မြန်မာဗိုလ်ချုပ်များက လစ်လျူရှုခဲ့သည်။ Human Rights Watch ၏ မတ်လတွင် ထုတ်ပြန်သော အစီရင်ခံစာအရ ယခုတိုက်ပွဲများသည် အဆိုပါ ရေလှောင်တမံ စီမံကိန်းများကြောင့် ဖြစ်ပွားရသည့် တိုက်ပွဲတွင် အဓိကနေရာမှ တစိတ်တပိုင်းပါဝင်သည် ဆိုသည်ကို သိရှိကြသည်ဟုဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် အရပ်သား(၇၅၀၀၀)ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ရပြီး လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်း သတင်းများလည်း ရှိခဲ့သည်။ ဒုက္ခသည်အများစုသည် တရုတ်နှင့်နယ်စပ်တစ်လျောက် သူပုန်များ ထိန်းချုပ်ထားသောနယ်မြေတွင် ယာယီတဲများနှင့် နေထိုင်ကြသည်။ ဒုက္ခသည်(၁၀၀၀၀)ခန့်သည် တရုတ်နိုင်ငံသို့ ထွက်ပြေးပြီး ကျန်လူများသည် မြစ်ကြီးနားဝန်းကျင်တွင် ယာယီတဲများနှင့် နေထိုင်ကြသည်။

သမိုင်းအရ တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးတွင် ဗဟိုဌာနသဖွယ်ဖြစ်ခဲ့သော  မြစ်ကြီးနားတွင်လူဦးရေတစ်သိန်းခွဲခန့်ရှိပြီး မြန်မာနိုင်ငံအောက်ပိုင်း မြို့များကဲ့သို့ စီးပွားရေးတိုးတက်မှုများမရရှိဘူးခဲ့ပေ။ အခြေခံအဆောက်အဦးမှာ ဆိုးဝါးသော အခြေအနေတွင်ရှိနေပြီး လျှပ်စစ်မီးမရရှိမှုနှင့် နပန်းလုံးနေရာက အလုပ်လက်မဲ့နှုန်းကလည်း တနေ့တခြား မြင့်မားလာသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။

ဒေသခံဘာသာရေးခေါင်းဆောင်များက ပြောကြားရာတွင် အားရဖွယ်မရှိသောလူမှုရေးနှင့် စီးပွားရေးရာသီဥတုသည် ကချင်လူငယ်များကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် စိတ်ဓါတ်ကျဆင်းမှုကို တိုးတက်စေသည်ဟု ဆိုသည်။

“ဒီနေ့အခြေအနေကတော့ မျှော်လင့်ချက်မရှိတဲ့အခြေအနေပါပဲ”ဟု အမည်မဖော်လိုသူ အသက် (၂၈)နှစ်ရှိ ကချင်လူမျိုးဆိုင်ရှင်တစ်ဦးက ပြောသည်။ ၄င်းသည် လွန်ခဲ့သည့် ၂ နှစ်က အင်ဂျင်နီယာဘွဲ့ရခဲ့သော်လည်း ၄င်းပညာနှင့် အလုပ်ရှာ၍မရကြောင်း ဆိုသည်။

“ကချင်လူမျိုးတွေက ဗမာတွေကို အတော်မုန်းနေကြတာဗျ”ဟု ၄င်းကပြောသည်။

မြောက်ဖက်သို့ တစ်နာရီမရှိတရှိ ခရီးမောင်းသွားသော် မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့နေရာချထားသောရွာများရှိရာ တရားစခန်း၊ ဆေးခန်းနှင့် အထက်တန်းကျောင်းများ ပါဝင်သည်။ သို့သော် အဆိုပါနေရာတွင် နေထိုင်သူများက ၄င်းတို့ လွတ်လပ်စွာ သွားလာခွင့်မရှိဟု ဆိုကြသည်။        

“ကျွန်တော်တို့ ဒီမှာနေရပေမယ့် ဘာမှလုပ်လို့ မရပါဘူး။ လယ်မြေမရှိတဲ့ လယ်သမား ဖြစ်နေတာပေါ့။”ဟု ၃၅ နှစ်အရွယ်ရှိ MungDoi က ပြောသည်။ ၄င်းသည် တားမြစ်ထားသည့်ကြားမှ ၄င်း၏ ရွာသို့ ပြန်သွားခဲ့သော်လည်း တိုက်ပွဲများကြောင့် ပြန်လာခဲ့ရသည်။

မြစ်ဆုံသို့သွားရာလမ်းတစ်လျှောက်တွင် လူသူကင်းမဲ့နေပြီး ဖရိုဖရဲဖြစ်နေသော ကချင်ရွာများကို ကြည့်ခြင်းဖြင့် ၄င်းတို့သည် အလျင်အမြန် ပြောင်းရွှေ့သွားရသည်ဟု ဆိုနိုင်သည်။ ယခင်စပါးစိုက်သော လယ်ကွင်းများသည် ရွှေရှာသော သတ္တုတွင်းများဖြစ်ကုန်ပြီး ပတ်ဝန်းကျင်မှကျွန်းတော်နက်ကြီးများကလည်း ငုတ်တိုများအဖြစ် ပြောင်းသွားကြပြီဖြစ်သည်။

ဘာသာရေးခေါင်းဆောင်များက ပြောကြားရာတွင် ရွာများကို အတင်းပြောင်းခိုင်ပြီး၊ အာဏာရှိသောမြောက်ပိုင်းတိုင်းမှူး များနှင့် အဆက်အသွယ်ရှိသောပုဂ္ဂလိက သတ္တုနှင့် သစ်ကုမ္ပဏီများ ၀င်ရောက်နေရာယူခဲ့ကြသည်ဟုဆိုသည်။

လျင်မြန်သော တောပြုန်းမှုများ၊ စည်းမျဉ်းစည်းကမ်းမရှိ သတ္တုတူးဖော်မှုများနှင့် ရေတိုက်စားမှုများသည် ဧရာဝတီ၏ သဘာဝသက်ရှိစနစ်(Ecosystem)ကို ကြီးမားစွာထိခိုက်ကြောင်း မြန်မာလှုပ်ရှားသူများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်လေ့လာသူများ၏ အဆိုအရ သိရှိရသည်။ အကယ်၍ မြစ်ဆုံစီမံကိန်း ဆက်လက်အကောင်အထည်ဖော်ပါက သက်ရောက်မှုများသည် အဆိုပါစီမံကိန်းနေရာတွင်သာမကပဲ မြစ်အောက်ပိုင်းမှ မှီခိုနေသူများအားလုံးကိုပါ ထိခိုက်နိုင်မည်ဖြစ်သည့်အတွက် ၄င်းတို့က စိုးရွံ့နေကြသည်။

တချိန်တည်းမှာပင် တရုတ်တို့ကလည်း အဆိုပါစီမံကိန်း ပြန်လည်စတင်နိုင်ရန် အပြင်းအထန်ကြိုးပမ်းလျက် ရှိသည်။ ဒေသကချင်ဒေသခံ လူမျိုးများ၏ စိတ်ထဲတွင် နောက်ဆုံးတွင် ၄င်းတို့ ဖြစ်စေလိုသည်များဖြစ်ရမည်ဟု ယုံကြည်လျက်ရှိသည်။

ဘုန်းတော်ကြီး RaiAung ကမူ အချိန်ပေါ်တွင်သာမူတည်ကြောင်း ယုံကြည်သည်ဟု ဆိုသည်။ ၄င်းက ကချင်သူပုန်များနှင့် စစ်ပွဲကလည်း မြစ်ဆုံ ရေလှောင်တမံဆောက်လုပ်ရန်နှောင့်နှေးစေသည့် အကြောင်းဖြစ်သည်ဟုရှုမြင်ကာ သမ္မတသည် စစ်တိုက်လိုသော ဗိုလ်ချုပ်များအပေါ် နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှု ရှိမည်ဆိုသည်ကို သံသယဖြစ်မိကြောင်းဆိုသည်။

“ကျွန်တော်ကတော့ အချိန်ကိုစောင့်နေတာပါ။ ဒီကနေအပြီးထွက်သွားတော့မှာပါ”ဟု ၄င်းက ပြောသည်။

                                                        ************************************************************

ထိုင်းမြန်မာနယ်စပ် မူးယစ်ဆေးဝါး မှောင်ခိုများနှင့် ပစ်ခတ်မှုတွင် ၈ ဦးသေဆုံး

(UPI သတင်းမှ 16 July 2012 ရက်စွဲပါ “8 dead in Thailand drug smuggling shootout”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနှင့် နယ်စပ်အနီး ထိုင်းနယ်မြေထဲတွင် ထိုင်းစစ်သားများနှင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မူးယစ်ဆေးဝါးတရားမဝင် သယ်ဆောင်လာသူ ၈ ဦး သေဆုံးသွားသည်ပာု ထိုင်းစစ်ဖ်က တနင်္လာနေ့တွင် ပြောကြားသည်။

လက်နက်ကိုင်လူတစ်စုက အိမ်နီးချင်းနိုင်ငံမှ တရားမဝင်မူးယစ်ဆေးဝါးများကို ခိုးသွင်းရန်ကြိုးပမ်းနေသည်ပာူသော သတင်းရရှိပြီးနောက် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်ပါဝင်သောအဖွဲ့က ချင်းရိုင်ပြည်နယ် မယ်ဆိုင်ခရိုင် ဝမ်ဖန်စန်သစ်တောထဲတွင် ကင်းလှည့်စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်ပာု အမှတ်(၃)တပ်မမှ ဖာမွန်းတပ်ရင်းမှူး ဆုမ်ဆတ်နီဘန်ဂျတ်ကူးက ထုတ်ပြန်ပြောကြားသည်။

လက်နက်ကိုင် ၁၀ ဦးကျော်ပါဝင်သောအဖွဲ့ တောအုပ်ကိုဖြတ်သန်းလာစဉ် ထိုင်းတပ်ဖွဲ့က ဝိုင်းထားပြီး လက်နက်ချခိုင်းခြင်းကို ၎င်းတို့က ငြင်းဆန်သောကြောင့် ပစ်ခတ်မှုဖြစ်ပွားကာ ၈ ဦးသေဆုံးသွားသည်ပာု ဘန်ကောက်ပို့စ်က သတင်းဖော်ပြထားသည်။ ထိုင်းတပ်ဖွဲ့ဝင်များ ထိခိုက် ဒဏ်ရာရခြင်းမရှိပာု ဗိုလ်မှူးကြီး ဆုမ်ဆတ်က ပြောကြားသည်။

သေဆုံးသူများ၏ ခန္ဓာကိုယ်မှ မီသိုင်းအင်ဖက်တာမင်းဆေးပြား ၅၅၀,၀၀၀ နှင့် မီသိုင်းအင်ဖက်တာမင်းပုံဆောင်ခဲ ၁၅၄.၃ ပေါင်ပါဝင်သော အိတ် ၉ ခုကို သိမ်းဆည်းရမိသည်ပာု ရဲတပ်ဖွဲ့အကြီးအကဲ ပရီဖန်ဒါမာပွန်က ထုတ်ဖော်ပြောဆိုသည်။

ထွက်ပြေးသွားသူများ၏ သွေးစက်များကို ခြေရာခံ၍လိုက်ရာတွင် တစ်ဖက်နယ်စပ်သို့ ဦးတည်ဝင်ရောက်သွားသည်ကို တွေ့ရှိရသည်ပာု ထိုင်းနယ်စပ်လုံခြုံရေး တာဝန်ရှိသူများက ပြောကြားသည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment