Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၄.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ဒုက္ခသည်များအတွက် အမေရိကန်မှ ဒေါ်လာသုံးသန်းထောက်ပံ့
  2. နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွဲ့စည်းရေးနှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးအဆို တင်သွင်း

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ထိုင်းအစိုးရနှင့် မြန်မာအစိုးရ ထားဝယ်စီမံကိန်း နှစ်နိုင်ငံ သဘောတူညီမှုရရှိ
  2. ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပါတီ ၁၄ ခုတွေ့ဆုံ
  3. ဒဂုံတက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*************************

ပြည်တွင်းသတင်းများ

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ဒုက္ခသည်များအတွက် အမေရိကန်မှ ဒေါ်လာသုံးသန်းထောက်ပံ့

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ပဋိပက္ခတိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်းရှိ ဒုက္ခသည်များ အတွက် အမေရိကန်နိုင်ငံမှ ကန်ဒေါ်လာသုံးသန်း ထောက်ပံ့ကူညီသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ဇူလိုင် ၂၀ရက်နေ့တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားချက်အရ သိရ သည်။

“ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ဖြစ်တဲ့ ဇူလိုင် ၅ ရက်နေ့က ရခိုင်နဲ့ ကချင်ပြည်နယ်မှာရှိတဲ့ လူသားချင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြေရှင်းဖို့နဲ့ နိုင်ငံ တစ်ဝန်းလုံး သဘာဝဘေး လျှော့ချရေးစီမံကိန်းများ ဆောင်ရွက်ဖို့ အမေရိကန်ဒေါ်လာ သုံးသန်း ထောက်ပံ့မယ့်အစီအစဉ်ကို ကြေညာပြီးပါပြီ။ ဒီနေ့မှာ တော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ နေအိမ်ရွှေ့ပြောင်းနေထိုင်ရသူတွေအတွက် အမေရိကန်ဒေါ်လာ သုံးသန်းတန်ဖိုးရှိ စားနပ်ရိ က္ခာ အကူအညီပေးမယ့် အစီအစဉ်ကို ကြေညာလိုပါတယ်”ပာု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ဒုက္ခသည်များအတွက် အမေရိကန်နိုင်ငံမှ ထောက်ပံ့ကူညီမည့် ကန်ဒေါ်လာသုံးသန်းကို USAID ၏ Office of Food For Peace မှတစ်ဆင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သို့ လှူဒါန်းမည် ဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ဖြင့် လှူဒါန်းငွေများကို ဆန်မစ် ထရစ်တန် ၃၄၀၀ ကိုဝယ်ယူ၍ လူဦးရေ ၅၅၀၀၀ ၏ ခြောက်လစာရိက္ခာကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လူဦးရေ ၅၅၀၀၀ ကို ခြောက်လစာကျွေးမွေးစောင့်ရှောက်နိုင်တဲ့ ဆန်မက်ထရစ်တန် ၃၄၀၀ ခန့်ကို ဝယ်ယူသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်အနေနဲ့ ဒီဆန်တွေကို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ နေအိမ်ရွှေ့ပြောင်းနေထိုင်ရသူတွေ၊ အစိုးရထိန်းချုပ်ထားတဲ့ ဒေသတွေနဲ့ အခြားဒေသတွေကို ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။ လူမျိုး၊ ဘာသာမခွဲခြားဘဲ လိုအပ်နေတဲ့ မြန်မာပြည်သူတွေကို ပံ့ပိုးပေးသွားမှာ ဖြစ်ပါ တယ်”ပာု ဒဲရစ်မစ်ချယ်က ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံ အား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ(EU)နိုင်ငံတို့မှ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ သည့်အပြင် မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကိုလည်း သံအမတ်ကြီးအဆင့်သို့ တိုးမြှင့်ခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွဲ့စည်းရေးနှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးအဆို တင်သွင်း

၂၀၁၂ ဇူလိုင် ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့တွင် ဒဂုံမြို့ သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက“နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွဲ့စည်းရေးနှင့် ပုဂ္ဂလိကပိုင် ပြုရေး”အဆိုကို တင်သွင်းခဲ့ကြောင်း သိရသည်။

ယင်းအဆိုတင်သွင်းခြင်းကိစ္စရပ်နှင့် ပတ်သက်၍ လက်ခံဆွေးနွေးရန် လွှတ်တော်မှဆုံးဖြတ်ခဲ့သည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် ဇူလိုင် ၂၄ ရက်နေ့တွင် အမည်စာရင်းပေးပို့ကြမည်ဖြစ်ပြီး ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၁၂)ရက်မြောက်နေ့တွင် မေးခွန်း(၃)ခု မေးမြန်းခြင်း၊ အဆို(၁)ခု ဆွေးနွေးခြင်းနှင့် အဆိုအသစ်(၁)ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြသည်။

“နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကကို လွှဲပေးလိုက်မယ်ဆိုရင် နိုင်ငံတော်အနေနဲ့လည်း ဝန်ပေါ့သွားနိုင်ပါတယ်။ ပြီးတော့ ပုဂ္ဂလိကလုပ်ငန်းရှင် တွေလည်း ပါဝင်လာနိုင်တော့မှာဖြစ်တဲ့အတွက် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုအလားအလာလည်း ကောင်းမွန်လာနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အစိုးရနဲ့ ပုဂ္ဂလိကပာန်ချက်ညီညီ လှုပ်ရှား နိုင်မှဖြစ်မှာပါ”ပာု ပြည်တွင်းထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့်အပြင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ လေကြောင်းပို့ဆောင်ရေးနှင့် ရထားပို့ဆောင်ရေးလုပ်ငန်းများ အပါအဝင် နိုင်ငံပိုင်လုပ်ငန်းအတော်များများကို ပုဂ္ဂလိက လုပ်ကိုင်ခွင့်ရရှိနိုင် စေရန် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မကြာမီကာလအတွင်း စွမ်းအင်ဝန်ကြီးဌာနမှ မြန်မာ့ရေနံချက်စက်ရုံများကို နိုင်ငံခြားလုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ပြီး သန်လျင်ရေနံချက်စက်ရုံကို ပထမဆုံးလွှဲပြောင်းပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

YC

*************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ထိုင်းအစိုးရနှင့် မြန်မာအစိုးရ ထားဝယ်စီမံကိန်း နှစ်နိုင်ငံ သဘောတူညီမှုရရှိ

ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်၍ သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇူလိုင်လ ၂၃ ရက်နေ့၌ မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ပတ်သက်သည့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စချက်များ ပါဝင် သည့် အချက်များအား နှစ်နိုင်ငံနားလည်မှု သဝဏ်လွှာ MOU အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်နိုင်ငံနားလည်မှု သဘောတူညီလက်မှတ်ရေးထိုးချက်တွင် ဒေသလုံခြုံရေး၊ အခြေခံအဆောက်အဦးများ တည်ဆောက်ရေးနှင့် ဒေသ တွင်းဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် အချက်များပါဝင်ကြောင်း သိရှိရပြီး နယ်စပ်ဂိတ်အသစ်များ ဖွင့်လှစ်ရန်ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝတ်ထရာတို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သဘောတူလက်မှတ်ရေးထို့ခဲ့ကြပြီး တက်ရောက်လာသည့် သတင်းမီဒီယာများအား ပြန်လည်ရှင်းလင်းသွားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်လည်ပတ်မှု၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံသို့ စတင်ရောက်ရှိသည့် ဇူလိုင်လ ၂၂ ရက်နေ့၌ပင် နေ့လည် ၃နာရီခွဲအချိန်ခန့်တွင် ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ လီယမ်ချာဘမ်စက်မှုဇုန်အား သွားရောက်လေ့လာခဲ့ကြောင်း သိရှိရပြီး ထိုင်း နိုင်ငံ စက်မှုဝန်ကြီး ခွန်ဖုန်စဝပ်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါစက်မှုဇုန်သို့ သွားရောက်လည်ပတ်မှုအပြီးတွင် အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးဘုတ်အဖွဲ့မှ အတွင်းရေးမှူးချုပ် ခွန်အာခွန် သမ်ပီ တရာပိုင်စစ်မှ ထိုင်းနိုင်ငံစီးပွားရေး၊ စက်မှုဇုန်ဖွံ့ဖြိုးရေးနှင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ဆက်နွယ်မှုဆိုင်ရာခေါင်းစဉ်ဖြင့် ထိုင်းအရှေ့ပိုင်း ကမ်းရိုး တန်းဒေသနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန် စီမံကိန်းတို့၏ ဆက်နွယ်နေမှုများအား ရှင်းလင်းတင်ပြသွားခဲ့ကြောင်း ပြည်ပမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

ယင်းသို့ တင်ပြရှင်းလင်းမှု၌ ထိုင်းပင်လယ်ကွေ့တွင်တည်ရှိသည့် လမ်ချာဗန် ရေနက်ဆိပ်ကမ်းသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ သွားရောက် လည်ပတ်ခဲ့ပြီး မလေးရှားကျွန်းဆွယ်အနီးရှိ ရှည်လျားသည့်ပင်လယ်လမ်းကြောင်းအား အစားထိုး၍ အဆိုပါရေနက်ဆိပ်ကမ်းမှ ထားဝယ်သို့ အဝေးပြေး လမ်းကြောင်း ထားရှိ၍ ဆက်သွယ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းရှင်းလင်းချက်အရ သိရှိရသည်။

ထို့နောက် နှစ်နိုင်ငံနားလည်မှု သဘောတူညီချက်လက်မှတ်ရေးထိုးသည့် သဝဏ်လွှာ၌ ထိုင်းအစိုးရမှ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအား ဆက်လက်တာဝန်ယူမည်ဖြစ်ကြောင်းနှင့် သံမဏိစက်ရုံ၊ ရေနံဓာတုစက်ရုံ၊ ရေနံသန့်စင်စက်ရုံ တည်ဆောက်မှုများ ပါဝင်မည်ဖြစ်ပြီး စက်မှုဇုန် ဧရိယာ အကျယ်အဝန်းအား စတုရန်းမိုင် ၂၅၀ ကီလိုမီတာ သတ်မှတ်ထားကြောင်း သိရပြီး လက်ရှိနယ်စပ်ဂိတ် ၃ခုအပြင် ချင်းမိုင်၊ မယ်ဟောင်ဆောင်နှင့် ကန်ချနဘူရိဒေသများ၌လည်း ထပ်မံ ဖွင့်လှစ်သွားမည့်ကိစ္စရပ်များ ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်း၌ ယခင်နှစ်အနည်းငယ်က ကျောက်မီးသွေးလျှပ်စစ်စက်ရုံ တည်ဆောက်ခြင်း ကိစ္စရပ်နှင့်ပတ်သက်၍ ဒေသခံတစ်ချို့မှ ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး ပြီးခဲ့သည့် လအနည်း အငယ်၌  ရင်းနှီးမြှပ်နှံမှုပြုလုပ်သည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တစ်ခုဖြစ်သည့် မက်စ်မြန်မာကုမ္ပဏီမှလည်း အဆိုပါရေနက်ဆိပ်ကမ်းအတွင်း ရင်းနှီးမြှပ်နှံမှုကဏ္ဍတစ်ချို့မှ နှုတ်ထွက်သွားခဲ့ခြင်းများရှိကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပါတီ ၁၄ ခုတွေ့ဆုံ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်တွင်းရှိ နိုင်ငံရေးပါတီ ၁၄ ခုတို့မှ ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးနိုင်ရန် ၂၀၁၂ ဇူလိုင်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ လေးနာရီကြာ တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း နိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

“လာမယ့် သီတင်းနှစ်ပတ်လောက်မှာ သမ္မတကြီး နိုင်ငံရေးပါတီတွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့တွေ ရှိပါတယ်။ အခုက အကြို သဘောဆွေးနွေးပွဲမျိုး ပြုလုပ်တာပါ။ ဒီပွဲမှာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ရဲ့ဥက္ကဋ္ဌ ဦးအောင်မင်းက နိုင်ငံရဲ့အကျိုးကို လိုလားသူအားလုံးနဲ့ အတူ တကွ လက်တွဲဆောင်ရွက်သွားဖို့အတွက် ရည်ရွယ်ပြီး ခုလိုတွေ့ဆုံဆွေးနွေးခဲ့တာလို့ ပြောပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည့်အတွက် လက်ရှိအချိန်တွင် ပြည်တွင်းလက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ (၁၁)ဖွဲ့အနက် (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူညီလျက်များ ရရှိခြဲ့ပီးဖြစ်ကြောင်း သိရသည်။

“တွေ့ဆုံရတဲ့အကြာင်းရင်းကတော့ သမ္မတကြီးပြောတဲ့အတိုင်း တစ်မျိုးသားလုံးစည်းလုံးညီညွှတ်ရေးပေါ့နော်။ အဲ့ဒီထဲမှာလည်း All Inclusive ပေါ့။ အဲ့ဒီထဲမှာ ပါတီတွေပေါင်းစုံပါရမယ်။ NGO တွေပေါင်းစုံပါရမယ်။ တိုင်းရင်းသားတွေနဲ့လည်း Peace Process တွေလုပ်မှာပေါ့နော်။ ပါတီတွေ ဆိုလည်း ပါတီကြီးငယ်တို့ ခွဲခြားမထားပါဘူး။ ပါတီအသေးလေးတွေကိုလည်း ဒီထဲမှာ ပါဝင်ပတ်သက်စေချင်ပါတယ်။ ပါတီတွေရဲ့ ရည်ရွယ်ချက်တွေက လည်း သူတို့က လူဦးရေ သန်း ၆၀ အတွက်လုပ်နေတာလေ။ ရည်ရွယ်ချက်ခြင်းက အတူတူပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့နဲ့ပေါင်းလုပ်ရမှာ ဖြစ်ပါတယ်”ပာု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် News Week ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့ကြသည့် နိုင်ငံရေးပါတီအချို့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီးအမျိုးသားကွန်ကရက်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ကရင်ပြည်သူ့ ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ တို့အပါအဝင် အခြားပါတီများပါဝင်ကြောင်းသိရသည်။

              Ref:News Week

-----------------------------------------------------------------------------------------------------------------------------------

ဒဂုံတက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဒဂုံတက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဗ.က.သများအဖွဲ့မှ အတွင်းရေးမှူး ကိုအောင်ကျော်က ပြောကြားကြာင်း The Voice Weekly ၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

“မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားသမဂ္ဂမှာတွေမှာတော့ ကျောင်းသားအင်အားက သောင်းချီရှိနေပါတယ်။ တက္ကသိုလ်တစ်ခုမှာဆိုရင် ကျောင်းသားတွေ ရာနဲ့ချီပြီး ပါဝင်နေပါပြီ။ ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ်တွေအားလုံးမှာ ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းခဲ့ပြီးပါပြီ”ပာု ၎င်းက ဆက်လက် ဆိုသည်။

တက္ကသိုလ်များ ကျောင်းသားသမဂ္ဂထူထောင်ရာတွင် သက်ဆိုင်ရာတက္ကသိုလ်များအလိုက် ကျောင်းသားခေါင်းဆောင်များမှ ဗပာုသုတများ ဖြန့်ဝေကာ စည်းရုံးလုပ်ဆောင်မှုများပြုလုပ်ပြီး ခရိုင်အလိုက် ကျောင်းသားသမဂ္ဂ ၄၀ ပေါ်ပေါက်လာပါက ကျောင်းသားသမဂ္ဂညီလာခံကို ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်  ၂၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂ ညီလာခံမှ ဆုံးဖြတ်ထားသည့် ဥပဒေများသည် ခေတ်နှင့် လိုက်လျောညီထွေမှုမရှိတော့သည့်အတွက် ကျောင်းသားထု၏ ဆန္ဒနှင့်အညီ ကျောင်းသားညီလာခံခေါ်ယူ၍ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ခရိုင် ၂၅ ခုအတွင်း ရှိသည့် နည်းပညာတက္ကသိုလ်၊ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ကောလိပ်၊ ရေကြောင်းသိပ္ပံတက္ကသိုလ်၊ လေကြောင်းအတက်သင်၊ စိုက်ပျိုး ရေးသိပ္ပံကျောင်းများတွင် ကျောင်းသားသမဂ္ဂအဖွဲ့များကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ဗ.က.သမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Ref:The Voice (faceook)

**************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများ၏ နောက်ကွယ်တွင် နိုင်ငံရေးအခြေအနေနှင့် ဆက်စပ်မှုရှိနေသည်။ ယခုအခါ အတိုက်အခံအဖွဲ့အစည်းမှ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလကတည်းက နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့ပြီးဖြစ်ကာ သူမသည်ပင်လျှင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ်  ပါဝင်နေပြီဖြစ်သည်။ သို့ဖြစ်၍ အနောက်နိုင်ငံအသိုင်းအဝိုင်းတို့က စီးပွားရေးပိတ်ဆို့ထားမှုများကို အပြည့်အဝ ရုတ်သိမ်း သင့်ပြီ ဖြစ်သည်”

ဇူလိုင် ၂၄ရက်နေ့ထုတ် Newsweek ဂျာနယ်အတွဲ (၂) အမှတ် (၄၀) တွင်ပါရှိသည့် “မြန်မာနိုင်ငံအပြောင်းအလဲတွင် တပ်မတော်ကို နောက်ကြောင်း ချန်ထားခဲ့၍ ဖြစ်မည်မဟုတ်ကြောင်း သမ္မတကြီးပြောကြား” သတင်းမှ သမ္မတဦးသိန်းစိန်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

"တရားသူကြီးတစ်ဦးက  ၎င်း၏ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ပုဂ္ဂိုလ်ရေးအရ စစ်မှန်တဲ့ အနုပညာသမားတို့မည်သည်မှာ ခွင့်ပြု ချက်တွေပေးပြီး သေနတ်နဲ့ချိန်ပြီး ဖော်ပါချွတ်ပါဟုပြောတောင် ချွတ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့တောင်းနေတဲ့ ဆင်ဆာမူဝါဒဆိုတာ အဲဒါမဟုတ် ပါဘူး။ ကျွန်တော်တို့ လွတ်လပ်စွာ အနုပညာဖန်တီးခွင့် ရရေးပါ။  ကျွန်တော်တို့သည်လည်း မြန်မာရုပ်ရှင်ကို လွတ်လပ်စွာဖန်တီးခွင့်ရဖို့ တောင်းတာပါ။ ဆင်ဆာဆိုတဲ့ကိစ္စကလည်း သားရေကြိုးလိုပဲ တော်တော်ကို ကျယ်ရင်ကျယ်သလို ချုံ့ရင်ချုံ့သလို ရတဲ့ ကိစ္စမျိုးပါ"

ဇူလိုင် ၂၄ရက်နေ့ထုတ် Monitor ဂျာနယ် အတွဲ (၂) အမှတ် (၁၃) တွင်ပါရှိသည့် “မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းနှင့် တွေ့ဆုံခြင်း” အင်တာဗျူးမှ ဦးဇင်ဝိုင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမတ်တွေဟာ လွှတ်တော်ကျင်းပနေစဉ် ကာလ အတွင်း နေ့စဉ်နေ့တွက်စားရိတ် ကျပ်တစ်သောင်း ခံစားခွင့်ရှိပါတယ်။ နေ့စဉ်ထမင်းနှစ်နပ်စာအတွက် ကျပ်လေးထောင် တည်းခိုခန်းခအတွက် ကျပ် လေးထောင် ပေါင်းကျပ်တစ်သောင်းပါ။ နေ့စဉ် လွှတ်တော်ထဲမှာ ကျပ်တစ်သောင်းနဲ့ လျော်ညီအောင်လို့ ပြည်သူ့အကျိုးဖော်ဆောင်ပေးနိုင်ဖို့တော့ လိုပါ တယ်”

ဇူလိုင် ၁၇ရက်နေ့ထုတ် News Watch ဂျာနယ် အတွဲ (၈) အမှတ် (၂၇) တွင်ပါရှိသည့် “လွှတ်တော်ကိုယ်စားလှယ်များ နေ့တွက်စရိတ် ကျပ်သိန်း ၆၀ ကျော်ရှိ” သတင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

**************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment