Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၃.၇.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. မြန်မာနိုင်ငံသားမူစလင်များသေဆုံးမှုကိုတာလီဘန်ရှုတ်ချ။

(Daily Times မှ 21,July 2012ရက်စွဲပါ “Talibencondemm Burmese muslims’ massacre” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ဦးသိန်းစိန်ထံမှ ကာကွယ်ပေးမည့်အာမခံချက်ရရှိရန် ထိုင်းစီးပွားရေးရပ်ကွက်လိုလား

(Bangkok Post မှ 22 July 22 2012 ရက်စွဲပါ “Buisiness Sector Wants Protection guarantees from TheinSein” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံသားမူစလင်များသေဆုံးမှုကိုတာလီဘန်ရှုတ်ချ။

(Daily Times မှ 21,July 2012ရက်စွဲပါ “Talibencondemm Burmese muslims’ massacre” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံမှ မူစလင်များသေဆုံးမှုကို ဘေးအန္တရာယ်ရပ်တန့်သွားအောင် ဆောင်ရွက်ပေးကြရန် အာဖဂန်တာလီဘန်အုပ်စုက နိုင်ငံတကာကို သောကြာနေ့က တောင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် အရေးပေါ်အခြေအနေကြေညာပြီး သီတင်းခြောက်ပတ်ကြာချိန်တွင် အပြန်အလှန်အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး        ရိုဟင်ဂျာမူစလင်များမှာ  နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခံနေရသည့် အန္တရာယ်နှင့် တိုက်ရိုက် ရင်ဆိုင်နေရသည်ဟု AmenastyInternational အဖွဲ့က အတည်ပြုပြောကြားပြီးနောက် ယင်းသို့ တာလီဘန်တို့၏ တုန့်ပြန်မှုပေါ်ထွက်လာခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်ပြင်ပ၌ ဖြစ်ပွားနေသောပြဿနာအပေါ် ရှားရှားပါးပါးတုန့်ပြန်ပြောဆိုနေသည့် တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူးလား မူဂျာဟစ်က လူ့အခွင့်အရေးချိုးဖောက်မှုများ အမြန်ဆုံးရပ်ဆိုင်းရန် မြန်မာအစိုးရကို တိုက်တွန်းခဲ့ပြီးကမ္ဘာ့ကျင့်ဝတ်၊ ဥပဒေမှန်သမျှနှင့် ဆန့်ကျင်သော အပြုအမူများ ဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။

“မူစလင်များအား သတ်ဖြတ်ခြင်းသည် ရိုးရိုးရာဇဝတ်မှုမျှသာမဟုတ်ဘဲ လူထုတစ်ရပ်လုံးနှင့် အထူးသဖြင့် မူစလင်ကမ္ဘာက ခွင့်မလွှတ်နိုင်သော ရာဇဝတ်မှုဖြစ်သည်ကို မြန်မာနိုင်ငံက သတိပြုသင့်သည်။ ပြီးခဲ့သောနှစ်လလုံးလုံး မြန်မာနိုင်ငံတွင် မူစလင်များ နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခံနေရသည်ကို နိုင်ငံတကာနှင့်မီဒီယာများ အသံတိတ်နေကြခြင်းမှာ ထူးဆန်းသည်”ဟု ၎င်းက ပြောကြားသည်။

“အဲဒီရာဇဝတ်မှုတွေ အမြန်ဆုံးရပ်ဆိုင်းသွားအောင်ဆောင်ရွက်ကြဖို့ နိုင်ငံတကာအစိုးရတွေ ပြည်သူတွေ ကုလသမဂ္ဂ၊ ကမ္ဘာကြီးနဲ့ အထူးသဖြင့် မူစလင် အသိုင်းအဝိုင်းကိုလည်း တောင်းဆိုပါတယ်။ အလားတူပဲ Islamic Emirate of Afganistan ကလည်း Al Jazeera ကွန်ယက်အပါအဝင် နိုင်ငံတကာသတင်းဌာနတွေကို တာဝန်ကျေကြဖို့ မြန်မာနိုင်ငံသတင်းဌာနတွေကို ဖော်ပြကြဖို့ တိုက်တွန်းထားပါတယ်”ဟု တာလီဘန် ပြောရေးဆိုခွင့်ရှိသူက  ဆိုသည်။

                                                    *******************************************

ဦးသိန်းစိန်ထံမှ ကာကွယ်ပေးမည့်အာမခံချက်ရရှိရန် ထိုင်းစီးပွားရေးရပ်ကွက်လိုလား

(Bangkok Post မှ 22 July 22 2012 ရက်စွဲပါ “Buisiness Sector Wants Protection guarantees from TheinSein” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အကာအကွယ်ပေးမှုလုပ်ငန်းကို မြန်မာအစိုးရက ဘယ်လိုခိုင်မာအောင် ဆောင်ရွက်မှာလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းသိရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် သမ္မတဦးသိန်းစိန်၏ခရီးစဉ်ကို အပြည့်အဝအသုံးချဖို့ လိုပါတယ်။

မြန်မာသမ္မတသည် ဒွန်မောင်းလေဆိပ်သို့ အထူးလေယာဉ်ဖြင့် ယနေ့ရောက်ရှိလာပြီ။

မြန်မာသမ္မတသည် သူစီစဉ်ထားသော ထိုင်းနိုင်ငံခရီးကို နှစ်ကြိမ်တိုင်တိုင် ဆိုင်းငံ့ခဲ့သည်။ ပြီးခဲ့သောမေလကုန် ဘန်ကောက် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့မီဒီယာများက အာရုံအပြည့်စိုက်နေချိန်ကာလအတွင်း တစ်ကြိမ် ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းစိန်သည် ချေင်ဘူရီရှိလိမ်ချာဘန်ရေနက်ဆိပ်ကမ်းသို့ ယနေ့သွားရောက်လည်ပတ်မည်ဖြစ်ပြီး မနက်ဖြန်တွင် ဝန်ကြီးချုပ်ယင်လပ်စ်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်မည်ဖြစ်သည်။ နေပြည်တော်မပြန်မီ အင်္ဂါနေ့တွင် မြဘုရားသို့ သွားရောက်ဖူးမျှော်မည်။

ခေါင်းဆောင်နှစ်ဦး ဆွေးနွေးကြဖွယ်ရှိသည့်ကိစ္စတစ်ခုမှာ ထိုင်းမြန်မာနယ်စပ် ကော့သောင်းမြို့နယ်တွင် မြန်မာ့မြေပေါ် ကျုးကျော်နေထိုင်မှုဖြင့် ဖမ်းဆီးခံနေရသော ထိုင်းလူမျိုး ၉၂ ဦး၏ အမှုကိစ္စဖြစ်ပြီး အချို့မှာလက်နက်ကိုင်ဆောင်မှု မူးယစ်ဆေးဝါးမှုများဖြင့် ပတ်သက်နေသည်။

အိမ်နီးချင်းနှစ်နိုင်ငံသည် ကဏ္ဍများစွာပူးပေါင်းဆောင်ရွက်ရေးအပေါ် သဘောတူညီမှုများရရှိထားပြီး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသော်လည်း အသေးစိတ်ဖော်ပြခြင်းမရှိပေ။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီအသွင်ပြောင်းရန် ကြိုးစားပြီးနောက်ပိုင်းပေါ်ထွက်လာသော ရင်းနှီးမြှုပ်နှံမှု အလားအလာများကြောင့် ယင်းကိစ္စ အဖြူ၊ အမဲ သဲကွဲစေရန်နှင့် လက်တွေ့ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ကာကွယ်ရန်အတွက်လမ်းဖောက်ရန် ထိုင်းရင်းနှီးမြှုပ်နှံသူများက ထိုင်းအစိုးရအား ဦးသိန်းစိန်၏ ခရီးစဉ်ကို အခွင့်အလမ်းအဖြစ် အသုံးပြုစေလိုသည်ဟု သိရှိရသည်။

“အဲဒီမှာအင်အားကြီးကုမ္ပဏီတွေက တံခါးခေါက်နေကြပြီဆိုတော့ တစ်ခြားရင်းနှီးမြှုပ်နှံသူတွေလိုပဲ ကျွန်တော်တို့ ထိုင်းတွေလည်း ရင်ခုန်သံ မြန်နေကြတာပေါ့။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုကာကွယ်ပေးမှာလဲဆိုတာ အပါအ၀င် တရားဝင်အထောက်အထားတွေ လိုအပ်နေပါတယ်။ မြန်မာနိုင်ငံလို ဈေးကွက်အသစ်ကိုမဝင်ခင်မှာ ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးမယ့် စည်းမျဉ်းတွေ သဲသဲကွဲကွဲရှိရပါမယ်။”ဟု ထိုင်းစီးပွားရေး ရပ်ကွက်က ဆိုသည်။

ဗီယက်နမ် ပုဂ္ဂလိကကုမ္ပဏီများ ခြေကုတ်မမြဲမီ Industrial Estate Authority of Thailand က အရင်ရောက်ရှိနေခဲ့သည့်အတိုင်း ယခု တစ်ကြိမ်တွင်လည်း အစိုးရကဦးဆောင်ရန်လိုအပ်သည်ဟု ထိုင်းစီးပွားရေး ရပ်ကွက်ကပြောကြားသည်။

မြန်မာနိုင်ငံ၌ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၀.၃ ဘီလျှံ(၄၉.၇%)ဖြင့် တရုတ်နိုင်ငံက ဦးဆောင်နေပြီး ကုန်သွယ်မှုပမာဏ ဒေါ်လာ ၉.၅ ဘီလျံ(၂၃.၄%)ရှိသော ထိုင်းနိုင်ငံက ဒုတိယအကြီးဆုံးကုန်သွယ်ဘက်အဖြစ် ရပ်တည်နေသည်ဟု မြန်မာနိုင်ငံ တရုတ်သံရုံး၏ အဆိုအရသိရသည်။

စင်ကာပူ SingaporeInstitute of South East Asia Studies မှ သုတေသနပညာရှင် မိုက်ကယ်မွန်တီဆာနိုက ဦးသိန်းစိန်၏ခရီးစဉ်သည် ထိုင်းအစိုးရနှင့် ချစ်ကြည်မှုတည်ဆောက်ခြင်းဖြင့် အာဆီယံအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ကျေစေရန်နှင့် ၎င်းသည် နိုင်ငံအကြီးအကဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံအား သတိပေးရန် အခွင့်အလမ်းတစ်ခု ဖြစ်သည်ဟုယူဆကြောင်း ပြောကြားသည်။

ဦးသိန်းစိန်ရဲ့ ထိုင်းခရီးစဉ်မှာ ထင်ရှားနေတဲ့ ရလဒ်တွေဟာ ထိုင်းနိုင်ငံအပေါ် အများကြီးသက်ရောက်မှု ရှိနေပါတယ်။ ဒီနေ့ မြန်မာနိုင်ငံဟာ အရင်ကနဲ့မတူတော့ပဲ စီးပွားဘက်တွေ အများကြီးရှိလာတော့မယ်ဆိုတာကို ထိုင်းနိုင်ငံက သဘောပေါက်ဖို့လိုပါတယ်ဟု မွန်တီဆာနိုက ဆိုသည်။

အခြားဆွေးနွေးဖွယ်ရှိသည့်ကိစ္စများထဲတွင် ထိုင်းနိုင်ငံက တောင်းဆိုထားသော ပရာချွတ်ကရီယန်၊ ကန်ချနာဘူရီ၊ မဲဟောင်ဆောင်နှင့် ချင်းမိုင်တွင် နယ်စပ်စစ်ဆေးရေး ဂိတ်လေးခု ဖွင့်လှစ်ရေးကိစ္စ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်နေရသော နှေးကွေး၍စရိတ်ကြီးသည့် နိုင်ငံသား အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးကိစ္စ ဒေါ်လာ ၈.၆ ဘီလျံတန် ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စများ ပါဝင်သည်ဟု သိရသည်။

နိုင်ငံတကာလူ့အခွင့်အရေးအုပ်စုများနှင့် ပြည်ပရောက် မြန်မာနိုင်ငံရေးသမား အုပ်စုများကလည်း သမ္မတဦးသိန်းစိန်နှင့် လူ့အခွင့်အရေးကိစ္စများ ဆွေးနွေး ဖိအားပေးရန် ထိုင်းနိုင်ငံကို တောင်းဆိုထားကြသည်။

မြန်မာ့နိုင်ငံရေး အကဲခတ်လေ့လာသူအချို့ကမူ ထိုင်းနိုင်ငံသည် ဦးသန်းရွှေ သို့မဟုတ် ဦးသိန်းစိန်အစိုးရ ငြိုငြင်သည့်ကိစ္စများကို ရှောင်ရှားမည် ဖြစ်သည်။ မြန်မာနိုင်ငံအပေါ်မှာ အကျိုးအမြတ်ရရှိရေးကိစ္စကိုသာ အာရုံထားလိမ့်မည်ဟု မှတ်ချက်ပေး ပြောဆိုထားသည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment