Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၃.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ကွန်ဂရက်က အာဖရိကကုန်သွယ်ရေးအစီအစဉ်နှင့် မြန်မာနိုင်ငံအပေါ်အရေးယူမှု သက်တမ်းတိုး

(2 August 2012 ရက်စွဲပါ Washington Post မှ AP၏ Congress renews African trade program,sanctions on Myanmar ကိုဘာသာပြန်ဆိုသည်)

  1. မြောက်ကိုရီယားတွင် ရေလွှမ်းမိုးမှုကြောင့် စားနပ်ရိက္ခာအကူအညီအရေးတကြီးရှာဖွေဟု ကုလပြော

(3 Augest 2012 ရက်စွဲပါ BBC News မှ UN: North Korea seeks immediate food aid after floods ကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

ကွန်ဂရက်က အာဖရိကကုန်သွယ်ရေးအစီအစဉ်နှင့် မြန်မာနိုင်ငံအပေါ်အရေးယူမှု သက်တမ်းတိုး

(2 August 2012 ရက်စွဲပါ Washington Post မှ AP၏ Congress renews African trade program,sanctions on Myanmar ကိုဘာသာပြန်ဆိုသည်)

ကွန်ဂရက်သည် ကြာသပတေးနေ့က အာဖရိကဆာဟာရအောက်ပိုင်း ဒေသများစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်အားပေးမည့် ကုန်သွယ်ရေးအစီအစဉ်၏ အဓိကဥပဒေကို သက်တမ်းတိုးပေးခဲ့သည်။

အဆိုပါဥပဒေကို အောက်လွှတ်တော်(House)နှင့် ဆီးနိတ်နှစ်ခုလုံးကအသံဖြင့် မဲခွဲဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် သွင်းကုန်ဆိုင်ရာ အရေးယူမှုကိုလည်း သမ္မတအာဏာဖြင့်ချမှတ်ရေးကိုလည်း သက်တမ်းတိုးခဲ့သည်။

အဆိုပါ အာဖရိကတိုးတက်ကြီးထွားရေးနှင့်အခွင့်အလမ်းဥပဒေ(Africa Growth and Opportunity Act)ကို သုံးနှစ်သက်တမ်းတိုးခဲ့ရာ တတိယနိုင်ငံများမှ ပိတ်စများဖြင့်ချုပ်လုပ်သော အာဖရိကမှအဝတ်အထည်များအတွက် အခွန်ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။ အဆိုပါဥပဒေသည် စက်တင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် အာဖရိကစက်ရုံများမှ ပစ္စည်းမှာယူရာတွင် အခက်အခဲများဖြစ်ပေါ်ခဲ့ရသည်။ အဆိုပါ ဥပဒေအောက်တွင် အကြုံးဝင်သော နိုင်ငံလေးဆယ်ခန့်စာရင်းတွင် ဆူဒန်တောင်ပိုင်းနိုင်ငံ(South Sudan)ကိုလည်း ထပ်မံပေါင်းထည့်ပေးခဲ့သည်။

“AGOA နဲ့ ၎င်းရဲ့တတိယနိုင်ငံ အဝတ်အထည်ဥပဒေတွေဟာ အာဖရိကမှာ အားကောင်းတဲ့လူလတ်တန်းစား ပေါ်ထွန်းလာမှုကို အထောက်အကူပြုပါတယ်။ အမေရိကန်နိုင်ငံခြားအကူအညီအပေါ်မှီခိုနေရမှုကိုလည်း လျော့ကျစေပါတယ်။ အမေရိကန်နိုင်ငံခြားကုမ္ပဏီတွေ အတွက်လည်း အရေးကြီးတဲ့ဈေးကွက်သစ်ဖွင့်ပေးပါတယ်”ဟု အာဖရိကရေးရာ နိုင်ငံခြားဆက်ဆံရေးဆပ်ကော်မတီဥက္ကဋ္ဌ ဆီနိတ်တာ Chris Choons,D-Del ကပြောကြားခဲ့သည်။

အဆိုပါဥပဒေကို ၂၀၀၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်အဝတ်အထည်နှင့် ဖိနပ်အဖွဲ့အစည်းဥက္ကဋ္ဌ Kevin M Burke က ပြောကြားရာတွင် ဤဥပဒေလမ်းကြောင်းဖြင့် အမေရိကန်အဝတ်အထည်နှင့် ဖိနပ်လုပ်ငန်းအတွင်းမှ အလုပ်သမားလေးသန်းဆက်လက်မှီခိုနိုင်ပြီး ကမ္ဘာ့ဈေးကွက်တွင် ဆက်လက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ သွင်းကုန်ကိုအရေးယူသောဥပဒေကို သက်တမ်းတစ်နှစ်တိုးခဲ့သည်။ ၎င်းသည် အရေးယူမှုများရုတ်သိမ်းရေး၊ ယခင်အတိုင်း ထားရှိရေးတို့နှင့်ပတ်သက်သော အစိုးရအဖွဲ့၏အာဏာကို မထိခိုက်စေခဲ့ပါ။ သွင်းကုန်ကန့်သတ်မှုဥပဒေမှာ ၂၀၀၃ ခုနှစ်က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဆက်ဆံခြင်းကို ကန့်သတ်သောဥပဒေ၏အစိတ်အပိုင်းဖြစ်သည်။

“မြန်မာအစိုးရဟာ ဒီဥပဒေဖြစ်လာစေတဲ့ စိုးရိမ်ပူပန်မှုတွေကို ဆက်လက်ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်တော်အားပေးလိုပါတယ်”ဟု အောက်လွှတ်တော်နည်းလမ်းရှာဖွေရေးကော်မတီဥက္ကဋ္ဌ Dave Camp, R-Mich က ပြောကြားခဲ့သည်။ ကျွန်တော်အနေနဲ့ မြန်မာအစိုးရကို နောက်ထပ်ပြုပြင်ပြောင်းလဲရေးတွေ၊ စီးပွားရေးတိုးတက်ဖို့နဲ့ မြန်မာပြည်သူတွေအကျိုးရှိစေမယ့် ငြိမ်းချမ်းရေးအပါအဝင် အုပ်ချုပ်မှုကို အားစိုက်လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်ဟု ၎င်းကပြောသည်။

အမေရိကန်အစိုးရသည် ပြီးခဲ့သည့်လက အမေရိကန်ကုမ္ပဏီများအား မြန်မာနိုင်ငံတွင်ရင်းနှီးမြှပ်နှံရန်နှင့် နိုင်ငံပိုင်ရေနံနှင့် ဓါတ်ငွေ့လုပ်ငန်းနှင့် အလုပ်အတူလုပ်ခွင့်ပေးခြင်းများ ခွင့်ပြုခဲ့သည်။ အကြောင်းမှာ မြန်မာစစ်တပ်အုပ်ချုပ်သူများသည် နိုင်ငံရေးအရချုပ်ကိုင်ထားမှုများကို ဖြေလျော့ပေးခြင်းနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရဆန့်ကျင်သူများကို လွတ်လပ်ခွင့်ပိုပေးလာခြင်းကြောင့် တုန့်ပြန်သည့်အနေဖြင့် ထိုသို့ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

U.S Campaign for Burma ကလည်း အရေးယူမှုသက်တမ်းတိုးရန် မဲပေးဆုံးဖြတ်ခဲ့ခြင်းကိုကြိုဆိုခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေချိန်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများမရပ်မချင်းနှင့် စစ်မှန်သော အမျိုးသားပြန်လည်စည်းလုံးမှုမရမခြင်း အရေးယူမှုများ ဆက်လက်ထားရှိမည်ဆိုသည်ကို မြန်မာ၏အာဏာရအစိုးရကို ဥပဒေကိုအားကောင်းရှင်းလင်းစွာ အချက်ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

                                                    *******************************************************

မြောက်ကိုရီယားတွင် ရေလွှမ်းမိုးမှုကြောင့် စားနပ်ရိက္ခာအကူအညီအရေးတကြီးရှာဖွေဟု ကုလပြော

(3 Augest 2012 ရက်စွဲပါ BBC News မှ UN: North Korea seeks immediate food aid after floods ကိုဘာသာပြန်ဆိုသည်)

မြောက်ကိုရီးယားတွင်ပြီးခဲ့သည့်လက အပျက်အစီးများခဲ့သည့်ရေလွှမ်းမိုးများမှုကြောင့် စားနပ်ရိက္ခာအကူအညီများ တောင်းဆိုခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ပြုံယမ်းရှိ ကုလသမဂ္ဂတာဝန်ရှိသူများကပြောကြားရာတွင် ၎င်းတို့သည် ရေလွှမ်းမိုးမှုဒဏ်ခံရသောအပိုင်းများသို့ အပျက်အစီးများမည်မျှရှိသည်ကို ကြည့်ရှုရန် သွားရောက်ခဲ့ပြီးနောက် အကူအညီမှာအရေးပေါ်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ပြောကြားရာတွင် လူ(၁၁၉)ဦးသေဆုံးပြီး၊ သောင်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ရကြောင်း ဆိုသည်။

အခြေခံအဆောက်အဦးနှင့် လယ်ယာမြေများပျက်စီးရခြင်းသည် တိုင်းပြည်၏ဆိုးရွားလှသော စားနပ်ရိက္ခာပြတ်လပ်မှု ပြဿနာကို ကြီးစွာ ထိခိုက်ပါသည်။

အဆိုးဝါးဆုံးထိခိုက်သောဒေသများမှာ South Phyongan ပြည်နယ်ရှိ Anju မြို့နှင့် Songchon ရွာ၊ Kangwon ပြည်နယ်ရှိ Chonnae ရွာများဖြစ်ကြောင်း ကုသမဂ္ဂကပြောသည်။ ထိုဒေသများတွင်နေထိုင်သူများသည် အရေးပေါ်စားနပ်ရိက္ခာ၊ ရေသန့်များလိုအပ်လျက် ရှိသည်။ ၎င်းတို့သည် ရေလွှမ်းမိုးစဉ်က အညစ်အကြေးများကြောင့် ရောဂါပိုးများဒဏ်ကို ခံကြရသည်။

နယူးယောက်ရှိ ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုပြောကြားရာတွင်  မြောက်ကိုရီးယားအစိုးရသည် ကုလသမဂ္ဂအား စားနပ်ရိက္ခာနှင့် လောင်စာဆီကဲ့သို့ အရေးပေါ်ပစ္စည်းများပေးအပ်ရန် တောင်းဆိုထားသည်။

အချို့နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များသည် ပစ္စည်းများနှင့်အလှူငွေများ စုဆောင်းလျက်ရှိကြသည်။ ကြက်ခြေနီအဖွဲ့က ကြာသပတေးနေ့က ပြောကြားရာတွင်(ပေါင်စတာလင် ၁၉၃၀၀၀)ကျော် ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Anju မြို့မှ မကြာသေးခင်က ဓာတ်ပုံများကို နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ဖော်ပြရာတွင် ရေအောက်ရောက်နေသော အိမ်များ၊ ရေလွှမ်းနေသောစိုက်ပျိုးမြေများနှင့် အိမ်အပေါ်ထပ်တွင် တက်နေကြသောလူများကို ဖော်ပြထားသည်။

Anju မြို့ ပြည်သူ့ကော်မတီဒုဥက္ကဋ္ဌ KIM Kwang-dok က AP သတင်းဌာနသို့ပြောကြားရာတွင် ယခုရေလွှမ်းမိုးမှုမှာ မြို့၏သမိုင်းတွင် အဆိုးဝါးဆုံးဖြစ်ကြောင်း ပြောခဲ့သည်။

ယခုရေလွှမ်းမိုးမှုမှာ ယခုနှစ်အစောပိုင်းက ပြင်းထန်သောမိုးခေါင်ရေရှားဒဏ်ကိုခံရပြီးနောက် ဖြစ်ပေါ်လာခဲ့ရာ ပြည်သူများကို ကျွေးမွေးရန် ရုန်းကန်နေရသော မြောက်အစိုးအပေါ် တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ရကြောင်း ဘီဘီစီမှ Lucy Williamson က ဆိုးလ်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ပြည်သူများကိုကျွေးမွေးရန် စားနပ်ရိက္ခာများလုံလောက်အောင် စိုက်ပျိုးနိုင်ခြင်းမရှိသောကြောင့် စားနပ်ရိက္ခာ အကူအညီများအပေါ် မှီခိုနေရသည်။ ၁၉၉၀ ခုနှစ် နှစ်လည်များဆီက စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ရာပေါင်းထောင်ပေါင်းများစွာသောလူများ သေဆုံးကြရကြောင်း ယုံကြည်ရသည်။

ပြီးခဲ့သည့်လက ထုတ်ပြန်သော ကုလသမဂ္ဂအစီရင်ခံစာတွင် မြောက်ကိုရီးယား၏ လူဦးရေ ၂၄ သန်း၏ သုံးပုံနှစ်ပုံသည် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ပြင်းထန်စွာခံစားရကြောင်း ဖော်ပြထားသည်။

                                              ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment