Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၅.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. Thai Air Asia မန္တလေးသို့ ပျံသန်းမည်။

(4 August 2012 ရက်စွဲပါ Bangkok Post မှ TAA Spreads Its Mings to Second Myanmar Destination ကိုဘာသာပြန်ဆိုသည်)

  1. ဆင်ဆာပိတ်ပင်မှု မြန်မာဂျာနယ်လစ်များ ကန့်ကွက်ဆန္ဒပြ

(AFP သတင်းမှ 4 August 2012 ရက်စွဲပါ “Myanmar Journalists Protest Against Censorship” သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

Thai Air Asia မန္တလေးသို့ ပျံသန်းမည်

(4 August 2012 ရက်စွဲပါ Bangkok Post မှ TAA Spreads Its Mings to Second Myanmar Destination ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ အကြီးဆုံးဈေးသက်သာသည့်လေကြောင်းလိုင်း Thai Air Asia (TAA) သည် မြန်မာနိုင်ငံ၊ မန္တလေးမြို့သို့တိုက်ရိုက်ပျံသန်ခွင့်ကို ရရှိထားပြီဖြစ်သည်။

TAA သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော်သို့ အောက်တိုဘာ ၄ ရက်နေ့တွင် စတင်ပျံသန်းရန်စီစဉ်ထားပြီး တစ်ပတ်လျှင် လေးကြိမ်ပျံသန်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ခရီးသွားမှုတိုးတက် များပြားလာခြင်းကြောင့်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

TAA သည် ရန်ကုန်မြို့သို့ တစ်ရက်လျှင်နှစ်ကြိမ် ပျံသန်းလျက်ရှိသည်။ TAA သည် ထိုင်းနှင့်မြန်မာနိုင်ငံကြား လေကြောင်းဆက်သွယ်မှုကို တိုးချဲ့ရန်လုပ်ဆောင်လျက်ရှိရာ မြို့တော်နေပြည်တော်နှင့် ယဉ်ကျေးမှုအမွေအနှစ်များရှိရာ ပုဂံမြို့တို့သို့ ပျံသန်းရန်ထည့်သွင်းစဉ်းစားလျက်ရှိပြီး ၎င်း၏ A-320 လေယာဉ်များဖြင့် ပျံသန်းမည်ဖြစ်သည်။

နေပြည်တော်နှင့်ပုဂံသို့ ပျံသန်းမည့်အချိန်ကိုမူ ကြေညာခြင်းမရှိသေးပါ။ သို့သော် အမှုဆောင်အရာရှိချုပ် Tassapon  Bij  Leveld က ယခင်က ပြောကြားခဲ့ရာတွင် ယခုနောက်ဆုံးကွာတားတွင် စတင်နိုင်မည်ဟုမျှော်လင့်ကြောင်း ပြောထားဖူးသည်။

TAA သည် ထိုင်းနှင့် မြန်မာနိုင်ငံလေကြောင်း တိုးချဲ့ဆက်သွယ်ရေး လုပ်ဆောင်နေသော တစ်ခုတည်းသော ထိုင်းအခြေစိုက် လေကြောင်းလိုင်း ဖြစ်သည်။

Thai AirWay International ကမူ ရန်ကုန်မှလွဲ၍ အခြားမြို့များသို့ တိုးချဲ့ပျံသန်းပြေးဆွဲရန်အစီအစဉ်ကို ကြေညာခြင်းမရှိသေးပေ။

ပုဂ္ဂလိကပိုင် အသေးစားလေကြောင်းလိုင်းဖြစ်သော Bangkok Airways သည် ဘန်ကောက်-ရန်ကုန်ခရီးစဉ်ကို မကြာခဏတိုးချဲ့ရန် ကြိုးပမ်းလျက်ရှိပြီး ယခုအခါတစ်ရက်လျှင်နှစ်ကြိမ် ပျံသန်းလျက်ရှိသည်။

Babgko Airway သည် Air Bagan နှင့် ခရီးသည်ဖလှယ်ရေး(Code Sharing)သဘောတူညီချက်ရရန် ဆွေးနွေးလျက်ရှိပြီး ဘန်ကောက်မှ ခရီးသည်များကို Air Bagan မှ ပျံသန်းလျက်ရှိသည့် ပုဂံနှင့်မန္တလေးသို့ သွားရောက်ရန် လွှဲပြောင်းပေးနိုင်ရေးကို ရည်ရွယ်သည်။

မြန်မာနိုင်ငံ မြို့ပြလေကြာင်းဌာနကပြောကြားရာတွင် ရန်ကုန်သို့ နိုင်ငံခြားလေကြောင်း(၁၃)ခု ဆင်းသက်ပြေးဆွဲလျက်ရှိပြီး ယခုနှစ်တွင် ခရီးသည်သုံးသန်းအထိ မျှော်လင့်ကာ ယခင်နှစ်ကထက် ၂၂ ရာခိုင်နှုန်း တက်လာခဲ့သည်။

                                                            ************************************************

ဆင်ဆာပိတ်ပင်မှု မြန်မာဂျာနယ်လစ်များ ကန့်ကွက်ဆန္ဒပြ

(AFP သတင်းမှ 4 August 2012 ရက်စွဲပါ “Myanmar Journalists Protest Against Censorship” သတင်းကို ဘာသာပြန်ဆိုသည်)

တပ်မတော်အစိုးရခေတ် ဆင်ဆာဥပဒေများကို ဖြေလျော့ပေးမည့်ကတိကဝတ်ကို တာဝန်ရှိသူများက ပြန်လည်ရုတ်သိမ်းနေကြောင်း စိုးရိမ် ပူပန်မှုများရှိနေသည့်ကြားမှ ဂျာနယ်နှစ်စောင်ရပ်ဆိုင်းခံလိုက်ရခြင်းကို ဒါဇင်နှင့်ချီသောဂျာနယ်လစ်များ စီတန်းချီတက်ခဲ့ကြသည်ဟု AFP သတင်းထောက်တစ်ဦးက ပြောကြားသည်။

သတင်းဆောင်းပါးများကိုမထုတ်ဝေမီ စစ်ဆေးရန်ျက်ကွက်မှုကြောင့် The Voice Weekly နှင့် Envoy ဂျာနယ်နှစ်စောင်ကို ယခင်အပတ်က ရပ်ဆိုင်းလိုက်ပြီး ယာယီရပ်ဆိုင်းမှုသည် နှစ်ပတ်ခန့်ကြာမြင့်ဖွယ်ရှိသည်ဟု ဆင်ဆာအကြီးအကဲက AFP သို့ စနေနေ့က ပြောကြားသည်။

Stop Killing Press ကြွေးကြော်သံကို အဂ်လိပ်၊ မြန်မာနှစ်ဘာသာ စာတန်းထိုးထားသည့် တီရှပ်အနက်များဝတ်ဆင်ထားသော သတင်းထောက်များက အပိတ်ခံထားရသောဂျာနယ်တိုက်များအပါအဝင် ရန်ကုန်မြို့တစ်လွှားနေရာများစွာသို့ ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ဆင်ဆာတင်းကြပ်မှုသည် တပ်မတော်အစိုးရခေတ် မြန်မာနိုင်ငံ၏ နာမည်ဖျက်သင်္ကေတတစ်ခုဖြစ်၍ အန္တရယ်မရှိနိုင်သော အသေးစိတ် ဖော်ပြချက်များကိုပင်ဟန့်တားခဲ့ပြီး အာဏာပိုင်များကို ထိခိုက်စေသည်ဟုယူဆသော ဝေဖန်ချက်များကိုလည်း အမြဲတစေဖြတ်တောက်လေ့ရှိသည်။

လက်ရှိနှစ်ပိုင်းတွင် ယခင်စစ်အုပ်ချုပ်ရေးခေတ်ပုံစံကို ပြုပြင်ပြောင်းလဲမှုများပြုလုပ်သည့်အနေဖြင့် အငြင်းပွားဖွယ်မရှိနိုင်သော စာစောင်များအပေါ် လွတ်လပ်ခွင့်စတင်ပေးနေခြင်းကြောင့်  စနစ်သစ်၏လွတ်လပ်ခွင့်ရေချိန်ကို  အယ်ဒီတာအချို့က စမ်းသပ်သည့်ကိစ္စများ ရှိလာခဲ့သည်။

ပြီးခဲ့သော ဇွန်လက ပုံနှိပ်ထုတ်ဝေမှု စိစစ်ရေးနှင့် မှတ်ပုံတင်ဌာန အကြီးအကဲ ဦးတင့်ဆွေက “ယခုလကုန်မှစ၍ စာပေစိစစ်သည့်အလုပ်နှင့် ဂျာနယ်မဂ္ဂဇင်းများကို စောင့်ကြည့်မှုတို့ ရှိတော့မည်မဟုတ်တော့” ဟုAFP သို့ပြောကြားခဲ့သည်။

အသစ်ဖွဲ့စည်းထားသော သတင်းလွတ်လပ်ခွင့်ကော်မတီ၏ မေတ္တာရပ်ခံချက်တွင်လည်း ယခင်ချုပ်နှောင်ထားသော မီဒီယာဥပဒေအားလုံးကို အဆုံးသတ်ရန် တောင်းဆိုထားသည်။

အထက်ပါအဖွဲ့၏ သမ္မတကြီးထံပေးစာတွင် အချက် ၇ ချက်ပါဝင်သည်ဟု ကော်မတီပြောရေးဆိုခွင့်ရှိသူ ဦးဇော်သက်ထွေးက AFP သို့ ပြောကြားသည်။

The Voice Weekly အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက အစိုးရအဖွဲ့ရာထူးအပြောင်းအလဲသတင်းနှင့် လက်ရှိ မီဒီယာလွတ်လပ်ခွင့်ကို သရော်သည့်ကာတွန်းများကို မျက်နှာဖုံးတွင် ဖော်ပြမှုကြောင့် အပိတ်ခံရခြင်းဖြစ်သည်ဟု ရှင်းလင်းပြောဆိုသည်။

ယခုကဲ့သို့ယာယီရပ်ဆိုင်းထားမှုသည် နောက်ပြန်ဆွဲသည့်လုပ်ရပ်ဖြစ်ကြောင်း စွပ်စွဲမှုများကို ဦးတင့်ဆွေက ငြင်းဆိုသည်။

“တည်ဆဲစည်းကမ်းတွေအရ စိစစ်ရေးဘုတ်အဖွဲ့ကိုတင်ပြဖို့ပျက်ကွက်လို့ ယာယီရပ်ဆိုင်းလိုက်ရတာပါ။ ပြည်တွင်းကဂျာနယ်တွေကို အရေးမယူချင်လို့ ပူးပေါင်းဆောင်ရွက်မှုတွေ ကျွန်တော်တို့လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ နောက်ပြန်သွားနေတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး”ဟု ဦးတင့်ဆွေက AFP သို့ပြောကြားသွား သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment