Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၅.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာစစ်ဘက်အရာရှိများကိုအိန္ဒိယလေ့ကျင့်ပေးမည်

(Outlook India မှ 4 August 2012 ရက်စွဲပါ “India To Train Myanmar’s Defence Personnel” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာကာကွယ်ရေးဦးစီးချုပ်ကိုအိန္ဒိယကြိုဆိုခြင်းကြောင့် ဆန္ဒပြ

(The Gulf Today မှ 4 Aug 2012 ရက်စွဲပါ “Protests as India Welcomes Myanmar Army Chief” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ဆက်ရှိနေမည်ဟုအာဆီယံ ဖိုရမ်ပြောကြား

(Today Online မှ 3 August 2012 ရက်စွဲပါ “Myanmar Reforms Here to Stay, Say ASEAN Forum”သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာစစ်ဘက်အရာရှိများကိုအိန္ဒိယလေ့ကျင့်ပေးမည်

(Outlook India မှ 4 August 2012 ရက်စွဲပါ “India To Train Myanmar’s Defence Personnel” သတင်းကိုဘာသာပြန်ဆိုသည်)

အိန္ဒိယသို့ရောက်ရှိနေသော မြန်မာတပ်မတော်အကြီးအကဲ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံစစ်ဖက်ဆက်ဆံရေး ခိုင်မာစေမည့်နည်းလမ်းများကို နှစ်ဦးနှစ်ဖက်တာဝန်ရှိသူများ ဆွေနွေးခဲ့ကြပြီးနောက် မြန်မာစစ်ဖက်အရာရှိများကို အိန္ဒိယသို့ခေါ်ယူလေ့ကျင့်ပေးသွားမည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီ၊ ရေတပ်ဦးစီးချုပ် နီမယ်ဗားမား၊ လေတပ်ဦးစီးချုပ် နတ်ဘရောင်း၊ ကြည်းတပ်ဦးစီးချုပ် ဘီကရန်ဆင်းတို့အကြားဆွေးနွေးပွဲများ ယနေ့ ကျင်းပခဲ့သည်ဟု အိန္ဒိယတာဝန်ရှိသူများက ဖြေကြားသည်။

ယင်းဆွေးနွေးပွဲများတွင် မြန်မာစစ်ဖက်အရာရှိများကို အိန္ဒိယနိုင်ငံတွင်လေ့ကျင့်ပေးရန် သဘောတူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာစစ်တပ်အကြီးအကဲသည် ကာလက္ကတားရှိ အရှေ့ပိုင်းစစ်ဌာနချုပ်၊ ဗီဆာခါပတ်နမ်ရှိရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဘန်ဂလောရှိ DRDO ဓာတ်ခွဲခန်းများသို့လည်း သွားရောက်လည်ပတ်မည်ဟု သိရှိရသည်။

                                                            *********************************************

မြန်မာကာကွယ်ရေးဦးစီးချုပ်ကိုအိန္ဒိယကြိုဆိုခြင်းကြောင့် ဆန္ဒပြ

(The Gulf Today မှ 4 Aug 2012 ရက်စွဲပါ “Protests as India Welcomes Myanmar Army Chief” သတင်းကိုဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံက မြန်မာကာကွယ်ရေးဦးစီးချုပ်ကိုေ သာကြာနေ့က ကော်ဇောနီခင်းကြိုဆိုလိုက်ပြီး မြန်မာစစ်ဖက်အရာရှိများကို ခေါ်ယူလေ့ကျင့် ပေးခြင်းဖြင့် ပံ့ပိုးကူညီသွားမည်ဟု ထုတ်ဖော်ကြေညာသည်။

သောကြာနေ့က အိန္ဒိယသို့ရောက်ရှိနေသော မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီ၊ ရေတပ်ဦးစီးချုပ် နီဗယ်ဗားမား၊ လေတပ်ဦးစီးချုပ် နတ်ဘရောင်း၊ ကြဉ်းတပ်ဦးစီးချုပ် ဘီကရန်ဆင်းတို့နှင့် တွေ့ဆုံခဲ့ပြီး၊ ဒေသတွင်းလုံခြုံရေးအနေအထား၊ နှစ်နိုင်ငံစစ်ဖက်ဆက်ဆံရေးကိစ္စရပ်များကိုဆွေးနွေးခဲ့သည်။

၂၅ နှစ်အတွင်း မြန်မာနိုင်ငံရောက် ပထမဆုံးအိန္ဒိယခေါင်းဆောင်အဖြစ် မေလက ဝန်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံ နေပြည်တော်နှင့် ရန်ကုန်မြို့များသို့ သွားရောက်ခဲ့ပြီး၊ နှစ်လခန့်အကြာတွင် မြန်မာစစ်ဖက်အကြီးအကဲ၏ ခရီးစဉ် ပေါ်ထွက်လာခဲ့သည်။

ဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် ၎င်း၏ ၃ ရက်တာ မေလမြန်မာခရီးစဉ်တွင် နှစ်နိုင်ငံသဘောတူညီချက်တစ်ဒါဇင်ခန့် လက်မှတ်ရေးထိုးခဲ့သလို ကမ္ဘာကျော်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။

လတ်တလော အိန္ဒိယသို့ရောက်ရှိနေသော မြန်မာစစ်ဖက်အကြီးအကဲသည် သြဂုတ်လ ၈ ရက်အထိ နေထိုင်လည်ပတ်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။

တစ်ချိန်ထဲတွင် မွတ်ဆလင်ဘာသာဝင်ထောင်ဂဏန်းသည် သောကြာနေ့က မွန်ဘိုင်းတွင် စီတန်းလှည့်လည်ကာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်ဆလင်များအပေါ်တိုက်ခိုက်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းတို့က ရိုဟင်ဂျာပြဿနာရပ်ဆိုင်းအောင် မြန်မာအာဏာပိုင်များကိုဖိအားပေးရန် အိန္ဒိယအစိုးရအား တောင်းဆိုခဲ့ကြပြီး၊ အထူးဆုတောင်း ဝတ်ပြုပွဲကျင်းပခဲ့ကြခြင်း ဖြစ်သည်။

စီတန်းလှည့်လည်ပွဲဆော်သြသူ RazaAcadamy ဥက္ကဋ္ဌ ဆိဒ်နူရီက Amnesty International ၏ ၂၀၁၂ ဇူလိုင်လ အစီရင်ခံစာပါ မြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်ဆလင်များ ညှင်းပန်းနှိပ်စက်ခံရမူ အထောက်အထားများကို ကိုးကားပြောဆိုခဲ့ပြီး၊ “ယင်းအကြမ်းဖက်နှိပ်စက်မှုများ အဆုံးသတ်သွားအောင် အိန္ဒိယသမ္မတဖရာနပ်မူကာဂျီ၊ ဝန်ကြီးချုပ်မန်မိုဟန်ဆင်း၊ မွတ်ဆလင်နိုင်ငံအားလုံးမှခေါင်းဆောင်များ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် အစ္စလာမ်အဖွဲ့အစည်းများမှ ကြားဝင်ဆောင်ရွက်ပေးကြပါ”ဟု တိုက်တွန်းပြောကြားသည်။

                                                                        *******************************************

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ဆက်ရှိနေမည်ဟုအာဆီယံ ဖိုရမ်ပြောကြား

(Today Online မှ 3 August 2012 ရက်စွဲပါ “Myanmar Reforms Here to Stay, Say ASEAN Forum”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလှိုင်း ပေါ်ထွက်နေပြီဖြစ်သော်လည်း အစိုးရက ယင်း၏ မိုက်မဲကြမ်းကြုတ်သော လမ်းဟောင်းကို ပြန်လှည့်သွားလေမလားဟူသောသံသယများ ကျန်ရှိနေဆဲပင်ဖြစ်သည်။

သို့သော် မနေ့ကစင်ကာပူတွင်ကျင်းပသည့် ၅ ကြိမ်မြောက် အာဆီယံနှင့် အာရှဖိုရမ်သို့တက်ရောက်လာသူများက မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဟု တစ်ခဲနက်သဘောတူကြသည်။

Singapore Institute of International Affairs ကစီစဉ်သော ဖိုရမ်သို့ စင်ကာပူနိုင်ငံဆိုင်ရာမြန်မာနိုင် ငံသံအမတ်ကြီး ဒေးဗစ် ဒဲရစ်မစ်ချယ်Yoma Strategic Holding ဥက္ကဋ္ဌ ဆာ့ဂ်ျပန်း၊ S.Ragaratnam School of International Studies Center ဦးဆောင်သူ ဒေါက်တာ မယ်လီဘာဘောလီရို အန်တိုနီစသူတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

မြန်မနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုကိုဆွေးနွေးကြရာတွင် စတင်နေပြီဖြစ်သည့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ရေရှည်ဆက်လက် ရှင်သန်နေလိမ့်မည်ဟု ဖိုရမ်တက်ရောက်သူများက အပြုသဘောရှုမြင်ခဲ့ကြသည်။ မြန်မာ့သဘာဝသံယံဇာတနှင့်ဈေးကွက်အလားအလာအပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမည့်သူများ မျက်စိကျနေမှုသည် စီးပွားရေးရည်မှန်ချက်များကို ဆက်လက်ဖြစ်ပေါ်နေလိမ့်မည်ဟု ၎င်းတို့ ကဆိုသည်။

အပြောင်းအလဲကို အားထုတ်ကြိုးပမ်းခဲ့သော သမ္မတဦးသိန်းစိန်၏ ဦးဆောင်မှုသည် ပြုပြင်ပြောင်းလဲမှုများကို လမ်းညွှန်အကောင်အထည် ဖော်ရာတွင် ဗဟိုချက်အဖြစ် အရေးပါနေလိမ့်ဦးမည်ဟု ၎င်းတို့ကဆက်လက်သုံးသပ်ကြသည်။

မြန်မာနိုင်ငံသား မစ္စတာဆာ့ဂ်ျမန်းက “သမ္မတဦးသိန်းစိန်ရဲ့မူဝါဒဟာ သူ့ပတ်ဝန်းကျင်က လူတွေနဲ့နှိုင်းယှဉ်ရင် လုံးဝကွဲပြားနေတဲ့အတွက် အခုလို လေးစားခြင်းခံရတာ ဖြစ်ပါတယ်။ သူအာဏာရပြီး ၈ လအတွင်းမှာ လုပ်ကိုင်အောင်မြင်ခဲ့တဲ့အရာတွေကို ကြည့်မယ်ဆိုရင် ဒီပြုပြင်ပြောင်းလဲမှုတွေဟာ ဝိုင်အဟောင်းပုလင်း ပြန်သွပ်ထားတာမဟုတ်ဘူးဆိုတဲ့အချက်ကို ခင်ဗျားသဘောတူမှာပါ”ဟု ရှင်းလင်းပြောဆိုသည်။

သံအမတ်ကြီး မစ္စတာ ဒယ်ရစ်မစ်ချယ်ကလည်း သီးသိန်းစိန်သည် အစိုးရ၏စေတနာနှင့်မူဝါဒများကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အတိုက်အခံပါတီအပါအဝင် အခြားပါတီများ၊ အဖွဲ့အစည်းများအား ရှင်းလင်းပြောဆိုစည်းရုံးရာတွင် အောင်မြင်မှုရရှိသည်ဟု မှတ်ချက်ပေးသည်။

၎င်းအပြောင်းအလဲများကြောင့် မြန်မာနှင့်အနောက်အုပ်စုအကြား ဆက်ဆံရေးနွေးထွေးလာသော်လည်း ရိုဟင်ဂျာပြဿနာကဲ့သို့သော လူ့အခွင့်အရေးကိစ္စများ ကျန်ရှိနေဆဲဖြစ်ပြီး စီးပွားရေးမျက်နှာစာတွင်လည်း ၂၀၁၄ အာဆီယံဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည့် မြန်မာနိုင်ငံသည် ငွေကြေးနှင့် ယုံကြည်လောက်စရာအခြေခံများ ချို့တဲ့နေဆဲပင်ဖြစ်သည်။

ယင်းကိစ္စများကို အပြည့်အဝပြည်ပပံ့ပိုးမှု ဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှု အရှိန်ပျက်မည်မဟုတ်ပါဟု ဖိုရမ်တက်ရောက်သူများက ထပ်မံပြောဆိုခဲ့သည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment