Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၆.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဘန်ကောက်ရှိ မြန်မာနိုင်ငံဝင်ပေါက်နေရာအတွက် ခြိမ်းခြောက်။

(6 August 2012 ရက်စွဲပါ Bangkok Post မှ Gateway Role Under Threat ကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံရောက်ဟောမက်။

(VOA News မှ 4 August 2012 ရက်စွဲပါ “Hormets in Burma” ခေါင်းကြီးပိုင်းကို ဘာသာပြန်သည်။)

  1. စာနာမှု အကူအညီပိတ်ပင်မှုကို ပြန်စဉ်စားပေးရန် MSF တိုက်တွန်း

(The Nation သတင်းမှ 5 August 2012ရက်စွဲပါ “MSF urges To Recosider Aid Ban” သတင်းကိုဘာသာပြန်ဆို သည်။)

*****************************************

ဘာသာပြန်သတင်းများ

ဘန်ကောက်ရှိ မြန်မာနိုင်ငံဝင်ပေါက်နေရာအတွက် ခြိမ်းခြောက်

(6 August 2012 ရက်စွဲပါ Bangkok Post မှ Gateway Role Under Threat ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကြောင့် စီးပွားရေးကိစ္စရော အလည်အပတ်အတွက်ပါ ခရီးသည်များ လာရောက်ကြရာ နိုင်ငံတကာလေ ကြောင်းလိုင်း အများအပြား မြန်မာနိုင်ငံသို့ ပိုမိုဆင်းသက်လာကြသည်။ ထို့ကြောင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ဝင်ပေါက်အဖြစ် ကာလ ရှည်ကြာရပ်တည်နေမှုကို ဆုံးရှုံးရတော့မည်ဖြစ်သည်။

အနည်းဆုံးနိုင်ငံတကာလေကြောင်းလိုင်း ငါးရာခန့်သည် လာမည့်လအနည်းငယ်အတွင်း ရန်ကုန်သို့ တိုက်ရိုက်ဆင်းသက်နိုင်ရန် စီစဉ်လျက်ရှိ သည်။

Bangkok Airways နှင့် Thai Air Asia အပါအဝင် အချို့လေကြောင်းလိုင်းများသည် ဘန်ကောက်မှ မြန်မာနိုင်ငံသို့ ခရီးစဉ်များတိုးချဲ့ရန် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၆၀)ခန့် အထီးကျန်ဖြစ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနှင့် ခရီးသည်များ ပိုမိုများပြားလာခြင်းအပေါ် တုန့်ပြန်ခဲ့ ခြင်းဖြစ်သည်။

တိုက်ရိုက်ပျံသန်းမှု ပိုမိုလာလေလေ ဘန်ကောက်သို့ ဆက်သွယ်မှုလျော့နည်းလာလေလေ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသည် ကမ္ဘာကြီးနှင့် ဆက်သွယ်မှုတွင် အကန့်အသတ်နှင့် ရှိနေဆဲဖြစ်သည်။ အကြောင်းမှာ နိုင်ငံတွင်း ဝင်ရောက်မှုအတွက် ကန့်သတ်မှုများ ပြုလုပ်ထားခြင်းကြောင့် လေ ကြောင်း ဈေးကွက်သေးငယ်ရခြင်းကလည်း တစ်ကြောင်း ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် လေကြောင်း လိုင်းလုပ်ငန်း အမှုဆောင်များကပြောသည်။ ဗီယက်နမ်နှင့် အတိုင်းတာတစ်ခုအထိ ကမ္ဘောဒီးယားတွင်ဤသို့ပင် ဖြစ်ပျက်ခဲ့သည်။ ယခုအခါ ၎င်းတို့၏ မြို့တော်များသို့ ဘန်ကောက်မှတဆင့် သွားရခြင်း အစား နိုင်ငံတကာလေကြောင်းလိုင်းများ ပိုမိုဆင်းသက်လာကြပြီ ဖြစ်သည်။

သို့သော်ကွာလာလမ်ပူအခြေစိုက် အာရှ-ပစိဖိတ်လေကြောင်းလိုင်းများ အဖွဲ့( AAPA) မှ ညွှန်ကြားရေးမှူးချုပ် Andrew Herdman ကပြောကြား ရာတွင် မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းမှုများသည် ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ ဝင်ရောက်သော ဝင်ပေါက်ဖြစ်သောနေရာမှာ ပျောက်မသွားနိုင်သေး ကြောင်းဆိုသည်။

“တခြားနိုင်ငံတွေကနေ မြန်မာနိုင်ငံကို တိုက်ရိုက်ပျံသန်းမှုတွေ ပိုမိုလာတာနဲ့အတူ မြန်မာနိုင်ငံနဲ့ဘန်ကောက်ကြား ပိုမိုပျံသန်းမှုများ ရှိလာမှာ ဖြစ်တယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ လေကြောင်းလိုင်းဈေးကွက်သည် တိုက်ရိုက်ပျံသန်းခြင်းများနှင့် ဝန်ဆောင်မှုများကို အထောက်အကူပြုနိုင်ရန် ဘန်ကောက်မှတဆင့် ကြီးမားစွာ  တိုးတက်ကြီးထွားလာမည်ဖြစ်ကြောင်း ၎င်းကမှတ်သားမိသည်ဟု ဆိုသည်။ သို့သော်မြန်မာနိုင်ငံသည် ခရီးရှည်ပျံသန်းမှုများမှာမူ ခရီးသည်ရရှိမှု မဖွံ့ဖြိုးသေးသောကြောင့် မဖြစ်နိုင်သေးကြောင်းဆိုသည်။

ရန်ကုန်လေဆိပ်သည်  အဓိကနိုင်ငံတကာလေကြောင်းလိုင်းများနှင့် ဆက်သွယ်၍ ဝန်ဆောင်မှုမပေးမှီ အခြေခံအဆောက်အဦးများ အဆင့်မြှင့် တင်ရန် လိုအပ်ကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

ရန်ကုန်လေဆိပ်သည် တစ်နှစ်လျှင်ခရီးသည် (၂.၇)သန်းကိုသာ ကိုင်တွယ်နိုင်ကြောင်း သတင်းထုတ်ပြန်မှုများအရ သိရှိရသည်ဖြစ်ရာ မြန်မာနိုင်ငံ မြို့ပြလေကြောင်းဌာနက ခန့်မှန်းသောယခုနှစ်အတွက် ခရီးသည်(၃)သန်း မျှော်မှန်းမှုကို ကိုင်တွယ်နိုင်ရန် လိုအပ်နေသေးသည်။ ၂၀၁၅တွင် ခရီးသည် (၅.၄)သန်းကို ကိုင်တွယ်နိုင်ရေးအတွက် လေဆိပ်တိုးချဲ့နိုင်ရန် ဆွေးနွေးလျက်ရှိသည်။

ရန်ကုန်သို့တိုက်ရိုက်ဆင်းသက်ရန် စီစဉ်နေသောလေကြောင်းလိုင်းများတွင် All Nippon Airways (ANA)၊ ကာတာလေကြောင်းလိုင်း၊ Korean Air၊ Eva Air နှင့် ဟောင်ကောင်အခြေစိုက် Dragon Air တို့ပါဝင်သည်။

သီရိလင်္ကာလေကြောင်းလိုင်း၊ ဘင်္ဂလားဒေရှ့်၏ ဘီမန်းလေကြောင်းလိုင်း၊ Hong Kong Express Airline နှင့် Pakistan International Airline တို့ကလည်း ရန်ကုန်ကို ၎င်းတို့၏ ကွန်ရက်တွင် ထည့်သွင်းရန်စဉ်းစားနေကြောင်း သတင်းများရရှိသည်။

အဆိုပါလေကြောင်းလိုင်းများသည် ၎င်းတို့၏ မြို့တော်များနှင့် ရန်ကုန်သို့တိုက်ရိုက်ပျံသန်းကြမည့်ဖြစ်ရာ ဥပမာအားဖြင့်  ANA သည်တိုကျိုမှ လည်းကောင်း၊ Korean Airသည် ဆိုးလ်မှလည်းကောင်း၊ ကာတာသည် ဒိုဟာမှလည်းကောင်း တိုက်ရိုက်ပျံသန်းမည်ဖြစ်သည်။

အများစုသည် ကိုယ်ထည်ကျဉ်းမြောင်းသော ဂျက်ကို အသုံးပြုမည်ဖြစ်ရာ Korean Air က B 737-800 များအားလည်းကောင်း၊ ANA က ဘိုးအင်း 737-700ERS များအားလည်းကောင်း အသုံးပြုမည်ဖြစ်သည်။ ယခုနှစ်တွင် ပမာဏသေးငယ်မှုရှိသည်ကို ရှုမြင်သောကြောင့်ဖြစ်သည်။

ANA သည် တိုကျိုနှင့် ရန်ကုန်ကြားပျံသန်းမှုများကို စက်တင်ဘာလတွင် ပြန်လည်စတင်မည်ဖြစ်ပြီး တစ်ပတ်လျှင် သုံးကြိမ်ပျံသန်းမည်ဖြစ်သည်။ ANA သည် ရန်ကုန်ခရီးစဉ်အား(၁၂)နှစ်ကြာ ရပ်နားထားခဲ့ရာ မြန်မာနိုင်ငံသို့သွားရောက်သော ဂျပန်ခရီးသည်များသည် ဘန်ကောက်နှင့် စင်္ကာပူမှတဆင့် သွားကြရသည်။

ကာတာလေကြောင်းလိုင်းသည် အောက်တိုဘာလ(၃)ရက်နေ့တွင် ရန်ကုန်သို့ စတင်ပျံသန်းမည်ဖြစ်ရာ တစ်ပတ်လျှင် သုံးကြိမ်ပျံသန်းမည် ဖြစ် သော်လည်း အောက်တိုဘာ(၂၈)မှစ၍ နေ့စဉ်ပျံသန်းမည်ဖြစ်သည်။ ၎င်းသည် A-319 နှင့် A- 320 လေယာဉ်များ အသုံးပြုမည်ဖြစ်သည်။

စက်တင်ဘာ(၁၃)ရက်တွင် Korean Air သည် ဆိုးလ်-ရန်ကုန်ခရီးစဉ်အား တစ်ပတ်လေးကြိမ် စတင်ပျံသန်းမည်ဖြစ်သည်။

Evaသည်လည်း (၁၁)နှစ်ကြာရပ်နားထားပြီးနောက် တိုင်ပေ-ရန်ကုန်ခရီးစဉ်အား တစ်ပတ်လျှင် သုံးကြိမ်ဖြင့် အောက်တိုဘာလ(၉)ရက်နေ့တွင် ပြန်လည်စတင်ရန် ပြင်ဆင်မှုများပြုလုပ်နေသည်။

တချိန်တည်းမှာပင် Thai Air Asia (TAA)ကလည်း ဘန်ကောက်- မန္တလေး ခရီးစဉ်ကို ပျံသန်းရန် စီစဉ်လျက်ရှိသည်။Bangkok Airways ကလည်း Air Bagan နှင့် ခရီးစဉ်ဖလှယ်ရေး သဘောတူညီချက်ကို ဆွေးနွေးလျက်ရှိပြီး၊ ပုဂံနှင့်မန္တလေး ခရီးသည်များ လွှဲပြောင်းပေးနိုင်ရန် စီစဉ်နေသည်။

လက်ရှိမြန်မာနိုင်ငံသို့ ပျံသန်းလျက်ရှိသော နိုင်ငံခြားလေကြောင်း(၁၂)ခုမှာ Air China, China Southern Airline, China Airlines, Air Asia(Thai AirAsia အပါအဝင်), Taiwan’s China Airlines, Silk Air, Malaysian Airlines, Bangkok Airways, Jetstar Asia နှင့် Vietnam Airlines တို့ဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------

                                                            

မြန်မာနိုင်ငံရောက်ဟောမက်

(VOA News မှ 4 August 2012 ရက်စွဲပါ “Hormets in Burma” ခေါင်းကြီးပိုင်းကို ဘာသာပြန်သည်)

မြန်မာနိုင်ငံအပေါ် ငွေကြေးနှင့်ရင်းနှီးမြှုပ်နှံမှုတားမြစ်ချက် (Sanction)များ ဖြေလျော့ပေးမည့် သမ္မတအိုဘားမား၏ မကြာသေးမီက ကြေညာချက် သည် ရှည်လျားခက်ခဲ၊ စိန်ခေါ်မှုများသော လုပ်ငန်းစဉ်၏ အစသာဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူ ရောဘတ် ဟောမတ်က အမေရိကန်-အာဆီယံစီးပွားရေး ကောင်စီသို့ ပြောကြားခဲ့သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၊ စွမ်းအင်နှင့်ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူ ရော ဘတ်ဟောမက်သည် အဆင့်မြင့်အမေရိကန် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို  ဦးဆောင်၍ ဇူလိုင်လ ၁၄-၁၅အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ရာတွင် ကုန်သွယ်ရေးဌာန အကြီးတန်းတာဝန်ရှိသူ ဖရန်စ္စကိုဆန်ချက်စ်နှင့် အခြားအမေရိကန် အကြီးတန်းတာဝန်ရှိသူများ လိုက်ပါသွားခဲ့ကြသည်။

“အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒနှင့်ဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့ ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှု တွေကို အားပေးထောက်ခံဖို့ ရှင်းရှင်းလင်းရည်မှန်းထားပြီး စေ့စေ့စပ်စပ် ဂရုတစိုက်ဆောင်ရွက်နေပါတယ်။ အစိုးရရဲ့အတွင်းနဲ့အပြင်က ပြုပြင်ပြောင်းလဲရေး သမားတွေကို ခင်ဗျားတို့လမ်းမှန်ပေါ်ရောက်နေပြီလို့ ပြောတဲ့သဘောပါပဲ ”ဟု ဟောမက်ကဆိုသည်။

နှစ်နိုင်ငံအစိုးရများ၊ပုဂ္ဂလိက ကဏ္ဍများ၊အရပ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ ဆက်လက်ပြုပြင်ပြောင်းလဲရေးတွင် အဓိကအခန်းကဏ္ဍမှ ပါ ဝင်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုသည်မြန်မာနိုင်ငံ အား တရားဥပဒေစိုးမိုးရေး ခိုင်မာအောင်ပြုလုပ်ရန် ၊စွမ်းအင်ကဏ္ဍနှင့် အစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ၏တင်ဒါခေါ်ယူမှု လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု တိုးတက်လာကြောင်းပြသရန် တောင်းဆို ထားသည်။

မြန်မာနိုင်ငံတွင် ပြိုင်ဆိုင်မှု၊အသိပညာဆိုင်ရာ မူပိုင်ခွင့် ၊ကြိုတင်စီမံချက်စနစ်တကျ ရေးဆွဲမှုစသော ကဏ္ဍများရှိ အမြင့်ဆုံး နိုင်ငံတကာ စံချိန်စံ ညွှန်းများနှင့် ကိုက်ညီမည့် ဥပဒေနှင့် စည်းမျဉ်းများအားပြဋ္ဌာန်းခြင်းကို အမေရိကန်ပြည်ထောင်စုက မျှော်လင့်နေသည်။

နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူ ဟောမက်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းကို ထောက်ခံသော် လည်း မြန်မာနိုင်ငံအနေဖြင့် ခိုင်မာသော ဥပဒေ ကို မပြီးစီးမီ နိုင်ငံတကာစီးပွားရေးနှင့် အရပ်ဖက်အသိုင်းအဝိုင်းထံမှ ထည့်ဝင်ငွေစီးဝင်လာမှုကို လက်ခံရာတွင် အချိန်ယူသင့်သည်ဟု သတိပေးပြောကြား သည်။ ထို့ပြင် အလုပ်သမားဥပဒေ ပြုပြင်ပြောင်းလဲ ခြင်းကို ဆက်လက်ဆောင်ရွက်ရန်တောင်းဆိုခဲ့ပြီး အလုပ်သမား အခွင့်အရေးများက နိုင်ငံတွင် လူလတ် တန်းစားပေါ်ထွက်လာမှုကို အထောက်အကူပြုလိမ့်မည်ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်မှုသည် အပြောင်းအလဲကို အားပေး ပံ့ပိုး ခြင်း၊ပြည်သူများကို အကျိုးဖြစ်ထွန်းစေခြင်း၊ ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်မှု၊ လူ့အခွင့်အရေး၊အလုပ်သမား အခွင့်အရေး၊ပွင့်လင်းမြင်သာမှု စံနှုန်းများကိုတိုးတက်စေခြင်း စသည်တို့ကို ဖြစ်ပေါ်စေ လိမ့်မည်ဟု အမေရိကန်ပြည်ထောင်စုက မျှော်မှန်းထားသည်။

ပြည်တွင်းမှာပဲဖြစ်စေ၊ ပြည်ပမှာပဲဖြစ်စေ၊ အမေရိကန် ကုမ္ပဏီတွေဟာ ဒေသခံနဲ့ အရပ်ဖက်အသိုင်း အဝိုင်းတွေကို ထိတွေ့ဆက်ဆံတယ်။ လူမှုပတ် ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု အရေးကြီးတယ် ဆိုတာကို အသိအမှတ်ပြုတယ်။ ပြီးတော့စီးပွားရေး အခွင့်အလမ်းတွေကိုလည်း ဖန်တီးပေးပါတယ်ဟု ဟောမက် ကဆိုသည်။

“မြန်မာအစိုးရနှင့် ပြည်သူတွေဟာ အထီးကျန်ကာလကနေ ရုန်းထွက်နေကြပါပြီ။ သူတို့ဒီလို လမ်းမှန်ပေါ်ရောက်လာတယ်ဆိုရင် ကျွန်တော်တို့ ကလည်း လက်တွဲဖော်ဖြစ်ချင်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေး၊ စွမ်းအင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြီးတန်းတာဝန်ရှိသူ ရောဘတ် ဟောမက်က ပြောကြားသွားသည်။

--------------------------------------------------------------------------------------------------------------------------------

စာနာမှု အကူအညီပိတ်ပင်မှုကို ပြန်စဉ်စားပေးရန် MSF တိုက်တွန်း

(The Nation သတင်းမှ 5 August 2012ရက်စွဲပါ “MSF urges To Recosider Aid Ban” သတင်းကို ဘာသာပြန်ဆိုသည်။)

ရိုဟင်ဂျာဒုက္ခသည်များအပေါ် ကယ်ဆယ်ထောက်ပံ့မှု ပိတ်ပင်ထားခြင်းကို ပြန်စဉ်းစားပေးရန် နယ်စည်းမထား ဆရာဝန်များအဖွဲက ဒက္ကားအာ ဏာပိုင်များကို စနေနေ့တွင် တိုက်တွန်းလိုက်ပြီး ယင်းဆုံးဖြတ်ချက်၏ လူသားချင်းစာနာမှု  အကျိုးဆက်များ ပြင်းထန်ဆိုးရွားလိမ့်မည်ဟု ပြောဆိုလိုက်သည်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ၊ Action Against Hunger ၊ Muslim Aid UK စသော နိုင်ငံတကာလူမှုရံပုံငွေအဖွဲ့ သုံးဖွဲ့ကို ရိုဟင်ဂျာ ဒုက္ခသည်များအား ကူညီမှုရပ်ဆိုင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယခုအပတ်အတွင်း အမိန့်ထုတ်ပြန်ခဲ့သည်။

၎င်းအဖွဲ့အစည်းများက ဆေးဝါး၊ရိက္ခာ၊သောက်ရေနှင့်အသက်မွေးဝမ်းကျောင်းသင်းတန်ပေး ကူညီမှုများသည် မြန်မာနိုင်ငံဘက်မှ ရိုဟင်ဂျာများကို နောက်ထပ်ဝင်လာအောင် အားပေးရာရောက်သည်ဟု ဒက္ကားတာဝန်ရှိသူများက စွပ်စွဲသည်။

ထို့အပြင် ရိုဟင်ဂျာဒုက္ခသည်များ၏ ခက်ခဲသော အခြေအနေနှင့်ပတ်သက်၍  နိုင်ငံတကာမီဒီယာများတွင် သတင်းဆိုးများ ဖြန့်ချီခြင်းဖြင့် ဘင်္ဂလား ဒေ့ရှ်၏ ပုံရိပ်ကို ထိခိုက်စေသည်ဟု ဝန်ကြီးချုပ်၏ လက်အောက်ခံဌာန အင်ဂျီအိုရေးရာဗျူရိုက MSF အဖွဲ့က စွပ်စွဲထားသည်။

MSFအဖွဲ့က“ကူညီမှုရပ်ဆိုင်းရန် ညွှန်ကြားချက်သည် အံ့သြတုန်လှုပ်ရာကောင်းကြောင်း၊ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်ပေါင်း တစ်သိန်းခန့် အ တွက် အသက်ကယ်ကျန်းမာရေးကာကွယ်စောင့်ရှောက်မှု ခံစားခွင့်ဆုံရှုံးသွားမည့် အန္တရာယ်ရှိကြောင်း ” သတိပေးပြောကြားသည်။

“ကျွန်တော်တို့ရဲ့ လူနာတွေကို ပစ်ထားခဲ့ရမယ်ဆိုတာဟာ အတွေနဲ့တောင်မဖြစ်နိုင်ပါဘူး၊လူ့အသက်တွေ ထိခိုက်စေမယ့် အကျိုးဆက်တွေ ရှိနေ ပါတယ်။ ကျွန်တော်တို့ရဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေရပ်ဆိုင်ဖို့ ညွှန်ကြားခံရလို့ အံ့သြတုန်လှုပ်မိပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်စဉ်းစား ပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ရုံပဲရှိပါတယ်”ဟု ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ စီမံကိန်းမန်နေဂျာ ခရစ်ကော့ရီးယားက ဆက်လက်ပြောကြားသည်။

MSF အဖွဲ့သည် ၁၉၉၂ခုနှစ်မှစ၍ ကျန်းမားရေးစောင့်ရှောက်မှုဌာန(ဆေးရုံ) ဖွင့်လှစ်ခဲ့ပြီး ရိုဟင်ဂျာနှင့် ဒေသခံ၅၀၀ခန့်ကို လစဉ်လက်ခံကုသပေး လျက်ရှိကာ လူနာထက်ဝက်နီးပါးမှာ ၅နှစ်အောက်ကလေးငယ်များ ဖြစ်သည်ဟုသိရှိရသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment