Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၀. ၈. ၂၀၁၂

ပြည်တွင်းသတင်း

  1. ပြည်တွင်း သတင်းမီဒီယာတစ်ခု၏ဝက်ဆိုက်  ပထမဆုံးအတိုက်ခိုက်ခံရ
  1. လယ်သမားများစိုက်ပျိုးစရိတ်ချေးငွေ အပြည်အဝမရ
  2. မြန်မာ့ဆန် တရုတ်သို့တရားဝင်တင်ပို့နိုင်ရေး စက်တင်ဘာအတွင်း လက်မှတ်ရေးထိုးမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ဦးကျော်ဆန်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိ
  2. လွှတ်တော်တွင်း လုံခြုံရေးတိုးမြှင့်

သတင်းနှင့် ဆောင်းပါးကောက်နှုတ်ချက်များ

*******************************

ပြည်တွင်းသတင်း

ပြည်တွင်း သတင်းမီဒီယာတစ်ခု၏ဝက်ဆိုက်  ပထမဆုံးအတိုက်ခိုက်ခံရ

ရန်ကုန်၊ သြဂုတ် ၁၀။

ရခိုင်ပြည်နယ်အရေးနှင့်ပက်သက်သော သတင်းဖော်ပြမူကြောင့် ရန်ကုန်မီဒီယာဂရုပ်၏ ဝက်ဆိုက်ကို ဟက်ကာအချို့က  သြဂုတ် ၈ ရက်နေ့ တွင် ဝင်ရာက်တိုက်ခိုက်ခဲ့ကြောင်း ယင်းမီဒီယာဌာနအကြီးအကဲ ဦးကိုကို(စက်မူတက္ကသိုလ်) က ပြောကြားသည်။

"ဒီလိုဖော်ပြရင် တခုခုတော့ တုံ့ပြန်လာမယ်လို့ ကြိုသိနေတယ်"ဟု ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံက ဝက်ဆိုက်အချို့ကို ဟက်ကာအချို့ ဝင်ရာက်တိုက်ခိုက်ခြင်းနှင့် ပက်သက်ပြီး ၎င်းက သုံးသက်ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ၎င်းတို့၏ Website မှာ သြဂုတ်လ ၇ရက်နေ့တွင် အတိုက်ခိုက် ခံခဲ့ရကြောင်း အင်တာနက်စာမျက်နှာများတွင် ပျံနှံနေသည်။

Phantom Crews ၏ Facebook စာမျက်နှာတွင် မြန်မာနိုင်ငံဘောလုံးအားကစားအသင်း (Myanmar National Football Team) ၏ Facebook စာမျက်နှာအား ယခုလဆန်းပိုင်းက ဝင်ရာက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း မွတ်ဆလင်ဘာသာဝင် အမျိုးသမီးများနှင့် ကလေးသူငယ်များအား အစိုးရမှ လူမျိုးတုံး သတ်ဖြတ်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် Egyption HackerGroup နှင့် Arabian Black Hat Team Hacker အပါအဝင် မွတ်ဆလင် Hacker Group များ ပူးပေါင်းပြီး မြန်မာနိုင်ငံအား ပူးပေါင်း CyberAttack ပြုလုပ်လျက်ရှိကြောင်း မြန်မာအိုင်တီပညာရှင်များက စွပ်စွဲပြောဆိုသည်။

မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်းအပေါ် ပြည်ပဟက်ကာများက ယခုကဲ့သို့ တိုက်ခိုက်ခြင်းအပေါ် အံ့သြမိကြောင်း ပြည်တွင်း ဝက်ဆိုက်အနေနှင့် ပထမဆုံးအတိုက်ခိုက်ခံရသော ရန်ကုန်မီဒီယာဂရုပ်ပိုင်ရှင် ဦးကိုကို(စက်မှု)က ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုများကြောင့် မြန်မာအစိုးရ Website များ၊ Internet Service Proviter(ISP) များ ထိခိုက်လာပြီး မြန်မာနိုင်ငံအတွင်း အင်တာ နက်လိုင်းနှေးကွေးခြင်း၊ ပြတ်တောက်ခြင်းနှင့် မြန်မာနိုင်ငံကိုယ်စားပြု Website များဖြစ်သည့် Domain Name.mm ဖြင့်ဆုံးသော Website များ အားလုံးကို တစ်ကမ္ဘာလုံးမှ ကြည့်မရတော့ခြင်း၊ အင်တာနက်နှင့် ဆက်စပ်လုပ်ငန်းများအားလုံး နှောင့်နှေးရပ်တန့်ခြင်းများ ဖြစ်ပေါ်နေကြောင်း ၎င်းတို့က ပြောကြားသည်။

Egyption Hacker Group နှင့် ပူးပေါင်းတိုက်ခိုက်သည့်အဖွဲ့များသည် အမေရိကန်၊ အစ္စရေးနှင့် အနောက်နိုင်ငံများအား မကြာခဏ ထိုးဖောက် တိုက်ခိုက်လျက်ရှိပြီး Arabian Black Hat Team Hacker အဖွဲ့သည် ရုရှား၊ ဆီးရီးယား၊ အီဂျစ်နှင့် အခြားအာရပ်နိုင်ငံများမှ မွတ်ဆလင် Hacker များ ပူးပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည်။

sweet

-----------------------------------------------------------------------------------------------------------------------------------

လယ်သမားများစိုက်ပျိုးစရိတ်ချေးငွေ အပြည်အဝမရ

မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ ယခုနှစ် မိုးစပါးစိုက်ရန်အတွက် လယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ကျပ် ၅၀၀၀၀ နှုန်းနှင့် ထုတ်ပေးသော်လည်း စိုက်ဧကအပြည့်မရဘဲ လျော့နည်းရရှိကြောင်း ပဲခူးတိုင်းအနောက်ခြမ်း ပြည် ခရိုင် သဲကုန်းမြို့မှ လယ်သမားများက ပြောကြား သည်။

အစဉ်အလာအားဖြင့် ဘဏ်ချေးငွေသည် ဆယ်ဧကအထက် ဆယ်ငါးဧကစိုက်လျှင်လည်း ဆယ်ဧကအတွက်သာ စိုက်ပျိုးစရိတ် ထုတ်ပေးခဲ့ ကြောင်း ယခုနှစ်တွင် စိုက်ပျိုးစရိန်ထုတ်ရာတွင်မှု တစ်ဧက ငါးသောင်းဆိုသော်လည်း ဆယ်ဧက (ယခင် နှစ်က ဆယ်ကထုတ်ခွင့်ရသူ) စရင်းပေါက်သူက ၇ ဧက၊ ၆ဧက စာရင်းပေါက်သူက ၄ဧကသာ ထုတ်ချေးခွင့်ရ၍ တစ်ဧက ငါးသောင်းဆိုသော်လည်း ငွေတိုးရသည့်သဘောမရှိပဲ ယခင်နှစ်ကအတိုင်းရ သည့် သဘောဖြစ်ကြောင်း လယ်ဆယ်ဧက အတွက် ငွေလာထုတ်သူ အောင်ကုန်းရွာသားတစ်ဦးက ပြောကြားသည်။

လယ်သမားအချို့သည် တစ်ဧကကို ငါးသောင်းထုတ်ပေးမည့်သတင်းကြောင့် ကြွေးဟောင်းများကို ရှိသည့်ပစ္စည်းများ ပေါင်နှံဆပ်ကြကာ ဘဏ် ချေးငွေရရန် ပြင်ဆင်ထားသော်လည်း မှန်းချက်နှမ်းထွက်မကိုက်ဖြစ်ကုန်ကာ အတိုးဆပ်ရသည့် ကိန်းဆိုက်သွားကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ထုတ်ပေးသည့်အချိန်ကလည်း တလခန့်နောက်ကျကြောင်း မိုးစပါးတစ်ဧကစိုက်လျှင် မြေပြင်ပျိုးနှုတ်ကောက်စိုက် မြေဆီကြွေး စုစုပေါင်းစိုက် စရိတ် ရှစ်သောင်းခန့်ရှိပြီး ယခင်နှစ်၌ တစ်ဧကလျှင် လေးသောင်းနှုန်းဖြင့် ဆယ်ဧကအများဆုံး ထုတ်ချေးခဲ့ပြီး ယခုနှစ်တွင် တစ်ဧက ငါးသောင်းနှုန်းသို့ တိုးမြှင်ချေးပေးခြင်းဖြစ်ကြောင်း အုတ်ဖိုရွာသားတစ်ဦးက ပြောကြားသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ့ဆန် တရုတ်သို့တရားဝင်တင်ပို့နိုင်ရေး စက်တင်ဘာအတွင်း လက်မှတ်ရေးထိုးမည်

မြန်မာနိုင်ငံမှ ထွက်ရှိသည့်ဆန်များအား တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေးနှင့် တင်ပို့မှုများအပေါ် အခွန်များလျှော့ချကောက်ခံရန်အတွက် တရုတ်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ စက်တင်ဘာလအတွင်း နှစ်နိုင်ငံသဘောတူစာချုပ် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း စီးပွား/ကူးသန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့နိုင်ငံက တင်ပို့တဲ့ဆန်တွေကို တရုတ်နိုင်ငံက လက်မခံပါဘူး။ အဲ့ဒီတော့ မှောင်ခိုလမ်းကြောင်းကနေ သွင်းတယ်။ ဒီလို တရား မဝင် လမ်းကြောင်းကသွင်းတော့ အခွန်လည်းနည်းတယ် အမြတ်လည်းမကျန်ဘူး။ ခုနောက်ပိုင်းကို မြန်မာ့ဆန်ဆို တရားဝင်ရော၊ တရားမဝင်ရော လုံးဝ ကို တရုတ်က အသွင်းမခံတော့တာပါ။ ဒါကြောင့် မြန်မာနိုင်ငံက စီးပွား/ကူးသန်းဝန်ကြီးဌာနက တရုတ်မှာသွားပြီး မြန်မာ့ဆန်တရားဝင်တင်ပို့နိုင်ဖို့နဲ့ အခွန်လျှော့ကောက်ဖို့အတွက် သဘောတူလက်မှတ်ရေးထိုးမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်ရေးမူဝါဒများအရ ကုန်ပစ္စည်းအမျိုးအမည်ပေါင်း ၁၀၀၀၀ ကျော်ကို ခွင့်ပြုထားသော်လည်း တရုတ်နိုင်ငံမှ ၎င်းတို့၏ ကောက်ပဲသီးနှံစိုက်တောင်သူများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးရန်အတွက် မြန်မာ့ ဆန် တရုတ်သို့တင်သွင်းမှုများကို တရားဝင်ခွင့်ပြုခဲ့ခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် တရားမဝင်လမ်းကြောင်းများကသာ ဆန်တင်ပို့မှုများကို ပြုလုပ်ခဲ့ရကြောင်း သိရသည်။

“မြန်မာနိုင်ငံဘက်က ဆန်တွေကို ခုဆို တရုတ်ကို တရားမဝင်တင်ပို့နေရတယ်။ သူတို့ဆီမှာ တောင်သူတွေကို ကာကွယ်သလိုမျိုး ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း ကိုယ့်နိုင်ငံကတောင်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးသင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံက ထွက်တဲ့ဆန်တွေကို တရုတ်က တင်သွင်းမခံတော့ ခုပြည်တွင်းမှာ ဆန်တွေပုံနေပါပြီ။ ဒါကြောင့် ထိုင်းဘက်ကိုသွားပြီး  ထိုင်းကတစ်ဆင့် တရုတ်ကို မြန်မာ့ဆန်တင်သွင်းနေရပါတယ်”ပာု မြန်မာနိုင်ငံဆန်စပါးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ဆွေမျိုးပေါက်ဖော်နိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ တင်သွင်းလျက်ရှိသော ကုန် ပစ္စည်းများဖြစ်သည့် မြန်မာ့ဆန်ကို အခွန် ၆၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ကျောက်စိမ်းကို အခွန် ၁၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ သတ္တုတွင်းထွက် ပစ္စည်းများကို ၁၂ ရာခိုင်နှုန်းမှ ၃၃ ရာခိုင်နှုန်းသို့လည်းကောင်း၊ ငါးနှင့်ရေထွက်ပစ္စည်းများအပေါ် ၁၃ ရာခိုင်နှုန်းသို့လည်းကောင်း ယခင်ထက် အခွန်တိုး မြှင့် ကောက်ခံလျက်ရှိကြောင်း သိရသည်။

YC

*******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ဦးေ