Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၁.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံခြားသားတွေကတစ်မှောင့်

*****************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံခြားသားတွေကတစ်မှောင့်

မောင်သာနိုး

(သြဂုတ်လ ၁၄ရက်နေ့ထုတ် New Watch ဂျာနယ် အတွဲ (၇) အမှတ်(၅၈)မှ ထုတ်ယူဖော်ပြချက်။)

မြန်မာနိုင်ငံရေးပါရဂူဆိုတဲ့ နိုင်ငံခြားသားတွေရှိကြရာမှာ တကယ်အကြောင်းသိ အရှိကိုအရှိအတိုင်းပြောပြတတ်တဲ့ နိုင်ငံခြားသားပညာရှင်တွေ ရှိသလို မြန်မာအကြောင်း မြန်မာ သိသလိုမသိထင်ရာပြောသံကြားရာ ဖြီးဖြန်းပြီးရေးလေ့ရှိတဲ့ အမည်ခံပါရဂူတွေကလည်း ရှိနေတယ်။ ပထမအမျိုးအစား က နည်းပါတယ်။

များသောအားဖြင့် မြန်မာပြည်မှာအကြာကြီနေဖူးသူတွေ ဖြစ်ပါတယ်။ ဖီလ်ဒင်ဟောလ်၊ ရွှေရိုးအမည်ခံ ဆာဂျောဂ်ျစကောတ်၊ သတိုးသီရိသုဓမ္မ ဆရာကြီးဂျေအက်စ်ဖာနီဗယ်၊ ပုဂံပါရဂူဂျေ-အိတ်ခ်ျ-လုစ်စတဲ့ မြန်မာမိတ်ဆွေကြီးတွေ ပါဝင်ပါတယ်။  ဒုတိယအစုထဲမှာတော့ ရောဘတ်တေလာကစပြီး နောက်ပေါက်တွေပါ တော်တော်များများ ပေါ်ထွန်းနေပြီ။ အဲဒီအစုအဖွဲ့တွေကလည်း ရှိသေးတယ်။ အဲဒီအစုအဖွဲ့တွေ အခုတလော မျက်စိနောက်စရာ ကောင်းနေတယ်။

အဲဒီအစုအဖွဲ့တွေကထဲမှာ တစ်သီးပုဂ္ဂလအဖွဲ့ဝင်တွေ များသော်လည်း ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ အေဂျင်စီတွေ ပါဝင်နေတာ တွေ့ရ တယ်။ ဒီအေဂျင်စီတွေ ပါဝင်ခွင့်ရဖို့ တတိယနိုင်ငံတွေ ခြေရှုပ်ကြပုံပါဝင်ခွင့်ရသွားတော့ ငွေအလွဲသုံးစားလုပ်တာ မျက်နှာလိုတာလို မတော်တရော် တွေလုပ်ကြလို့ ပူညံပူညံ ဖြစ်ဖူးတာ သွားသတိရမိတယ်။ အခု ကိုယ့်တိုင်းပြည်မှ ကြုံရတော့မှ “သြော်ဒါ့ကြောင့် ကုလသမဂ္ဂကြီး နာမည်ပျက်ခဲ့ရတာလို သဘောပေါက်မိတော့တယ်။ ”

ကျွန်တော်တို့မြန်မာနိုင်ငံမှာ လောလောဆယ်ပြောနေရတဲ့ ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံခြားမီဒီယာတွေက ဖြစ်ရပ်မှန်နဲ့ ကွာလှမ်းတဲ့ မမှန်သတင်းတွေကို ဖြန့်ချီတယ်။

ကျွန်တော့်လို အိမ်မှာပဲနေသူတွေက အင်တာနက်ကြည့်ပြီး စိတ်ညစ်ရုံပဲ။ လန်ဒန်ရောက်နေသူက အင်တာနက်ကြည့်ပြီး စိတ်ညစ်ရုံပဲ။ လန်ဒန် ရောက်နေသူ ဗမာပြည်သူတွေက ဘွတ်ရှ်ဟောက်စ် (ဘီဘီစီ)  သွားပြီး ဆန္ဒပြကြတယ်။ ရန်ကုန်နေသူတွေက ဗြိတိသျှသံရုံးရှေ့ သွားအော်ခဲ့ရတယ်။ တော်ကြာ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံးတွေကပါ မဟုတ်မမှန်စာတမ်းတွေ ထွက်လာတဲ့အခါမှာ တော့ နိုင်ငံတော်အစိုးရမနေတော့ဘဲ နိုင်ငံခြားရေးဝန်ကြီးက ဖြေရှင်းချက်ကြေညာစာတမ်း ထုတ်ရတော့တယ်။ ပြီး နယ်ခြားဝန်ကြီးဌာနနဲ့ မြန်မာစက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးသိန်းဋ္ဌေးက နိုင်ငံခြားသံတမန်တွေကို စစ်တွေခေါ်သွားပြီး လူတွေခေါ် တွေ့ဆုံမေးမြန်း အခြေ အနေတွေ ကိုကိုယ်တွေ့မျက်မြင် လေ့လာခွင့်ပေးခဲ့တယ်။ ပြန်လာတော့ သံတမန်တွေက မီဒီယာတွေနဲ့ပြောတာနဲ့ မိမိတို့တွေ့ခဲ့ရတာ အတော်ကို ကွာဟ နေတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး မြန်မာပြည်လာခဲ့ပြီး သမ္မတကြီးဦးသိန်းစိန်နဲ့ တွေ့သွားတာပါ။ သူက ရိုဟင်ဂျာတွေကိစ္စ မြန်မာပြည် ရိုဟင်ဂျာကိစ္စပြောတော့ သမ္မတကြီးက အဲဒီလူတွေကို တတိယနိုင်ငံပို့ပေးဖို့ တိုက်တွန်းတယ်။ ရိုဟင်ဂျာက တိုင်းရင်းသား မိမိတို့တာဝန်မဟုတ်ဘူးလို့ ငြင်းသွားတယ်။

ကုလသမဂ္ဂ အခွင့်အရေး မဟာမင်းကြီးကိုယ်စားလှယ်က ရခိုင်မှာရှိတယ်။ သူနဲ့ သူ့အဖွဲ့က အခြေအနေလေ့လာပါတယ်ဆိုပြီး ဘင်္ဂါလတွေနဲ့ ဆွေးနွေးသွားပြီး တစ်ဖက်သတ်စာတမ်းထုတ်တယ်။ မြန်မာလုံခြုံရေးတပ်က မူစလင်တွကိုမှ ခွဲခြားနှိပ်ကွပ်နေပါတယ် ဘာညာ မဟုတ်တမ်းတရားတွေ စီကုံးထားရဲ့။

အခုနှစ်ပိုင်း မြန်မာနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်သူထင်ရှားတဲ့ တစ်သီးပုဂ္ဂလအဖွဲ့အစည်းနှစ်ခုကတော့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် နဲ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တို့ဖြစ်တယ်။ နှစ်ဖွဲ့စလုံးက  မြန်မာမှာ ကိုယ်စားလှယ်တွေရှိကြပါတယ်။ ဒီအဖွဲ့စည်းတွေအားလုံးရော အမေရိကန်အစိုး ရရော လောလောဆယ် မြန်မာ့ရေးရာမှာ တူညီတဲ့အချက်တစ်ခု ကျွန်တော်တို့က ဘယ်လိုငြင်းငြင်း ခေါင်းမာတင်းခံနေတဲ့ အချက်တစ်ခုကတော့ ရိုဟင် ဂျာဆိုသူတွေဟာ မြန်မာတိုင်းရင်းသားဟုတ်မဟုတ်ဆိုတဲ့ အချက်ပါပဲ။

ကျွန်တော်ကတော့ မဟုတ်ဘူး။ ရိုဟင်ဂျာဆိုတာ မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာရယ်လို့ ရှိကိုမရှိဘူး။ အခုမှ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေသာ ဖြစ်တယ် လို့ ဆိုတယ်။ သူတို့က ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားဟုတ်တယ်လို့ ဇွတ်ပေးငြင်းကြတယ်။

လွှတ်တော်မှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်က တိုင်းရင်းသားလူမျိုးစုတွေရဲ့ လူ့အခွင့်အရေးကာကွယ်ပေးဖို့ ဆိုပြုတာကို ဒေါ်အောင်ဆန်းစုကြည် က ထောက်ခံပြောဆိုခဲ့တာကိုပဲ ရိုဟင်ဂျာတွေကို ထောက်ခံပြောဆိုခဲ့တာကိုပဲ ရိုဟင်ဂျာတွေကို ထောက်ခံပြောဆိုလေဟန် မလိမ့်တစ်ပတ်ကလည်း လုပ်သေးတာ။ (ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား၊ လူမျိုးစုကိုကာကွယ်ရာ ရိုဟင်ဂျာတွေကိုလည်း ကာကွယ်ရာရောက်တယ်တဲ့။ သူတို့လောဂျစ်။) တကယ် က ဒေါ်စုက မြန်မာပြည်မှာ ရိုဟင်ဂျာလူမျိုးစုရယ်လို့ အတ်အကျ ပြောပြီးပါပြီ။

ဒီကြားထဲ အမေရိကန်နိုင်ငံတော်ဌာန (နိုင်ငံခြားရေးဌာန)က နှစ်စဉ်နှစ်တိုင်းထုတ်ဝေတဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် အခြေအနေ စာတမ်း တစ်နေ့ကထုတ်လိုက်တော့ မြန်မာရဲ့အခြေအနေကို တင်ပြတော့ ရိုဟင်ဂျာကိစ္စကို ထည့်ပြောထားပြန်တယ်။ မူစလင်ရိုဟင်ဂျာတွေကို နှိပ်ကွပ် တယ်။ တရားလက်လွတ် ဖမ်းဆီးတာခံရတယ်၊ တိုင်းရင်းသားလူမျိုးစုတွေမဟုတ်ဘူး ငြင်းပယ်တယ်။ တရားရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးအစစ ခွဲခြား ဆက်ဆံခံရတယ် စသဖြင့် ဆိုထားတယ်။

တချို့ အနှောင့်အယှက်ခံရတယ်။ နေ့ကြီးရက်ကြီး ပွဲကျင်းပမှုတွေကိုလည်း အာဏာပိုင်တို့က ထိန်းချုပ်ထားပါတယ်တဲ့။

ရိုဟင်ဂျာကို ဘာသာရေးအရ နှိပ်ကွပ်တာမဟုတ်ကြောင်း ကျွန်တော်ရေးခဲ့ပြီ။ ရခိုင်ကိစ္စဟာ ဘာသာရေးကိစ္စ မဟုတ်တာ ရိုးသားသူတိုင်း သိတယ်။ မတရားခိုဝင်လာလို့ အာဏာပိုင်ရော ပြည်သူနဲ့ ပါကဏ္ဋကောစ ဖြစ်ရတာဖြစ်တယ်။ သူကဗုဒ္ဓဘာသာငါကမူစလင် ယှဉ်ပြိုင်လိုစိတ် ဘယ်သူမှာ မှ မရှိကြပါဘူး။

ကျွန်တော်တို့တိုင်းပြည်ဟာ ဟိုရှေးရှေးပုဂံခေတ်လောက်ကစပြီး သမိုင်းတစ်လျှောက် ဘာသာရေးဖိနှိပ်ချုပ်ချယ်မှု အကင်းဆုံးနိုင်ငံပါ။ ဂျွမ်းစစ် သည်တွေကိုနှိမ်နင်းဖို့ ကျန်စစ်သားဟာ ကုလားစစ်သည်ရှစ်ကျိပ်ကို ဦးဆောင်သွားတယ်ဆိုရာတွင် အဲဒီကုလားရှစ်ကျိပ်က ထောင်ထောင်မောင်း “ကုလားဖြူ” လို့မြန်မာကခေါ်တဲ့ ဥရောပတိုက်သား ခရစ်ယာန်ကြီးတွေပေါ့။ ပုဂံမှာဘုရားတွေတည်တဲ့ အိန္ဒိယသား ဗုဒ္ဓဘာသာကြီးတွေနဲ့အတူ ဟိန္ဒူကု လားတွေ အများကြီးလာလုပ်ကြသမို့ အခုပုဂံမှာ ဟိန္ဒူနတ်ရုပ်တွေ တွေ့နေရတာဖြစ်တယ်။

`ခေတ်အဆက်ဆက်မှာပဲ မြန်မာဘုရင်တွေ သုံးခဲ့ကြတာ ကုန်းဘောင်ခေတ်အထိပါပဲ။

ကနေ့ခေတ်မှာလည်း ရှေးခေတ်အတိုင်းပါပဲ။ ဗမာက ဘာသာရေးကို နှိပ်ကွပ်တဲ့ဓလေ့ ရှိကိုမရှိဘူး။ စီးပွားရေးခိုလှုံသူလို့ခေါ်တဲ့ တိုင်းပြည်တွေ က လက်မခံချင်တဲ့ အနေရချောင်အောင်ထွက်ချင်သူ ဗမာတိုင်းရင်းသားအချို့ ပြည်ပမှာ အစစ်အဆေးခံရတဲ့အခါ မိမိတို့စီးပွားရေးခိုလှုံသူဆိုတာ လူမသိ အောင် မြန်မာပြည်မှာ ဗုဒ္ဓဘာသာအစိုးရက နှိမ်ပါတယ်။ ဘုရားကျောင်းမသွားရပိတ်ပါတယ်၊ တရားဟောဆရာတွေ ဖမ်းပါတယ်၊ နှိပ်စက်ပါတယ် ပါးစပ် တွေ့ကရာလျှောက်ပြောပြီး၊ အဲဒီလိုလွတ်လွတ်လပ်လပ် မကိုးကွယ်နိုင်ကြလို့ ထွက်ပြေးခဲ့ရပါတယ်လို့  ပြောကြတာကိုး။ ဒါကို လူ့အခွင့်အရေးဆရာကြီး တွေက ယုံပြီး စာတမ်းတွေပြုစု ဖြန့်ချိကြရော မြန်မာပြည်လည်းနာမည်ပျက်ရော။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ နပန်းလုံးနေရတဲ့ ကျွန်တော်တို့  မြန်မာပြည်သူတွေမှာ အနောက်နယ်စပ်က ဝင်ဖို့ချောင်းနေကြတာက တစ်မျိုး အရှေ့နယ်စပ်ကသွားလာနေတဲ့ မြွေနဂါးကတစ်သွယ်၊ မျက်ခြည်မပြတ်အောင်စောင့်ကြည့်နေစဉ် ဒီလိုပွက်စီပွက်စီ နိုင်ငံခြားသားအစုအဖွဲ့တွေ ကလည်း တစ်မှောင့်ပါလား။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment