Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၁.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ပညာရေးအပါအဝင် မြန်မာနှင့်ပူးပေါင်းဆောင်ရွက်မှုကို နယ်သာလန်အရှိန်မြှင့်

(The Information Daily မှ 10 August 2012 ရက်စွဲပါ “Education: Netherlands Steps Up Cooperation With Burma” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရင်းနှီးမြှုပ်နှံမှုဥပဒေကို လွှတ်တော်၌ နောက်အပတ်တွင်ဆွေးနွေးတော့မည်

(Business Recorder မှ 10 August 2012 ရက်စွဲပါ“Myanmar Parliament to Debate Investment Law Next Week” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသို့ နိုင်ငံခြားကုန်သွယ်မှု ပထမလေးပတ်တွင် ဒေါ်လာ၅.၅ဘီလီယံ သို့ရောက်ရှိ

(11 August 2012 ရက်စွဲပါ Gulf News မှ “Myanmar Foreign Trade Hits $5.35 Billion” ကို ဘာသာပြန်ဆိုသည်။

***********************************************************

ဘာသာပြန်သတင်းများ

ပညာရေးအပါအဝင် မြန်မာနှင့်ပူးပေါင်းဆောင်ရွက်မှုကို နယ်သာလန်အရှိန်မြှင့်

(The Information Daily မှ 10 Aug 2012 ရက်စွဲပါ“ Education: Netherlands Steps Up Cooperation With Burma” သတင်းကို ဘာသာပြန်ဆို သည်)

စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန် ရည်ရွယ်နေသော မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများ စတင်နေပြီဖြစ်ပြီး၊ ဥရောပသ မဂ္ဂ EU sanctions များလည်းဆိုင်းငံ့ထားပြီ ဖြစ်သောကြောင့် နယ်သာလန်နိုင်ငံက မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အရှိန်မြှင့်လိုက်သည်။ မြန်မာ၊ ဒတ်ခ်ျနှင့် အခြားကုမ္ပဏီများသည် မြန်မာ့စီးပွားရေးကို နှိုးဆွရန်အတွက် ဒတ်ခ်ျပရိုဂရမ်များကို အသုံးပြုနိုင်ကြပြီဖြစ်ပြီး၊ မြန်မာတို့သည်လည်း ကျောင်းသား ပညာသင်ဆုအတွက် Netherland Fellowship Programme (NFP) သို့လျှောက်ထားနိုင်ကြပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၃၂ ရာခိုင်နှုန်းခန့် ဆင်းရဲတွင်း စိုက်နေကြသော်လည်း နိုင်ငံတွင်း စီးပွားရေး အလားအလာကောင်းများစွာ ရှိနေသည်။ ထို့ကြောင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးကို အားပေးရန်အတွက် ပရိုဂရမ်ပေါင်းများစွာကို မြန်မာနိုင်ငံအား သုံးစွဲခွင့်ပေးရန် နယ်သာလန်က ဆုံးဖြတ်ခဲ့သည်။ ၎င်း ပရိုဂရမ်များမှာ Private Sector Investment Programme(PSI)၊ Centre for the Promotion of Imports from the Developing Countries(CRI)၊ Netherlands Management Cooperation Programme(PUM)၊ the Entrepreneurial development Bank(FMO) နှင့် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ပြည်သူ-ပုဂ္ဂလိက လက်တွဲမှု ရန်ပုံငွေ အစီအစဉ်တို့ ဖြစ်သည်။

 ကျောင်းသားပညာသင်ဆု

နယ်သာလန်ဖွံ့ဖြိုးရေးဝန်ကြီး ဘန်နတ်ပန်က“ နိုင်ငံတကာနဲ့ နှစ်ပေါင်းများစွာ အဆက်ဖြတ်ထားပြီးတဲ့နောက်မှာ မြန်မာ အစိုးရ နဲ့လူ့အဖွဲ့အစည်း ဟာ ဗဟုသုတနဲ့ အသိပညာချို့တဲ့နေပါတယ်။ ဒါကြောင့် နယ်သာလန်ဟာ ရေ၊ ထောက်ပံ့ပို့ဆောင်ရေး၊ စားနပ်ရိက္ခာဖူလုံရေး ကဏ္ဍတွေမှာ စတင် ပူးပေါင်း ခြင်းဖြင့် အကူအညီပေးနေပါပြီ။ ကျောင်းသားပညာသင်ဆု အစီအစဉ်ကတော့ မြန်မာတွေ နယ်သာလန်မှာ ပညာဆည်းပူးနိုင်ဖို့ အထောက်အကူ ပြုပါလိမ့် မယ်။ ဒါဟာသူတို့တိုင်းပြည် ဖွံ့ဖြိုးဖို့အတွက် အသက်တမျှ အရေးကြီးနိုင်ပါတယ်”ဟု ရှင်းလင်းပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီး ယူရီရိုဆင်သာကလည်း “မြန်မာနိုင်ငံဟာ သမိုင်းဝင် အသွင်ကူးပြောင်းမှု ကာလတစ်ရပ်ကို စမ်းတဝါးဝါး ကျော်ဖြတ်နေပါ တယ်။ ဒီအနေအထားမျိုးမှာ ပြည်သူတွေအတွက် ဒီပြုပြင်ပြောင်းလဲမှုတွေကနေ ဖြစ်နိုင်သမျှ သိသိသာသာ၊ မြန်မြန်ဆန်ဆန် အကျိုးအမြတ်တွေရနိုင်ဖို့ သိပ်ကို အရေးကြီးပါတယ်”ဟု ပြောကြားခဲ့သည်။

သဘာဝဘေးအန္တရာယ်များ

ယခုအခါ နယ်သာလန်နိုင်ငံသည် မြန်မာနိုင်ငံမှ ပြောင်းလဲတိုးတက်မှုများကို အနီးကပ် လိုက်ပါလျက်ရှိသည်။ ယခင်ကမူ သဘာဝဘေးအန္တရာယ် ဘေးဒဏ်သင့်သူများကို လူသားခြင်းစာနာသော အကူအညီပေးခြင်း၊ မြန်မာ့လူ့အခွင့်အရေး ကာကွယ်သူများနှင့် ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များကို အကူအညီပေးခြင်း စသည်တို့ကိုသာ ပြုလုပ်ခဲ့သည်။

----------------------------------------------------------------------------------------------------------------

ရင်းနှီးမြှုပ်နှံမှုဥပဒေကို လွှတ်တော်၌ နောက်အပတ်တွင်ဆွေးနွေးတော့မည်

(Business Recorder မှ 10 August 2012 ရက်စွဲပါ“Myanmar Parliament to Debate Investment Law Next Week” သတင်းကို ဘာသာပြန်ဆို သည်)

မျှော်တလင့်လင့် စိတ်ဝင်တစား စောင့်ဆိုင်းနေကြသော နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေကို လွှတ်တော်တွင် နောက်အပတ်၌ ဆွေးနွေးကြ တော့မည် ဖြစ်ပြီး၊ သမ္မတက ယခုလအတွင်း လက်မှတ်ရေးဖွယ်ရှိသည်ဟု ဥပဒေပြုလုပ်ငန်းစဉ်နှင့် နီးစပ်သူများက သောကြာနေ့တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ မတ်လက အာဏာရလာသော အရပ်ဖက်တစ်ပိုင်းအစိုးရက နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို တသီတတန်း ပြုလုပ်ပြခြင်းကြောင့်၊ အနောက်နိုင်ငံများကလည်း ယခင်တပ်မတော်အစိုးရအား ဒဏ်ခတ်ထားသည့် sanctions များကို တုန့်ပြန်ဖြေလျှော့ ပေးခဲ့ကြသည်။ နိုင်ငံခြား ကုမ္ပဏီများစွာကလည်း မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာကောင်းကို ဖမ်းဆုပ်ရန် တန်းစီနေကြပြီး၊ ရင်းနှီးမြှပ်နှံမှု ဥပဒေကြေညာခြင်းကို စောင့်ဆိုင်း နေကြသည်။

ရိုက်တာက သောကြာနေ့တွင် တွေ့မြင်ခဲ့ရသော နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေမူကြမ်း နောက်ဆုံးဗားရှင်းတွင် ယခုနှစ်အစောပိုင်းက ကျင့်သုံးနေ သော စည်းကမ်းများကို အပြောင်းအလဲတစ်ချို့ ပြုလုပ်ထားသည်။ ယင်းဥပဒေမူကြမ်းသည် လွှတ်တော်သို့ တင်သွင်းမည့် နောက်ဆုံးဗားရှင်းဖြစ်ကြောင်း မ သေချာသေးပါ။ ထို့အပြင် လွှတ်တော်၌ဆွေးနွေးစဉ် နောက်ထပ်အပြောင်းအလဲများ ရှိနိုင်သေးသည်။

ဥပဒေ အပိုဒ်ခွဲတစ်ခု၌ ပြည်တွင်းဒေသခံ စီးပွားရေးသမားများ လုပ်ကိုင်နေသော အသေးစားနှင့် အလတ်စား လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများ၊ လက်လီအရောင်းဆိုင်နှင့် အသေးစား၊ အလတ်စား ဝန်ဆောင်မှု လုပ်ငန်းများတွင် နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှပ်နှံခြင်းကို တားမြစ်ထား သည်။ ပြည်တွင်းကုမ္ပဏီ အချို့ကလည်း နိုင်ငံခြားကုမ္ပဏီကြီးများကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးပါဟု စောဒကတက်ထားကြသည်။

အခြားအပိုဒ်ခွဲတစ်ခုတွင် ပြည်တွင်းလုပ်ငန်းရှင်များ လက်လှမ်းမမှီသော နည်းပညာဖြင့် ဟိုင်းတက်လုပ်ငန်းများ၌သာ ၁၀၀ ရာခိုင်နှုန်း နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုထားသည်။

နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများ အနေဖြင့် ကနဦးနှစ် ၅၀ မြေငှားရမ်းခွင့်ရရှိမည်ဖြစ်ပြီး လုပ်ငန်းသဘာဝနှင့် ရင်းနှီးမြှပ်နှံမှု ပမာဏအလိုက် ၁၀နှစ်ကို နှစ်ကြိမ် သက်တမ်းတိုးနိုင်သည် ဟုဆိုသည်။ ယခင်ဥပဒေတွင် ကနဦးနှစ်၃၀ ငှားရမ်းခွင့်နှင့် ၁၅နှစ်နှစ်ကြိမ် သက်တမ်းတိုးခွင့် ပေးထားသည်။

ထို့အပြင် ဥပဒေမူသစ်တွင် ဝေးလံခက်ခဲ၍ မဖွံ့ဖြိုးသောဒေသများ၌ လုပ်ကိုင်လိုသည့် နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများအား ခြွင်းချက်အနေဖြင့် အာဏာပိုင်များက နှစ်ရှည်ငှားရမ်းပေးခြင်းကို ခွင့်ပြုထားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် လုပ်ငန်းစတင်လည်ပတ်သည့်နေမှစ၍ ၅နှစ် အခွန်သက်သာခွင့်ရရှိမည်ဖြစ်ပြီး နိုင်ငံအတွက် တစ်စုံတစ်ရာ အကျိုးရှိပါက ထပ်မံသက်တမ်းတိုးနိုင်သည်။

----------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံသို့ နိုင်ငံခြားကုန်သွယ်မှု ပထမလေးပတ်တွင် ဒေါ်လာ၅.၅ဘီလီယံ သို့ရောက်ရှိ

(11 August 2012 ရက်စွဲပါ Gulf News မှ “Myanmar Foreign Trade Hits $5.35 Billion” ကိုဘာသာပြန် ဆိုသည်။)

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သည်၂၀၁၂-၂၀၁၃ဘဏ္ဍာရေးနှစ်၏ ပထမလေးလပတ် (ဧပြီလ-ဇူလိုင်လ)တွင်ဒေါ်လာ ၅.၃၅ဘီလီယံသို့ရောက်ရှိခဲ့သည်။ အဆိုပါစုစုပေါင်းတွင် ပို့ကုန်တန်ဖိုးသည် (၂.၆၁ ဘီလီယံ) ရှိပြီး သွင်းကုန်မှာ ဒေါ်လာ (၂.၇၄ ဘီလီယံ)ရှိကြောင်း Xinhuaတွင်ဖော်ပြထားသည်။

ပို့ကုန်များတွင် သဘာဝဓာတ်ငွေ့၊ ဆန်နှင့် ပဲအမျိုးမျိုးတို့သည် ဒေါ်လာ၁.၄ဘီလီယံရှိပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၅၅ရာခိုင်နှုန်း ရှိသည်။ မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာ(၈၅၉.၇၂ ဘီလီယံ) ရရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ(၁၈.၁၅ ဘီလီယံ) ရှိပါသည်။ တစ်ချိန် တည်းမှာပင် ပက်ပ်စီသည် မြန်မာနိုင်ငံတွင် အချိုရည် ဖြန့်ဖြူးရောင်းချရန် ဒိုင်းမွန်းစတား ကုမ္ပဏီနှင့် သဘောတူညီချက် လက်မှတ်ရေး ထိုးခဲ့သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment