Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၁.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. သမ္မတဦးသိန်းစိန်အတွက် စိန်ခေါ်မှုအရှိဆုံးမေးခွန်း

(10 August 2012 ရက်စွဲပါ Asian Tribune မှ Zin Linn ၏ The most challenging question for President of Burma ကို ဘာသာပြန်ဆိုသည်။)

  1. ရခိုင်ပြည်နယ်မှ ဖြစ်ရပ်သည် လူမျိုးရေးအရ ၎င်း ဘာသာရေးအရ၎င်း မဟုတ်ဟု မြန်မာအစိုးရဆို

(10 August 2012 ရက်စွဲပါ VOA News မှ “Burma: Sectarian Violence Not About Race or Religion” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်များ လူမျိုးတုံး သတ်ဖြတ်ခံရဟူသော စွပ်စွဲချက်ကို အမေရိကန်ငြင်းဆို

(International Business Times မှ 9 August 2012 ရက်စွဲပါ US Denies Ethnic Cleansing of Rohingya Muslim in Myanmar ကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

သမ္မတ ဦးသိန်းစိန်အတွက် စိန်ခေါ်မှုအရှိဆုံး မေးခွန်း

(10 August 2012 ရက်စွဲပါ Asian Tribune မှ Zin Linn ၏ “The most challenging question for President of Burma” ကို ဘာသာပြန်ဆိုသည်။)

အဘယ့်ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ရည်မှန်းချက်အောင်မြင်ရန် အလွန်ခက်ခဲနေရသနည်း။ ပြည်တွင်းစစ်များသည် ၁၉၄၈ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ စတင်ဖြစ်ပွားခဲ့ပါသည်။ ပြည်တွင်းစစ်အတွက် ပေးဆပ်ခဲ့ရမှုများမှာ နိုင်ငံကိုဆင်းရဲတွင်းသို့ ဆိုးရွားစွာထိုး ဆင်းသွားခဲ့ခြင်းပင် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ ဖြစ်စေခဲ့ပါသည်။ မြန်မာနိုင်ငံသည် ၁၉၈၇တွင် UN-OHRLLS ၌ ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံးနိုင်ငံအဖြစ် ၀န်ခံခဲ့ခြင်းသည် ၎င်း၏စီးပွားရေးအရ ဒေ၀ါလီခံမှုကို  မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဗြိတိသျှ အုပ်ချုပ်မှုလက်အောက်တွင်ရှိစဉ်က အရှေ့တောင်အာရှတွင် ဒုတိယအချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးဆန်တင်ပို့သော နိုင်ငံ ဖြစ် ပါသည်။ မြန်မာနိုင်ငံသည် သဘာဝသယံဇာတနှင့် လုပ်သားအင်အားကြွယ်ဝခဲ့ပါသည်။ ကမ္ဘာပေါ်တွင် ထွက်ရှိသောကျွန်း၏ ၇၅% မှာ မြန်မာနိုင်ငံမှ ဖြစ်ပြီး ပညာတက်နှုန်းမြင့်မားသော လူဦးရေရှိပါသည်။ မြန်မာနိုင်ငံသည် အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်နိုင်သော နိုင်ငံတစ်ခုအဖြစ် ယု့ကြည်ခဲ့ကြကြောင်း George Townတက္ကသိုလ်မှ အာရှလေ့လာရေးနှင့်ပက်သတ်၍ ထင်ရှားသောပါမောက္ခ David Steinbergက၎င်း၏ သုတေသနစာတမ်းများတွင် ပြောကြားခဲ့ပါသည်။

စစ်အာဏာရှင်အောက်တွင် ဆယ်စုနှစ်ပါင်းများစွာကြာလာသောအခါ မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့နှင့် ကျွန်းသစ်ရောင်းချသူအဖြစ် လူသိ များလာပြီး စစ်သားများ၏ ကျွမ်းကျင်မှုမရှိသော စီမံခန့်ခွဲမှုကြောင့် လူမှုစီးပွားရေး အခြေအနေများသည် ဆိုးရွားစွာ ကျဆင်းခဲ့ရပါသည်။ စစ်တပ်က စီးပွား ရေးကို လက်ဝါးကြီးအုပ်ခဲ့ခြင်းကြောင့် ပြည်သူလူထု အများစုမှာ ဆင်းရဲတွင်းနက်ခဲ့ရပါသည်။ တစ်ချိန်တည်းမှာပင် စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ ခရိုနီ များသည် တိုင်းပြည်၏ များပြားလှသော သယံဇာတများကို ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့ကြပါသည်။ ၂၀၁၀-၁၁ တွင် နိုင်ငံပိုင်ပစ္စည်းများ အထူးသဖြင့် အိမ် ၊ ခြံ၊ မြေများသည် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးမူဝါဒကို အကြောင်းပြ၍ စစ်အာဏာပိုင်များ၏ ဆွေမျိုးများထံသို့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပါသည်။ ထို့ကြောင့် စစ်တပ် ၏ ကျောထောက်နောက်ခံရှိပြီး အထူးအခွင့်အရေးရသော လူတန်းစားနှင့် သာမန်ပြည်သူတို့၏ ကွာဟချက်မှာပိုမို ကြီးမားလာခဲ့ရပါသည်။

မြန်မာနိုင်ငံ၏ အမည်ခံအရပ်သား အစိုးရသည် ၎င်းတို့စတင်တာဝန်ယူစဉ်က သမ္မတဦးသိန်းစိန် ပြောာကားခဲ့သော ကောင်းမွန်သော အုပ်ချုပ်ရေး၊ အမျိုးသားပြန်လည်ပေါင်းစည်းရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးစသည့် ကတိများကို လျစ်လျူရှုသယောင် ရှိနေပါသည်။ ကောင်းမွန်သောအုပ်ချုပ်မှု ၊ အမျိုးသားပြန်လည်ပေါင်းစည်းရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စသည်တို့ကို အကောင်အထည်ဖော်ရန် သမ္မတအနေဖြင့် တိုင်းရင်းသားသူပုန်များနှင့် ပြည်တွင်းစစ်ရပ်တန့်သွားရန် လိုအပ်ပါသည်။ ၎င်း၏အစိုးရကလည်းစစ်ပွဲများ ရပ်ဆိုင်းသွားရန် တိုင်းရင်းသားပြည်သူများကို သာတူညီမျှသော ရပိုင်ခွင့်နှင့် ကိုယ်ပိုင် ဆုံးဖြတ်ခွင့်များပေးရန် လိုအပ်ပါသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် အမျိုးသားပြန်လည်စုစည်းမှု ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားရေးများဖန် တီးနိုင်ရန် အချိန်မည်မျှ လိုအပ်သနည်း။ အဆိုပါ လုပ်ဆောင်မှုများအတွက် နောက်ထပ်နှောင့်နှေးကြန့်ကြာမှုများ ရှိပါက ပြည်တွင်းစစ်ကြာရှည်ခြင်း၊ အခွင့် အလမ်းများ ဆုံးရှုံးခြင်း နှင့် မသိနားမလည်သော ထောင်ပေါင်းများသော အသက်များကို ပေးဆပ်ရလိမ့်မည် ဖြစ်ပါသည်။ အကယ်၍ အစိုးထံတွင် စစ်မှန် သောနိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု အစီအစဉ်ရှိပါက ၎င်းသည်စစ်ဘေးဒဏ်သင့်သူများနှင့် မသိနားမလည်သော အရပ်သားများကို ကြင်နာမှုပြသော အားဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ကြေညာသင့်ပါသည်။ ယခုစစ်ပွဲများသည် အမှန်တကယ်တွင် တိုင်းပြည်၏ အင်အားဖြစ်သော လူ့အသက် ပေါင်းများစွာ အလဟဿ ဆုံရှုံးစေသည်ဟု အစိုးရအနေဖြင့် စဉ်းစားသင့်ပါသည်။

သံသယအရှိဆုံး မေးခွန်းမှာအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှုများကို အသိအမှတ်မပြုသော မြန်မာစစ်တပ်၏ လုပ်ရပ်ပင် ဖြစ်ပါ သည်။ လက်ရှိအားဖြင့် မြန်မာစစ်တပ်သည် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-South ၏ နိုင်ငံရေး ဌာနခွဲဖြစ်သော Restoration Council of Shan State (RCSS) ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ရှင်းလင်းပေးရန်နှင့် တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် တောင်းဆိုထားကြောင်း သိရှိရပါသည်။

၎င်းတို့သည် ဒီဇင်ဘာ ၂ရက်နေ့က ဦးသိန်းစိန်၏ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပါသည်။ ထိုအချိန်မှ ယခုအထိ SSA နှင့် စစ်တပ်ကြားတွင် တိုက်ပွဲပေါင်း၂၇ခုကျော်ကျော် ဖြစ်ပွားခဲ့ပါသည်။ နှစ်ဖက်စလုံးသည် ယခုလတွင် စတုတ္ထအကြိမ် တွေ့ဆုံရန် စီစဉ်ထားကြောင်း ရှမ်းသံ တော် ဆင့်သတင်းက ဆိုပါသည်။

ထို့အပြင် သြဂုတ်လ ၅ ရက်နေ့က ကရင်၏ KNU နှင့် အစိုးရနယ်ခြားစောင့်တပ်ကြားတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ကရင်သတင်းများက ပြောပါသည်။KNU နှင့် အစိုးရကိုယ်စားလှယ်များကလည်း ထိုနေ့တွင် နယ်စပ်မြို့ဖြစ်သော မြ၀တီတွင် တွေ့ဆုံခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေးအတွက် လိုက်နာရမည့် စည်းမျဉ်းများညှိနှိုင်းခြင်း ဖြစ်ကြောင်းသိရှိရပါသည်။ KNUအတွင်းရေးမှုး Naw Zipporah Sein က ကရင်သတင်းသို့ ပြောကြားရာတွင် အမိန့် ပေးမှုအားနည်း ခြင်းကြောင့် ထိုသို့ဖြစ်ရကြောင်း ပြောပါသည်။

သြဂုတ်လ ၃ရက်နှင့် ၄ ရက်နေ့က ကချင်ပြည်နယ်တွင် လည်းတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားကြောင်း ကချင်မြေသတင်း၏ အဆိုအရ သိရှိရပါ သည်။ တစ်ကယ်တမ်းတွင် တိုင်းရင်းသားဒေသများ၌ မြန်မာစစ်သားများ၏ လူ့အခွင့်အရေးချိုးဖောက်ခြင်းများသည် နိုင်ငံတကာ ဥပဒေများကို ဆိုးရွားစွာ မလိုက်နာခြင်းပင် ဖြစ်ပါသည်။ စစ်ပြေးဒုက္ခသည်များနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများကို လူသားချင်းစာနာသည့် အကူအညီများပေးရေးသည် လက်ရှိ သမ္မတ၏ တာဝန်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အကြီှးဆုံးပြဿနာမှာ စစ်တပ်က ၎င်း၏အစိုးရက တိုင်းရင်းသားသူပုန်များနှင့် သဘောတူညီထားမှုများကို အသိအမှတ်မပြုခြင်းပင် ဖြစ်သည်။ အစိုးရက အပြောတခြား၊ အလုပ်တခြား လုပ်နေခြင်းလော သို့မဟုတ် စစ်သားများက ၎င်းတို့၏တိုင်းပြည်သမ္မတကို ဆန့်ကျင်နေခြင်းလော ဆို သည်မှာ သဲသဲကွဲကွဲ မသိရှိနိုင်ပေ။ မည်သို့ဆိုစေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံ၏ သမ္မတအတွက် စိန်ခေါ်မှုအရှိဆုံး မေးခွန်းပင် ဖြစ်တော့ သည်။

--------------------------------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ်မှ ဖြစ်ရပ်သည် လူမျိုးရေးအရ၎င်း ဘာသာရေးအရ၎င်း မဟုတ်ဟု မြန်မာအစိုးရဆို

(10 August 2012 ရက်စွဲပါ VOA News မှ Burma: Sectarian Violence Not About Race or Religion သတင်းကို ဘာသာပြန်ဆိုသည်။)

 

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားသော အသက်အန္တရာယ် ဆုံရှုံးမှုများရှိသည့်  ဗုဒ္ဓဘာသာနှင့် မူစလင်များ အကြား ပြင်းထန်သော ဖြစ်ရပ်များသည် လူမျိုးရေးနှင့်လည်းကောင်း ဘာသာရေးနှင့်လည်းကောင်း ပတ်သက်မှု မရှိကြောင်း မြန်မာသမ္မတ ဦးသိန်းစိန်က ပြောသည်။

အထက်ပါမှတ်ချက်များကို သမ္မတက တူရကီ နိုင်ငံခြားရေးဝန်ကြီး အားကြာသပတေးနေ့ ကပြောကြားခဲ့သည်။ တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပဋိ ပက္ခကြောင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသော  ထောင်ပေါင်းများစွာသော လူများအား အကူအညီပေးရေး အဆိုပြုရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်။

ဦးသိန်းစိန်ကပြောကြားရာတွင် မငြိမ်သက်မှုများမှာ အမျိုးသမီးငယ်တစ်ဦးအား သတ်ဖြတ်ခြင်းကို လက်စားချေခြင်းမှ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရိုဟင်ဂျာ မူစလင်များနှင့် ရခိုင်ဗုဒ္ဓဘာသာများ အကြားဖြစ်ပွားသော ပြင်းထန်သောဖြစ်ရပ်များကြောင့် လူများ ဒါဇင်ချီ၍ သေဆုံးကြောင်း တရားဝင် ကိန်းဂဏန်းများအရ သိရှိရသည်။

သောကြာနေ့က ထုတ်ဝေသော နိုင်ငံပိုင် “New Light of Myanmar” တွင် သမ္မတဦးသိန်းစိန်က အထက်ပါ ခန့်မှန်းမှုများအတွက် မီဒီယာများ၏ပုံ ကြီးချဲ့မှုကို ယုံကြည်မှုမရှိကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ ၎င်းကရခိုင်ဒေသခံ (၃၁ဦး) နှင့်ရိုဟင်ဂျာ(၄၆ဦး) စုစုပေါင်း၇၇ဦးသာ သေဆုံးခဲ့ကြောင်း ပြောဆိုခဲ့ သည်။

တူရကီ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu ကမြန်မာနိုင်ငံမှ မထွက်ခွာမီ သတင်းထောက်များအား ပြောကြားရာတွင် ၎င်းသည်သေဆုံး သောစာရင်းများ နှင့်ပတ်သက်၍ ဝိရောဓိဖြစ်နေသော သတင်းစကားများ ကြားသိနေရကြောင်း ၎င်းနှင့်စကားပြောခဲ့သော ဘာသာရေး ခေါင်းဆောင်များက ထောင်ချီ၍ သေဆုံးခဲ့ကြောင်း ပြောခဲ့သည်ဟုဆိုသည်။

ယခုအရေးကိစ္စကို မူစလင်အများစု နေထိုင်သော နိုင်ငံများ၏ ဝေဖန်မှုများပေါ်ထွက်လာခဲ့ပြီး အချို့က ရိုဟင်ဂျာများအပေါ် ဘာသာရေးအရ နှိပ်ကွပ်မှုဟု ရှုမြင်ကြသည်။ ဆော်ဒီအခြေစိုက် Organization for Islamic Corporation ကအဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပေးရန် တိုက်တွန်းခဲ့သည်။

လူ့အခွင့်အရေးအုပ်စုများက မြန်မာနိုင်ငံအား ရိုဟင်ဂျာများကို ပိုမိုကာကွယ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ရိုဟင်ဂျာ အများစုမှာ နိုင်ငံသားအဖြစ် ငြင်းပယ်ခံထားရသည်။ Human Right Watch ၏မကြာသေးမီက အစီရင်ခံစာတွင် မြန်မာ့လုံခြုံရေး တပ်ဖွဲ့များသည် ပြင်းထန်သည့်ဖြစ်ရပ်များ ဖြစ်ပွားပြီး သည့်နောက်တွင် ရိုဟင်ဂျာများအပေါ် သတ်ဖြတ်ခြင်း၊ အဓ္ဓမပြုကျင့်ခြင်း နှင့် လူစုလူဝေးဖြင့် ဖမ်းဆီးခြင်းများ ရှိကြောင်း ပြောခဲ့သည်။

မြန်မာနိုင်ငံက အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး  ၎င်းလုံခြုံရေးတပ်ဖွဲ့များသည် အဓိကရုဏ်များ ပြီးဆုံးသွားရေးအတွက် လျက်မြန်စွာ လုပ် ဆောင်ရာတွင် ဥပဒေအကန့်အသတ်များနှင့် လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၆၀၀၀၀ခန့်ကိုလည်း ကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန် သည်ကြာသပတေးနေ့က တူရကီမှ ဒေါ်လာသန်း ၅၀ အကူအညီပေးရေး လှူဒါန်းမှုအား ကြီုဆိုခဲ့သည်။  ၎င်းကပြောကြားရာ တွင် ၎င်းသည်OICခေါင်းဆောင်များ လာရောက်လည်ပတ်သည်ကို ကြိုဆိုကြောင်း ၊ သို့မှသာ ရခိုင်ပြည်နယ်တွင် အမှန်တရားကို မျက်မြင်သိရှိနိုင်မည် ဖြစ် ကြောင်းပြောကြားခဲ့သည်။

ထိုဒေသတွင် ဇွန်လကတည်းက ရဲများထူထပ်စွာ ချထားသော အခြေအနေတွင်ရှိပြီး အရေးပေါ်အခြေအနေ ကြေညာထားဆဲဖြစ်သည်။ အချို့ သောလူ့အခွင့်အရေး အုပ်စုများက ပြောကြားရာတွင် ယခုပဋိပက္ခသည် မြန်မာနိုင်ငံမှ အမည်ခံ အရပ်သားအစိုးရ လုပ်ဆောင်နေသော နိုင်ငံရေးနှင့် စီးပွား ရေး ပြုပြင်ပြောင်းလဲမှုများ အတွက် အတာအဆီးအဖြစ် ခြိမ်းခြောက်နေကြောင်း ပြောကြားခဲ့သည်။

----------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်စလင်များ လူမျိုးတုံးသတ်ဖြတ်ခံရဟူသော စွပ်စွဲချက်ကို အမေရိကန်ငြင်းဆို

(International Business Times မှ 9 August 2012 ရက်စွဲပါ “US Denies Ethnic Cleansing of Rohingya Muslim in Myanmar” ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ မွတ်စလင်များကို အာဏာပိုင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် လူမျိုးတုံး သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည် ဟူသော ဆော်ဒီအာရေဗျနိုင်ငံ၏ စွပ်စွဲချက်အား အမေရိကန်ပြည်ထောင်စုက ငြင်းပယ်လိုက်သည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသောလူမျိုးရေးနှင့်ဘာသာရေးဆိုင်ရာတင်းမာမှုများကို အမေရိကန်ပြည်ထောင်စု၊နိုင်ငံခြားရေးဝန်ကြီးဌာမှ အကြီး တန်းပြောခွင့်ရပုဂ္ဂိုလ် Patrick Ventrellက "လွန်စွာစိုးရိမ်ပူပန်မိကြောင်း" ထုတ်ဖော်ပြောဆိုပြီး ရိုဟင်ဂျာ မွတ်စလင်အများအပြားကို လုံခြုံရေး တပ်ဖွဲ့ဝင် များက သေကြေပျက်စီးအောင် ကြိုးပမ်းလျက်ရှိသည်ဟူသောကိစ္စမှာ မဟုတ်မမှန်ကြောင်းငြင်းဆိုလိုက်သည်။ အမေရိကန်အစိုးရ အရာရှိကြီးများသည် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ်ကန်တားနား ရခိုင်ပြည်နယ်သို့ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း သွားရောက်လေ့လာရာတွင် လိုက်ပါသွားခဲ့ကြသည်။

"မြန်မာနိုင်ငံက၊ အထူးသဖြင့် ရခိုင်ပြည်နယ်ကလူမျိုးရေးနဲ့ဘာသာရေးဆိုင်ရာတင်းမာမှုတွေကို ကျွန်တော်တို့အနေနဲ့ ဆက်လက်လေ့လာ စောင့်ကြည့် သွားမှာပါ။ နောက်တစ်ခုက ကျွန်တော်တို့ယခင်တုန်းက တိုက်တွန်းခဲ့သလိုပါပဲ၊ ပါဝင်ပတ်သက်မှုရှိနေတဲ့ အဖွဲ့အစည်း တွေ၊ လူပုဂ္ဂိုလ်တွေ အနေနဲ့ ဆူပူအုံကြွမှုတွေ ထပ်မံမဖြစ်ပေါ်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်သွားကြဖို့၊ လူအချင်းချင်းခွဲခြား ဆက်ဆံမှု မပြုလုပ်ရေး၊ ဘာသာရေး လွတ်လပ်ခွင့်ပြုရေး စတဲ့မူဝါဒတွေ လက်ကိုင်ထားကြဖို့ တိုက်တွန်းလိုပါတယ်" ဟု၎င်းက သတင်းထောက်များကို ပြောကြားသည်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင်လတ်တလောကာလများအတွင်းဖြစ်ပွားလျက်ရှိသောအဆိုပါဆူပူအုံကြွမှုများနှင့်ပတ်သက်၍ ဆော်ဒီအာရေဗျ အ စိုးရ၊ အစ္စလာမစ် ပူးပေါင်းဆောက်ရွက်မှုအဖွဲ့ (OIC)တို့ကလူသိရှင်ကြား ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ကြသည်။ ရခိုင်ပြည်နယ်က အဆိုပါပဋိပက္ခမှာ ပြီးခဲ့သည့်ဇွန်လအတွင်း ရခိုင်အမျိုးသမီးငယ် တစ်ဦးကို မွတ်စလင်အမျိုးသားသုံးဦးက မုဒိမ်းကျင့်သတ်ဖြတ်မှု၊ ယင်းသတ်ဖြတ်မှုကို မကျေနပ်သောကြောင့် မွတ်စလင်အမျိုးသား ၁၀ဦးအားလူစုဖွဲ့ သတ်ဖြတ်မှုအစရှိသည်တို့ကြောင့် စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ခန့်မှန်းချက်များအရ ရခိုင်ပြည်နယ် ပဋိပက္ခတွင် မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်(၈၀) ခန့်သေဆုံးခဲ့ပြီး လူပေါင်း တစ်သိန်းခန့်ထွက်ပြေးပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။ သို့သော် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့(HRW) က သေဆုံးသူနှင့်ထွက်ပြေးပြောင်းရွှေ့သူအရေအတွက်ကို ခန့်မှန်း၍မရနိုင်ကြောင်းပြောဆိုသည်။ မြန်မာနိုင်ငံတွင် တရားဝင်နိုင် ငံတော်ဘာသာဟူ၍ သတ်မှတ်ထားခြင်းမျိုး မရှိသော်လည်း အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။

ရိုဟင်ဂျာမွတ်စလင်များမှာ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းမခံရပေ။၎င်းတို့ကို အစိုးရက တရားမဝင် ဝင်ရောက်လာသူများအဖြစ် သတ်မှတ်ထားသည်။ မြန်မာသမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာများကို အခြားနိုင်ငံတစ်နိုင်ငံသို့ပို့ရလိမ့်မည်ဟု ထုတ်ဖော်ပြောထားသည်။

မည်သို့ပင်ဆိုစေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာပြည်မှ ထွက်ပြေးတိမ်းရှောင်လာသော အဆိုပါ ရိုဟင်ဂျာ မွတ်စလင်များကို အကူအညီ အထောက်အပံ့ အနည်းငယ်မျှ ပေးခဲ့သည်။ အယ်လ်ဂျာဇီးယား သတင်းဌာန၏ ထုတ်လွှင့်ချက်အရ ရခိုင်ပြည်နယ်၊ မြို့တော် စစ်တွေတွင် အဆိုပါ ဆူပူ အုံ ကြွမှုများကြောင့် နေအိမ်များ၊ စာသင်ကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် ဗလီများ မီးလောင်ပျက်စီးလျက် ရှိသည်ကို တွေ့ရသည်။   နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကမူ အဆိုပါ လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက မွတ်စလင်များကို သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း အစရှိသည်တို့ လုပ်ဆောင်ခဲ့ကြကြောင်း စွပ်စွဲပြောဆိုသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment