Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၁.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အလားအလာအပေါ် ADB အကောင်းမြင်

(20 August 2012 ရက်စွဲပါ VOA News မှ Ron Corben ရေးသားသေား “ADB upbeat on Burma’s growth prospect” ကိုဘာသာပြန်ဆိုသည်။)

  1. သတင်းစားပိုမိုလွတ်လပ်ခွင့်ဆီသို့ နောက်ထပ်ခြေတစ်လှမ်း

(The Washington Times မှ 20 Aug 2012 ရက်စွဲပါ “Myanmar taking another step toward a free press” သတင်းကို ဘာသာပြန်ဆို ပါသည်။)

  1. ဂျပန်စီးပွားရေးတိုးတက်မှုဒုတိယလေးလပတ်အတွင်းနှေးကွေး

(BBC သတင်းဌာနမှ 15 August 2012 ရက်စွဲပါ "Japan's economic growth slows to 0.3% in second quarterကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အလားအလာအပေါ် ADB အကောင်းမြင်

(20 August 2012 ရက်စွဲပါ VOA News မှ Ron Corben ရေးသားသော “ADB upbeat on Burma’s growth prospect” ကိုဘာသာပြန်ဆိုသည်။)

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ကပြောကြားရာတွင် မြန်မာနိုင်ငံသည် အာရှ၏စွမ်းအားဖြင့် ကြီးပွားတိုးတက်နေမှုမှ အကျိုးအမြတ်များရရှိရန် နေရာ ကောင်းကောင်း ယူထားနိုင်ပြီဖြစ်ကြောင်း သို့သော် ဖွံ့ဖြိုးတိုးတက်မှုသည် စဉ်ဆက်မပြတ် ဖြစ်ပေါ်ပြီး အားလုံးပါဝင်မှု ရှိစေရေး သေချာရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်။

ADB ကတနလာင်္နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားရာ၌ မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ ဖွံ့ဖြိုးမှု ရပ်တန့်နေသော  စီးပွားရေးမှ ဖယ်ခွာသွားပြီဖြစ်ပြီး အာရှ၏တိုးတက်မှုမှ အကျိုးအမြတ်များ ရရှိတော့မည်ဖြစ်သည်။

ADB၏စီးပွားရေးပညာရှင် လက်ထောက်အရာရှိချုပ် Cyn Young Park ကပြောကြားရာတွင် မြန်မာနိုင်ငံသည် ရေနံ၊သဘာဝဓာတ်ငွေ့ နှင့် သတ္ထုတို့ကဲ့သို့သော သဘာဝသံယံဇာများ အားကောင်းခြင်းနှင့် အဓိကကျသော ပထဝီအနေအထားကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိနေကြောင်း ဖော်ပြထားသည်။

“မြန်မာနိုင်ငံဟာ သူ့ရဲ့ကြွယ်ဝမှု၊ ငယ်ရွယ်သောလူဦးရေ အားကောင်းမှုနှင့် ပထဝီအနေအထားအရ အားသာချက်တွေကိုအခြေခံပြီး တိုးတက် ဖွံ့ဖြိုး မှု အရှိန်မြှင့်နိုင်အောင် အသင့်ဖြစ်နေပါပြီ”ဟု ၎င်းကပြောသည်။

“မြန်မာနိုင်ငံဟာ ဒေသတွင်းတိုးတက်ဖွံ့ဖြိုးမှု အရှိန်မြှင့်နိုင်အောင် အသင့်ဖြစ်နေပါတယ်။ အာဆီယံနှင့် တရုတ်၊အိန္ဒိယကြားမှာ တံတားခင်းပေးနေ ပါတယ်။ ဒေသတွင်းမှာ စီးပွားရေးတိုးတက်မှု အားကောင်းနေတာကလည်း မြန်မာနိုင်ငံ လျင်မြန်စွာ နိုးထလာနိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေ ပါတယ်”ဟု ၎င်းကပြောကြား သည်။

မြန်မာစစ်တပ်သည် ၁၉၆၂ကတည်းက အာဏာရယူခဲ့ပြီး  နှစ်ပေါင်းငါးဆယ်နီးပါး မှားယွင်းစွာအာဏာ ရယူခဲ့ပြီး စီမံခန့်ခွဲခြင်းနှင့် အဂတိ လိုက်စား ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် အာရှ၏ အဆင်းရဲဆုံးနိုင်ငံတစ်ခု ဖြစ်ခဲ့ရသည်။

တစ်ဦးချင်းဝင်ငွေသည် ဒေသတွင်အိမ်နီးချင်းများဖြစ်သော ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ထက် နည်းပါးသည်။ လူလေးဦးတွင် တစ်ဦးသည် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရသည်။ အခြေခံအဆောက်အဦးများမှာလည်း ဒေသတွင်းစံထက် များစွာနိမ့်ကျလျက်ရှိပြီး ကျေး လက်နေထိုင်သူများ၏ ၃၀ရာခိုင်နှုန်းသာ လျှပ်စစ်မီးအသုံးပြုခွင့် ရကြသည်။

သို့သော်မြန်မာနိုင်ငံသည် သဘာဝကပေးသော သံယံဇာတများကောင်းစွာရှိသည်။ သဘာဝဓာတ်ငွေ့ အရန်ရှိနေမှုမှာ ၈ထရီလီယံ ကုဗပေရှိပြီး ရေနံစိမ်းစည်ပေါင်း(၂)ဘီလီယံရှိနေသည်။ ထို့ပြင်မြန်မာနိုင်ငံသည် သစ်တော၊ ရေနှင့် စိုက်ပျိုးရေးသံယံဇာတများ လုံလောက်စွာရှိကြောင်း ADBကပြော သည်။

မြန်မာနိုင်ငံ၏ ပြည်သူ့လွှတ်တော်က ၎င်း၏နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် အဓိကဧရိယာများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို  ၃၅-၄၉ ရာခိုင်နှုန်းသာ ထိန်းချုပ်ကန့်သတ်ထားမှု အတည်ပြုပြီးနောက် ယခုအကဲဖြတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော် Park ကပြောကြားရာတွင် ရေရှည်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အစိုးရ၏ ပြူပြင်ပြောင်းလဲရေး အပေါ် ထားရှိသည့် ကတိကဝတ် များ အပေါ်မူတည်၍ ယုံကြည်မှုရှိလာနိုင်သည်ဟုဆိုသည်။

“မြန်မာနိုင်ငံနှင့်ပတ်သက်လို့ အခုမှအစပဲရှိပါသေးတယ်။ အစိုးရအနေနဲ့  နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုရှိလာအောင် ဖြည့်ဆည်းပေးဖို့ လိုပါတယ်”ဟု Parkကပြောသည်။ “အစိုးရရဲ့ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေဟာ ရိုးသားမှုရှိပြီး နောက်ပြန်မလှည့်ပါဘူးလို့ ရင်းနှီးမြှုပ်နှံသူတွေ လက်ခံလာဖို့ကတော့ နဲနဲအချိန်ယူရပါလိမ့်မယ်။ ကတိကဝတ်တွေဟာ မြန်မာနိုင်ငံရဲ့ အင်အားပါပဲ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကတိတွေအများကြီး ပေးလိုက်ခြင်းအားဖြင့် မြန်မြန်ပြောင်းသွားနိုင်ပါသေးတယ်” ဟု၎င်းကပြောသည်။

ADB၏ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Stephen Groff ကတနင်္ဂနွေနေ့က “အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက်  သတိဖြင့်စိတ်ဝင်တစား အကောင်းမြင်ပါတယ်”ဟု Stephan Groff က ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ် သက်၍ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အသက်၃၀အောက်လူဦးရေ ရာခိုင်နှုန်းသည် ၂၅ရာခိုင်နှုန်းရှိပြီး၊၁၃သန်းခန့် ရှိသည်။

---------------------------------------------------------------------------------------------------------------------------

သတင်းစားပိုမိုလွတ်လပ်ခွင့်ဆီသို့ နောက်ထပ်ခြေတစ်လှမ်း

(The Washington Times မှ 20 Aug 2012 ရက်စွဲပါ “ Myanmar taking another step toward a free press” သတင်းကို ဘာသာပြန်ပါသည်။)

 ကာလများစွာဖိနှိပ်ချုပ်ချယ်ထားခဲ့သော မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ပြောဆိုခွင့်ပြုရန် အသိသာဆုံး ဖြေလျှော့မှုအဖြစ် သတင်းမီဒီယာအား တိုက်ရိုက်ဆင်ဆာ တည်းဖြတ်မှုကို တနလာင်္နေ့က ဖျက်သိမ်းပေးလိုက်သည်။

သို့သော်လည်း ကိုယ်တိုင်ဆင်ဆာဖြတ်ရမည့် အဖြစ်ကို ဆိုက်ရောက်သွားစေနိုင်သော ဆက်စပ်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကြောင့် ဘယ် လောက် ပြောင်းလဲသွားမှာလဲဟူသော သံသယမေးခွန်းများ ထွက်ပေါ်လာစေသည်။ ယခု စည်းကမ်းသစ်များအရ ယခင်နှစ် ၅၀ ကာလကဲ့သို့ မထုတ်ဝေခင် ဆင်ဆာတင်ရခြင်းကို လုပ်စရာ မလိုတော့ပေ။

သို့သော်ငြားလည်း နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် မီဒီယာသမားများကို ထောင်ချ၊ နာမည်ဖျက်၊ ထိန်းချုပ်ရန် အာဏာပိုင်များကို ခွင့်ပြုထားသော အရင်လိုခပ်ပြင်းပြင်းဥပဒေများ မပြောင်းမလဲ ရှိနေဆဲပင်ဖြစ်သည်။

ကမ္ဘာတွင် အဖိနှိပ်ခံရဆုံးသူများဟု သတ်မှတိထားခံရသော မြန်မာနိုင်ငံမှ သတင်းထောက်များသည် စောင့်ကြည့်ခံရခြင်း၊ တယ်လီဖုန်း ကြားဖြတ် နားထောင်ခံရခြင်း၊ ဆင်ဆာပိတ်ပင်ခံရခြင်းတို့ကို နှစ်ပေါင်းများစွာ ကြုံတွေ့ခံစားခဲ့ကြရပြီး လွတ်လပ်သော သတင်းစာစောင်များကို နေ့စဉ်ထုတ်ဝေခွင့် မရခဲ့ ကြပေ။

သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရသစ်က ပြီးခဲ့သောနှစ်အတွင်း မီဒီယာချုပ်ချယ်မှုအချို့ကို သိသိသာသာ ဖြေလျှော့ပေးခဲ့ပြီး ယခင် တပ်မတော် အစိုးရလက်ထပ်က စိတ်ကူးပင်မယဉ်နိုင်ခဲ့သော အကြောင်းအရာများနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံတို့ကို ဖေါ်ပြခွင့်ပေးခဲ့သည်။

သတင်းဂျာနယ်များ အပေါ်နှစ်ပေါင်းများစွာ ချုပ်ချယ်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာနက ယင်း၏၀က်ဘ်ဆိုက်တွင် တနလာင်္နေ့က ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး စာပေစီစစ်ရေးနှင့် မှတ်ပုံတင်ဌာနအကြီးအကဲ ဦးတင့်ဆွေကလည်း ရန်ကုန်မြို့တွင် အယ်ဒီတာများအား ၎င်းသတင်းကို ပြောကြားခဲ့သည်။

ယခုသတင်းကို လပေါင်းများစွာ ကြိုတင်မျှော်လင့်နေခဲ့ကြသော်လည်း မီဒီယာနယ်ပယ်ကို ပြင်ဆင်မည့် ဥပဒေသစ်ကို ရေးဆွဲရန် အစိုးရက ရုန်းကန်အားထုတ်နေရခြင်းကြောင့် အကြိမ်ကြိမ် နှောင့်နှေးကြန့်ကြာခဲ့ရသည်။

ဆင်ဆာစနစ်ကို အဆုံးသတ်ချိန်တွင် ဆင်ဆာဘုတ်ကိုလည်း ဖျက်သိမ်းမည်ဟု ဦးတင့်ဆွေက ယခင်ပြောကြားခဲ့သည်။ သို့သော် တနလာင်္နေ့က ကြေငြာချက်တွင်မူ ဆင်ဆာဘုတ်ကို ဆက်လက်ထားရှိမည်ဖြစ်ပြီး ယခင်အတိုင်း ထုတ်ဝေမှု ဆိုင်းငံ့နိုင်သည့်အာဏာကို ဆက်လက် ထိန်းသိမ်းထား မည်ဖြစ်ကြောင်း ရည်ညွှန်းထားပါသည်။

တနလာင်္နေ့က အစည်းအဝေးသို့တက်ရောက်ခဲ့သူ 7 Days သတင်းဂျာနယ်မှ အယ်ဒီတာ ငြိမ်းငြိမ်းနိုင်က “ သတင်းထောက်များသည် ၎င်းတို့၏ သတင်းဆောင်းပါးများကို ဆင်ဆာဘုတ်သို့ တင်ပြရလိမ့်ဦးမည် ဖြစ်ကြောင်း၊ သို့သော် ထုတ်ဝေပြီးမှ တင်ပြရတော့မည် ဖြစ်ကြောင်း” ပြောကြားသည်။

၁၉၆၂ တပ်မတော်အာဏာသိမ်းမှု နောက်ပိုင်းချမှတ်ထားသော ယင်းဥပဒေများတွင် တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကို ပျက်ပြားစေနိုင်သော၊ အခြေခံ ဥပဒေကို ဆန့်ကျင်သော၊ တိုင်းရင်းသားလူမျိုးများကို ပုတ်ခတ်စော်ကားသော သတင်းဆောင်းပါးများ မရေးသားရန် တားမြစ်ထားသော စည်းကမ်း များပါဝင်သည်။

အချို့ဥပဒေများသည် လိုရာဆွဲ၍ သုံးနိုင်ရန် ဖွင့်ပေးထားပြီး၊ အစိုးရအပေါ် ပြစ်တင်ဝေဖန်သူများကို အရေးယူနိုင်မည့် အခွင့်အာဏာ ပေးထား သည်။ ပြီးခဲ့သောနှစ်များအတွင်း စာနယ်ဇင်းသမားများအား ထောင်ချရန်အတွက်  ယင်းဥပဒေများကို အကြိမ်ကြိမ် အသုံးချခဲ့သည်။

အစိုးရ၏ ယခုကြေငြာချက်ကို အခြားမြန်မာစာနယ်ဇင်းသမားများကဲ့သို့ပင် ငြိမ်းငြိမ်းနိုင်က ကြိုဆိုလိုက်သော်လည်း “ကျွန်မတို့ကို ဆက်ပြီး စောင့် ကြည့်နေဦးမှာဆိုတော့ အရမ်းကို သတိထားပြီး လုပ်ကြရမှာပေါ့”ဟု ဆက်လက်ပြောကြားပါသည်။

------------------------------------------------------------------------------------------------------------------------------

ဂျပန်စီးပွားရေးတိုးတက်မှုဒုတိယလေးလပတ်အတွင်းနှေးကွေး

(BBC သတင်းဌာနမှ 15 August 2012 ရက်စွဲပါ "Japan's economic growth slows to 0.3% in second quarter”ကို ဘာသာပြန်ဆိုသည်)

ဥရောပဇုန်စီးပွားရေးအကျပ်အတည်းများဆက်လက်ဖြစ်ပေါ်နေခြင်း၊ ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ ယခုနှစ် ဒုတိယလေးလပတ်တွင် နှေးကွေးသွားကြောင်းသိရသည်။ ဂျပန်၏ ဂျီဒီပီမှာ ပြီးခဲ့သည့် သုံးလတာကာလအတွင်း ၀ဒဿမ၃ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ပထမလေးလပတ်တွင်မူ ၁ ရာခိုင်နှုန်းရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၏ ဒုတိယလေးလပတ်ကာလနှင့် နှိုင်းယှဉ်မည်ဆိုပါက ဂျပန်စီးပွားရေး အရွယ်အစားမှာ ၁ဒဿမ၄ရာခိုင်နှုန်းဖြင့် ကြီးမားလာခဲ့သည်။

စီးပွားရေး လေ့လာဆန်းစစ်သူများကမူ လာမည့်လများအတွင်း ဂျပန်စီးပွားရေး တိုးတက်မှု နှေးကွေးနေဦးမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးမှာ မရေရာမသေချာမှုများ ရှိနေကြောင်းခန့်မှန်းပြော ဆိုကြသည်။

"ပြည်တွင်းဝယ်လိုအားက အရှိန်လျော့ကျနေတယ်။ ပြည်ပတင်ပို့မှုကလည်း ဥရောပရဲ့ ကြွေးမြီအကျပ်အတည်းကြောင့် အားလျော့လာတယ် ဆို တော့ ဂျပန်စီးပွားရေးဟာ ဇူလိုင်ကနေ စက်တင်ဘာလအတွင်း တုံ့ဆိုင်းသလို ဖြစ်နေပါလိမ့်မယ်"ဟု တိုကျိုအခြေစိုက် Meiji Yasuda LifeInsurance မှ စီးပွားရေးပညာရှင် Yuichi. Kodamaကပြောကြားသည်။

အကြောင်းအရင်းမျိုးစုံ

ဂျပန်စီးပွားရေးသည် လတ်တလော အချိန်ကာလများအတွင်း အကြောင်းပေါင်းစုံကြောင့် ထိခိုက်နစ်နာလျက်ရှိသည်။ ဂျပန်ထုတ် ကုန်ပစ္စည်းများ အတွက် အကြီးမားဆုံးသောဈေးကွက်နှစ်ခု ဖြစ်သည့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့တွင်အကျပ်အတည်းများရှိနေခြင်းက ဂျပန်နိုင်ငံ၏ ပြည်ပ တင်ပို့မှု အခန်း ကဏ္ဍကို ထိခိုက်စေသည်။ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပြန်လည်နာလန်ထူမှုမှာ ယိုင်နဲ့နဲ့ အခြေအနေတွင်ရှိပြီး ဥရောပ ဇုန်မှာမူ ကြွေးမြီပြဿနာနှင့်ရင်ဆိုင်နေရသည်။

နောက်ဆုံးထွက်ရှိလာသော ကိန်းဂဏန်းများအရ ဒုတိယလေးလပတ်ကာလအတွင်း ပြည်ပ ဝယ်လိုအား ကျဆင်းမှုကြောင့် ဂျပန်ဂျီဒီပီမှာ ၀ ဒဿမ ၁ရာခိုင်နှုန်းလျော့ ကျသွားသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံခြားတင်ပို့ရောင်းချမှုများ ကျဆင်းနေမှုကို ပြန်လည်မြင့်တက် လာရေး အတွက် ပြည်တွင်းစားသုံးမှုမြှင့်တင်ရန် မလွယ်ကူကြောင်း ဂျပန်စီးပွားရေးမူဝါဒချမှတ်သူများ တွေ့ရှိခဲ့ကြသည်။

အိမ်ထောင်စုတစ်ခု၏သုံးစွဲမှုနှင့် ပုဂ္ဂလိကစားသုံးမှုတို့မှာ ဒုတိယလေးလပတ်အတွင်း (ယမန်နှစ်အလားတူ ကာလကထက်) ၀ဒဿမ၁ရာခိုင်နှုန်း သာမြင့်တက်ခဲ့သည်။

"ပြည်ပဝယ်လိုအား လျော့နည်းလာပါလိမ့်မယ်။ပြည်တွင်း သုံးစွဲမှုနဲ့ အများပြည်သူနဲ့ဆိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာလည်းပြည်ပဝယ်လိုအား ပြန် လည်မြင့်တက်လာအောင် လုပ်ဆောင်မပေးနိုင်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်"ဟု Shinkin Asset Management Company မှစီးပွားရေးပညာရှင် Hiroshi Miyazaki ကပြောကြားသည်။

ထိုသို့ပြည်ပနှင့် ပြည်တွင်းဝယ်လိုအား နှေးကွေးလျော့ကျလာမှုက တိုးတက်မှုအမြန်ဆုံး ပြန်လည်မြင့်တက်လာစေမည့် လုပ်ဆောင်မှုများ ပြုလုပ် ရန် မူဝါဒချမှတ်သူများကို ဖိအားပေးသွားလိမ့်မည်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment