Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၂.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံသည် ၂၀၃၀ တွင်အလယ်အလတ်အဆင့်ရှိ ၀င်ငွေရှိသောနိုင်ငံဖြစ်မည်ဟု ADB ပြော

(21 Aug 2012 ရက်စွဲပါ AFP မှ “Myanmar could be Mid income Nation by 2030: ADB” ကိုဘာသာပြန်ပါသည်။)

  1. ကလေးစစ်သားအသုံးချမှုအဆုံးသတ်ရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့သဘောတူလက်မှတ်ရေးထိုး

(IRIN သတင်းဌာနမှ 21 August 2012 ရက်စွဲပါ “Rebel Fighters sign pact to eliminate child soldiers” ကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံသည် ၂၀၃၀တွင် အလယ်အလတ်အဆင့်ရှိ ၀င်ငွေရှိသော နိုင်ငံဖြစ်မည်ဟု ADB ပြော

(21 Aug 2012 ရက်စွဲပါ AFP မှ “Myanmar could be Mid income Nation by 2030: ADB” ကိုဘာသာပြန်ပါသည်။)

အကယ်၍ မြန်မာအစိုးရသည် ပြုပြင်ပြောင်းလဲရေးတွင်ရှိသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဆိုပါက အားကောင်းသောစီးပွားရေး တိုးတက် ကြီးထွားမှုသည် မြန်မာနိုင်ငံကို ၂၀၃၀တွင် ၀င်ငွေအလယ်အလတ်အဆင့်ရှိ နိုင်ငံတစ်ခုအဖြစ် ဆွဲတင်နိုင်လိမ့်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က တနလာင်္နေ့က ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှု (GDP)သည် ၇.၈%ခန့်ရှိရန် အလားအလာရှိပြီး တစ်နှစ်လျှင် တစ်ဦး ချင်း ပျမ်းမျှဝင်ငွေသည် လာမည့်(၁၈)နှစ်အတွင်း သုံးဆခန့် တိုးနိုင်ကြောင်း မနီလာအခြေစိုက် ADB က ပြောပါသည်။

တိုင်းပြည်ကို စဉ်ဆက်မပြတ် ပြန်လည်ထူထောင်ရေး လမ်းကြောင်းပေါ်တွင် ရှိနေစေရေးအတွက် အခြေခံအဆောက်အဦး၊ ပညာရေး၊ ကျန်းမာ ရေးနှင့် လူမှုရေး ၀န်ဆောင်မှုများတွင် ပိုမိုရင်းနှီးမြှုပ်နှံကြရန် တောင်းဆိုခဲ့ပါသည်။

မြန်မာနိုင်ငံသည် တိုးတက်ကြီးထွားရေးအတွက် အားကောင်းသော အလားအလာများ အမှန်တကယ်ရှိကြောင်း ADBဒုဥက္ကဌ Stephen Groff က ပြောပါသည်။ ၎င်း၏အလားအလာကောင်းများကို သဘောပေါက်ရန်အတွက် ပြုပြင်ပြောင်းလဲရေးအတွက် အားကောင်းသော ကတိက၀တ်များ အဆက် မပြတ် ရှိနေရန် လိုအပ်ကြောင်း ဖြည့်စွက်ပြောကြား ခဲ့ပါသည်။

မြန်မာနိုင်ငံသည် စစ်တပ်အုပ်ချုပ်မှုအောက်တွင် ဆယ်စုနှစ်များစွာ စီးပွားရေးအရ မှားယွင်းစွာ စီမံခန့်ခွဲမှုများကြောင့် လူနေမှုအဆင့်အတန်းတွင် ၎င်း၏ အိမ်နီးချင်းများနောက်တွင် များစွာကျန်နေခဲ့ပါသည်။

လက်ရှိအားဖြင့် မြန်မာနိုင်ငံသည် အာဖကန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား နှင့် နီပေါတို့နှင့်အတူ အာရှတွင် ၀င်ငွေအဆင့် နိမ့်ကျနေသော နိုင်ငံများတွင် ပါဝင်လျက်ရှိပါသည်။

ကမ္ဘာ့ဘဏ်က လူတစ်ဦးလျှင် တစ်နှစ်အသားတင်ဝင်ငွေ ဒေါ်လာ (၁၀၂၅) ထက်နည်းသည့် နိုင်ငံများကို တစ်ဦးချင်းဝင်ငွေ နည်းသည့် နိုင်ငံအဖြစ်အဆင့် သတ်မှတ်ထားပါသည်။

သို့သော် အနာဂတ်တွင် မြန်မာနိုင်ငံသည် လျှင်မြန်စွာ တိုးတက်နေသော အိမ်နီးချင်းများနည်းတူ စီးပွားရေးတိုးတက်မှု အမှီလိုက်နိုင်မည်ဖြစ် ကြောင်း Groff က ပြောကြားခဲ့ပါသည်။

“ဒီတိုးတက်ကြီးထွားမှုဟာ အားလုံးပါဝင်ဖို့ လိုအပ်ပါတယ်။ လူလတ်တန်းစားကနေ အလွန်ဆင်းရဲတဲ့ အတန်းအစားအထိ ထိတွေ့ခံစားနိုင်ဖို့ လိုအပ် ပါတယ်” ဟု ၎င်းကပြောပါသည်။

--------------------------------------------------------------------------------------------------------------------------------

ကလေးစစ်သားအသုံးချမှုအဆုံးသတ်ရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့သဘောတူလက်မှတ်ရေးထိုး

(IRIN သတင်းဌာနမှ 21 August 2012 ရက်စွဲပါ “Rebel Fighters sign pact to eliminate child soldiers”ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့သည် အသက်မပြည့်သေးသူ ကလေးစစ်သားများ အသုံးပြုချမှုကို စွန့်လွှတ်ပြီး စစ်မက် ပဋိပက္ခများအတွင်း ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်မည်ဟု ဆွစ်ဇာလန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်သော Geneva Call နှင့် ကတိကဝတ်ပြု သဘောတူညီချက် စာချုပ်လက်မှတ် ရေးထိုးလိုက်ကြောင်း သိရသည်။

ယင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့မှာ ကယားအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ/ ကယားတပ်ဖွဲ့(KNPP/KA)နှင့် မွန်ပြည်သစ်ပါတီ/ မွန်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (NMSP/MNLA)တို့ ဖြစ်ကြပြီး ၎င်းတို့က အသက်၁၈နှစ် မပြည့်သေးသူများအား တပ်ဖွဲ့တွင်းသို့ ဝင်ရောက်ရန်စု ဆောင်းခြင်း(သို့မဟုတ်) အသက်၁၈နှစ် မပြည့်သေးသူများအား တပ်ဖွဲ့ဝင်အဖြစ် အသုံးပြုခြင်းတို့ကို ပြုလုပ်မည်မဟုတ်ကြောင်း ကတိပြုခဲ့ခြင်းဖြစ်သည်။

ထို့ပြင်စစ်မက်ပဋိပက္ခကြောင့် ကလေးသူငယ်များနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများ ထိခိုက်နစ်နာမှု မရှိအောင် တာဝန်ယူ အကာအကွယ် ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နေရာဒေသများမှ ကလေးငယ်များအတွက် ပညာရေး၊ကျန်းမာရေးနှင့် အခြားသော အထောက်အပံ့များ ပေးသွားမည်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

"ကျွန်တော်တို့ရဲ့ မူဝါဒကတော့ စစ်ဆင်ရေးကာလမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရေးပဲ ဖြစ် ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လာရောက်ကြည့်ရှု လေ့လာဖို့လည်း ကျွန်တော်တို့က အပြည့်အဝ ကြိုဆိုဖိတ်ခေါ်ပါတယ်"ဟု မွန်ပြည်သစ် ပါတီမှ ပြောရေးဆိုခွင့်ရှိသူ Hong Saကပြောကြားသည်။

အဆိုပါအဖွဲ့သည် ပြီးခဲ့သည့် ၁၉၉၅ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့သည်။ သို့သော်၂၀၁၀ ပြည့်နှစ် အရောက်တွင် နယ်ခြားဒေသ စောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးဟူသော စစ်အစိုးရ၏ အဆိုပြုချက်ကို ပယ်ချလိုက်ရာ တင်းမာမှုများ ပြန်လည်ထွက် ပေါ်လာခဲ့သည်။

"သူတို့သဘောတူ လက်မှတ်ရေးထိုးလိုက်တဲ့ အချက်တွေဟာ အမှန်တကယ် ဖြစ်လာတော့မှာပါ။ အခြားသော အစိုးရမဟုတ်တဲ့  တိုင်းရင်းသား တပ်ဖွဲ့တွေလည်း  အလားတူ လုပ်ကိုင်ဆောင်ရွက်ကြဖို့ ကျွန်တော်တို့က အားပေးအားမြှောက် ပြုလုပ်လိုပါတယ်" ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အ ဖွဲ့(HRW)မှ အာရှရေးရာ ဒါရိုက်တာ PhilRobertson ကပြောကြားသည်။

"ဒါဟာထူးခြားတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စဟာ  မှန်ကန်မှုရှိတဲ့ ဦးတည်ချက် တစ်ခုဖြစ်ပြီး

အခြားလက်နက်ကိုင် အုပ်စုတွေ လုပ်ကိုင်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တဲ့ကိစ္စကို ပြန်လည်အလေးပေး ဖော်ထုတ်ရာလည်း ရောက်ပါတယ်။ တကယ်တမ်းပြောရ လျှင် ဒီကိစ္စဟာထုတ်ဖော်ပြောဆိုဖို့ လိုအပ်နေတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်" ဟု၎င်းက မှတ်ချက်ပေးသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် HRWအဖွဲ့က မြန်မာနိုင်ငံရှိ လက်နက်ကိုင်တပ်ဖွဲ့များ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ကာ ကလေးစစ်သားစု ဆောင်းမှုနှင့် ကလေးစစ်သား အသုံးချမှုများကို မှတ်တမ်းတင်ခဲ့သည်။

လေ့လာစောင့်ကြည့်သူများကတော့ ပင်မလက်နက်ကိုင် တပ်ဖွဲ့ကြီးများ ဖြစ်ကြသည့် ကရင်၊ ဝ၊ ကချင်တပ်ဖွဲ့များ အနေဖြင့် ကယားနှင့် မွန်လက် နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့၏ လုပ်ကိုင်ဆောင်ရွက်မှုအတိုင်း လိုက်ပါလုပ်ဆောင်လာကြမည့် အချိန်ကို စောင့်စားလျက်ရှိကြသည်။

"ကလေးစစ်သား ကိစ္စနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုလျှင် ပြီးခဲ့တဲ့ ၂၀၀၇ခုနှစ်ကတည်းက ကျွန်တော်တို့အနေနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့လက် မှတ် ရေးထိုးထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေထဲမှာ ကလေးစစ်သားတွေ မရှိတော့ပါဘူး" ဟု ကရင်လက်နက်ကိုင် တပ်ဖွဲ့တစ်ခု ဖြစ်သော ကေအန်ယူမှ ဒုတိယဥက္ကဌ ဒေးဗစ်သာကရာဘောက ပြောကြားသည်။

၎င်းသည် ၁၉၄၉ခုနှစ် ကရင်တိုင်းရင်းသား ပဋိပက္ခစတင်ချိန်တွင် အသက်၁၄နှစ်အရွယ်ဖြင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ၎င်းက Geneva Call ၏ ကနဦး လုပ်ကိုင်ဆောင်ရွက်မှုကို ထောက်ခံကြောင်း၊ သို့သော် မြန်မာစစ်တပ်က ကလေးစစ်သား အသုံးပြုမှုနှင့် စုဆောင်းမှုများ မပြုလုပ် ရန် လတ်တလော ကတိကဝတ် ပြုလိုက်မှုအပေါ် သံသယရှိကြောင်း ပြောကြားသည်။

 "တပ်ထဲမှာ ကလေးစစ်သား ပပျောက်ရေးအတွက် ယခုလို လုပ်ကိုင်ကြတာတွေကို ကျွန်တော်တို့ စိတ်ဝင်စားမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဘက်က ယခုအချိန်အထိ ကလေးစစ်သားတွေကို အသုံးပြုနေလို့ပါ" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကလေးစစ်သားဟူသည်မှာ လက်နက်ကိုင်သော ကလေးငယ်များကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ တပ်ဖွဲ့တစ်ခုခုထဲတွင် ထမင်းချက်၊ ပေါ်တာ (သို့မ ဟုတ်) စာပို့သမားအဖြစ် တာဝန်ထမ်းဆောင်ပေးရသော အသက်၁၈နှစ်အောက် အရွယ်များလည်း အကျုံးဝင်သည်။

ပြီးခဲ့သည့် ဇွန်လတွင် ကလေးစစ်သား အသုံးပြုမှုနှင့် ကလေးစစ်သား စုဆောင်းမှုတို့ အဆုံးသတ်ရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ်ကို ကုလ သမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့(ယူနီဆက်)နှင့် မြန်မာစစ်တပ်တို့ လက်မှတ်ရေးထိုးလိုက်သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment