Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၂.၈.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ရန်ကုန်မြို့တွင်းခရီးသည်တင်ဘတ်စ်ကားအစီးရေငါးရာကျော် ယခုနှစ်အတွင်း လျော့ကျပြေးဆွဲ
  2. စပါးအထွက်ကျသော်လည်း ပြည်ပဆန်တင်ပို့မှု ဆက်လက်လုပ်ဆောင်မည်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဝန်ထမ်းများ၏ ခံစားပိုင်ခွင့်များ အဆင့်လိုက်ခံစားခွင့်ရရှိရေး အဆိုတင်သွင်း
  2. NDF ပါတီမှ လယ်ယာမြေကိစ္စနှင့် စပ်လျဉ်း၍ လယ်သမားကိုယ်စားလှယ်အချို့နှင့် တွေ့ဆုံဆွေးနွေး
  3. ဦးအောင်သိန်းလင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းရေး ကော်မရှင်ထံတင်ပြမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

**********************

ပြည်တွင်းသတင်းများ

ရန်ကုန်မြို့တွင်း ခရီးသည်တင်ဘတ်စ်ကားအစီးရေငါးရာကျော် ယခုနှစ်အတွင်း လျော့ကျပြေးဆွဲ

ရန်ကုန်၊ သြဂုတ် ၂၂။

မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒကြောင့် ကားအစီးရေ ခြောက်သောင်းကျော် တင်သွင်းခဲ့ပြီး ဖြစ်သော်လည်း ခရီးသည်ပို့ဆောင်ရေုး လုပ်ငန်း တွင် လုံလောက်မှုမရှိသော ရန်ကုန်မြို့တွင်းပြေးဆွဲသော ခရီးသည်တင် ဘတ်စ်ကားအရေအတွက်မှာ တနှစ်အတွင်း အစီးရေ  ၅၀၀ကျော် လျော့နည်း သွားကြောင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီ၏ စာရင်းများအရ သိရသည်။

၂၀၁၁ ခုနှစ် သြဂုတ်လအထိ ကားအစီးရေ ၇၄၁၈စီးဖြင့် မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက် ပြေးဆွဲခဲ့သော်လည်း ယခုအခါ ကားအစီးရေ ၆၈၅၂စီးသာ ပြေးဆွဲလျက်ရှိတော့ကြောင်း သိရသည်။

ခရီးသည်တင်ယာဉ်အချို့မှာ ယာဉ်အိုယာဉ်ဟောင်းအပ်နှံရာတွင် ပါဝင်သွားခြင်းနှင့် အထူးယာဉ်လိုင်းများနှင့် ယှဉ်ပြိုင်ပြေးဆွဲရာတွင် တွက်ခြေ ကိုက်မှု မရှိခြင်းကြောင့် ပြေးဆွဲသည့်စီးရေ လျော့နည်းသွားခြင်းဖြစ်ကြောင်း ယာဉ်ပိုင်ရှင်အချို့က ပြောကြားသည်။

ရန်ကုန်မြို့တွင်းရှိ ခရီးသည်တင်ယာဉ် မလုံလောက်မှုပြဿနာကို ရုံးဆင်းရုံးတက်ချိန်များတွင် ပိုမိုခံစားရမှုများ ရှိကြောင်း နေ့စားဝန်ထမ်းများက ညည်းညူပြောဆိုနေကြသည်။

အစိုးရဌာနတစ်ခုဖြစ်သော ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာန (က.ပ.ရ)ကမူ ဂျပန်နိုင်ငံနှင့် အကျိုးတူပူးပေါင်း၍ ဘတ်စ်ကား အစီးရေ ၃၀၀၀ကျော် မကြာမီကာလအတွင်း တင်သွင်းပြီး ရန်ကုန်မြို့တွင်း ခရီးသည်ပို့ဆောင်ရေုးလုပ်ငန်းကို ကနဦး အရှုံးခံကာ ဝင်ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်း ကုန်လမ်း ပို့ဆောင်ရေး ဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်း ကားဝယ်ယူသူအများစုက အမှန်တကယ် လိုအပ်ခြင်းထက် ယခင်ကတင်သွင်းခွင့် မရရှိသော၊ လူကြိုက်များသော ကား အများစုကိုသာ ဝယ်ယူအသုံးပြုနေကြကြောင်း၊ အစိုးရက ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို သာမာန် လူစီးဇိမ်ခံယာဉ်များထက် အခွန်နှုန်းထား လျော့ပေါ့ပေးထားသော်လည်း အဆိုပါကားများ တင်သွင်းမှုမှာ သိသာစွာ တိုးတက်လာခြင်းမရှိကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းချသော ကုမ္ပဏီ များထံမှ သိရသည်။

“ကျွန်တော် ကားရှစ်ရာကျော်ရောင်းခဲ့တာ အစီးတစ်ရာလောက်ပဲ တစ်ကယ်အသုံးချမဲ့ကားတွေ ပါတယ်”ဟု အကြီးစား ကားကုမ္ပဏီတစ်ခု ဖြစ်သည့် WIN and S.P.A.M co.ltd ဒါရိုက်တာ ဦးသောင်းနိုင်စိုးက ဆိုသည်။

လိုအပ်ချက်များစွာရှိနေသေးသော ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက် သဘာဝဓါတ်ငွေ့လောင်စာ (CNG) ကိုသာ အားထား အသုံးပြု နေရသည့် ခရီးသည်တင် ဘတ်စ်ကားများအနေနှင့် CNG လုံလောက်စွာ ဖြန့်ဖြူးနိုင်ခြင်း မရှိသဖြင့် မထသလိုင်းများအတွင်းရှိ ယာဉ်လိုင်းများကို ထပ်မံ တိုးချဲ့ရန် လတ်တလော ဖြစ်နိုင်ဖွယ်မရှိကြောင်း မထသဗဟိုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သဘာဝဓါတ်ငွေ့ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချမှုကြောင့် ဒေသခံများက ကန့်ကွက်မူများရှိနေပြီး ၂၀၁၃ ခုနှစ်တွင်  CNG အသုံးပြုမူကို ပြည်တွင်း၌ လုံလောက်အောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း အစိုးရက ကတိပြုထားသည်။

ရန်ကုန်မြို့တော်အတွင်း လူဦးရေ ၆သန်းကျော် နေထိုင်လျက်ရှိပြီး တစ်ရက်လျှင် ခရီးသည် ၂ဒသမ၇သန်းနီးပါးအတွက် မြို့တွင်း သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများက ဝန်ဆောင်မူပေးနေရသည်။

Sweet

-------------------------------------------------------------------------------------------------------------------------

စပါးအထွက်ကျသော်လည်း ပြည်ပဆန်တင်ပို့မှု ဆက်လက်လုပ်ဆောင်မည်

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း မိုးဆက်တိုက် ရွာသွန်းနေသည့်အတွက် မိုးစပါးအထွက်နှုန်း လျော့ကျလျက် ရှိသော်လည်း ပြည်ပ ဆန်တင်ပို့မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"နိုင်ငံတော်မှ စုဆောင်းထားတဲ့ အရန်ဆန်တွေ ရှိပါတယ်။ ပြည်တွင်းစားသုံးမှုဖူလုံဖို့နဲ့ ပြည်တွင်းဆန်ဈေး မြင့်တက်ဖို့ကို စိုးရိမ်ဖို့ မလိုပါဘူး။ ပြည်ပဆန်တင်ပို့မှုတွေကိုလည်း ရပ်ဆိုင်းမှာ မပာုတ်ပါဘူး ချင့်ချိန်ပြီး ဆက်တင်ပို့သွားမှာပါ" ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့ပြင် လက်ရှိ မြန်မာနိုင်ငံအတွင်း ရာသီဥတုဖောက်ပြန်မှုများကြောင့် မိုးသည်းထန်စွာရွာသွန်းကာ လယ်ယာမြေ များ ရေနစ်မြှုပ်မှု ဖြစ်ပွားလျက် ရှိသည့်အတွက် တောင်သူများအတွက် အဆိုးရွားဆုံး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး စားဝတ်နေရေးမှာလည်း အကြပ်အတည်းကာလသို့ ရောက်ရှိနေမှု ကြောင့် ပျက်စီးဆုံးရှုံးသွားသော လယ်ယာမြေများပေါ်တွင် တောင်သူများ ပြန်လည်စိုက်ပျိုးနိုင်ရန် သမ္မတမှ သဘာဝဘေးအန္တရာယ် ရန်ပုံငွေထဲမှ ယင်း တောင်သူများအတွက် ထုတ်ယူ သုံးစွဲခွင့်ပြုပေးသွားမည်ပာု သိရကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"တောင်သူတွေရဲ့ ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေနေရာမှာ ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် သဘာဝဘေး အန္တရာယ် ရန်ပုံငွေထဲက ထုတ်ယူ သုံးစွဲခွင့်ပြုမယ်လို့ သိရပါတယ်။ တောင်သူတွေအတွက်ကတော့ ဝမ်းသာစရာပါပဲ။ ဒီနှစ် လယ်ယာမြေတွေမှာ ရေမြှုပ်ကုန်လို့ မိုးစပါးတွေ ဆုံးရှုံးကုန်တဲ့ အပြင် ထပ်စိုက်ဖို့အတွက်ကလည်း စိုက်စရိတ်မရှိတော့ ခက်ခဲနေပါတယ်"ပာု ဧရာဝတီတိုင်းဒေသကြီးမှတောင်သူတစ်ဦးက ပြောကြားသည်။

ယခုနှစ်ပိုင်းအတွင်းတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မိုးအဆက်မပြတ်ရွာသွန်း၍ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မွန်၊ ကရင်၊ ရှမ်း ပြည်နယ်မြောက်ပိုင်းဒေသများတွင် လယ်ယာမြေများ ဆိုးရွားစွာရေနစ်မြှုပ်ခဲ့ပြီ တစ်နိုင်ငံလုံးတွင် လယ်ယာမြေဧက ၅၃၀၀၀၀ နီးပါး ရေနစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 YC

 **********************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဝန်ထမ်းများ၏ ခံစားပိုင်ခွင့်များ အဆင့်လိုက်ခံစားခွင့်ရရှိရေး အဆိုတင်သွင်း

၂၀၁၂ သြဂုတ်လ ၂၁ ရက်နေ့၌တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော်စတုတ္ထပုံမှန် အစည်းအဝေး (၃၁)မြောက်နေ့တွင် မကွေး တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှရွှေက Clean Government ဖြစ်စေရန် ဝန်ထမ်းများ၏ ရပိုင်ခွင့်၊ ခံစားပိုင်ခွင့်များ အဆင့်အလိုက် ခံစားခွင့်ရရှိရန် ပြည်ထောင်စု အစိုးရ အား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၄ ဦးတို့မှ ဆွေးနွေးခဲ့ပြီး သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က နိုင်ငံတော်မှ ဝန်ထမ်းအဖြစ်လျှောက်လိုသူများအား ပြည့်စုံရမည့် သတ်မှတ်ချက် အရည်အချင်းများကိုဖော်ပြ၍ ပေးနိုင်မည့် လစာ/ရက္ခာ ပမာဏကို ဖော်ပြ၍ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ စတင်ချိန်တွင် ရရှိမည့်လစာနှုန်းထားများနှင့် နှစ်တိုးမည်မျှ၊ အမြင့်ဆုံးလစာနှုန်းထား မည်မျှအထိရမည်ကိုသာ ဖော်ပြပြီး ခေါ်ယူ ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း နိုင်ငံတော်အစိုးရမှ ဝန်ထမ်းများ၏ ရာထူး/အဆင့်အတန်းအလိုက် လစာ၊ နေ့တွက်၊ ခရီးစရိတ်၊ ရုံးသုံးစရိတ် များနှင့် တက်နိုင်သမျှ နေအိမ်၊ တိုက်ခန်း၊ ရေ-မီး-မိလ္လာများနှင့် နယ်ဆင်း၍ တာဝန်ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများအတွက်လည်း ကုန်ကျ စရိတ်စာရင်းကို တင်ပြပါက ဝန်ကြီးဌာနတိုင်းမှ ခွင့်ပြုပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုကို တဲပေါ်မှ တိုက်ပေါ်ရောက်ရှိနိုင်စေရန် နိုင်ငံတော်၏ စီးပွားရေး အခြေအနေနှင့် အချိန်အခါပေါ် မူတည်၍ အကောင်အထည်ဖော်ပေးသွားမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ဖြစ်နိုင်သမျှ လစာတွင် အပိုဆောင်းငွေနှင့် အငြိမ်းစားလစာ တိုးပေးခဲ့ကြောင်း၊ နောက်ထပ်တိုးပေးနိုင်ရန်မှာ နိုင်ငံတော်၏ စီးပွားရေး တိုးတက်မှုအပေါ် မူတည်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးတိုးတက်လာရန်မှာ နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ ဝန်ထမ်းတိုင်းက မိမိတာဝန်ကိုကျေပွန်ရမှသာ နိုင်ငံသားတိုင်းမှ နိုင်ငံတော်၏ အသီးအပွင့်ကို စားသုံးရမည် ဖြစ်သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်၏အဆိုကို ပြန်လည်ရုတ်သိမ်းပေးရန် ပြောကြားသည်။

ထို့ကြောင့် Clean Government ဖြစ်စေရန် ဝန်ထမ်းများ၏ ရပိုင်ခွင့်၊ ခံစားပိုင်ခွင့်များ အဆင့်အလိုက် ခံစားခွင့်ရရှိရေးအဆို တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်များက အဆိုကို မှတ်တမ်းတင်လိုကြောင်း တင်ပြခဲ့သည့်အတွက် အဆိုရှင်၏ ဆန္ဒအရအဆိုကို မှတ်တမ်းအဖြစ်ထားရှိရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

YC

 -------------------------------------------------------------------------------------------------------------------------

NDF ပါတီမှ လယ်ယာမြေကိစ္စနှင့် စပ်လျဉ်း၍ လယ်သမားကိုယ်စားလှယ်အချို့နှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ သြဂုတ်၂၂။

သြဂုတ်လ ၂၂ရက်နေ့ နေ့လည် ၁၂နာရီ ရန်ကုန်မြို့ စီးတီးစတားဟိုတယ်ခန်းမ၌ အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီမှ တိုင်းနှင့် ပြည် နယ်အသီးသီးတို့မှ တောင်သူလယ်သမားအချို့နှင့် ကိုယ်စားလှယ်အချို့အား တွေ့ဆုံ၍ လယ်ယာမြေ အဓမ္မ သိမ်းယူခံရခြင်းနှင့် စပ်လျဉ်း၍ မီဒီယာသမား များအား ဖိတ်ကြားကာ ဆွေးနွေးရှင်းလင်းမှုများ ပြုလုပ်ကြောင်း သိရသည်။

“ဒီလိုစီစဉ်ရတာက ကျွန်တော်တို့အနေနဲ့ အခုလက်ရှိမှာ ဖြစ်နေတဲ့ လယ်ယာမြေ အဓမ္မသိမ်းယူခံနေရတာနဲ့ပတ်သက်ပြီး နည်းလမ်းတစ်မျိုးမျိုးနဲ့ ဖြေရှင်းနိုင်ဖို့အတွက် လုပ်တာဖြစ်ပါတယ်။ အခုလုပ်တဲ့အချိန်မှာ ပြည်နယ်နဲ့တိုင်းအသီးသီးကနေပြီး လယ်သမားအချို့နဲ့ ကိုယ်စားလှယ် ၅၀နီးပါး တက် ရောက်ကြပါတယ်။ ပြီးတော့ သူတို့နဲ့ သက်ဆိုင်တဲ့နေရာတွေမှာ လယ်တွေအသိမ်းခံရတာနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ ဖြေရှင်းနေလဲဆိုတာကို ဒီပွဲမှာ ပြန်ရှင်းပြကြပါတယ်။ သတင်းမီဒီယာ တော်တော်များများနဲ့လည်း တွေ့ဆုံသွားကြပါတယ်”ဟု ယင်းပွဲအား စီစဉ်သူ ကိုကျော်သူရက ပြောကြားသည်။

အဆိုပါပွဲ၌ မကြာသေးမီကာလက NDFပါတီသို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည့် လမ်းပြကြယ်ဦးအေးမြင့်သည် ပဲခူးတိုင်း လယ်သမားများ၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်မှ ဒေါ်ဘောက်ဂျာကလည်း လယ်သမားများ၏ ကိုယ်စားလှယ်တစ်ဦးအဖြစ် ပါဝင်ဆွေးနွေး၍ ကချင်ပြည်နယ်၌ မြေယာများ အသိမ်းခံရခြင်းနှင့် ပတ်သက်၍ တရားစွဲဆိုထားကြောင်းကိုလည်း ထည့်သွင်းပြောကြား သွားသည်။

“ကျွန်မတို့ ကချင်ပြည်နယ်က ရွာအချို့မှာဆိုရင် လယ်တွေ၊မြေယာတွေ အသိမ်းခံရတဲ့အတွက် တချို့ရွာတွေက ပြည်သူတွေဆိုရင် နေစရာ အိမ်တောင် မရှိဘူး ဖြစ်နေပါတယ်။ ဘယ်လောက်ထိဆိုးလဲဆိုရင် မျက်စိတစ်ဆုံး ကြည့်လိုက်ရင်တော့ မြေတွေ မြင်နေရတယ်ဆိုပေမယ့် အဲဒီမြေတွေမှာ တစ်လက်မတောင် မပိုင်ပါဘူး။ အဲဒီလိုတွေ ဖြစ်နေတာကြောင့် ရွာတွေက ပြည်သူအချို့ဆိုရင် ရောဂါမျိုးစုံနဲ့ သေဆုံးသွားခဲ့တာလည်း မနည်းပါဘူး။ အဲဒီလို မျိုး ပြည်သူတွေဆီကနေ အတင်းအဓမ္မ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ရအောင်ဆိုပြီး ပြီးခဲ့တဲ့လအနည်းငယ်က ကျွန်မ တရားရုံးကို လျှောက်ပြီး တင်ပြတာ နှစ်ကြိမ်ရှိပြီ။ နှစ်ကြိမ်လုံး ပလပ်ခံရတယ်။ ဒီတစ်ခေါက်လည်း ထပ်တင်ထားတယ်။ ဒီတစ်ခါတင်တော့ တရားရုံးက လက်ခံထားပါတယ်”ဟု ကချင်ပြည်နယ်၏ လယ်သမားကိုယ်စားလှယ်အဖြစ် အဆိုပါပွဲသို့ တက်ရောက်ဆွေးနွေးသည့် ဒေါ်ဘောက်ဂျာက ပြောကြားသည်။

ထို့နောက် ယင်းသို့ NDFပါတီမှ လယ်ယာမြေသိမ်းယူခံရခြင်းနှင့် ပတ်သက်၍ တိုင်းနှင့်ပြည်နယ်အသီးသီးမှ လယ်သမားအချို့နှင့် ကိုယ်စားလှယ် များအား တွေ့ဆုံပွဲ၌ NDF ပါတီမှ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းနှင့် ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေတို့မှ ပါဝင်ဆွေးနွေး၍ ပြောကြားသွားကြောင်း သိရှိ ရပြီး ယင်းအခမ်းအနားအား နေ့လည် ၂နာရီဝန်းကျင်ခန့်တွင် ပြီးဆုံးသွားကြောင်း သိရသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီသည် ယခင် ပါတီရုံးချုပ်အဖြစ် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ဒဂုံလွင်လမ်း၌ ဖွင့်လှစ် ထားရာမှ သြဂုတ်လ ၂၂ရက်နေ့မှစတင်၍ ဗဟန်းမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်း၊  ဗိုလ်စိန်မှန်ရပ်ကွက်သို့ ပြောင်းရွှေ့ကြောင်း သိရှိရ သည်။

ATM

-------------------------------------------------------------------------------------------------------------------------

ဦးအောင်သိန်းလင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းရေး ကော်မရှင်ထံတင်ပြမည်

တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းအား လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်း ရေးအတွက် တောင်ဥက္ကလာပမြို့နယ်ရှိ မဲဆန္ဒရှင်များမှ လက်မှတ်ရေးထိုး၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

“ဦးအောင်သိန်းလင်းရဲ့ တရုတ်နိုင်ငံပိုင်သတင်းစာမှာ မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီး ပြောသွားချက်ပာာ တော်တော်ကို ဆိုးပါတယ်။ ဒီကိစ္စပာာ ပညာမဲ့ လူတန်းစားတယောက်ရဲ့ ပြောသွားမှုမျိုးပါပဲ။ သူ့ကို ပြည်ခိုင်ဖြိုးပါတီကလည်း ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ရာထူးကနေ လျှော့ချလိုက်တယ်လို့ ကြား ပါတယ်။ ခု လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကပါ နှုတ်ထွက်စေဖို့အတွက် မဲဆန္ဒရှင်ပြည်သူတွေက လက်မှတ်ထိုးပြီး တောင်းဆိုသွားမှာပါ”ပာု တောင် ဥက္ကလာပမြို့နယ်မှ မဲဆန္ဒရှင်တစ်ဦးက ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆ တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား တာဝန်ယူရုတ်သိမ်းရေးအတွက် ပြဋ္ဌာန်းထားသည် သက် ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှပြတ်လည်ရုတ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံတင်ပြပြီး ကော်မရှင်က စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

“ဦးအောင်သိန်းလင်းရဲ့ ကိစ္စကတော့ တကယ်ကို သည်းခံနိုင်စရာ မရှိဘူး။ သူက နိုင်ငံကိုလည်း စော်ကားတယ်။ နိုင်ငံတော်သမ္မတကိုလည်း စော်ကား ပြောဆိုသွားပါတယ်။ သူ့ကို ကြံ့ခိုင်ရေးက ရာထူးလျှော့ရုံတင် မပာုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကပါ နှုတ်ထွက်ခိုင်းရမှာပါ”ပာု တောင် ဥက္ကလာပမြို့နယ်မှ ပြည်သူတစ်ဦးက ဆိုသည်။

ယခင် ပြည်ခိုင်ဖြိုးပါတီ၏ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးအောင်သိန်းလင်းသည် တရုတ်နိုင်ငံပိုင် Southern Weekend (China)သတင်းစာ၌ တရားလက်လွတ်ပြောကြားမှုများကြောင့် ပြည်ခိုင်ဖြိုးပါတီ၏ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံရာထူးမှဖြုတ်ချခဲ့သည့်အပြင် လက်ရှိအချိန်တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ၎င်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်မှ မဲဆန္ဒရှင်များမှ လွှတ်တော်ကိုယ်စားလှယ်ရာထူးမှပါ ဖြုတ်ချနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

 YC

**********************

သတင်းနှင့် ဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကော်မတီကော်မရှင်များသည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်မှသာ ပြည်ထောင်စုအချင်းချင်း အပြန်အလှန် ထိန်းကျောင်းနိုင်မှာဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမဟုတ်ဘူးဆိုရင် ဘယ်လိုမှ ထိန်းကျောင်းနိုင်မှာ မဟုတ်ပါဘူး။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုတာ လွှတ်တော်က လက်မခံ၊ ပစ်ပယ်ပြီး ဆုံးဖြတ်ထားခြင်းသည် သူ့မှာဆုံးဖြတ်ပိုင်ခွင့်မရှိတာကို ဆုံးဖြတ်တယ်။ ဒါလောက် လွယ်ကူရှင်းလင်းတဲ့ဥပဒေကို ဥပဒေပညာရှင်များနဲ့ ဖွဲ့စည်ထားတဲ့အဖွဲ့က မသိဘူး။ ဒါဆိုရင် ဥပဒေပညာရှင်မှ ဟုတ်ပါလေစ”

သြဂုတ် ၂၂ရက်ထုတ် Popular News ဂျာနယ် အတွဲ (၄) အမှတ် (၃၃) တွင်ပါရှိသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကိစ္စ စစ်ဆေးရေးအဖွဲ့ဖြင့် ပြည်သူ့ လွှတ်တော်ကိုင်တွယ်မည် သတင်းမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------------------------

“လွှတ်တော်ဆိုင်ရာ ဥပဒေများတွင် လွှတ်တော်မှဖွဲ့စည်းသော ကော်မတီ ကော်မရှင်များသည် ပြည်ထောင်စုအဆင့်ဖြစ်ကြောင်း ဖော်ပြချက်များသည် ကလောင်ချွန်၍ ရေးသားခြင်းများသာဖြစ်ပြီး၊ ပြည်ထောင်စုအဆင့်ဆိုပါက ပြည်ထောင်စုနှင့် လျော်ညီသော facilities များ ပေးရမည်ဖြစ်သည်။ ခုံရုံးဆိုသည် မှာ တရားရုံးဖြစ်သည့်အတွက် ပရိတ်သတ်များနှင့် ကင်းကင်းရှင်းရှင်းနေရမည့် ဌာနဖြစ်သည်၊ ဆက်လက်၍ ခုံရုံးအနေဖြင့် နိုင်ငံတော်မှ ပေးအပ်သည့် တာဝန်များကို ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်သည်”

သြဂုတ် ၂၀ရက်နေ့ Weekly Eleven ဝက်ဆိုက်စာမျက်နှာတွင်ပါရှိသည့် “နိုင်ငံတော်ဖွဲ့စည်းပုံဆိုင်ရာခုံးရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လွှတ်တော်က စွပ်စွဲပြစ်တင်သည့် နည်းလမ်းအစား ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ပြုလုပ်မည်ဆိုပါက သင့်လျော်ကောင်းမွန် မည်ဟု နိုင်ငံတော်သမ္မတတိုက် တွန်း”သတင်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

**********************

“ယခုလတ်တလောအခြေအနေ၌ Yangon Chronicle ၏ ပြည်တွင်းသတင်း၊ နိုင်ငံရေးသတင်းများ၊ ဆောင်းပါးကဏ္ဍနှင့် ဘာသာပြန်သတင်းများအား Credit ပေးခြင်းမရှိဘဲ ကူးယူဖော်ပြမှုများ ပြုလုပ်နေကြောင်း အထောက်အထားဖြင့် တွေ့ရှိရသောကြောင့် နောက်နောင် ထိုကဲ့သို့ သတင်းအရင်းအမြစ် အား Credit မပေးဘဲ မည်သည့်အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးယောက်မှ မိမိ၏ကိုယ်ပိုင်ကဲ့သို့ ဖေ့စ်ဘွခ်စာမျက်နှာ၌ ကူးယူဖော်ပြမှု များအား မပြုလုပ်ပါရန် လေးစားစွာ အသိပေးကြေညာအပ်ပါသည်။”

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment