Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၁.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. Oji Paper နှင့် Sumitomo forestry တို့ မြန်မာနိုင်ငံမှသစ်ပင်စိုက်ပျိုးနိုင်သော မြေများကိုမျက်စိကျ

(10 Nov 2012 ရက်စွဲပါ The Japan Times မှ Oji Paper, Sumitomo Forestry eye Myanmar wordland ကိုဘာသာပြန်ဆိုသည်) 

  1. လာမည့်နှစ်တွင် မြန်မာပုဂ္ဂလိကလေကြောင်းလိုင်းသစ် စတင်ပျံသန်းမည်

(Bernama News မှ 8 Nov 2012 ရက်စွဲပါ “Myanmar’s New Prirate Airline to launch flights Next Year”သတင်းကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

Oji Paper နှင့် Sumitomo forestry တို့ မြန်မာနိုင်ငံမှသစ်ပင်စိုက်ပျိုးနိုင်သော မြေများကိုမျက်စိကျ

(10 Nov 2012 ရက်စွဲပါ The Japan Times မှ Oji Paper, Sumitomo Forestry eye Myanmar wordland ကိုဘာသာပြန်ဆိုသည်)

စက္ကူထုတ်လုပ်သူ Oji Holding Corp. နှင့်နေအိမ်ဆောက်လုပ်သူ Sumitomo Forestry Co. တို့သည်နှစ်ဦးပူးပေါင်း၍ မြန်မာနိုင်ငံမှ သစ်တောကဏ္ဍတွင် အခွင့်အလမ်းများလေ့လာလျက်ရှိကြောင်း သတင်းများကဆိုသည်။

ကုမ္ပဏီနှစ်ခုသည် မြန်မာနိုင်ငံတွင် သစ်ပင်စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေလေ့လာမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကြာသပတေးနေ့က သတင်းများကဆိုသည်။

၎င်းတို့သည် မြန်မာနိုင်ငံတွင် သစ်အချောထည်စက်ရုံ တည်ဆောက်ရေးနှင့် စက္ကူထုတ်လုပ်ရေးအတွက် ဖြစ်နိုင်ခြေများကိုရှာဖွေပြီး စဉ်းစားလျက်ရှိကြောင်း သတင်းများက ဆိုသည်။

၎င်းတို့သည် ဖြစ်နိုင်ခြေလေ့လာမှုများနှင့် မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးမှုရလဒ်များကိုကြည့်၍ မည်သည့်အချိန်တွင် စတင်မည်၊ ငွေမည်မျှ သုံးမည်အပါအဝင် စီမံကိန်းများရေးဆွဲမည်ဖြစ်သည်။

Oji သည်စက္ကူနှင့်ပျော့ဖတ် ထုတ်လုပ်ရာတွင် ကုန်ကြမ်းရရှိမှုတည်ငြိမ်စေရန် ဂျပန်နိုင်ငံပြင်ပတွင် ၁၉၇၀ ခုနှစ်များမှစ၍ သစ်ပင်စိုက်ပျိုးရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်။ အာရှနှင့် အခြားနိုင်ငံ တော်အတော်များများတွင် ၎င်းသည် သစ်ပင်စိုက်ပျိုးရေး လုပ်ကိုင်လျက်ရှိပါသည်။

၎င်းသည် Sumitomo Forestry နှင့်အုပ်စုဖွဲ့၍ မြန်မာနိုင်ငံတွင် အိမ်သုံးပစ္စည်းနှင့် ပရိဘောဂများထုတ်လုပ်ရန် မျှော်မှန်းနေပါသည်။ Sumitomo Forestry သည် သစ်အချောထည်ထုတ်လုပ်မှုတွင် အဆင့်မြင့်နည်းပညာများရှိပါသည်။ Oji သည် စက္ကူနှင့် ပျော့ဖတ်အတွက် အရင်းအမြစ်များကိုလည်း ဝယ်ယူပါသည်။

မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံထက် ၁.၈ ဆကြီးမားပြီး၊ တိုင်းပြည်၏ တစ်ဝက်ခန့်ကို သစ်တောများ ဖုံးလွှမ်းနေသောကြောင့် ကမ္ဘာပေါ်တွင် သစ်တောသယံဇာတ ပေါများသောနိုင်ငံဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် သစ်တောများတွင် အလွန်အကျွံ့သစ်ထုတ်ယူမှုများကို ကြုံတွေ့နေရခြင်းကြောင့် စနစ်တကျသစ်လုံးထုတ်ရေးနှင့် သစ်ပင်စိုက်ပျိုးရေးအပါအဝင် စဉ်ဆက်မပြတ် သစ်တောရှိနေစေရေးအတွက် နိုင်ငံခြားအရင်းအနှီးများကို ဆွဲဆောင်နိုင်ရန် မျှော်လင့်လျက်ရှိသည်။

                                                               **************************************************

လာမည့်နှစ်တွင် မြန်မာပုဂ္ဂလိကလေကြောင်းလိုင်းသစ် စတင်ပျံသန်းမည်

(Bernama News မှ 8 Nov 2012 ရက်စွဲပါ “Myanmar’s New Prirate Airline to launch flights Next Year”သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကလေကြောင်းလိုင်းသစ် “ရွှေမြန်မာ”သည် ၎င်း၏ကနဦး ပျံသန်းမှုခရီးစဉ်ကို လာမည့်နှစ်ဇန်နဝါရီလတွင် စတင်မည်ပာု သိရှိရသည်။

လေကြောင်းလိုင်းသစ်သည် ပြည်တွင်းနှင့်ပြည်ပခရီးစဉ်များအား ချိုသာသောနှုန်းထားဖြင့် ပျံသန်းဝန်ဆောင်မှုပေးသွားမည်ပာု ပြည်တွင်း သတင်းကိုကိုးကား၍ Xinhua ကသတင်းထုတ်ပြန်သည်။

ရွှေမြန်မာသည် ခြောက်ခုမြောက် ပုဂ္ဂလိကပြည်တွင်းလေကြောင်းလိုင်းသစ် ဖြစ်လာမည်ပာု သိရှိရသည်။

မြန်မာအလံတင်လေကြောင်းလိုင်း Myanmar Airways International ကလည်း ယခုနှစ်မကုန်မီ ရန်ကုန်-ပောာင်ကောင် တိုက်ရိုက်ခရီးစဉ်ကို စတင်ပျံသန်းတော့မည်ဖြစ်သည်။

ပြီးခဲ့သော စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း နိုင်ငံခြားလေကြောင်းလိုင်း ၅ ခုက ၎င်းတို့၏ပထမဆုံး ရန်ကုန်ခရီးစဉ်များကို ပျံသန်းခဲ့ကြသည်။

***********************************************

 

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment