Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၂၉.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံမှ မငြိမ်သက်မှုအပေါ်စိုးရိမ်ကြောင်း ကုလသမဂ္ဂထုတ်ဖော်

(Reuters မှ 27 Nov 2012 ရက်စွဲပါ “UN expresses concern over Myanmar unrest” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရခိုင်ဒေသအိုးမဲ့အိမ်မဲ့များအတွက် ဒေါ်လာ ၅.၃ သန်း ကုလထပ်မံကူညီ

(The Natioon မှ 28 Nov 2012 ရက်စွဲပါ “UN gives $5.3m to assist Myanmar displaced” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဇန်နရီလတွင် ဂွမ်းဂျုးသို့ ဒေါ်အောင်ဆန်းစုကြည်သွားလည်မည်

(The Chosul Llbo  မှ 29 Nov 2012 ရက်စွဲပါ “Aung San Suu Kyi to Visit Gwangju in January” သတင်းကိုဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံမှ မငြိမ်သက်မှုအပေါ်စိုးရိမ်ကြောင်း ကုလသမဂ္ဂထုတ်ဖော်

(Reuters မှ 27 Nov 2012 ရက်စွဲပါ “UN expresses concern over Myanmar unrest” သတင်းကို ဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂအထွေထွေညီလာခံ၏ ကော်မတီတစ်ရပ်က မြန်မာနိုင်ငံမှ ရခိုင်နှင့်ရိုဟင်ဂျာများအကြား အဓိကရုဏ်းဖြစ်ပွားမှုအပေါ် အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး အာဏာပိုင်အချို့၏ လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများကိုဖြေရှင်းရန် အစိုးရကို တိုက်တွန်းလိုက်ပါသည်။

အဖွဲ့ဝင် ၁၉၃ နိုင်ငံ အထွေထွေညီလာခံ၏ လူ့အခွင့်အရေးကိစ္စများ အဓိကဆောင်ရွက်သော “တတိယကော်မတီ”က နောက်ဆက်တွဲမပါသော ဆုံးဖြတ်ချက်ကို တစ်ညီတညွတ်တည်း အတည်ပြုခဲ့သည်။ ယင်းဆုံးဖြတ်ချက်တွင် ယခုအချိန်အထိ အတည်ြပု၍မရသေးသော စွပ်စွဲချက်များကို ဝါးလုံးသိမ်း ရေးသားပြုစုထားသည်ဟု မြန်မာနိုင်ငံက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဇွန်လမှစ၍ ရခိုင်ဗုဒ္ဓဘာသာနှင့် ရိုဟင်ဂျာမွတ်ဆလင်များအကြား အဓိကရုဏ်းဖြစ်ပွားမှုများကြောင့် လူပေါင်းဒါဇင်နှင့်ချီ၍ သေဆုံးကာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အဓိကရုဏ်းဖြစ်ပွားပြီး နောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များက ရိုဟင်ဂျာများကို ဖမ်းဆီးခြင်း၊ မတရားပြုကျင့်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲထားကြသည်။ မြန်မာအစိုးရကမူ အမြင့်ဆုံး သည်းခံမှုကိုကျင့်သုံး၍ အဓိကရုဏ်းကို ကိုင်တွယ်ခဲ့သည်ဟု တုန့်ပြန်ရှင်းလင်းခဲ့သည်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာတို့၏ အနေအထားအပေါ် အထူးစိုးရိမ်ကြောင်း  ထုတ်ဖော်ထားသည့် ကုလသမဂ္ဂဆုံးဖြတ်ချက်တွင် ရိုဟင်ဂျာတို့၏ အခြေအနေ တိုးတက်မှုရှိစေမည့် ဆောင်ရွက်ချက်များပြုလုပ်ရန် ၎င်းတို့၏ နိုင်ငံသားခံယူခွင့်အပါအဝင် လူ့အခွင့်အရေးများကို ကာကွယ်ပေးရန် မြန်မာ အစိုးရကို တိုက်တွန်းထားသည်။

မြန်မာအနောက်ဖက်ကမ်းရိုးတန်း ရခိုင်ဒေသတွင် အနည်းဆုံးရိုဟင်ဂျာ ၈ သိန်းခန့် နေထိုင်လျှက် ရှိသော်လည်း ၎င်းတို့သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ တရားမဝင်ရွှေ့ပြောင်း ဝင်ရောက်နေထိုင်သော ဘင်္ဂါလီများသာဖြစ်သည်ဟု ဒေသခံရခိုင်များနှင့် မြန်မာပြည်သူအများစုက သတ်မှတ်ထားကြသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်က အထက်ပါဆုံးဖြတ်ချက်ကို လက်သင့်ခံသော်လည်း ရိုဟင်ဂျာများကို တိုင်းရင်းသားမျိုးနွယ်အဖြစ် ရည်ညွှန်းခြင်းကို ကန့်ကွက်သည်ဟု ‘တတိယကော်မတီ’သို့ ပြောကြားခဲ့သည်။

ကုလသမဂ္ဂသို့ စေလွှတ်ထားသော မြန်မာကိုယ်စားလှယ်က “မြန်မာနိုင်ငံရဲ့တိုင်းရင်းသား မျိုးနွယ်တွေထဲမှာ ရိုဟင်ဂျာဆိုတာ မရှိပါဘူး”ဟု ပြောကြားသည်။

******************************************

ရခိုင်ဒေသအိုးမဲ့အိမ်မဲ့များအတွက် ဒေါ်လာ ၅.၃ သန်း ကုလထပ်မံကူညီ

(The Natioon မှ 28 Nov 2012 ရက်စွဲပါ “UN gives $5.3m to assist Myanmar displaced” သတင်းကို ဘာသာပြန်ဆိုသည်)

ရခိုင်ပြည်နယ်မှ လူမျိုးစုခြင်း ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၃၆,၀၀၀ ခန့်အနေဖြင့် ကုလသမဂ္ဂဗဟိုအရေးပေါ် ကူညီမှုရန်ပုံငွေအဖွဲ့ CERF ၏နောက်ထပ်ဒေါ်လာ ၅.၃ သန်းကူညီမှုကို လက်ခံရရှိလိမ့်မည်ဟု ကုလသမဂ္ဂက အင်္ဂါနေ့တွင် ကြေငြာသည်။

ကုလအေဂျင်စီ ၅ ခုနှင့် လူသားချင်းစာနာကူညီရေး လုပ်ဖော်ကိုင်ဖက်များအနေဖြင့် ယခုထပ်တိုး ရန်ပုံငွေကြောင့် ကျန်းမာရေး၊ အာဟာရ၊ အမိုးအကာ၊ ရေနှင့်သန့်ရှင်းရေး၊ စားနပ်ရိက္ခာရှိသော ကိစ္စရပ်များတွင် လုပ်ကိုင်ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှ ကုလသမဂ္ဂလူသားချင်း စာနာကူညီရေး ညှိနှိုင်းရေးမှူး အက်ရှော့နီဂမ်က “CERF ရဲ့ချက်ခြင်းလက်ငင်း ရန်ပုံငွေပေးမှုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လူသားချင်း စာနာကူညီရေး အေဂျင်စီတွေဟာ အရေးပေါ်နေစရာ၊ သန့်ရှင်းတဲ့သောက်ရေ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုစတဲ့ အားချင်းအသက်ကယ် စောင့်ရှောက်မှုတွေ ပေးဖို့ ဆုံးဖြတ်လုပ်ကိုင် နိုင်တော့မှာဖြစ်ပါတယ်”ဟုပြောကြားကြောင်း နယူးယောက်မြို့ ကုလဌာနချုပ် သတင်းထုတ်ပြန်မှုအရသိရှိရသည်။ ရခိုင်ပြည်နယ်တွင် ဇွန်လမှစ၍ ရခိုင်နှင့်ရိုဟင်ဂျာများအကြား မပြန်အလှန်အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိသောကြောင့် အစိုးရက အရေးပေါ်အခြေအနေ ထုတ်ပြန် ကြေညာခဲ့ရသည်။

ဇွန်လက ပထမအကြိမ်ဖြစ်စဉ်တွင် လူ ၁၀၀ ခန့်သေဆုံး၊ အိမ်ခြေရာပေါင်းများစွာ မီးလောင်ကာ လူ ၇၅,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး၊ စက်တင်ဘာလကုန်မှစတင်ကာ ဒုတိယအကြိမ် အဓိကရုဏ်းဖြစ်ပွားမှုတွင် အနည်းဆုံး ၈၉ ဦး သေဆုံး၊ အိမ်ခြေ ၅၃၀၀ ကျော် မီးလောင်ပြာကျကာ လူ ၃၆,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ကုလသမဂ္ဂကခန့်မှန်းထားသည်။

CERF ရန်ပုံငွေထဲမှ ဒေါ်လာ ၂ သန်းကြောင့် နောက်ထပ် အိုးမဲ့အိမ်မဲ့ဖြစ်သူ ၃၆,၀၀၀ အတွက် အရေးပေါ်စားနပ်ရိက္ခာ ကူညီမှု ဆောင်ရွက်ချက်များကို မြန်မြန်ဆန်ဆန် အရှိန်မြှင့်နိုင်ခဲ့သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်  WFP က ပြောကြားသည်။

WFP ပြောရေးဆိုခွင့်ရှိသူ မားကပ်စ်ပရိုင်ယာက “ရခိုင်ပြည်နယ်မှာအောက်တိုဘာအတွက် လိုအပ်တဲ့ အကူအညီတွေကို ကျွန်တော်တို့ အချိန်မှီ ဖြန့်ခဲ့ပြီးပါပြီ၊ ဇွန်လ အဓိကရုဏ်းနောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ ရိက္ခာသိုလှောင်မှုတွေကို ဖြန့်ဝေပေးခဲ့ရလို့ အများကြီးလျှော့သွားပါပြီ။ လိုအပ်ချက် အသစ်တွေတိုးလာတာကို ဖြေရှင်းဖို့ CERF ရံပုံငွေကို အရေးပေါ်အသုံးပြုခဲ့ရတာပါ။” ဟု ပြောကြားသည်။

ယခုနှစ် ရခိုင်ပြည်နယ်မှ လူသားချင်းစာနာကူညီရေး အခြေအနေကို ဖြေရှင်းရန် CERF က ဒေါ်လာ ၁၀ ကျော် ခွဲဝေပေးခဲ့သည်ဟုလည်း ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိနှိုင်းရေးဌာန OCHA က သတင်းထုတ်ပြန်ထားသည်။

ကနဦး OCHA ကူညီရေးအစီအစဉ်တွင် ၂၀၁၂ ဇူလိုင်မှ ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်ကိုကူညီရန် ဒေါ်လာ ၃၂.၅ သန်းရှာဖွေထားသည်။ သို့သော် ပြီးခဲ့သောအပတ်တွင် ၂၀၁၂ ဇူလိုင်မှ ၂၀၁၃ ဇွန်ထိဒုက္ခသည် ၁၁၅,၀၀၀ ကိုကူညီရန်အတွက် OCHA ကဒေါ်လာ ၆၇.၆ သန်းအထိ တိုးမြှင့် ပြင်ဆင်လိုက်သည်။ သို့ရာတွင် ယခုအချိန်အထိ ဒေါ်လာ ၂၇ သန်းသာ ရရှိသေးသည်ဟု သိရှိရသည်။

ကုလသမဂ္ဂသည် လူသားချင်းစာနာကူညီရေးကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ ရန်ပုံငွေထောက်ပံ့နိုင်ရန်အတွက် CERF ကို ၂၀၀၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ၎င်းဌာနသည် ကယ်ဆယ်ရေးရန်ပုံငွေဒေါ်လာ ၂.၇ ဘီလီလျံသုံးစွဲကာ နိုင်ငံပေါင်း ၈၇ နိုင်ငံမှ အရေအတွက် သန်းနှင့်ချီသော ပြည်သူများကို အရေးပေါ်အသက်ကယ်ဆယ်ရေး ဆောင်ရွက်ချက်များ ပြုလုပ်နိုင်ခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများ NGO များ၊ ဒေသတွင်း အစိုးရများ၊ ပုဂ္ဂလိက ကဏ္ဍနှင့် တစ်ဦးချင်းအလှူရှင်များက ဆန္ဒအလျောက်ပါဝင်ခြင်းဖြင့် ရန်ပုံငွေ ထည့်ဝင်ပေးကြသည်ဟု သိရှိရသည်။

***************************************

ဇန်နရီလတွင် ဂွမ်းဂျုးသို့ ဒေါ်အောင်ဆန်းစုကြည်သွားလည်မည်

(The Chosul Llbo  မှ 29 Nov 2012 ရက်စွဲပါ “Aung San Suu Kyi to Visit Gwangju in January” သတင်းကိုဘာသာပြန်ဆိုသည်)

ဂွမ်းဂျုးလူ့အခွင့်အရေးဆုကို ၂၀၀၄ ခုနှစ်ကရရှိခဲ့သော မြန်မာဒီမိုကရေစီလှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံ ဂွမ်းဂျုးမြို့ သို့နောက်နှစ်ဇန်နဝါရီ ၃၀ တွင်သွားရောက်တော့မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ပြုံချမ်းအထူး အိုလံပစ်ပွဲတော်သို့ ဖိတ်ကြားထားသောကြောင့် အားကစားပွဲတက်ရောက်ပြီးနောက်တွင် ဂွမ်းဂျုးသို့ နှစ်ရက်ကြာ လာရောက်လည်ပတ်မည်ဟု “မေ ၁၈ အမှတ်တရဖောင်ဒေးရှင်း”က ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံကာလတွင် အထက်ပါဆုကိုရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်က သူမအား ဂွမ်ဂျုးမြို့တော် အစိုးရနှင့် ဖောင်ဒေးရှင်းက  ဂုဏ်ပြုတည်ခင်းမည့်ညစာစားပွဲတွင် ဆုလက်ခံကျေးဇူးတင်စကား ပြန်လည်ပြောကြားမည် ဟုသိရသည်။

သူမသည် မေ ၁၈ အမှတ်တရ အမျိုးသားအာဇာနည်ဗိဗာန်သို့ လာရောက်အလေးပြုမည်ဖြစ်ပြီး၊ ချိုနန် အမျိုးသားတက္ကသိုလ်တွင် လက်ချာ ပို့ချမည်ဟု ဖောင်ဒေးရှင်းကပြောကြားသည်။

                                                                               *****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment