Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၃၀.၁၁.၂၀၁၂

ပြည်တွင်းသတင်း  

  1. လက်ပံတောင်းတောင်ကြေးနီကိန်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အား ချက်ခြင်းပြန်လည်​ရုတ်သိမ်း
  2. ဗပာိုဘဏ်မှ အဆင့်လေးဆင့်ဖြင့် နိုင်ငံခြားဘဏ်ခွဲဖွင့်လှစ်ခွင့်ပြုမည်        

နိုင်ငံရေးသတင်း

  1. မြန်မာ-တရုတ် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာဆက်ဆံရေး တိုးမြှင့်မည်
  2. ဌာနဆိုင်ရာများအား လာဘ်ငွေပေးမှု ထိရောက်စွာတိုက်ဖျက်သွားမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

လက်ပံတောင်းတောင်ကြေးနီကိန်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အား ချက်ခြင်းပြန်လည်​ရုတ်သိမ်း

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့မှ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည့်  ထုတ်ပြန်ချက်အမှတ်(၁၁/၂၀၁၂)ကို ပယ်ဖျက်ကြောင်း ယင်းနေ့ ညနေ ၆နာရီ မိနစ်၂၀ ခန့်တွင် နိုင်ငံတော်သမ္မတရုံးဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

နိုင်ငံပိုင် သတင်းစာများတွင်လည်း ယင်းထုတ်ပြန်ချက်များ ဖော်ပြထားခြင်း မရှိသည့်အပြင် မည်သည့်အကြောင်းရင်းများကြောင့် ယခုကဲ့သို့ ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း အတိအကျမသိရပေ။

သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ယခင် စစ်အစိုးရ လက်ထက်မှစတင်၍ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ်-မြန်မာနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့် တည်ဆောက်လျက်ရှိသည့် စီမံကိန်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကြေးနီစီမံကိန်း ရပ်တန့်နိုင်စေရေး ဆန္ဒထုတ်ဖော်ခဲ့သူများအား နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မီးသတ်ပိုက်များ၊ မျည်ရည်ယိုဗုံးများနှင့် မီးခိုးဗုံးများအသုံးပြု၍ လူစုခွဲခဲ့ကြောင်းသာဖော်ပြထားပြီး မီးလောင်ဗုံးများသုံးစွဲမှုကိုမူ ဖော်ပြထားခြင်းမရှိသော်လည်း လူစုခွဲရာတွင် မီးလောင်ဗုံးများ အသုံးပြုခဲ့မှုကြောင့် သံဃာတော်ခြောက်ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံ ၉၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ကိစ္စရပ်များ ဖြစ်ပွားခဲ့သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် မုံရွာမြို့ရှိ၊ ကံကုန်းကျေးရွာတွင် လက်ပံတောင်းတောင်ဒေသခံများအား လက်ပံတောင်း တောင်အရေးကို နှစ်ဦးနှစ်ဘက် ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြေလည်မှုရရှိနိုင်စေရန် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းစေရန်ဆန္ဒပြမှုများအား အင်အားသုံး၍ ဖြေရှင်းခြင်းမပြုရန် ၈၈ မျိုးဆက်ကျောင်းသားများက သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သေးကြောင်း သိရသည်။

YC

                                                                  *********************************

ဗပာိုဘဏ်မှ အဆင့်လေးဆင့်ဖြင့် နိုင်ငံခြားဘဏ်ခွဲဖွင့်လှစ်ခွင့်ပြုမည်

မြန်မာနိုင်ငံတော်ဗပာိုဘဏ်မှ အဆင့်(၄)ဆင့်သတ်မှတ်၍ ပြည်တွင်း၌ နိုင်ငံခြားဘဏ်ခွဲများကို လာမည့် ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ဆောင်ရွက်ခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗပာိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သော ဘဏ္ဍာရေးနှီးနှော ဖလှယ်ပွဲတွင် ပြောကြားသည်။

ပြည်တွင်း၌ နိုင်ငံခြားဘဏ်ခွဲများ ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုရာတွင် ပထမအဆင့်အနေဖြင့် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် မြန်မာဘဏ်များနှင့် JV ပုံစံ ပူးပေါင်းဆောင်ရွက်ကာ တတိယအဆင့်အနေဖြင့် ယင်းဘဏ်နှစ်ခူမှ မွေးထုတ်လိုက်သည့် ဘဏ်အသစ်တစ်ခု ထူထောင်၍ ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားဘဏ်ခွဲများကို ဖွင့်လှစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ နိုင်ငံခြားဘဏ်ခွဲများကို အဆင့်(၄)ဆင့်ဖြင့် ဖွင့်လှစ်ခွင့်ပြုခြင်းဖြင့် ပြည်တွင်းဘဏ်များပြင်ဆင်ချိန် ပိုမိုရရှိနိုင်မည့်အပြင် ဗပာိုဘဏ် အနေဖြင့်လည်း လိုအပ်သည့်စနစ်များကို ပုံစံဝင်နိုင်စေရန် ဆောင်ရွက်သွားစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးခွဲပေါင်း ၂၀ ကျော်ရှိကြောင်း သိရသည်။

YC

***************************************************************************************************

နိုင်ငံရေးသတင်း

မြန်မာ-တရုတ် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာဆက်ဆံရေး တိုးမြှင့်မည်

မြန်မာ-တရုတ်နှစ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာမပာာဗျူပာာများကို တိုးမြှင့်သွားရန် နှစ်နိုင်ငံတပ်မတော် အစိုးရများက သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံထုတ် Pople's Daily သတင်းဌာန၏ ရေးသားဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာ့တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် တရုတ်ပြည်သူ့ လွှတ်မြောက် ရေးတပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ချီကျန်းကော့(Qi Jianguo)တို့သည် တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌တွေ့ဆုံဆွေးနွေး၍ ယခုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် မြန်မာ-တရုတ်နှစ်နိုင်ငံစစ်တပ်ရှိ အဆင့်မြင့်ပုဂ္ဂိုလ်များ အပြန်အလှန်လည်ပတ်ရေး၊ အဆင်မြင့်နည်းပညာ ပူးပေါင်း ဆောင်ရွက်လေ့ကျင့်ရေးနှင့် နယ်စပ်ထိန်းသိမ်းရေး ကိစ္စရပ်များတွင် လက်တွေ့ကျကျ ပူးပေါင်းဆက်ဆံဆောင်ရွက်ရေးတို့ကို သဘောတူညီခဲ့ကြောင်း သိရသည်။

YC

                                                                *********************************************

ဌာနဆိုင်ရာများအား လာဘ်ငွေပေးမှု ထိရောက်စွာတိုက်ဖျက်သွားမည်

ပြည်သူများမှ အစိုးရရုံးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းဌာနများ၊ ရုံးဌာနများရှိဝန်ထမ်းများနှင့် ဆက်ဆံဆောင်ရွက်ရာတွင် လုပ်ငန်းအဆင်ပြေ ချောမွေ့စေရေးအတွက် ငွေကြေး(သို့)ပစ္စည်းများ တောင်းဆိုပေးကမ်းနေခြင်းများကို ထိရောက်စွာအရေးယူ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံအတွင်း ကောင်းမွန်သောအုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်လာနိုင်ရေးအတွက် အစိုးရရုံးဌာနများ၊ ပုဂ္ဂလိက လုပ်ငန်း ဌာနများနှင့် ရုံးဌာနဆိုင်ရာ အချင်းချင်းတွင် ဖြစ်ပေါ်လျက်ရှိသော လာဘ်ပေးလာဘ်ယူမှုများ ပပျောက်နိုင်စေရန် ပြည်သူများမှ ကူညီရန်လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်ထားသည်။

ထို့ပြင် ၁၉၄၈ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေကို ခေတ်ကာလနှင့်လိုက်လျောညီထွေမှု ရှိလာနိုင်စေရန် လက်ရှိလွှတ်တော်မှ အသစ်ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း လာဘ်ပေးလာဘ်ယူမှုများ၊ ငွေကြေးအလွဲသုံးစားမှုများနှင့် ဝန်ထမ်းများ၏ အရည်အချင်း ညံ့ဖျင်းမှုများ ကြောင့် နိုင်ငံတော်ပိုင်ငွေကြေး အများအပြားဆုံးရှုံးရလျက်ရှိကြောင်း သိရသည်။

YC

****************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ          

“ဥပမာဆိုရင် မြစ်ဆုံကိစ္စမှာလဲဒီလိုပဲပေါ့ မူလစာချုပ်မှာ ဘာပါမှန်းကိုမသိဘူး ဘာပါမှန်းကို မသိတဲ့အခါကျတော့ မသိပဲနဲ့ ရပ်ရေး၊ မရပ်ရေးဆိုတာကို ဆုံးဖြတ်လို့က မသင့်တော်ဘူးလို့ ကျွန်မထင်တယ်။ စာချုပ်ချုပ်ပြီးနေပြီဆိုတော့ တရားဥပဒေအရတော့ စာချုပ်ချုပ်ပြီးသားကြီးကို တစ်ဖက်သတ်ဖျက်လို့ မရဘူး။ တစ်ဖက်သတ်ဖျက်ရင် အများအားဖြင့် တန်ရာတန်ကြေး ပြန်ပေးရတာပေါ့။ အဲဒီလိုမျိုးတွေ ရှိနေတယ်ဆိုတာကိုလဲ စဉ်းစားဖို့လိုတယ်”

နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် ၃၃၅ တွင်ပါရှိသည့် “ကြေးနီစီမံကိန်းကိစ္စ နိုင်ငံတော်အဆင့်အဖွဲ့အစည်း ကြားဝင် ညှိနှိုင်းသင့်”သတင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                                                    *******************************************

“မြန်မာနိုင်ငံမှာ ၂၀၁၁ မတ်လ သမ္မတဦးသိန်းစိန် အစိုးရတက်လာကတည်းက ယခင်က လုပ်ဆောင်ခဲ့ဖူးခြင်းမရှိတဲ့ မှတ်မှတ်ထင်ထင် ပြုပြင်ပြောင်းလဲရေးတွေ စတင်လုပ်ဆောင်လာပါတယ်။ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာလွှတ်ပေးခြင်း၊ သတင်းစာလွတ်လပ်ခွင့် ဖြေလျှော့ ပေးခြင်း၊ အဓိက အတိုက်အခံပါတီနဲ့ ဆွေးနွေးမှု ပိုမိုလုပ်ဆောင်လာခြင်းများ ပါဝင်ပါတယ်”

ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် First Weekly Journal အတွဲ (၂) အမှတ် (၅၆)တွင်ပါရှိသော “နိုင်ငံတကာပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ ICG ၏ ငြိမ်းချမ်းရေးဆုကို နိုင်ငံတော်သမ္မတဦးသိန်းစိန်ရရှိ ၂၀၁၃ ဧပြီတွင် ဆုလက်ခံမည်။” သတင်းမှ Crisis Group Ouux louise Arbouru ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

                                                    *********************************************

“ဘယ်စံနှုန်းတွေကို ကြည့်တယ်ဆိုတာက ချမ်းသာပြီးသား လက်တစ်ဆုပ်စာလူနည်းစု ပိုပြီးချမ်းသာလာရုံနဲ့တော့ အဆင်မပြေနိုင်ပါဘူး။ ပြုပြင် ပြောင်းလဲရေးကာလမှာ ပြည်သူတွေရဲ့ပါဝင်နိုင်မှု ဒီမိုကရေစီအတိုက်အခံတွေရဲ့ ပူးပေါင်းပါဝင်ခွင့်ကို အစိုးရကလမ်းဖွင့်ပေးနိုင်ရင် ဘယ်လမ်းကို လျှောက်နိုင်မလဲဆိုတာကိုကြည့်ပြီး နောက်ပြန်မလှည့်သင့်တဲ့လမ်းကို ရွေးချယ်နိုင်မှာဖြစ်တယ်”

နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် Independent Journal အတွဲ(၁) အမှတ်(၂၉)တွင်ပါရှိသော “စစ်မှန်သည့် ပြောင်းလဲမှုအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ အားလုံးပြောင်းလဲသင့်”သတင်းမှ ဒေါ်ခင်ဥမ္မာ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

                           ******************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment