Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၄.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ထိုင်းနိုင်ငံတွင် တရားမဝင်ရွှေ့ပြောင်းလုပ်သားတစ်သန်းခန့် နှင်ထုတ်ခံရမည့်အရေး ဖြစ်ပေါ်နေ

(13 Dec 2012 ရက်စွဲပါ VOA News မှ Daniel Schearf ရေးသားသော Thailand Threatens to deport၊ Million illegal migrant workers ကိုဘာသာပြန်ဆိုသည်)

  1. ရိုပာင်ဂျာများအား ကယ်ဆယ်လာသော သင်္ဘောကို စင်္ကာပူပြန်လွှတ်

(AFP သတင်းမှ 14 Dec 2012 ရက်စွဲပါ "Rohingya ship turned away by singapore"သတင်းကိုဘာသာပြန်ဆိုသည်)

  1. ဂျပန်လေပိုင်နက်ထဲသို့ တရုတ် ချဉ်းနင်းဝင်ရောက်ဟု စွပ်စွဲ

(BBC သတင်းဌာနမှ 14 Nov 2012 ရက်စွဲပါ Japan accuses China of airspace intrusion over islands ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

ထိုင်းနိုင်ငံတွင် တရားမဝင်ရွှေ့ပြောင်းလုပ်သားတစ်သန်းခန့် နှင်ထုတ်ခံရမည့်အရေး ဖြစ်ပေါ်နေ

(13 Dec 2012 ရက်စွဲပါ VOA News မှ Daniel Schearf ရေးသားသော Thailand Threatens to deport၊ Million illegal migrant workers ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံတွင်ရွှေ့ပြောင်းလုပ်သားများသည် ဒီဇင်ဘာ(၁၄)ရက်နောက်ဆုံးထား၍ လိုအပ်သော မှတ်ပုံတင်မှုများမပြုလုပ်ပါက နှင်ထုတ်မည် ဖြစ်ပါသည်။ ရွှေ့ပြောင်းလုပ်သားတစ်သန်းကျော်သည် နှင်ထုတ်ခံရမည့်အရေးခြိမ်းခြောက်ခံနေရရာ အများစုမှာမြန်မာနိုင်ငံမှဖြစ်ပါသည်။ လူ့အခွင့်အရေး အုပ်စုများကပြောကြားရာတွင် အဆိုပါနိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်သည် တရားဝင်အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်ခဲ့သော်လည်း အဂတိလိုက်စား သည့်အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပွဲစားများနှင့် လုပ်ငန်းရှင်များက ဆက်လက်ခေါင်းပုံဖြတ်နိုင်ရန် အမြတ်ထုတ်လျက်ရှိသည်ပာုဆိုပါသည်။

ရွှေ့ပြောင်းလုပ်သားများကိစ္စကြီးကြပ်သော အာဏာပိုင်များသည် နိုင်ငံခြားသားလုပ်သားများ စာရွက်စာတမ်းများ လက်ကိုင်ရှိစေရန် နောက်ဆုံး သတ်မှတ်ရက်ကို နောက်ဆုတ်ပေးခဲ့ကြပါသည်။

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ခန့်ထားရေးဌာနမှ အာဏာပိုင်များသည် ယခုသောကြာနေ့ နောက်ဆုံးရက်သတ်မှတ်ထားမှုကို နောက်ဆုတ်ပေးခြင်းမရှိတော့သောကြောင့် ရွှေ့ပြောင်းလုပ်သားတစ်သန်းကျော်နှင်ထုတ်ခံရမည့် သဘောဖြစ်နေပါသည်။

ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းလုပ်သားအကူအညီပေးရေး အစီအစဉ်ကိုကြီးကြပ်သူ Jackie Pollock ကပြောကြားရာတွင် ထိုင်းနိုင်ငံသည် ဇန်နဝါရီလမှစ၍ တစ်ရက်လုပ်ခ(၁၀)ဒေါ်လာ အနည်းဆုံးသတ်မှတ်ခဲ့ရာ အာဏာပိုင်များ၏ သဘောထားကို ပို၍တင်းမာစေသည်ပာုဆိုပါသည်။

"ကျွန်မထင်တယ် အာဏာပိုင်တွေက အနည်းဆုံးလုပ်အားခမြှင့်လိုက်တော့၊ အလုပ်သမားတွေကို လာစေချင်ပုံမရဘူး။ မြန်မာနိုင်ငံက လုပ်အားခထက် ပိုမြင့်နေတော့ ရွှေ့ပြောင်းလုပ်သားတွေ အလုံးအရင်းဝင်လာမှာကို ကြောက်ပုံရတယ်"ပာု Pollock ကပြောပါသည်။ "သူတို့က တင်းတင်းကြပ်ကြပ်ကိုင်တွယ်ပြီး၊ အလုပ်သမားတွေ စာရွက်စာတမ်းနဲ့တရားဝင်ကိုင်ပြီး ဝင်လာတာကိုပဲ ဖိအားပေးနေပါတယ်"ပာု ဆိုပါသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား(၂.၅)သန်းခန့်ရှိပါသည်။ ၈၀% မှာမြန်မာနိုင်ငံမှဖြစ်ပြီး၊ စာရွက်စာတမ်းလုပ်ဆောင်ရာတွင် စားရိတ်ကုန်မှု၊ အဂတိလိုက်စာမှု၊ နယ်စပ်များတွင်ပာာကွက်များရှိမှုကြောင့် အများစုမှာ မှတ်ပုံတင်ခြင်းမလုပ်ဆောင်ကြပေ။

၎င်းတို့သည် စက်ရုံများ၊ ဥယျာဉ်ခြံများ၊ ငါးဖမ်းလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ကြပြီး၊ တရားမဝင်လုပ်ကိုင် နေထိုင်ကြရခြင်းကြောင့် ခေါင်းပုံဖြတ်သော အလုပ်ရှင်၊ အဂတိလိုက်စားသော ရဲနှင့် အာဏာပိုင်များ၏ နှိပ်စက်မှုကိုခံကြရပါသည်။

ထိုင်းနိုင်ငံသည် ထိုကိစ္စကို ကုစားနိုင်ရန် အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်း၍ နိုင်ငံသားစီစစ်ရေးအစီအစဉ်ကို လုပ်ဆောင်ခဲ့ပါသည်။ သို့မှသာ အလုပ်သမားများသည် ယာယီနိုင်ငံကူးလက်မှတ်များကို ကိုင်ဆောင်၍ အလုပ်လုပ်ခွင့်ပါမစ်များ သက်တမ်းတိုးနိုင်မည်ဖြစ်ပါသည်။

ယခုအချိန်အထိ ရွှေ့ပြောင်းလုပ်သား ကိုးသိန်းခန့် စာရွက်စာတမ်းများပြုလုပ်ခဲ့ကြပါသည်။ သုံးသိန်းခွဲခန့်မှာ စာရွက်စာတမ်းပြန်လည်ရရှိရန် စောင့်ဆိုင်းနေပြီး၊ ကျန်ရှိသော တစ်သန်းခန့်မှာ စာရွက်စာတမ်းပြုလုပ်ရန် ဆန္ဒမရှိခြင်း(သို့) မလုပ်ဆောင်နိုင်ခြင်း ရှိနေပါသည်။

ရွှေ့ပြောင်းလုပ်သား အခွင့်အရေးလှုပ်ရှားသူများက ပြောကြားရာတွင် အစီစအဉ်မှာ ရည်ရွယ်ချက်ကောင်းသော်လည်း အစီအစဉ်ညံ့ဖျင်းမှုကြောင့် စနစ်တကျ အဂတိလိုက်စားရန်ဖြစ်ခဲ့ရကြောင်း ပြောပါသည်။

Mahidol တက္ကသိုလ် ရွှေ့ပြောင်းလုပ်သားဗပာိုဌာနပညာရှင် Andy Hall ကပြောကြားရာတွင် ပွဲစားများက စာရွက်စာတမ်းလုပ်ဆောင်ခ ဒေါ်လာ(၆၀၀)ကျော်တောင်းခြင်းသည် အလုပ်သမားများ၏ လစာထက်များလွန်းကြောင်းပြောပါသည်။

"စာရွက်စာတမ်းလုပ်မှ အလုပ်သမားတွေ တရားဝင်မဆိုပေမယ့် ကုန်ကျစရိတ်က သိပ်များနေပါသေးတယ်။ ရဲတွေ၊ လူဝင်မှုကြီးကြပ်ရေးက ဝန်ထမ်းတွေ၊ အလုပ်သမားဌာနက တာဝန်ရှိသူတွေပာာ အလုပ်သမားတွေဆီက တရားမဝင်လာဘ်စားနေရာကနေ အခုအခါမှာ သူတို့ကပဲ စာရွက်စာတမ်း လုပ်ပေးတဲ့ပွဲစားလုပ်ပြီး ငွေယူနေပါတယ်"ပာု ဆိုပါသည်။

Hall ကပြောကြားရာတွင် ရွှေ့ပြောင်းလုပ်သားအများစုမှာ အလုပ်ရှင်ထံမှ ငွေချေးစေပြီး၊ အကြွေးလည်ပင်းနစ်အောင်အောင်လုပ်၍ အဓမ္မ အလုပ်မထွက်စေရန် ပြုလုပ်ထားကြောင်းဆိုပါသည်။

ယခုအစီအစဉ်တွင် ရွှေ့ပြောင်းလုပ်သားများသည် စာရွက်စာတမ်းပြုလုပ်ရန် သက်ဆိုင်ရာအလုပ်ရှင်၏ ထောက်ခံမှုလိုအပ်ပါသည်။ အချို့ အလုပ်ရှင်များသည် ထောက်ခံရန် ငြင်းဆိုကြကြောင်း၊ သို့မှသာ အလုပ်သမားများ တရားမဝင်စွာရှိနေမှ ခေါင်းပုံဖြတ်ရန် လွယ်ကူမည်ဖြစ်သည်ပာု Hall ကပြောပါသည်။

"ထိုင်းနိုင်ငံမှာ သူတို့အလုပ်သမားတွေကို တရားဝင်ရှိနေတာ မလိုလားတဲ့အလုပ်ရှင်တွေ အများကြီးရှိပါတယ်။ အလုပ်သမားတွေ နိုင်ငံကူး လက်မှတ်ကိုင်ထားတာကို မလိုလားပါဘူး။ တရားဝင်ဖြစ်တော့ လှုပ်ရှားသွားလာမှု ပိုမိုလွတ်လပ်ပြီး၊ လူသားချင်းစာနာမှုတွေ ရလာနိုင်ပါတယ်"ပာု Hall ကပြောပါသည်။

အထောက်အထားလက်ကိုင်ရှိသော အလုပ်သမားများသည် ပညာရေးအတွက် စာသင်နိုင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ခြင်း၊ အလုပ်လုပ်သည့်နေရာ အပြင်ဖက်တွင် နေထိုင်ခွင့်ရရှိခြင်းစသည့် အခွင့်အလမ်းများရရှိမည် ဖြစ်ပါသည်။

Pollock ကပြောကြားရာတွင် ရွှေ့ပြောင်းလုပ်သားအကူအညီပေးရေးအစီအစဉ်၏ တိုင်းတာချက်များအရ စာရွက်စာတမ်းရှိသည်ဖြစ်စေ အလုပ်ရုံများတွင် အခြေအနေများ တိုးတက်မလာသေးကြောင်း သိရသည်ပာု ဆိုပါသည်။

"ကျွန်မတို့ အလုပ်သမား ၅၀၀ ကိုမေးမြန်းရာမှာ စာရွက်စာတမ်းရှိတဲ့ အလုပ်သမား ၃၀% ကသာ စက်ရုံမှာ မီးကာကွယ်ရေးပစ္စည်းတွေ ရှိတယ်လို့ပြောပါတယ်။ တကယ်လို့ မီးလောင်ရင် ဘာလုပ်ရမယ်ဆိုတာ ဘယ်သူ့ကိုမှ သင်ပေးမထားဘူးလို့ဆိုပါတယ်"ပာု Pollock ကပြောပါသည်။

Pollck ကပြောကြားရာတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသည် အခြားနေရာများနှင့်မတူပဲ ပို၍ကြည့်ရလွယ်ကြောင်း၊ အလုပ်သမားများသည် မာကြောသည့် ဦးထုပ်၊ ဘိနပ်များမပါဘဲ လုပ်ကိုင်နေရပြီး၊ ခနော်နီ ခနော်နဲ့ငြမ်းများဖြင့် လုပ်ကိုင်ရကြောင်းဆိုပါသည်။

ထိုင်းနိုင်ငံက တရားမဝင်အလုပ်သမားများကို ပြန်ပို့ခဲ့သည့်ဖြစ်ရပ်မှာ ၁၉၉၀ နှောင်းပိုင်းငွေကြေးပြဿနာပေါ်စဉ်က ဖြစ်ပါသည်။ သို့သော် ထိုင်းလုပ်ငန်းရှင်များ၏ တောင်းဆိုမှုကြောင့် မှတ်ပုံတင်လုပ်သားများကိစ္စကို ပြန်လည်လုပ်ဆောင်ခဲ့ပါသည်။

ယခုတစ်ကြိမ်တွင် အာဏာပိုင်များသည် ၎င်းတို့ပြောသည့်အတိုင်း အလုပ်သမားများအား ပြန်ပို့ခဲ့ပါက အံသြဖွယ်ဖြစ်မည်ပာု Pollock က ဆိုပါသည်။ ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းလုပ်သားများကို လိုအပ်နေဆဲဖြစ်ပြီး၊ နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်မှာလည်း နှေးကွေးနေဦးမည်သာဖြစ်ကြောင်း ၎င်းကဆိုပါသည်။

"ထောင်ချီတဲ့အလုပ်သမားတွေနဲ့ စာရွက်စာတမ်းလုပ်ဖို့ သုံးပတ်အချိန်နဲ့မရပါဘူး။ လအနည်းငယ်ကြာနိုင်ပါတယ်။ ဒီအချိန်အတွင်းမှာ စက်ရုံတွေ ရပ်ထားရမလား။ အသီးတွေမခူးရဘူးလား။ ငါးမဖမ်းရဘူးလား။ ထိုင်းစီးပွားရေးပျက်သွားမှာပေါ့"ပာု ၎င်းကပင်ပြောပါသည်။

ထိုင်းအာဏာပိုင်များကပြောကြားရာတွင် လိုအပ်ပါက ရွှေ့ပြောင်းလုပ်သားများလုံခြုံရေးအတွက် အစိုးရချင်းသဘောတူညီမှု ရယူလုပ်ဆောင်သွား မည်ပာုဆိုပါသည်။

-----------------------------------------------------------------------------------------------------------------------------------

ရိုပာင်ဂျာများအား ကယ်ဆယ်လာသော သင်္ဘောကို စင်္ကာပူပြန်လွှတ်

(AFP သတင်းမှ 14 Dec 2012 ရက်စွဲပါ "Rohingya ship turned away by singapore"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ဒုက္ခသည် ၄၀ ခန့်တင်ဆောင်လာသော သင်္ဘောတစ်စင်းကို စင်္ကာပူနိုင်ငံက ပြန်လွှတ်လိုက်သည်ပာု ဆိပ်ကမ်းအာဏာပိုင်များက မနေ့ကပြောကြားသည်။ လိုက်ပါလာသူများမှာ နိုင်ငံမဲ့မွတ်ဆလင် ရိုပာင်ဂျာများဖြစ်နိုင်သည်ပာု မီဒီယာများက ဆိုပါသည်။

လိုက်ပါလာသူများ၏ အထောက်အထားမပါရှိမှုကြောင့် ဗီယက်နမ်မှတ်ပုံတင်ကုန်သင်္ဘော Nosco Victory ကို ဝင်ခွင့်ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ပာု စင်္ကာပူရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ MPA ကပြောကြားခဲ့သည်။

မြန်မာပင်လယ်ပြင်မှ ဒုက္ခသည် ၄၀ ကိုကယ်ဆယ်လာခဲ့သောသင်္ဘောက စင်္ကာပူသို့ဝင်ရောက်လိုသည်ပာု ကြိုတင်အကြောင်းကြားခြင်းကို လက်ခံရရှိခဲ့ကြောင်း စင်္ကာပူဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ကြေညာချက်တွင်ဖော်ပြသည်။

စင်္ကာပူဆိပ်ကမ်း အာဏာပိုင်အဖွဲ့၏ ညှိနှိုင်းအကူအညီတောင်းမှုကြောင့် ပို့ဘလဲဆိပ်ကမ်းမှ အိန္ဒိယရေကြောင်းကယ်ဆယ်ရေးနှင့် ညှိနှိုင်း ဆောင်ရွက်ရေးစင်တာက အဆိုပါသင်္ဘောကပ္ပတိန်အား "ကယ်ဆယ်လာသူများအားချထားခဲ့ရန်အတွက် အနီးဆုံးဘေးကင်းရာနေရာသို့ ဆက်သွားရန်" အကြံပေးခဲ့သည်ပာု သိရှိရသည်။

သို့သော်လည်း ယင်းအကြံပြုချက်ကို သင်္ဘောကပ္ပတိန်က လစ်လျုရှုခဲ့ပြီး၊ အနည်းဆုံး ၃ ရက်ခရီးကြာမည့် စင်္ကာပူသို့ဆက်သွားရန် ခေါင်းမာလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ပာု စင်္ကာပူ MPA ကရှင်းလင်းချက်ထုတ်ပြန်သည်။

အဆိုပါ ဒုက္ခသည် ၄၀ မှာ မြန်မာနိုင်ငံရခိုင်ပြည်နယ်မှ အဓိကရုဏ်းကြောင့် ထွက်ပြေးလာသော နိုင်ငံမဲ့ရိုပာင်ဂျာ မွတ်ဆလင်များပာု ယုံကြည်ရ ကြောင်း သြစတြေးလျား သတင်းစာတစ်စောင်က ရေးသားထားသည်။

နောက်ထပ်သတင်းစာတစ်စောင်၏အဆိုအရ ၎င်းဒုက္ခသည် ၄၀ သည် ဒီဇင်ဘာ ၅ ရက်နေ့က ကယ်ဆယ်ခြင်းမခံရမီ ပင်လယ်ပြင်တွင် နာရီ ၃၀ ခန့်မျှောပါနေခဲ့သည်ပာု သိရှိရသည်။ ၎င်းတို့သည် ရိုပာင်ဂျာများစွာရောက်ရှိနေသော မွတ်ဆလင်နိုင်ငံ မလေးရှားသို့ သွားရာလမ်းတွင် ဒီဇင်ဘာ ၄ ရက်နေ့က နစ်မြှုပ်သွားခဲ့သော ဘင်္ဂလားဒေ့ရှ် အလံတင်သင်္ဘော နာယူးမှ အသက်ရှင်ကျန်ရစ်သူများဖြစ်သည်ပာုဆိုသည်။

နာယူးသင်္ဘောပေါ်တွင်လိုက်ပါလာသော နောက်ထပ် ရိုပာင်ဂျာ ၁၆၀ ခန့်မှာမူ ပင်လယ်ပြင်တွင်နစ်မြှုပ်သွားပြီပာု ယုံကြည်ရကြောင်း သြစတြေးလျားသတင်းစာက ရေးသားဖော်ပြထားသည်။

--------------------------------------------------------------------------------------------------------------------------------------

ဂျပန်လေပိုင်နက်ထဲသို့ တရုတ် ချဉ်းနင်းဝင်ရောက်ဟု စွပ်စွဲ

(BBC သတင်းဌာနမှ 14 Nov 2012 ရက်စွဲပါ Japan accuses China of airspace intrusion over islands ကိုဘာသာပြန်ဆိုသည်)

အရှေ့တရုတ်ပင်လယ်ပြင်တွင်း  အငြင်းပွားကျွန်းစုများရှိရာဒေသသို့ တရုတ်အစိုးရ လေယာဉ်တစ်စင်းဝင်ရာက်ပျံသန်းခဲ့ပြီးနောက် တရုတ်နိုင်ငံ သည် ဂျပန်နိုင်ငံလေပိုင်နက်ကို ချဉ်းနင်းဝင်ရောက်သူဖြစ်ကြောင်း ဂျပန်အစိုးရက စွပ်စွဲပြောဆိုလိုက်သည်။

ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ Osamu Fujimura က တရုတ်လေယာဉ်တစ်စင်းအား ဒေသစံတော်ချိန် နံနက်၁၁ နာရီဝန်းကျင်ခန့်၌ တွေ့မြင် ခဲ့ကြောင်း၊ ဂျပန်ဂျက်တိုက်လေယာဉ်များကိုစေလွှတ်ခဲ့ကြောင်းပြောကြားသည်။ သို့အတွက်ကြောင့် တရုတ်အစိုးရကို ဂျပန်က အရေးပေါ်ကန့်ကွက်ရှုတ်ချမှု တစ်ရပ်ပြုလုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

အငြင်းပွားကျွန်းစုများကို ဂျပန်နိုင်ငံ၌ ဆန်ကာကူဟု ခေါ်ဆိုပြီး တရုတ်နိုင်ငံတွင် ဒိုင်အောယု ဟုဆိုသည်။ ယင်းကျွန်းစုများအနီး တရုတ်နိုင်ငံတော် သမုဒ္ဒရာထိန်းချုပ်ရေးအဖွဲ့မှ လေယာဉ်တစ်စင်း ပျံသန်းသည်ကိုတွေ့ရှိပြီးနောက် ဂျပန်နိုင်ငံက F-15 ဂျက်တိုက်လေယာဉ် ရှစ်စင်းကိုစေလွှတ်လိုက်သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနအဆိုအရ ယခုဖြစ်ရပ်သည် ၁၉၅၈ ခုနှစ်နောက်ပိုင်း ဂျပန်လေကြောင်းပိုင်နက်အတွင်းသို့ တရုတ်အစိုးရလေယာဉ် ပထမဆုံး ချဉ်းနင်းဝင်ရောက်မှုဖြစ်သည်။

မစ္စတာ Fujimura က ယခုဖြစ်ရပ်သည် အလွန်အမင်း မနှစ်မြို့ဖွယ်ကောင်းသည့်ဖြစ်ရပ်ဟု သတ်မှတ်ပြောဆိုသည်။ အဆိုပါ တရုတ်လေယာဉ် ချဉ်းနင်းဝင်ရောက်ပျံသန်းမှုမပြုမီ တစ်ရက်အလိုက အငြင်းပွားရေပြင်ရှိရာနေရာသို့ တရုတ်စောင့်ကြည့်လေ့လာရေး သင်္ဘောများခုတ်မောင်း ဖြတ်သန်းသည်ကိုလည်း တွေ့ရှိရကြောင်း ကမ်းခြေအစောင့်တပ်ဖွဲ့က သတင်းပေးပို့သည်။

"ကျွန်တော်တို့နိုင်ငံရဲ့လေကြောင်းပိုင်နက်ထဲကို ယခုလိုပုံစံမျိုးနဲ့ ချဉ်းနင်းဝင်ရောက်သွားတယ်ဆိုတာ အင်မတန်ထိခိုက်နစ်နာရပါတယ်" ဟု ၎င်းကပြောသည်။

တိုကျိုအခြေစိုက် တရုတ်နိုင်ငံသံအမတ်ကြီးအနေဖြင့် ဂျပန်အစိုးရ၏ ကန့်ကွက်ရှုတ်ချမှုကို ကြားနာရန် ပြောဆိုထားသည်ဟု လည်းဆိုသည်။ သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Hong Lei က အဆိုပါလေယာဉ်ပျံသန်းမှုသည် လုံးလုံးလျားလျား ပုံမှန်လေကြောင်း ခရီးစဉ်တစ်ရပ်သာဖြစ်သည်ဟု ဆိုသည်။

"ဒိုင်အောယု ကျွန်းနဲ့ ဆက်စပ်ကျွန်းစုတွေဟာ တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်တစ်စိတ်တစ်ပိုင်းပါပဲ။ ဂျပန်အနေနဲ့ အဆိုပါရေပြင်နဲ့ ကျွန်းအနီးကလေကြောင်းပိုင်နက်ထဲကို ဝင်ရောက်မှုတွေမပြုလုပ်ဖို့ တရုတ်နိုင်ငံဘက်က တိုက်တွန်းထားပါတယ်" ဟု မစ္စတာ Hong Lei ကဆိုသည်။

ဂျပန်နိုင်ငံက ထိန်းချုပ်ထားသည့် ယင်းကျွန်းစုများနှင့် ရေပြင်ကို ထိုင်ဝမ်ကလည်းပိုင်ဆိုင်ကြောင်းပြောဆိုထားသည်။ ကျွန်းစုများနှင့် နီးစပ်သည့် ရေကြောင်းလမ်းမှာ မဟာဗျူဟာအရအရေးပါပြီး ကျွန်းအနီးတဝိုက်ရေပြင်မှာ ငါးဖမ်းလုပ်ငန်းများကောင်းမွန်စွာလုပ်ကိုင်နိုင်သလို ရေနံလည်း ပေါကြွယ်ဝ သည်ဟု ယုံကြည်ရသည်။

ကျွန်းစုပိုင်ဆိုင်ရေးအတွက် အငြင်းပွားလာကြသည်မှာ နှစ်ပေါင်းကြာမြင့်လာပြီဖြစ်သော်လည်း ယခုနှစ် စက်တင်ဘာလအတွင်း ကျွန်းစုများအနက် သုံးခုကို ဂျပန်အစိုးရကပုဂ္ဂလိကလက်မှ ဝယ်ယူလိုက်ပြီးနောက် နှစ်နိုင်ငံအကြား သံတမန်ရေးတင်းမာမှုများပေါ်ပေါက်ခဲ့သလို အပြန်အလှန် ဆန္ဒပြမှုများလည်းထွက်ပေါ်ခဲ့သည်။

ထိုအချိန်မှစ၍ တရုတ်သင်္ဘောများက အငြင်းပွားကျွန်းစုများရှိရာ ရေပြင်တစ်ဝိုက်တွင် ခုတ်မောင်းသွားလာမှုများပြုလုပ်ပြခဲ့ရာ ဂျပန်ဘက်က သတိပေးမှုများဖြင့် တုံ့ပြန်ခဲ့သည်။

ယခုတစ်ကြိမ် တရုတ်လေယာဉ်ဝင်ရောက်ပျံသန်းမှုက အငြင်းအခုန်များထပ်မံပေါ်ထွက်စေနိုင်ခြင်း ရှိ၊မရှိကိုမူ သဲသဲကွဲကွဲမသိရသေးကြောင်း ဘီဘီစီသတင်းထောက်ကဆိုသည်။ ဂျပန်အစိုးရသည် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဂျပန်တပ်ဖွဲ့များက တရုတ်အရပ်သားများကို တရုတ်မြို့တော်ဟောင်း နန်ဂျန်း၌ သတ်ဖြတ်ခဲ့သည့် ၇၅ နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကျင်းပသည်။ ယင်းဖြစ်ရပ်သည် ဂျပန်ရွေးကောက်ပွဲမကျင်းပမီရက်ပိုင်းအလိုတွင် ပေါ်ထွက်ခဲ့ရာ ဂျပန်၌ အစိုးရအဖွဲ့အပြောင်းအလဲဖြစ်မည့်အလားအလာရှိကြောင်းသိရသည်။

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment