Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၄.၁၂.၂၀၁၂

ပြည်တွင်းသတင်း

  1. နယ်စပ်ရေးရာဝန်ကြီးဌာနှင့် UNDP တို့ပူးပေါင်း၍ ကျေးလက်လူမှုဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်မည်

နိုင်ငံရေးသတင်း

  1. လူ့အခွင့်အရေးကာကွယ်နိုင်ရန် ဥပဒေမူကြမ်းရေးဆွဲ
  2. NLD ပါတီ၏ ရပ်/ကျေးညီလာခံ ဒီမိုကရေစီနှင့် သွေဖီပါက အသိအမှတ်မပြုကြောင်း ဗပာိုမှပြောကြားထား
  3. ဒီမိုကရေစီဖော်ဆောင်ရာတွင် တပ်မတော်ကိုဘေးဖယ်မထားသင့်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

နယ်စပ်ရေးရာဝန်ကြီးဌာနှင့် UNDP တို့ပူးပေါင်း၍ ကျေးလက်လူမှုဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်မည်

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP)တို့မှ ပူးပေါင်း၍ ကျေးလက်လူမှုဖွံ့ဖြိုးရေး (ICDP)စီမံကိန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနှစ်ခုပူးပေါင်း၍ လူမှုဖွံ့ဖြိုးရေးစီမံကိန်းများအပြင် ဝေးလံမြို့နယ်များအတွက် လူမှုဖွံ့ဖြိုးရေး(CDRT) စီမံကိန်းများကူးပြောင်းခြင်း အစီအစဉ်များနှင့် UNDP ဆိုင်ရာ အစီအစဉ်သစ်များကို ၂၀၁၃ ခုနှစ်မှစတင်၍ ၂၀၁၅ ထိတိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ၆ ရက်နေ့များတွင် UNDP မှ လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကိုပြုလုပ်ခဲ့ပြီး ယင်း အလုပ်ရုံဆွေးနွေးပွဲများတွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် UNDP တို့ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း လူမှုဖွံ့ဖြိုးရေးစီမံကိန်းများလုပ်ဆောင်ရသည့် ရည်ရွယ်ချက်များ၊ နည်းဗျူပာာ၊ ရရှိသည့်ရလဒ်များ၊ အသုံးစရိတ်ဆိုင်ရာများ၊ သင်ခန်းစာအတွေ့အကြုံများ၊ ၂၀၁၃ မှ ၂၀၁၅ အထိ အကောင်အထည် ဖော်ဆောင်ရွက်မည့် နိုင်ငံလုံးဆိုင်ရာအစီအစဉ်သစ်များနှင့်ပတ်သက်၍ လူမှုဖွံ့ဖြိုးရေးစီမံကိန်း(CDRT)တို့အပေါ် ကူးပြောင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေှးနှင့် ဆင်းရဲချို့တဲ့မှု လျှော့ချရေးဆောင်ရွက်ရာတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်များ၏ နည်းပညာများလိုအပ်မည်ဖြစ်ကြောင်း သိရသည်။

YC

***********************************************************************************

နိုင်ငံရေးသတင်း

လူ့အခွင့်အရေးကာကွယ်နိုင်ရန် ဥပဒေမူကြမ်းရေးဆွဲ

နိုင်ငံတော်သမ္မတ၏ အမိန်အာဏာနှင့်ဖွဲ့စည်းထားသောလူအခွင့်အရေး ကော်မရှင်မှ အမျိုးသားလူအခွင့်အရေးဆိုင်ရာဥပဒေမူကြမ်းတစ်ရပ်ကို ရေးဆွဲပြီးဖြစ်၍ သမ္မတမှတဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ကိုလူအခွင့်အရေးကော်မရှင်ဥက္ကဋ္ဌဦးဝင်းမြက ပြောကြားကြောင်းသိရသည်။

လုပ်ပိုင်ခွင့်များကို တိကျပြတ်သားစွာ လုပ်နိုင်ရန်နှင့်လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဌာနဆိုင်ရာအဖွဲ့အစည်း များနှင့်ပုးပေါင်း ဆောင်ရွက်ရာတွင် အဆင်ပြေရန်အတွက်ဥပဒေရေးဆွဲရခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်မိမိတို့၏ လူ့အခွင့်အရေးနှင့်ရပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ ကိုသိရှိပြီး ကော်မရှင်သို့တိုင်းတန်းလာပါက ထိရောက်စွာဖြေရှင်းပေးနိုင်ရန် ဥပဒေတစ်ရပ်ရေးဆွဲ၍ တင်ပြရခြင်းဖြစ်ကြောင်းသိရသည်။

ဥပဒေမူကြမ်းကို အတည်ပြုပြဌာန်းပြီးပါက စိစစ်ရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်လုပ်ဆောင်မှုကြောင့် လူ့အခွင့်အရေး ကော်မရှင်သည် အဖွဲ့ဝင်ပုံစံနှင့် ဖွဲ့စည်းပုံပြောင်းသွားနိုင်ကြောင်း၊ အရင်လုပ်ထုံးလုပ်နည်းကျွမ်းကျင်သောလူဟောင်းများ ပြန်ပါလာနိုင်သလို လူသစ်များလည်း ပါဝင်နိုင်ကြောင်းကို အဆိုပါကော်မရှင်မှ အတွင်းရေးမှုး ဦးစစ်မြိုင်ကပြောကြားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက ၂၀၁၁ ခုနှစ် မတ်လ ၁၅ ရက်တွင် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်း ၂၂ ဦးနှင့်ဖွဲ့စည်းထားသော မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို လွှတ်တော်မှဥပဒေပြုဖွဲ့စည်းထားခြင်း မဟုတ်သည့်အတွက် ပြည်ထောင်စု လွှတ်တော်မှ ဗဟိုအဖွဲ့တွင်ထည့်ထားခြင်းနှင့် အသုံးစရိတ်ပယ်ဖျက်ရန် ၁၆ရက် မတ်လ ၂၀၁၂ ခုနှစ်တွင်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

YC

-----------------------------------------------------------------------------------------------------------------------------------------

NLD ပါတီ၏ ရပ်/ကျေးညီလာခံ ဒီမိုကရေစီနှင့် သွေဖီပါက အသိအမှတ်မပြုကြောင်း ဗပာိုမှပြောကြားထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဗပာိုညီလာခံကျင်းပနိုင်ရေး အခြေခံအကျဆုံးဖြစ်သည့် ရပ်/ကျေးညီလာခံများကျင်းပနိုင်ရန် ညီလာခံကိုယ်စားလှယ်များနှင့် အလုပ်အမှုဆောင်များရွေးချယ်ရာတွင် ညီလာခံစီမံချက်နှင့်ဆန့်ကျင်ခြင်း၊ ဒီမိုကရေစီနှင့်သွေဖီခြင်းများရှိပါက အသိအမှတ် မပြုကြောင်း NLD ဗပာိုမှ တာဝန်ရှိသူများက ပြောကြားထားကြောင်းသိရသည်။

လက်ရှိအချိန်တွင် NLD ပါတီ၏ မြို့နယ်ရုံးခွဲအချို့တွင် ရပ်/ကျေးညီလာခံကျင်းပနိုင်ရေး ကိုယ်စားလှယ်နှင့် အလုပ်အမှုဆောင်များ ရွေးချယ်ရာတွင် ဒီမိုကရေစီနည်းလမ်းမကျမှုများကြောင့် ယင်းဒေသများတွင် NLD ပါတီအား ပါတီဝင်များမှ ပြန်လည်ဆန္ဒထုတ်ဖော်ခြင်း၊ ရွေးချယ်ထား သူများအား ကန့်ကွက်ခြင်းနှင့် ပါတီဝင်များနုတ်ထွက်ခြင်းတို့ဖြစ်ပေါ်ခဲ့ရကြောင်းသိရသည်။

ထိုသို့ဒီမိုကရေစီနည်းလမ်းမကျမှုများကြောင့် NLD ပါတီဝင်များအနေဖြင့် ဗပာိုကော်မရှင်ထံသို့ စာရေးအကြောင်းကြားခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာပေးပို့ခြင်း စသည့်နည်းလမ်းပေါင်းစုံဖြင့် ဗပာိုမှသိရှိနိုင်စေရန်ဆောင်ရွက်ခဲ့သည့်အတွက် NLD ဗပာိုမှ တာဝန်ရှိသူ အချို့က ယင်းဒေသများတွင် သွားရောက်မှတ်တမ်းယူခြင်း၊ စုံစမ်းစစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ဧပြီလ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ်(၄၅)နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ (၄၃)နေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

YC

---------------------------------------------------------------------------------------------------------------------------

ဒီမိုကရေစီဖော်ဆောင်ရာတွင် တပ်မတော်ကိုဘေးဖယ်မထားသင့်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရာတွင် နိုင်ငံရေးပါတီများအနေဖြင့် တပ်မတော်နှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း၊ တပ်မတော်အား ဘေးဖယ်မထားသင့်ကြောင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နာယက  ယခင်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးတင်ဦးကပြောကြား ကြောင်းသိရသည်။

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံတော်အား ကာကွယ်စောက်ရှောက်ရန် တပ်မတော်မှာ မရှိမဖြစ်လိုအပ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း တပ်မတော်သားများနှင့် နီးစပ်အောင်ကြိုးစားနေကြောင်း၊ တပ်မတော်သားများ အနေဖြင့်လည်း တိုင်းပြည်မှပေးအပ်သောတာဝန်ကို စွမ်းစွမ်းတမံ ဆောင်ရွက်သင့်ကြောင်း၊ ပြည်သူများမှဂုဏ်ယူရသော တပ်မတော်ဖြစ်အောင်ကြိုးစားလုပ်ဆောင်သင့်ကြောင်းတို့ကို လည်းကောင်း ပြောကြားကြောင်း သိရသည်။

တပ်မတော်အပေါ်တွင်အတိုက်အခံ နိုင်ငံရေးပါတီများအနေဖြင့် ယခင်အစိုးရအဆက်ဆက်ကိစ္စရပ်များနှင့် ပတ်သက်ပြီးပြောဆိုမှုများကို ယခုလက်ရှိအချိန်တွင် ထိန်းသိမ်းသင့်ကြောင်း၊ ယခုကာလတွင် အတိတ်မှဖြစ်ပျက်မှု များကိုသင်ခန်းစာယူပြီး လိုအပ်သည်များကို ကြိုးစားပြုပြင်ရင်း တိုင်းပြည်အနာဂါတ် ကောင်းမွန်အောင်ဝိုင်းဝန်းလုပ်ဆောင် သင့်ကြောင်း ဆက်လက်၍ တိုက်တွန်းပြောကြားကြောင်းသိရသည်။

YC

**********************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

 “၂၀၁၃ မှာ ပြည်သူတွေဘက်ကလဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တဲ့တောင်းဆိုမှုတွေလုပ်လာမယ်၊ အစိုးရဘက်က နှိမ်နှင်းမှုကလည်းညင်သာမှုမရှိရှိရင်တော့ ၂၀၁၃ ကကောင်းစရာမရှိဘူး၊ ပြည်သူကလည်းနိုင်ငံရေးအမြင်ရှိရမယ်၊ အစိုးရ ကလဲညှိနှိုင်း ဖြေရှင်းတဲ့နည်းကိုသုံးမယ် ဆိုရင်တော့ကောင်းလာမှာပါ”

ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် မော်ဒန် ဂျာနယ် အမှတ် (၃၃၇) တွင်ပါရှိသော “၂၀၁၃ မြန်မာနိုင်ငံရေး အစိုးရရော ပြည်သူရော သတိရှိရှိကိုင်တွယ်သင့်ဟုဆို” သတင်းမှ NDF ပါတီမှ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

-------------------------------------------------------

“ကျွန်တော်အမြင်ကတော့ ဆန္ဒပြနိုင်ခွင့်အတွက် ဥပဒေပြဌာန်းထားတယ်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဌာန်းထားပြီးဖြစ်ပါတယ်။ အခုဆိုရင်နည်းဥပဒေလည်း ထုတ်ပြန်ပြီးဖြစ်ပါ တယ်။ ဒါ့ကြောင့်ဆန္ဒဖော်ထုတ်မှုများဟာ ဥပဒေနဲ့ညီညွတ်ဖို့လိုတယ်။ ဥပဒေမပြည့်စုံတာတို့၊ ဥပဒေအားနည်းတာတို့ ကိုတော့သက်ဆိုင်ရာလွှတ်တော်တွေဆီ တင်ပြပြီး ဥပဒေပြင်ဆင်မှုတွေလုပ်ရမည်။ ဥပဒေပြဋ္ဌာန်းပြီးတဲ့အချိန်မှာ ဥပဒေ ပြဋ္ဌာန်းချက်မယူပဲနဲ့ ဆန္ဒပြမှုမှန်သမျှသည် ကျွန်တော်တို့နိုင်ငံအတွက်အတိတ်ကကျန်ခဲ့တဲ့ပြဿနာများ၊ ကနေ့ စိန်ခေါ်နေတဲ့ မျက်မှောက်ခေတ်မှာစိန်ခေါ်နေတဲ့စိန်ခေါ်ချက်များကို တရားဥပဒေဘောင်အတွင်းက ဖြေရှင်းခြင်း မဟုတ်တဲ့အတွက် ကျွန်တော်တို့ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ကာလမှာ အဲ့ဒါတွေကအန္ဒရာယ်အလားအလာကို ဖိတ်ခေါ်နေတယ်လို့ ကျွန်တော် ပြောပါရစေ”

ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် First Weekly Jouurnal ပါ အတွဲ (၂) အမှတ် (၅၈) တွင်ပါရှိသော “ယနေ့အချိန်သည် ခေတ်ပြောင်းတော်လှန်ရေးကာလတိုင်းပြည်ထူထောင်ရမည့်အချိန် မလိုအပ်ပဲ လက်သီးလက်မောင်းတန်းရမည့် ကာလမဟုတ်ကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် လွတ်လပ်အဖွဲပအစည်းများသုံးသပ်ပြေားကြား” အင်တာဗျူးများမှ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးသိန်းညွန့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------

“လက်ပံတောင်းတောင်သပိတ်စခန်းမှာ အစိုးရအနေနဲ့အကြမ်းဖက်ဖြေရှင်းတဲ့ကိစ္စကို ပြေလည်အောင်ဖြေရှင်းပေးဖို့လို ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဆန္ဒပြသူတွေကို ဖမ်းဆီးတာတွေရှိပါတယ်။ အဲ့သည်လူတွေကိုလည်းလွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ပံတောင်းတောင်ကိစ္စမှာ ပါဝင်မယ်ဆိုတော့ ကျွန်တော်တို့ ဆက်ပြီး စောင့်ကြည့်ရပါမယ်။ ကော်မတီပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ် မပြေမလည်ချင်းတော့ကျွန်တော်တို့ထပ်ပြီးတော့ ဒီလိုဆန္ဒပြပွဲတွေ၊ ဒီလိုတွန်းအားပေးမှုတွေရှိနေမှာပါ။ နောက်တစ်ခုက အခုအပြောင်းအလဲကာလမှာ မိမိဆန္ဒကိုလွတ်လွတ် လပ်လပ် ဖော်ထုတ်ပြေားဆိုနေခွင့်ပေးရမည့် အချိန် ဖြစ်တဲ့အတွက် ဆန္ဒပြသူတွေကိုလွှတ်ပေးစေချင်ပါတယ်။ အဲ့ဒါကိုလည်းကျွန်တော်တို့ဆက်ကြည့်ပါမယ်။ အဲ့သည်လိုမျိုးမှလွှတ်မပေးသေးဘူးဆိုရင် ကျွန်တော်တို့ဒီလိုဆန္ဒပြပွဲတွေ၊ ဒီလိုလှုပ်ရှားမှုမျိုးတွေ ဆက်ရှိနေဦးမှာပဲ”

ဒီဇင်ဘာ ၁၈ ရက်နေ့ထုတ် News Watch Jouurnal ပါ အတွဲ (၇) အမှတ် (၇၆) တွင်ပါရှိသော “အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် မျိုးဆက်သစ်လူငယ်များ ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်ရရှိ” သတင်းမှ Generation waves ခေါင်းဆောင် ကိုမင်းရန်နိုင် ၏ပြာကြားချက်အား ကောက်နှုတ်ချက်။

 *************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment