Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၁၄.၁၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. အီရန်နှင့် အခြားနိုင်ငံများအပေါ် ပြဋ္ဌာန်းထားသည့် ပိတ်ဆို့မှုများကို HSBC ချိုးဖောက်

(MoneyControl မှ 12 Dec 2012 ရက်စွဲပါ HSBC broke sanctions on Iran, othes: US ကိုဘာသာပြန်ဆိုသည်)

  1. ဆွီဒင်လက်နက်များ မြန်မာနိုင်ငံသို့ ရောက်နေခြင်းကို ထုချေရှင်းလင်းရန် အိန္ဒိယအား ဆွီဒင်တောင်းဆို

(The Daily Star News မှ 13 Dec 2012 ရက်စွဲပါ “Sweden asks India to clarify arms presence in Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းမျာ

အီရန်နှင့် အခြားနိုင်ငံများအပေါ် ပြဋ္ဌာန်းထားသည့် ပိတ်ဆို့မှုများကို HSBC ချိုးဖောက်

(MoneyControl မှ 12 Dec 2012 ရက်စွဲပါ HSBC broke sanctions on Iran, othes: US ကိုဘာသာပြန်ဆိုသည်)

ကမ္ဘာကျော် ဘဏ်လုပ်ငန်းကြီးတစ်ခုဖြစ်သော HSBC သည် အီရန်နှင့် အခြားသောနိုင်ငံများအပေါ်သတ်မှတ်ပြဋ္ဌာန်းထားသည့် အမေရိကန်ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ခဲ့သလို မက္ကဆီကိုနိုင်ငံမှ မူးယစ်ဆေးဝါးရောင်းချငွေများကိုလည်း ငွေကြေးခဝါချခဲ့သောကြောင့် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၉၂ ဘီလီယံ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်ဟု အမေရိကန်အစိုးရကဆိုသည်။

ယခုအခါ HSBC ကို နယူးယောက်မြို့ အရှေ့ပိုင်းခရိုင် ဖက်ဒရယ်တရားရုံးတော်၌ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအစီအစဉ်ကို ချိုးဖောက်မှု၊ နိုင်ငံခြားချိတ်ဆက်လုပ်ငန်းများနှင့် ထိရောက်စွာလုပ်ကိုင်မှုမရှိမှု စသည်တို့ဖြင့် အမှုဖွင့်ထားသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနအဆိုအရ HSBC သည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအစီအစဉ်ကို ဆိုးဆိုးရွားရွားချိုးဖောက်ခဲ့ကြောင်း၊ ထိုသို့ချိုးဖောက်မှုကြောင့် မက္ကဆိကိုနိုင်ငံမှ မူးယစ်ဆေးဝါး မှောင်ခိုအဖွဲ့အုပ်စုများထံမှ ဒေါ်လာသန်းပေါင်းများစွာ အမေရိကန်ပြည်ထောင်စုရှိ ဘဏ်စာရင်းများထဲသို့ရောက်ရှိလာကြောင်းသိရသည်။ HSBC က ဖဒရယ်၏ စွပ်စွဲချက်ကို လက်သင့်ခံပြီး ရာဇဝတ်မှုကျူးလွန်သည့်အတွက်တာဝန်ရှိကြောင်း၊ ယင်း၏ ဝန်ထမ်းများကိုလည်း တာဝန်ယူကြောင်း တရားဝင်ကြေညာသည်။

အမေရိကန်တရားရေးဌာနအဆိုအရ HSBC သည် ကျူးဘား၊ အီရန်၊ လစ်ဗျား၊ ဆူဒန်နှင့် မြန်မာနိုင်ငံတို့မှ ဖောက်သည်(Customer)များ ကိုယ်စား တရားမဝင်ငွေကြေးလွှဲပြောင်းမှုများပြုလုပ်ခြင်းဖြင့် ဖက်ဒရယ်ဥပဒေများကိုချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါနိုင်ငံများသည် အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုခံထားရသောနိုင်ငံများဖြစ်ကြောင်းသိရသည်။ "HSBC ဘဏ်ဟာ အလွန်အမင်းအံ့အားသင့်စရာကောင်းပြီး ဆိုးရွားလှသော မှားယွင်းမှုများကိုကျူးလွန်ခဲ့ပါတယ်။ အဲဒီအမှားတွေကြောင့် မူးယစ်ဆေးဝါးမှောင်ခိုကူးသမားတွေနဲ့ တခြားငွေကြေးခဝါချသူတွေရဲ့ ဒေါ်လာသန်းပေါင်းများစွာဟာ သူ့ရဲ့လက်ဝေခံလုပ်ငန်းတွေဆီရောက်ရှိခဲ့ပါတယ်။ နောက်ပြီးတော့ ပိတ်ဆို့အရေးယူခံထားရတဲ့နိုင်ငံတွေနဲ့ ဒေါ်လာ သန်းနှင့်ချီသော ငွေကြေးလွှဲပြောင်းမှုတွေလုပ်ကိုင်နိုင်အောင်လည်းပြုလုပ်ခဲ့ပါတယ်" ဟု အမေရိကန်တရားရေးဌာန၊ ရာဇဝတ်မှုဌာနခွဲမှ လက်ထောက် ရှေ့နေချုပ် Lanny Breuer ကပြောကြားသည်။

"HSBC အနေနဲ့ နှစ်များစွာ လွဲမှားလုပ်ကိုင်ခဲ့တဲ့မှတ်တမ်းရှိနေတာဟာ အင်မတန်အံ့အားသင့်စရာကောင်းပါတယ်။ အဲဒီလိုလုပ်ဆောင်မှု တွေအတွက် HSBC အနေနဲ့ ဒဏ်ကြေးငွေ အဆမတန်ပေးဆောင်ရပါလိမ့်မယ်။ ယနေ့ခေတ်ဥပဒေကြောင်းအရ တကယ်လို့ ဘဏ်လုပ်ငန်းတစ်ခုဟာ ရယူထားတဲ့သဘောတူညီချက်အတိုင်း လုပ်ဆောင်ဖို့ပျက်ကွက်ခဲ့တယ်ဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ အဲဒီဘဏ်လုပ်ငန်းကို တရားစွဲဆို ပိုင်ခွင့်အပြည့်အဝရှိပါတယ်" ဟု Breuer ကပြောကြားသည်။ HSBC အဆိုအရ အဆိုပါ ဥပဒေသဘောတူညီချက်များအတိုင်း စုစုပေါင်းဒဏ်ကြေး ဒေါ်လာ ၁ ဒဿမ ၉၂၁ ဘီလီယံပေးဆောင်မည်ဖြစ်ပြီး ဥပဒေအာဏာပိုင်အဖွဲ့အစည်းများနှင့် အပြည့်အဝဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ချမှတ်ထားသော မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို လည်းလိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

------------------------------------------------------------------------------------------------------------------------

ဆွီဒင်လက်နက်များ မြန်မာနိုင်ငံသို့ ရောက်နေခြင်းကို ထုချေရှင်းလင်းရန် အိန္ဒိယအား ဆွီဒင်တောင်းဆို

(The Daily Star News မှ 13 Dec 2012 ရက်စွဲပါ “Sweden asks India to clarify arms presence in Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

ဆွီဒင်နိုင်ငံသည် M-3 ကားလ်ဂတ်စတက် တင့်ကားဖျက်လက်နက်များကို အိန္ဒိယစစ်တပ်က ဝယ်ယူခဲ့ကြောင်းဖော်ထုတ်အပြီးတွင် ဆွီဒင်နိုင်ငံက အိန္ဒိယနိုင်ငံအား ယင်းလက်နက်များ အီးယူ sanctions ကို ချိုးဖောက်ကာ မြန်မာနိုင်ငံသို့ရောက်ရှိသွားပုံကို ရှင်းလင်းရန် ကြာသပတေးနေ့က တောင်းဆိုထားသည်ဟု ဆွီဒင်ကုန်သွယ်ရေးဝန်ကြီး အီဝါဂျော်လင်းက ပြောကြားသည်။

မြန်မာနိုင်ငံသို့ ဆွီဒင်လုပ်လက်နက်များ ရောက်ရှိနေမှုကို စုံစမ်းစစ်ဆေးနေသည်ဟု ဆွီဒင်ပို့ကုန်ထိန်းချုပ်ရေးအေဂျင်စီက ပြောကြားပြီး နောက်တစ်ရက်တွင် ၎င်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်းလက်နက်များ အိန္ဒိယနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ရောက်သွားခဲ့ခြင်းဖြစ်သည်ဟု ဆွီဒင်နိုင်ငံ လက်နက်မပြန့်ပွားရေးနှင့် ပို့ကုန်ထိန်းချုပ်ရေး အေဂျင်စီ ISP က သတင်းပေးကြောင်း သူမက ပါလီမန်သို့ ပြောကြားလိုက်ပါသည်။

ဒါကြောင့် အိန္ဒိယအာဏာပိုင်တွေဆီကနေ ရှင်းလင်း ထုချေလွှာတောင်းဖို့ ISP ကို ကျွန်မတောင်းဆို ထားပါတယ်ဟု သူမက ဆက်လက်ပြောကြားသည်။

ယခုသီတင်းပတ် ဆွီဒင်သတင်းစာတစ်စောင်တွင် ဖော်ပြခဲ့သော သတင်းထောက် ဘာတစ်လင့်တနာ၏ သတင်းဆောင်းပါးတွင် မြန်မာနိုင်ငံ ကချင်ပြည်နယ်မှ မြန်မာအစိုးရတပ်ဖွဲ့များ ကျန်ရစ်ခဲ့သော ဆွီဒင်လုပ် M-3 ဘားလ်ဂတ်စတက်တင့်ဖျက်လက်နက်ကို ဓါတ်ပုံအထောက်အထားများနှင့် တကွ ဖော်ပြထားပါသည်။

၎င်းဓါတ်ပုံများထဲမှ တစ်ပုံတွင် လက်နက်ထုတ်လုပ်သော နံပါတ်စဉ်အမှတ်အသားကို ထင်ရှားစွာ တွေ့မြင်ရသည်။

၁၉၈၈ တွင်မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီး ဖိနှိပ်အုပ်ချုပ်ခဲ့သောကြောင့် ဥရောပသမဂ္ဂ EU က ၁၉၉၆ ခုနှစ်မှစ၍ လက်နက်မရောင်းရန် ပိတ်ပင်ထားခဲ့သည်။

ယခုကဲ့သို့ ဆွီဒင်လုပ်လက်နက်များ တတိယလူ လက်ထဲရောက်သွားခြင်းမှာ ကြုံတောင့်ကြုံခဲ ဖြစ်ကြောင်း ISP ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဗုဒ္ဓဟူးနေ့တွင် မှတ်ချက်ပေးပြောဆိုသွားသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment