Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၅.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းတွင်  သပိတ်စခန်းဖွင့်၍ သပိတ်မှောက်မည်
  2. AGD ဘဏ်၏အစုရှယ်ယာများ သုံးလမှခြောက်လအတွင်း ပြည်သူများထံသို့ရောင်းချပေးသွားမည်
  3. ဂျပန်၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့မှ မြန်မာလယ်ယာကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံမည်
  4. လက်ကျန်နိုင်ငံရေးသမားများအားထပ်မံစိစစ်လွှတ်ပေးမည်

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းတွင်  သပိတ်စခန်းဖွင့်၍ သပိတ်မှောက်မည်

ပာံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းအတွင်းရှိ မော်တော်ယာဉ်များ ရောင်းဝယ်ခြင်း၊ ယာဉ်အကျိုးဆောင်ခြင်းနှင့် ယာဉ်ရေဆေးဆီထိုး လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည့် လုပ်ငန်းများအားလုံးကို သက်ဆိုင်ရာမှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ သီရိမင်္ဂလာဈေးဟောင်း မြေညီထပ်သို့ ပြောင်းရွှေ့ခိုင်းမှုအပေါ် သပိတ်စခန်းဖွင့်လှစ်၍ မပြောင်းရွှေ့ရေး ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၈ ဒဿမ ၅၉၉ ကျယ်ဝန်းသည့် ပာံသာဝတီယာဉ်ရောင်းဝယ်ရေး စခန်းအတွင်းရှိ လုပ်ငန်းများ အားလုံးကိုပြောင်းရွှေ့၍ အဆိုပါနေရာတွင် Crown Advanced Construction ကုမ္ပဏီနှင့်အကျိုးတူပူးပေါင်း၍ Yangon Car Plaza ကြီးကို အကျိုးတူပူးပေါင်းဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပာံသဝတီယာဉ်ရောင်းဝယ်ရေးစခန်းအတွင်းရှိ လူ ၃၀၀ ခန့်မှ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သော်လည်း သက်ဆိုင်ရာမှ အကြောင်းပြန်ကြားခြင်းမရှိသည့်အတွက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှေ့၌ ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့်လည်း အတင်းအကျပ် ပိတ်ဆို့မှုများပြုလုပ်ပါက ဟံသာဝတီယာဉ်ရောင်း ဝယ်ရေးစခန်းတွင် သပိတ်စခန်းဖွင့်လှစ်ကာ ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ် သွားမည် ဖြစ်ကြောင်း ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးကော်မတီမှ ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အဆင့်မြင့်စီမံကိန်းများ အကျိုးတူပူးပေါင်းရန် ပာံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်း၊ သိမ်ဖြူယာဉ်မောင်းရောင်းဝယ်ရေးစခန်းနှင့် ဗိုလ်ချုပ်ဈေးသစ် လပာာပြင်ဈေးနေရာများကိုတင်ဒါခေါ်ယူခဲ့ပြီး သိမ်ဖြူယာဉ်မောင်းလေ့ကျင့်ရေးကွင်းကို Asia Myanmar ကုမ္ပဏီနှင့် ဗိုလ်ချုပ်ဈေးသစ် လဟာပြင်ဈေးနေရာအား ရွှေတောင်ကုမ္ပဏီတို့က ရရှိခဲ့သည်။

YC

--------------------------------------------------------------------------------------------------

AGD ဘဏ်၏အစုရှယ်ယာများ သုံးလမှခြောက်လအတွင်း ပြည်သူများထံသို့ရောင်းချပေးသွားမည်

အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်သည့် အာရှစိမ်းလန်းရေးဖွံ့ဖြိုးရေးဘဏ်(AGD)ဘဏ်၏ အစုရှယ်ယာများကို Valuation ကုမ္ပဏီများ၊ Audit Firm များ၊ Law Firm များနှင့်တိုင်ပင်၍ နောက်သုံးလမှ ခြောက်လအတွင်း ပြည်သူများထံသို့ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် AGD ဘဏ်တည်ထောင်သူ ထူးကုမ္ပဏီအုပ်စုသည် လက်နက်ရောင်းဝယ်ရေးခြင်းများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးများ စသည့်လုပ်ငန်းများနှင့် ဆက်စက်ပတ်သက်မှုမရှိဘဲ ဗပာိုဘဏ်မှချမှတ်ထားသည့် အချက်များနှင့် ကိုက်ညီမှုရှိသည့်အပြင် နိုင်ငံတကာ ဘဏ်စံနှုန်းများနှင့်လည်း ပြည့်မှီသည့်အတွက် အမေရိကန်နိုင်ငံမှ AGD ဘဏ်အား ပြုလုပ်ထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုကိုလျှော့ချပေးခဲ့သည်ပာု ဖော်ပြပါရှိသည်။ ထိုသို့ အမေရိကန်နိုင်ငံမှ AGD ဘဏ်အား စီးပွားရေးပိတ်ဆို့မှုများ လျှော့ချပေးနိုင်ရန် နိုင်ငံတော်အကြီးအကဲများ၊ ဝန်ကြီးများ၊ နိုင်ငံ တကာသံတမန်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ထောက်ခံမှုများ ပြုလုပ်ပေးခဲ့ရကြောင်းအဆိုပါ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင်အမှတ် ၄၉၂၉/၂၀၁၂-၂၀၁၃ ဖြင့် AGD ဘဏ်အားအများပိုင်ကုမ္ပဏီအဖြစ် ခွင့်ပြုလိုက်ကြောင်း သိရသည်။

YC

-------------------------------------------------------------------------

ဂျပန်၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့မှ မြန်မာလယ်ယာကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံမည်

မြန်မာ့လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် ဂျပန်၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံများရှိ လယ်ယာစိုက်ပျိုးရေးကုမ္ပဏီများမှ မြန်မာ့လယ်ယာကဏ္ဍတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် လာရောက်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံရှိ မစ်ဆူအီ ကုမ္ပဏီ၊ ဗီယက်နမ်နိုင်ငံရှိ ဗီနာကက်ပီတယ် ကုမ္ပဏီတို့မှ မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း ကော်ပိုရေးရှင်းလိမိတက်နှင့် အတူတူပူးပေါင်းဆောင်ရွက်ရန် မကြာသေးမီက နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လက်ရှိအချိန်တွင် ဂျပန်မစ်ဆူအီကုမ္ပဏီက ဆန်စပါးကြိတ်ခွဲသန့်စင်ရေး စက်ရုံများ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် နေပြည်တော်တို့၌ အစားအစာ ထုတ်လုပ်ရေးစက်ရုံများပါ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လယ်ယာကဏ္ဍအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများမှာ အခြားကဏ္ဍများနှင့်ယှဉ်လျှင် နည်းပါးနေပြီး ၂၀၀၂ ခုနှစ်၊ ဇူလိုင်လအထိ မြန်မာ့လယ်ယာကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၀.၄၄ ရာခိုင်နှုန်းသာရှိသည်ဟု သိရသည်။

လက်ရှိအချိန်တွင် တောင်ကိုရီးယားနိုင်ငံ၏ ဒေဝူးကုမ္ပဏီအနေနှင့်မူ မြန်မာ့လယ်ယာကဏ္ဍ၌ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် သဘောတူညီမှုမရရှိသေးသော်လည်း ရင်းနှီးမြှုပ်နှံရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်လာရောက်တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သိရသည်။

YC

------------------------------------------------------------------------------------

 လက်ကျန်နိုင်ငံရေးသမားများအား ထပ်မံစိစစ်လွှတ်ပေးမည်

              မြန်မာနိုင်ငံအတွင်းရှိ လက်ကျန်နိုင်ငံရေးအကျဉ်းသားများအား ထပ်မံလွှတ်ပေးနိုင်ရန် လူမှုအဖွဲ့အစည်းများမှတင်ပြထားသည့် နိုင်ငံရေးအကျဉ်းသားစာရင်းအား စိစစ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် Myanmar Peace Centre ၌ပြုလုပ်ကျင်းပခဲ့သော လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီနှင့်ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

                လက်ရှိ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီနှင့် အဖွဲ့အစည်းအသီးသီးမှတင်ပြထားသည့် အကျဉ်းထောင်များအတွင်းရှိ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စာရင်းအား ပြန်လည်စိစစ်၍ နိုင်ငံတော်သမ္မတထံတင်သွင်းသွားမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာဖြင့် အကျဉ်းသားများကို ထပ်မံလွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

                လူမှုရေးအဖွဲ့အစည်းအသီးသီးမှ ကောက်ယူထားသော စာရင်းများအရ လက်ရှိအကျဉ်းထောင်များအတွင်း လက်ကျန်နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၀၀ ခန့်ရှိကြောင်း သိရသည်။

                အကျဉ်းထောင်များအတွင်း ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးနိုင်ရန် “လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေး ကော်မတီကို” သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်၍ အစိုးရဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီအချို့ရှိကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်ရန် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သမ္မတရုံးမှ ညွှန်ကြားခဲ့ကြောင်း သိရသည်။

                မြန်မာနိုင်ငံသည် နိုင်ငံတော်အစိုးရသစ် ဦးသိန်းစိန်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင် ပြသခဲ့သည့်အပြင် အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို ပြန်လည်လွတ်မြောက်ခွင့်ပြုခဲ့သည့်အပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်တော်တွင်းဝင်ရောက်ခွင့်ပြုခဲ့သည်။

YC

 

                **********************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment