Transparency Myanmar

transparency.myanmar@gmail.com

CURRENT AFFAIR
Document CURRENT AFFAIR

Snapshot of the item below:
CURRENT AFFAIR

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေးသတင်းများ

  1. NLD ပါတီ၏ ဗပာိုအလုပ်အမှုဆောင်အဖွဲ့ပြန်လည်ရွေးချယ်
  2. ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းအား မီဒီယာနှင့် ပြည်သူများမှ ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးပေးပို့မည်
  3. အမေရိကန်နည်းပညာ ကုမ္ပဏီကြီးများမှ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့လာရောက်ဆွေးနွေး
  4. ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်မည်မဟုတ်


NLD ပါတီ၏ ဗပာိုအလုပ်အမှုဆောင်အဖွဲ့ပြန်လည်ရွေးချယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံမှတစ်ဆင့် NLD ဗပာိုအလုပ် အမှုဆောင် အဖွဲ့ဝင်(၁၅)ဦးအား ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

NLD ပါတီ၏ ညီလာခံမှဆန္ဒမဲနှင့်အညီ ရွေးချယ်ခြင်းခံခဲ့ရသည့် ဗပာိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ ဒေါ်အောင်ဆန်း စုကြည်မှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ အဖွဲ့ဝင်များအဖြစ် ဦးဥာဏ်ဝင်း၊ ဦးပာန်သာမြင့်၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းပိာန်း၊ ဒေါက်တာမေဝင်းမြင့်၊ ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊  ဦး ကျော်ခင်၊ ဦးညီပုနှင့် ဒေါက်တာမျိုးအောင်တို့အား ရွေးချယ်ခန့်အပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အရန်ဗပာိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအဖြစ် ဦးမန်ဂျောနီ၊ ဒေါက်တာသိန်းလွင်၊ ဦးအောင်စိုး၊ ဦးဇိုဘွဲနှင့် ဒေါ် ဖြူဖြူသင်းတို့ ရွေးချယ်ခံခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံကို မတ်လ ၈ ရက်နေ့မှ ၁၀ ရက် နေ့ထိတိုင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်းနှင်းဆီခန်းမတွင်ကျင်းပခဲ့ပြီး အဆိုပါညီလာခံမှတစ်ဆင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ဗပိာုကော်မတီဝင် ၁၅၀ ဦးကိုရွေးချယ်ခန့်အပ်ခဲ့ပြီး NLD ပါတီမှ ယခင်နုတ်ထွက်ခဲ့သော ပါတီဝင်ပောာင်းများအား ပါတီမှ ပြန်လည်လက်မခံသင့်ကြောင်း အများဆန္ဒနှင့်အညီ ဆုံးဖြတ်အတည်ပြုခဲ့သည့်အပြင် ပါတီ၏ရှေ့လုပ်ငန်းစဉ်များနှင့် နိုင်ငံရေး မူဝါဒ များကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ဧပြီလ ၁ ရက်နေ့ ၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ (၄၃)နေရာ အနိုင်ရရှိခဲ့ပြီး လွှတ်တော်တွင်း ဒုတိယအင်အား အကြီး ဆုံးပါတီအဖြစ် ရပ်တည်လျက်ရှိသည်။

YC

 


ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းအား မီဒီယာနှင့် ပြည်သူများမှ ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုး ပေး ပို့မည်

ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းမီဒီယာသမားများနှင့် ပြည်သူတို့၏ သဘောဆန္ဒများမပါဘဲ တစ်ဖက်သတ်ရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်သို့တင်ပြထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေရေးဥပဒေကြမ်းအား သတင်းမီဒီယာသမားများနှင့် ပြည်သူများ မှ ဆန့်ကျင်ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ထံသို့ မတ်လ ၁၄ ရက်နေ့တွင် ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းလွတ်လပ်ခွင့်ကော်မတီမှ အချက်(၃) ချက် ဖြင့် ထုတ်ပြန်ကြေ ညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဖက်သတ်ရေးဆွဲထားသည့် သတင်းလွတ်လပ်ခွင့် ထိန်းချုပ် သော ပြဋ္ဌာန်းချက်များစွာပါဝင်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေကြမ်းအား လုံးဝကန့်ကွက်ကြောင်း၊ အဆိုပါဥပဒေကြမ်း အတည်ဖြစ်ခဲ့ပါက အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် စတုတ္ထမဏ္ဍိုင်အကြား ယုံကြည်မှုများ လုံးဝပျက်စီးသွားမည်ဖြစ်ကြောင်းနှင့် ပြန်ကြားရေး ဝန်ကြီးဌာနမှ လွှတ်တော်သို့တင်သွင်းထားသည့် ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေကြမ်း အားလုံးဝလက်မခံနီုင်ကြောင်း သတင်းမီဒီယာ များနှင့် ပြည်သူများက ပူးပေါင်းလက်မှတ်ရေးထိုး မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၃ မတ်လ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်း အဝေးတွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ တင်သွင်းသည့် ပုံနှိပ် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီမှ ထောင်ဒဏ်အစား ငွေဒဏ်ကိုသာ ပြောင်းလဲချမှတ်ရန်၊ ချမှတ်ရန်၊ “ထုတ်ဝေခွင့် (သို့မဟုတ်) ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်း ခံနေရစဉ် ကာလအတွင်း ထုတ်ဝေသူ (သို့မဟုတ်) ပုံနှိပ်သူက ဝန်ကြီးထံသို့ အယူခံပိုင်ခွင့် ရှိစေ ရမည်” ပာူသည့်စာသားအစား “နိုင်ငံတော် သမ္မတ ထံသို့ အယူခံပိုင်ခွင့် ရှိစေရမည်” ဟု ပြန်လည်ပြင်ဆင်ရန်အပါအဝင် ပြင်ဆင် ချက် ၂၈ ချက်ဖြင့် သဘောထားမှတ်ချက်နှင့်အတူ ပုံနှိပ်ထုတ်ဝေခြင်းဥပဒေကြမ်းပါ မည်သည့်အရေးယူ ဆောင်ရွက်မှုများမဆို နိုင်ငံ သားတိုင်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များကို မထိခိုက်စေရန်နှင့် မည်သူမဆို သီးခြားဥပဒေပြဋ္ဌာန်းခြင်းမရှိလျှင် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း လုပ်ငန်းကို ရေဒီယိုထုတ်လွှင့်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခြင်းမရှိစေရပာု အသစ်ပြန်လည်ဖြည့်စွက်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် လွှတ်တော်သို့တင်သွင်းထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြည်တွင်း၊ ပြည်ပမီဒီယာများအားလုံးက လက်သင့်မခံဘဲ ဥပဒေကြမ်းအားနည်းချက်များကို ထောက်ပြဝေဖန်ပြောဆိုလျက်ရှိသည်။

YC


 

အမေရိကန်နည်းပညာ ကုမ္ပဏီကြီးများမှ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့လာရောက်ဆွေးနွေး

မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများအတွက် သတင်းအချက်အလက်၊ ဆက်သွယ် ရေးနှင့် စီးပွားရေးလုပ်ငန်းကုမ္ပဏီကြီးများဖြစ်သော Cisco, Google, HP, Intel နှင့် Microsoft တို့မှ အကြီးအကဲပုဂ္ဂိုလ်များ စုပေါင်းပါဝင်သည့် အမေရိကန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံရှိ နေပြည်တော်နှင့် ရန်ကုန်မြို့များသို့ ရက် သတ္တပတ်ကြာခရီးအဖြစ် ရောက်ရှိခဲ့ကြပြီး ပြည်တွင်းရှိ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများမှ ကိုယ်စားလှယ်များ၊ တက္ကသိုလ် အသီး သီးရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် လာနိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်များတွင် အမေရိကန်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာအစိုးရ၏ စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှုများ အခြေခံ ခိုင်မာ တောင့်တင်းစေရေးတို့အတွက်အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ဆွေးနွေးရခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ အစိုးရပိုင်း တာဝန်ရှိသူများ၊ နည်းပညာနှင့် ပညာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ယခုကဲ့သို့ ကမ္ဘာ့ အဆင့်ဝင် အမေရိကန်ပြည်ထောင်စုရှိ နည်းပညာ ကုမ္ပဏီအကြီးအကဲများနှင့် ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ သည့်အတွက် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ တိုးတက်လာမည်ဖြစ်သည့်အပြင်၊ လူမှုရေး နှင့်စီးပွားရေးကဏ္ဍများတွင်လည်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အရေးကောင်းများ ရရှိလာစေနိုင်မည်ဖြစ်ကြောင်း USAID အေဂျင်စီမှ Chief Innovation အရာရှိ Maura O’Neil ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အမေရိကန်ပြည်ထောင်စုနိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ (U.S Agency For International Development – USAID) ၏ အဆင့်မြင့်နည်းပညာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ၏ နည်းပညာပိုင်း ဆိုင်ရာ access များဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ ICT နည်းပညာ သင်တန်းပို့ချမှုများ ၊ နည်းပညာ အသုံးမပြုနိုင်သေးသော ဒေသများသို့ သတင်းနည်းပညာများတိုးချဲ့သွားနိုင်ရန် အတွက် လည်း လေ့လာဆန်းစစ်ခဲ့ကြကြောင်းသိ ရသည်။

YC


၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်မည်မဟုတ်

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံမည်မဟုတ်ကြောင်း ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့၌ ပြုလုပ်သောငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းလူထုတွေ့ဆုံပွဲတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်သည် ၎င်းတို့အတွက် အဓိကပန်းတိုင်မဟုတ်ဘဲ ဖြတ်ကျော်သွားရမည့် ပန်းတိုင်တစ်ခုသာ ဖြစ်အသည့် အ

တွက် မိမိတို့အနေဖြင့် လာမည့်ရွေးကောက်ပွဲများတွင် ဝင်ရောက်အရွေးခံမည် မပာုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်း

ဆောင် ကိုမင်းကိုနိုင်က ထပ်မံပြောကြားခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ၎င်းတို့၏ အဓိက လုပ်ငန်းစဉ်များမှာ မြန်မာနိုင်ငံအတွင်းရှိ မည်သည့် ရွေးကောက်ပွဲမဆို ဝင်ရောက်အရွေးခံခွင့်မရှိသည့် အိမ်ရှင်မများ၊ ကလေးငယ်များနှင့် အခြားမဲပေးပိုင်ခွင့်မရှိသော ပြည်သူများ အတွက် အကြောက်တရားကင်းရှင်းသော၊ ပွင့်လင်းမြင်သာမှုရှိသော လူ့အဖွဲ့စည်းတစ်ရပ် ပေါ်ပေါက်လာနိုင်စေရန် အတွက်သာ ရည်ရွယ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ပြောကြားခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင် နှင့်အဖွဲ့သည် ချင်းပြည်နယ် မြောက်ပိုင်း၌ မတ်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းသောလူ့အဖွဲ့စည်းဖော်ဆောင်ရေးခရီးစဉ်အဖြစ် လူထုတွေ့ဆုံပွဲများ ပြုလုပ် နေကြောင်း သိရသည်။

YC


                  


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment