Transparency Myanmar

transparency.myanmar@gmail.com

ON INTERNATIONAL MEDIA (2)
Document ON INTERNATIONAL MEDIA (2)

Snapshot of the item below:
ON INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ

  1. ပါတီခေါင်းဆောင်အဖြစ် ပြန်ရွေးခံရပြီးနောက် တပ်မတော်နှင့် ပိုမိုနီးစပ်၊ ရင်းနှီးအောင် ဒေါ်အောင်ဆန်းစုကြည် ကြိုးစား

( Bloomberg News မှ 11 Mar 2013 ရက်စွဲပါ “ Suu Kyi seeks closer army ties after re-election as party leader”သတင်းကိုဘာသာပြန်ဆိုသည်။)

  1.  မြန်မာနှင့် အမေရိကန် ကဏ္ဍကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်မည်

(10 March 2013 ရက်စွဲပါ The Gulf Today မှ Myanmar, US to cooperate on wide range of sectors ကို ဘာသာပြန်ဆို ပါသည်)


 

ပါတီခေါင်းဆောင်အဖြစ် ပြန်ရွေးခံရပြီးနောက် တပ်မတော်နှင့် ပိုမိုနီးစပ်၊ ရင်းနှီးအောင် ဒေါ်အောင်ဆန်း စုကြည် ကြိုးစား

( Bloomberg News မှ 11 Mar 2013 ရက်စွဲပါ “ Suu Kyi seeks closer army ties after re-election as party leader” သတင်းကို ဘာသာပြန်ဆိုသည်။)

Photo Credit by AP

မြန်မာနိုင်ငံမှ အတိုက်အခံပါတီ NLD ၏ ဥက္ကဋ္ဌအဖြစ် မနေ့က ပြန်လည်ရွေးချယ်ခံရသူ နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲမတိုင်မှီ တပ်မတော်နှင့် ရင်းနှီးသော ဆက်ဆံရေးရရှိအောင် အားထုတ်ကြရန် သူမ ၏ပါတီအား တိုက်တွန်းလိုက်ပါသည်။

၁၉၈၈ ခုနှစ်တွင် ပါတီထူထောင်ပြီးနောက်ပိုင်း ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်က ပထမဆုံး ပါတီညီလာခံတွင် ပြန်လည် ဖွဲ့စည်းလိုက်သည့် အဖွဲ့ဝင် ၁၅ ဦး ဗဟိုအလုပ်မှုဆောင်ကော်မတီကို အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်က ဆက် လက်ဦးဆောင်သွားမည် ဖြစ်သည်။

၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသူ ဒီမိုကရေစီ ခေါင်းဆောင်သည် စစ်အုပ်ချုပ်ရေးကို ပြည်ဖုံးကာချသည့် ၂၀၁၀ ရွေးကောက်ပွဲအပြီး အာဏာရလာသူ သမ္မတဦးသိန်းစိန်နှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီးနောက်တွင် နိုင်ငံရေးလုပ်ငန်း စဉ်သို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့၌ကျင်းပသော ပါတီညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မအနေ နဲ့တပ်မ တော်နဲ့ ပြည်သူ့ဆက်ဆံရေးကို အိုကေစေချင်ပါတယ်။ အရင်က ကောင်းခဲ့တဲ့ ဒီဆက်ဆံရေးကို အနာဂါတ်မှာ ကောင်း အောင် ကျွန်မတို့ ကြိုးစားရပါလိမ့်မယ်။ ဒါကို NLD ကကြိုးစားရမှာပါ” ဟုပြောကြားခဲ့သည်။

NLD ပါတီသည် မနှစ်က ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၄ နေရာအနက် ၄၃ နေရာ အနိုင်ရရှိခဲ့ပြီးနောက်၊ သမ္မတ လောင်း ရွေးချယ်ရာတွင် NLD လွှတ်တော်အမတ်များ ထိထိရောက်ရောက် မဲပေးခွင့်ရလာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အောင်ပွဲ ရရှိရန် မျှော်လင့်လျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမအား နိုင်ငံခေါင်းဆောင်ဖြစ်လာစေမည့် အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် တပ်မတော်၏ ထောက်ခံမှုရရှိအောင် ကြိုးစားနေသည်ဟုပါတီအကြီးတန်းတာဝန်ရှိသူများက ယခင်လက ပြောကြား ခဲ့ သည်။ သမ္မတလောင်း၏ မိသားစုဝင်များထဲတွင် ပြည်သူနိုင်ငံသား ခံယူထားသူမရှိရဟု အခြေခံဥပဒေက ဆိုထားသည်။ ဒေါ် အောင်ဆန်းစုကြည်၏ သားနှစ်ဦးစလုံးမှာ ဗြိတိသျှနိုင်ငံသားများ ဖြစ်သည်။

ယခင်အကြီးအကဲဟောင်း ဦးသန်းရွှေ စိတ်ကြိုက်ရေးဆွဲထားသော အခြေခံဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ် များကို လွှတ်တော်အတွင်း လေးပုံတစ်ပုံ နေရာပေးထားသည်။ အခြေခံဥပဒေပါအချက်များကို ပြင်ဆင်ရန် အတွက်လည်း လွှတ် တော်တွင်း ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်ရန် လိုအပ်သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမသည် ၁၉၄၀ ခုနှစ်များအတွင်း ဂျပန်တော်လှန်ရေး ကာလက သူမဖခင် ဗိုလ်ချုပ်အောင် ဆန်း ထူထောင်ခဲ့သည့် မြန်မာ့တပ်မတော်၏ ရင်နှစ်သည်းချာဖြစ်ခဲ့သည်ဟု ဇန်နဝါရီလက ထုတ်ဖော် ပြောကြား ခဲ့သည်။ ဒေါ် အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် သူမ ၂ နှစ်သမီးအရွယ် ၁၉၄၇ တွင် ရန်ကုန်မြို့၌ လုပ်ကြံ သတ်ဖြတ်ခြင်းခံ ခဲ့ရသည်။

ပြည်တွင်းမှ အကဲခတ်လေ့လာသူများက “ မြန်မာနိုင်ငံရေးအခြေအနေသည် ပြည်သူလူထု၊ ဒီမိုကရေစီအုပ်စု၊ တပ်မတော် စသည့် ၃ ဖွဲ့စလုံးကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ အကြီးအကဲဟောင်းဦးသန်းရွှေ၏ ဇာတ်ညွှန်းအတိုင်း ကပြ နေရခြင်း ဖြစ်ကြောင်း၊ ၂၀၁၅ အလွန် နိုင်ငံရေးဇာတ်ကွက်များ ပြည်သူ့အလိုကျ ဖြစ်လာရေးသည်လည်း ကန့်လန့်ကာနောက် ကွယ်မှ ဦးသန်းရွှေ၏ ခွင့်ပြုချက်လိုအပ်ဖွယ်ရှိကြောင်း” မှတ်ချက်ပေးပြောဆိုထားသည်။


 

 မြန်မာနှင့် အမေရိကန် ကဏ္ဍကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်မည်

(10 March 2013 ရက်စွဲပါ The Gulf Today မှ Myanmar, US to cooperate on wide range of sectors ကို ဘာသာပြန်ဆို ပါသည်)

Photo Credit by AP

မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ကဏ္ဍကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရန် ကတိပြုကြသည်ဟု တရားဝင် မီဒီ ယာက စနေနေ့က သတင်းထုတ်ပြန်ခဲ့ပါသည်။ နှစ်နိုင်ငံစလုံးသည်ကုန်သွယ်မှု ဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်ရန် ဆန္ဒရှိ ကြပါ

သည်။

ထိုသို့ ကတိပြုကြခြင်းမှာ နေပြည်တော်တွင် မြန်မာနိုင်ငံဒုတိယ သမ္မတဦးဥာဏ်ထွန်းနှင့် USAID မှ အုပ်ချုပ်ရေးမှူး Rajeev Shah တို့တွေ့ဆုံအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း Xinhua က သတင်း ဖော်ပြခဲ့ပါသည်။

မြန်မာ-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးတွင် ပါဝင်မည့်ကဏ္ဍများမှာ HIV/ AIDS ထိန်းချုပ်ရေး၊ ကလေးငယ်နှင့် အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ၎င်းတို့ သေဆုံးမှုနှုန်းလျော့ချခြင်းနှင့် နှစ်နိုင်ငံတက္ကသိုလ်များ ချိတ်ဆက်၍ သုတေသနဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်ပညာများ ဖွံ့ဖြိုးတိုးတက်ရေး တို့ပါဝင်ပါသည်။

အဆိုပါအစီအစဉ်များတွင် မြန်မာနိုင်ငံ၌ လူသားချင်းစာနာသောအကူအညီများပေးရေး၊ အမေရိကန် ကုမ္ပဏီများ ရင်းနှီး မြှုပ်နှံရေး နှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးများပါဝင်ပါသည်။

Shah နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့ သီးခြားတွေ့ဆုံရာတွင်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေး၊ နှစ်နိုင်ငံ ပါလီမန်များကြား ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုလျော့ချရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးများ ဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံမှ ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာများကို ဘဏ်များကသာ ဖွင့်လှစ်နေရာမှ ပုဂ္ဂလိက ကုမ္ပဏီသုံးခုကို ဖွင့်ခွင့်ပေးခဲ့ကြောင်း တရားဝင်မီဒီယာက ကြာသာပတေးနေ့က သတင်းဖော်ပြခဲ့ပါသည်။

၂၀၁၁ ခုနှစ်မှစ၍ ပုဂ္ဂလိကဘဏ် (၁၈) ခုအား ငွေလဲလှယ်ခွင့်ကောင်တာ (၂၁၂) ခု ဖွင့်ခွင့်ပြုခဲ့ပါသည်။ မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုသူများအားမက်လုံးပေးရန် ကောင်းမွန်သော စီးပွားရေးဝန်းကျင်ကို ကြိုးစား ဖော်ဆောင်လျက်ရှိပါသည်။

အဆိုပါ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများသည် အမေရိကန် ဒေါ်လာ၊ ယူရိုနှင့် စင်္ကာပူဒေါ်လာ အပြင် FEC ကိုပါ စာရင်းဖွင့်နိုင်ရန် ပြီးခဲ့သည့်နှစ်ဇူလိုင်လက စတင်ခွင့်ပြုခဲ့သည်ဟု Xinhua က သတင်းဖော်ပြခဲ့ ပါသည်။


 

                  


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment