Transparency Myanmar

transparency.myanmar@gmail.com

ON INTERNATIONAL MEDIA (1)
Document ON INTERNATIONAL MEDIA (1)

Snapshot of the item below:
ON INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံအတိုက်အခံခေါင်းဆောင်အဖြစ် ပြန်လည်ရွေးချယ်ခံရ

(11 March 2013 ရက်စွဲပါ CNN မှ Suu Kyi wins re-election our Myanmar opposition Leader ကို ဘာသာပြန်ဆိုပါသည်။)

  1. ဟံသာဝတီလေဆိပ်စီမံကိန်းအတွက် ကိုရီးယား Eximbank နှင့် အင်ချွန်းလေဆိပ်ကော်ပရေးရှင်း IIAC တို့ ပူးပေါင်း ဖွယ်ရှိ

(The Korea Herald မှ 10 March 2013 ရက်စွဲပါ “Eximbank IIAC could join forces for Yangon airport project” သတင်းကို ဘာသာပြန်ဆိုပါသည်။)

  1. သွေးသစ်လောင်းရန် လိုအပ်နေသည့် NLD ပါတီ

(UPI သတင်းဌာန၏ 11 March 2013 ရက်စွဲပါ အထူးဆောင်းပါးဖြစ်သော Myanmar's NLD party needs 'new blood' ကိုဘာ သာပြန်ဆိုသည်)


ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံအတိုက်အခံခေါင်းဆောင်အဖြစ် ပြန်လည်ရွေးချယ်ခံရ

(11 March 2013 ရက်စွဲပါ CNN မှ Suu Kyi wins re-election our Myanmar opposition Leader ကို ဘာသာပြန်ဆိုပါသည်။)

Photo Credit by AP

ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် တနင်္ဂနွေနေ့က အတိုက်အခံအဖွဲ့ဝင်များ၏ အစည်းအဝေးတွင် ခေါင်းဆောင်အဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံခဲ့ရပါသည်။

အတိုက်အခံအဖွဲ့ဝင်များအတွက် ယခုအကြိမ်သည် (၂၅) နှစ်အတွင်း ပထမဆုံးအကြိမ် ကွန်ဖရင့်စုဝေးကျင်းပခြင်း ဖြစ်ပါ သည်။ ၎င်းမှာ ထိုသို့သော စုဝေးမှုမျိုးကို ခွင့်ပြုလာခြင်းဖြင့် စစ်အစိုးရက ၎င်း၏ ချုပ်ကိုင်မှုများကို လျော့ချလာသည့် ပြသမှု တစ်ခု ဖြစ်ပါသည်။

ရန်ကုန်၌ကျင်းပသော စုဝေးမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင် (၁၂၀) က ဒေါ်အောင်ဆန်းစုကြည်အား မဲ ပေးရွေးချယ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံသည်ပြည်တွင်းဖိနှိပ်မှုများနှင့် နိုင်ငံတကာ၏ အပယ်ခံဘဝကိုရရှိစေခဲ့သော ဆယ်စုနှစ်ပေါင်းများစွာ အာဏာ ရှင်စစ်အုပ်ချုပ်ရေးမှ တဖြည်းဖြည်း လွတ်မြောက်လာနေပါသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်အများစုသည် စစ်အစိုးရလက်ထက်တွင် အကျဉ်းချခံထားရပါသည်။

စစ်တပ်မှ တာဝန်ရှိပုဂ္ဂိုလ်ဟောင်းတစ်ဦးဖြစ်သူ သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးအရ ပိုမိုလွတ်လပ်ခွင့် ရအောင်လုပ် ဆောင်ပေးခြင်း၊ တိုင်းရင်းသားသူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် သူ၏ပါတီကို တရားဝင်ရွေး ကောက်ပွဲတွင် အောင်မြင်စွာပါဝင်နိုင်အောင်လုပ်ဆောင်ပေးခဲ့ပါသည်။

 


ဟံသာဝတီလေဆိပ်စီမံကိန်းအတွက် ကိုရီးယား Eximbank နှင့် အင်ချွန်းလေဆိပ်ကော်ပရေးရှင်း IIAC တို့ ပူးပေါင်းဖွယ်ရှိ

(The Korea Herald မှ 10 March 2013 ရက်စွဲပါ “Eximbank IIAC could join forces for Yangon airport project” သတင်းကို ဘာသာပြန်ဆိုပါသည်။)

မြန်မာနိုင်ငံမှ လေဆိပ်စီမံကိန်းသစ်နှင့် ပတ်သက်သော ဒေါ်လာသန်း ၆၀၀ တန် ကန်ထရိုက်စာချုပ်အတွက် ရှာပုံငွေရှာ နေသည့် ကိုရီး ယားနိုင်ငံပိုင် Incheon International Airport Corp IIAC ကို ကိုရီးယား သွင်းကုန်၊ ထုတ်ကုန်ဘဏ် Exim bankက အကူအညီပေးဖွယ်ရှိသည်ဟု နီးစပ်သော သတင်းရပ်ကွက်က ဆိုပါသည်။

IIAC သည် ၎င်း၏ လေဆိပ်စီမံကိန်းကျွမ်းကျင်မှုကိုတင်ပို့ရောင်းချရာတွင် ပံ့ပိုးပေးရန် နှောင်ကြိုးမဲ့ သဘောတူညီချက် ရရှိ ထားသည့် Eximbank ထံမှ နှစ်ရှည်အတိုးနည်းချေးငွေရရှိဖွယ်ရှိကြောင်း သတင်းများက ဆိုသည်။

ကမ္ဘာကျော်လေဆိပ်လုပ်ငန်းကျွမ်းကျင်သူ IIAC သည် မြန်မာဟံသာဝတီလေဆိပ် တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း B OT ကန်ထရိုက်အတွက် လိုအပ်ချက်များပြည့်မှီသော ကုမ္ပဏီတစ်ခုဖြစ်သည်။ ယင်း ကန်ထရိုက်အတွက် ဂျပန်၊ တရုတ်၊ ဥရောပ  ကုမ္ပဏီ ၇ ခုအနက်မှ လေလံအောင်သူကို ယခုနှစ်ဇွန်လတွင် ရွေးချယ်မည်ဟု မျှော်လင့်ရသည်။

ရန်ကုန်မြို့တော်၏ ဒုတိယလေဆိပ်သစ်သည် ကိုရီးယားပြည်တွင်းအကြီးစားလေဆိပ်များဖြစ်သော ဂင်ဟေး၊ ဂင်ဗို၊ ဂျီဂျူး တို့နှင့် ရွယ်တူဖြစ်ပြီး တစ်နှစ်လျှင် ခရီးသွား ၁၀ သန်းကျော် ကိုင်တွယ်နိုင်မည်ဖြစ်၍ အင်ချွန်းနိုင်ငံတကာလေဆိပ်၏ လေးပုံတစ်ပုံ အရွယ်အစားခန့်ရှိသည်ဟု သတင်းပေးသူ ကပြောကြားသည်။

နိုင်ငံတကာ Sanctions များမှ လွတ်ကာစ မြန်မာနိုင်ငံ၏ ငွေကြေးရလမ်းချို့တဲ့မှုကြောင့် ဒေါ်လာ သန်း ၆၀၀ ခန့်ရှိသော စီမံကိန်းကုန်ကျစရိတ်အများစုကို နောက်ဆုံးလေလံအောင်သူ ကုမ္ပဏီက ရှာဖွေရမည့် အလားအလာရှိသည်ဟု သိရှိရသည်။

IIAC သည် အဆိုပါ လေဆိပ်စီမံကိန်း ရင်းနှီးမြှုပ်နှံရေးကိစ္စနှင့် ပတ်သက်ပြီး လေ့လာအကဲဖြတ်ကြရန် ရင်းနှီးမြှုပ်နှံမှု ဘဏ်များကူးသန်းရောင်းဝယ်ရေးဘဏ်များကို ရှာဖွေစည်းရုံးလျက်ရှိသည်။

IIAC နှင့် ဘဏ္ဍာရေးကိစ္စဆွေးနွေးနေသော ဘဏ်များထဲတွင် နိုင်ငံပိုင် Korea Development Bank လည်း ပါဝင်သည် ဟု ပြည်တွင်းသတင်းဌာနတစ်ခုက သတင်းဖော်ပြသည်။

အရှေ့တောင်အာရှနှင့် ဖွံ့ဖြိုးဆဲဈေးကွက်များ၌ တရုတ်၊ ဂျပန် ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရာတွင် ကိုရီးယား ကုမ္ပဏီများ အသာစီးရရန်အတွက် စီမံကိန်းဆိုင်ရာငွေကြေး အကူအညီပေးမှုကို ပိုမိုတိုးမြှင့်ပေးသွားမည်ဟု Exim bank က ယခင်လက ပြော ကြားထားပါသည်။

Exim bank သည် ဓါတ်အားပေးစက်ရုံနှင့် ရေသန့်စင်မှု စီမံကိန်းများအပါအဝင်ပင်လယ်ရပ်ခြား စီမံကိန်းများအပါအဝင် ပင်လယ်ရပ်ခြားစီမံကိန်းများအတွက် ရန်ပုံငွေထောက်ပံ့မှုကို မနှစ်က ဝမ်ငွေ ၁၉ ထရီလီယံ မှ ယခုနှစ်တွင် ၂၁ ထရီလီယံသို့ တိုး မြှင့်ရန် စီစဉ်ထားပါသည်။

ကိုရီးယားကုမ္ပဏီများသည် အရှေ့တောင်အာရှအခြေခံ အဆောက်အဦးစနစ်ဈေးကွက်တွင် အားကောင်းသော အစဉ် အလာပြိုင်ဖက် ဂျပန်နှင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရလိမ့်မည်ဟု မျှော်လင့်ရပါသည်။

ဥပမာအနေဖြင့် ဗီယက်နမ် အခြေခံအဆောင်အဦး စနစ်စီမံကိန်းများတွင်  ဂျပန်ကနှစ်စဉ် ဒေါ်လာ ၁ ဘီလီယံ (သန်း ၁၀၀၀) သုံးစွဲနေချိန်တွင် ၎င်းဒေသအတွင်း၌ ကိုရီးယားက သန်း ၂၀၀ မျှသာသုံးစွဲနေသည်ကို နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ ဂျပန်နိုင်ငံ သည်၎င်း၏ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ ၆၅% ကို အရှေ့တောင်အာရှ သို့ ခွဲဝေပေးနေသည်ဟု သိရှိရသည်။

ဟံသာဝတီလေဆိပ်ကို လေလံအောင်သူနှင့် မြန်မာအစိုးရအကြား ဖက်စပ်လုပ်ငန်းအဖြစ် တည်ဆောက်မည်ဖြစ်ရာ မြန်မာ အစိုးရအနေဖြင့် စီမံကိန်းဧရိယာ ၃၆ စတုရန်းကီလိုမီတာနှင့် ညီမျှသော ရှယ်ယာကို ထည့်ဝင်နိုင်ဖွယ်ရှိသည်ဟု စီးပွါးရေး သတင်း ရပ်ကွက်က ဆိုသည်။


 

သွေးသစ်လောင်းရန် လိုအပ်နေသည့် NLD ပါတီ

(UPI သတင်းဌာန၏ 11 March 2013 ရက်စွဲပါ အထူးဆောင်းပါးဖြစ်သော Myanmar's NLD party needs 'new blood' ကိုဘာ သာပြန်ဆိုသည်)

Photo Credit by Online

မြန်မာအတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) ၏ သြဇာတက္ကမကြီးမားသော ဥက္ကဌအဖြစ် ပြန်လည်ရွေး ကောက် တင်မြှောက်ခံလိုက်ရသူ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီလိုလားသောသူမ၏ ပါတီကို အားမန်သစ် ဖြည့်တင်းနိုင် ရေးအတွက် သွေးသစ်လောင်းရန် တိုက်တွန်းပြောဆိုသည်။

နိုဗယ်လ်ငြိမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတစ်ဝန်းမှ NLD ကိုယ်စားလှယ် ၉၀၀ ကျော်တက်ရောက်ခဲ့ပြီး သုံးရက်တာမျှ ကျင်းပခဲ့သည့် ပါတီညီလာခံ နောက်ဆုံးနေ့တွင် အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

BBC သတင်းဌာန၏ ရေးသားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင် ၁၅ ဦးပါ အလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်သော အမျိုးသမီးလေးဦးအနက် တစ်ဦးအပါအဝင်ဖြစ်သလို ပါတီ၏ ဗဟိုကော်မတီအတွက် ရွေးချယ်ခံရသော အဖွဲ့ဝင် ၁၂၀ ထဲတွင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

ပါတီအဖွဲ့ဝင်များအနေဖြင့် ညီညွတ်ကြရန် ၎င်းကမှာကြားပြီး နိုင်ငံရေးခွက်စောင်းခုပ်မှုများနှင့် ဂိုဏ်းဂနခွဲမှုများ မပြုလုပ် ကြရန် တိုက်တွန်းပြောဆိုသည်။

"တိုင်းပြည်ရဲ့ အကျိုးအမြတ်အတွက် ကျွန်မတို့အနေနဲ့ ညီညီညွတ်ညွတ်နဲ့ လက်တွဲလုပ်ကိုင် သွားကြရမှာဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပါတီအင်အားတောင့်တင်းခိုင်မာရေးအတွက် သွေးသစ်လောင်းရာတွင် လူငယ်အဖွဲ့ဝင်များကို နေရာပေးကြရမည်ဟုလာ မည့် ၂၀၁၅ ရွေးကောက်ပွဲအထိ NLD ပါတီကို ဦးဆောင်သွားမည့် ပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ယခု ညီလာခံကြီးကတော့ ကျွန်မတို့ပါတီရဲ့အနာဂတ်နဲ့ တိုင်းပြည်ရဲ့အနာဂတ်နှစ်ခုစလုံးအတွက် တာဝန်ထမ်းဆောင် မယ့် မှန်ကန်တဲ့ခေါင်းဆောင် ရွေးချယ်ဖို့ပဲဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

၁၉၈၈ ခုနှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ဒီမိုကရေစီရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော NLD ပါတီ တွင်းရွေးကောက်တင်မြှောက်မှုများပြုလုပ်ခြင်း သည် ပထမဆုံးအကြိမ်ဖြစ်သည်။

NLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက ယင်းရွေးကောက်ပွဲရလဒ်များကို မသိကျိုးနွံ ပြုကာ အာဏာဆက်လက်ရယူခဲ့ပြီး နိုင်ငံရေးပါတီများနှင့် ဒီမိုကရေစီလိုလားသော အတိုက်အခံအုပ်စုများအပေါ် ပြင်းပြင်းထန် ထန် ဖိနှိပ်မှုများပြုလုပ်ခဲ့သည်။

ယခုအခါ အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်းများစွာ ဖမ်ဆီးချုပ်နှောင်ခံရခြင်း၊ နေအိမ်အကျယ်ချုပ်ပြစ်ဒဏ်ကျခံရခြင်းတို့နှင့် ကြုံတွေ့ခဲ့ရသည်။ ၎င်းသည် ၂၀၁၀ ပြည့်နှစ်က အရပ်သားအစိုးရနှင့် ပိုမို ပွင့်လင်း သော လူ့အဖွဲ့အစည်းပေါ်ပေါက်ရေးအတွက်ဦးတည်ပြီး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပသောပါတီ စုံ ဒီမိုက ရေစီရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရရှိခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ယင်းရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးနောက် ခြောက်ရက်မျှအကြာတွင် နေအိမ်အကျယ်ချုပ် မှ လွတ်မြောက်ခဲ့သည်။

NLD ပါတီက ယခင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အနိုင်ရရှိခဲ့သည့် ယင်း ၂၀၁၀ ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ သည်။ ဦးသိန်းစိန်သည် စစ်ဘက်မှ အငြိမ်းစားယူကာ အရပ်သားပုဂ္ဂိုလ်အဖြစ် ပြောင်းလဲထားသော စစ်ခေါင်းဆောင် များစွာပါဝင် သည့် နိုင်ငံရေးပါတီကို ဦးဆောင်လျက်ရှိသလို မြန်မာနိုင်ငံသမ္မတ ရာထူးကိုလည်း ရယူထား သည်။

သို့သော် ယမန်နှစ်က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ ၄၄ နေရာအတွက် NLD ပါတီ က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာရရှိပြီး အနိုင်ရသွားသည်။ အနိုင်ရသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပြီး ယခုအခါ တွင် လွှတ်တော်တွင် ပင်မအတိုက်အခံခေါင်းဆောင်အဖြစ် လုပ်ကိုင်လျက်ရှိသည်။

NLD သည် အစိုးရအတွက် အထင်ကရ အတိုက်အခံပါတီကြီး တစ်ခုအဖြစ် ဆက်လက်ကျန်ရှိနေသော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအများစုရရှိလိုသည် (အထူးသဖြင့် နယ်စွန်နယ်ဖျား တောတွင်းဒေသများ၌ စစ်တပ်နှင့် ထိပ်တိုက် ပဋိ ပက္ခဖြစ်လျက်ရှိသော တိုင်းရင်းသားလူမျိုးစုများအကြား မဲရရှိလိုသည်) ဆိုပါက စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့ရမည် ဖြစ်သည်။

NLD ပါတီညီလာခံကြီး နှင့် ပါတီတွင်း ရွေးကောက်တင်မြှောက်မှုများ၊ တာဝန်ခန့်အပ်မှုများ အစရှိသည်တို့သည် ပါတီ အနေဖြင့် မြန်မာနိုင်ငံတွင်း လျင်မြန်စွာပြောင်းလဲ နေသော နိုင်ငံရေးအခင်းအကျင်းနှင့် အတူလိုက်ပါလျက်ရှိသည်ဟူသော အချက် ကို ပြသနိုင်ရေးအတွက် အလွန်အရေးကြီးသည်။

သို့သော် Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြပါရှိသော သတင်းအရ NLD သည် တစ်ခါတစ်ရံ ဒီမိုကရေစီ နည်းလမ်းမကျသော လုပ်ကိုင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဗဟိုကော်မတီသည် ပါတီအဖွဲ့ဝင်များကို တိုင်ပင်မှုမပြုလုပ်ဘဲ ဆုံးဖြတ်ချက် ချမှတ်မှု များ ရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ထိုသို့ NLD ကလုပ်ဆောင်ရခြင်းမှာလည်း ယခင် စစ်အစိုးရ၏ ကန့် သတ်ပိတ်ပင်မှုများကြောင့်ဖြစ်သည်ဟု ဆိုသည်။ စစ်အစိုးရသည် ယခင်က NLD ပါတီ ညီလာခံကျင်းပ ခွင့်ကိုလည်း ပိတ်ပင် ခဲ့သည်။

NLD ခေါင်းဆောင်ပိုင်း အတော်များများမှာ အသက် ၇၀ နှင့် ၈၀ အရွယ်ရှိနေပြီး အလတ်အလတ်စား ပါတီအဖွဲ့အစည်း တစ်ခု၏ အကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများရှိနေကြောင်း Irrawaddy မဂ္ဂဇင်း၏ သတင်းက ဆိုသည်။

"တာဝန်ယူလုပ်ကိုင်လိုတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်မတို့အလိုရှိပါတယ်၊ ရာထူးရယူချင်တဲ့သူတွေကို မလိုချင်ပါဘူး"ဟု ညီလာခံ တွင် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထင်မြင်သုံးသပ်ချက်များသည် သက်တမ်း ၂၅ နှစ်ကြာ NLD ပါတီ၏ ခေါင်းဆောင်ပိုင်းများ အနေဖြင့် ပါတီသည် သွေးသစ်လောင်းရန် သူမ၏ တိုက်တွန်းချက်အတိုင်း စိတ်တိုင်းကျလုပ်ကိုင်တော့မည်ဟူသော အချက်ကို သိရှိ ခွင့်ရရှိသွားစေကြောင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်အခြေစိုက် ဗဟုဖွံ့ဖြိုးရေးအင်စတီကျုမှ ဦးအောင်သူငြိမ်းက ပြောကြားသည်။

NLD ပါတီတွင် မူဝါဒရေးရာနှင့်ပတ်သက်၍ ပိုမိုလုပ်ကိုင်ပြောဆိုသောလူငယ်အဖွဲ့ဝင်များ၊ ပါတီတွင်း သြဇာရှိသည့် ရာထူး နေရာရယူလိုသော လူငယ်များ ပါဝင်လာလိမ့်မည်ဖြစ်သည်ဟု ဦးအောင်သူငြိမ်းက Radio Australia သို့ ပြောကြားသည်။

ထို့ပြင် ပါတီအနေဖြင့် တိုင်းရင်းသားလူမျိုးစုများအကြား ကြီးထွားလျက်ရှိသော အလေးထားစရာကိစ္စများ (အထူးသဖြင့် ရခိုင်ပြည်နယ်ကိစ္စ) ကို ကောင်းစွာကိုင်တွယ် ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စများသည် သမ္မတဦးသိန်းစိန် ဦးဆောင်သော ဗဟိုအစိုးရအတွက် အဓိကအရေးကြီးသော အရေးကိစ္စကြီးတစ်ခုဖြစ်နေကြောင်း ၎င်းကဆိုသည်။

ဗုဒ္ဓဘာသာဝင်အများစုရှိသော မြန်မာနိုင်ငံတွင် မွတ်စလင်များမှာ လူနည်းစုဖြစ်ပြီး ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်း ဒေသတွင် အဓိကနေထိုင်ကြသည်။ ယင်းဒေသသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် အနီးကပ်ဆက်နွှယ်မှုရှိသည့် မွတ်စလင်များ ဖြစ်သော ရိုဟင်ဂျာတို့ အခြေချနေထိုင်ရာလည်းဖြစ်သည်။

၂၀၁၂ ခုနှစ်၊ မေလတွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော လူအုပ်စုချင်းအကြမ်းဖက်တိုက်ခိုက်မှုများတွင် လူပေါင်း ၈၀ နီးပါးခန့်သေဆုံးခဲ့သည်။ ယင်းဖြစ်ရပ်များသည် စစ်တွေ၊ မောင်းတောနှင့် ဘူးသီးတောင်မြို့များတွင် အဓိကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြန်မာအစိုးရအဆိုအရ လူပေါင်း ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်ခြေ ၅၀၀၀ နီးပါး ခန့်၊ ဗလီဝတ်ပြုကျောင်း ၁၇ လုံး၊ ဘုန်းကြီးကျောင်း ၁၅ ကျောင်းနှင့် စာသင်ကျောင်းသုံးခု မီးလောင်ပျက်စီး သွားခဲ့သည်။

မြန်မာနိုင်ငံသည် ပိုမိုပွင့်လင်းသော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းသို့ ဦးတည်လျက်ရှိရာ တိုင်းပြည်၏ ထောင်ပေါင်း များစွာသော ဒီမိုကရေစီရေးဆော်သြသူများ၊ နိုင်ငံရေးအတိုက်အခံများမှာ ပြည်ပြေးဘဝဖြင့် ဆက်လက် နေထိုင်မည် လော၊ သို့မ ဟုတ် အမိမြေသို့ပြန်လည်ဝင်ရောက်မည်လောဟူသည့် ရွေးချယ်စရာများနှင့် ကြုံတွေ့ နေရသည်။

"အဲဒါနဲ့ပတ်သက်လို့ မကျေနပ်ချက်တွေကို ပြောဆိုနိုင်ရေးအတွက် အကြောင်းကိစ္စရှာဖို့ အခက်ကြုံနေရပါတယ်။ လူတိုင်း ကတော့ သူတို့(မြန်မာပြည်ကို) ပြန်နိုင်မယ်လို့ မျှော်လင့်နေကြတယ်" ဟု ယင်းဗဟုအဖွဲ့မှ ဒုတိယဒါရိုက်တာ ဦးအောင်နိုင်ဦးက ပြောသည်။ ၎င်းသည် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး ၁၉၈၀ ပြည့်နှစ် တိုင်းပြည်မငြိမ်မ သက်  ဖြစ်စဉ်ကာလများအတွင်း ပြည်ပသို့ထွက်ပြေးခဲ့သူလည်း ဖြစ်သည်။

မြန်မာအစိုးရနှင့် လူ့အဖွဲ့အစည်းပွင့်လင်းမှု ယေဘုယျတိုးမြင့်လာခြင်း၏ အဓိပ္ပာယ်မှာ အနောက်အစိုးရများ၊ အလှူရှင် များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ပြည်ပြေး ဆန့်ကျင်ရေးအုပ်စုများအပေါ် ရန်ပုံငွေထောက်ပံ့မှုများ နည်းပါး လာခြင်း ဖြစ်သည်။

မြန်မာအစိုးရဝန်ကြီးများက အစိုးရဆန့်ကျင်ရေး အုပ်စုများကို ပြန်လည်သွေးဆောင်ခေါ်ယူရေး (အသိပညာရှင်၊ အတတ် ပညာရှင်များ လက်လွတ်ဆုံးရှုံးနေရမှု -Brain Drain အဆုံးသတ်ရေး) အတွက် တွန်းအားပေးနေမှုများသည် ပြည်ပြေးဘဝဖြင့် ရပ် တည် နေထိုင်မှုများ တဖြည်းဖြည်းချင်း လျော့နည်းလာမှုများအတွက် အဓိကအကြောင်းအရင်းကြီး တစ်ခု လည်း ဖြစ်နေသည်။

"အဆုံးစွန်ဆုံးပြောရမယ်ဆိုရင်၊ တကယ်လို့ခင်ဗျားက တက်ကြွလှုပ်ရှားသူ (Activist) တစ်ဦးဖြစ်ရင် လှုပ်ရှားမှုတွေ ရှိတဲ့ နေရာမှာပဲ ခင်ဗျားနေချင်မှာပါပဲ။ တကယ်လို့ လှုပ်ရှားမှုတွေမရှိတဲ့နေရာမှာ ခင်ဗျားရောက်နေမယ်ဆိုရင် ခင်ဗျားအနေနဲ့ ရွှေ့ပြောင်း ရမှာပါပဲ" ဟု ဦးအောင်နိုင်ဦးကဆိုသည်။


 

                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   

              

                  


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment